ဒီအချိန်အထိ မသေ နေခွင့်ရခဲ့တဲ့ နေနေ.တွေအတွက် မွေးသမိခင်နဲ. အခု ဒီဘုန်းကြီရဲ. အသက်အရွယ် လောက်မှာ ကွယ်လွန်သွားတဲ့ ဖခင်၊ ဒီမိဘနှစ်ပါးနဲ. ဆရာများကို အစပြုလို. ကျေးဇူးတင်သင့်တင်ထိုက်တဲ့ ကျေးဇူးရှင် အားလုံးကို အောက်မေ့တသ သတိရခြင်းဖြင့် မွေးနေ.မှာ နေနေ.ပွဲကို တစ်ကိုယ်တည်း ဆင်နွဲချင်ပါသည်။
“သမိုင်းလှလှရေးရအောင်”ဆိုတဲ့ ခေါင်းစဉ်နဲ. ဗိုလ်တစ်ထောင်ဘုရားမှာ တရားတစ်ပုဒ် ဟောခဲ့ဖူးပါ သည်။ သမိုင်းလှလှ ရေးခဲ့ကြတဲ့ လောကသားတို.၏ ကျေးဇူးရှင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို အစပြု၍ သာသနာ့အာဇာနည် ကမ္ဘာ့အာဇာနည် မြန်မာ့အာဇာနည်များကို အားကျစိတ်ဖြင့် မမေ့နိုင်သော စိတ်ထား ဂုဏ်တော်ပွားကာ မွေးနေ.မှာ နေနေ.ပွဲကို တစ်ကိုယ်တည်း ပွားများနေပါသည်။
“As for me, all I know is that I know nothing.” (Socrates)
အသက် ၄၀မှာ ဘဝစတယ်လို. ပြောရိုးရှိပါတယ်။ ၄၀အထိ နေခဲ့တဲ့နေ. နေနေ.တွေထဲက အတွေ. အကြုံနဲ. အသိတရားကြောင့် ဒီကရှေ့လျှောက် အမှားနည်းပြီး ကိုယ့်ကိုယ်ကို ရှာဖွေတွေ.ရှိသူတစ်ယောက် ကိုယ့်ကိုယ်ကို သစ္စာရှိသူတစ်ယောက်၊ ကိုယ့်လမ်းကိုယ်လျှောက်သူ တစ်ယောက်ရဲ. ဘဝအစကို ရည်ညွှန်း တယ်လို. နားလည်မိပါတယ်။
လွန်သွားတဲ့အတိတ်နဲ. မရောက်သေးတဲ့ အနာဂါတ်အတွက် အားစိုက်နေတာထက် တကယ်ထိတွေ. ခံစားနေရတဲ့ ပစ္စုပ္ပန်ကို လက်လွတ်မခံဖို. အရေးအကြီးဆုံးဆိုတဲ့ ဖလော်နဲ. ကိုယ့်ကိုယ်ကို သံပတ်ပေး နေနေ.တွေကို မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး ထွေးပိုက်နေမယ်။ မိဘမွေးပေးခဲ့တဲ့သား ဆရာချန်ခဲ့တဲ့ တပည့် တပည့်ပျိုးတဲ့ဆရာ ဆရာဒကာ မေတ္တာရခဲ့သူ မေတ္တာမျှချင်သူ ရင်မှာဖြစ်တဲ့သမီးသား ငါနေနေတဲ့ ငါ့ဘဝ အရှေ.အနောက် တောင်မြောက် အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာ အထက်အောက် ဆက်စပ် သမျှ ကြုံသမျှဆုံသမျှ အကြောင်းကင်းတဲ့ အကျိုးမရှိ တန်ဖိုးကို သိသည်။ ငါ့မွေးနေ.မှာ နေနေသည်။
2011년 4월 15일 오후 4시 39분
0 comments:
Post a Comment