ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ January 2011 ~ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Sunday, January 30, 2011

မြန်မာပြည်မှာ တစ်လတာ

... ပြန်ရောက်ပါပြီ။ ၁လပိုင်း ၃ရက်နေ.က မြန်မာပြည်ကို ပြန်ကြွသွားတာ ဒီနေ. ၁လပိုင်း အကုန် ၃၁ရက်နေ.မှာ ဖူဆန်းပြည်တော်ဦးကို ပြန်ရာက်ပါတယ်။ မြန်မာပြည်မှာ တစ်လတာ ဆောင်ရွက်ခွင့် ရခဲ့တာလေးတွေ အားလုံး ဝမ်းသာရအောင် ပြောပြချင်ပါတယ်။ နေခဲ့ရတဲ့အချိန်နည်းပေမယ့် လုပ်ခွင့်ရတာ လေးတွေ မနည်းလို. အားရဝမ်းသာဖြစ်မိပါတယ်။

...မြန်မာပြည်ကို ၃ရက်နေ. ပြန်ရောက်ပြီး ရောက်ရောက်ချင်းပဲဆိုပါစို.။ နောက်ရက်က ဇန္နဝါရီလ ၄ရက် လွတ်လပ်ရေးနေ.ဖြစ်လို. (၆၃) ကြိမ်မြောက် လွတ်လပ်ရေးနေ.ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မင်္ဂလာဗျူဟာ အသင်းမှာ မဇ္ဈိမယာန ပညာသင်ဆု ၁၀သိန်း နဲ. ဓမ္မယာန ပညာသင်ဆု ၁၀သိန်း ပေါင်းသိန်းနှစ်ဆယ် စတင် မတည်လှူဒါန်းခဲ့ပါတယ်။ လစဉ် ပညာသင်ဆု တစ်ဆုလျှင် တစ်သိန်းကျပ်စီဖြင့် တစ်ဆုလျှင် သိန်းတစ်ရာကျပ် ပေါင်း သိန်းနှစ်ရာပြည့်သည် အထိ ဆက်လက် လှူဒါန်းသွားမည်ဖြစ်ပါသည်။ အဖွဲ.သူ/သားများ မြန်မာပြည်ပြန်ရောက်နေသည့် အခိုက်နှင့် ကြုံကြိုက်လျှင်လည်း မည်သူမဆို ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်၌ ရုံးစိုက်ထားသော အဖွဲ.ရုံးနှင့် ဆက်သွယ်ပြီး လစဉ် အလှူလှူဒါန်းပွဲသို. တက်ရောက်ပါဝင် နိုင်ရန် စီစဉ်ထားပါသည်။ မဇ္ဈိမယာနနဲ. ဓမ္မယာန အဖွဲ. ဖွဲ.စည်းပြီး ပထမ အစ ပရဟိတ ခြေလှမ်းဖြစ်လို. အတိုင်းမသိ ကြည်နူးမိပါတယ်။ အဖွဲ.သူ အဖွဲ.သားအားလုံးလည်း ဒီ ပညာပါရမီ ကုသိုလ်ထူးကြီး ဆည်းပူး နိုင်ခဲ့ကြတာကို ထပ်တူညီမျှ ကြည်နူးကြပါစေကြောင်း အသိပေးတင်ပြလိုက်ရပါတယ်။

မြန်မာပြည်ပြန်ရောက်ပြီး တစ်ပတ်အတွင်းမှာပဲ ကျောင်းဒကာဒကာမများ၊ စန်းမြသီတာ မဟာစည် သာသနာ့ ရိပ်သာ ယောဂီတပည့်များ၊ ပြည်တော်ဦးမြန်မာ-ကိုရီးယား လူငယ်ဖွံ.ဖြိုးရေးကျောင်းမှ သင်တန်းသားများဖြင့် ဓမ္မယာနအဖွဲ./မဇ္ဈိမယာန အဖွဲ.ကို ဖွဲ.စည်းနိုင်ခဲ့ပါသည်။

အဖွဲ.ဖွဲ.ပြီးနောက် တဆက်တည်း အဖွဲ.သူအဖွဲ.သားများ၏ တက်ကြွသော မဂ္ဂင်ရှစ်ပါးကို ဘဝထဲမှာ လက်တွေ.အသုံးချလှုပ်ရှားမှုအားဖြင့် တပတ်လျှင် တစ်ကြိမ် (၉ရက် / ၁၆ရက် / ၂၃ရက်/ ၂၉ရက် စနေ မှအပ) တနင်္ဂနွေနေ.တိုင်း မြောက်ဒဂုံ အမှတ်(၁၂)ရပ်ကွက်မှာ ကလေးသူငယ် ၅၀၀ကျော်ခန့်ကို ကြက်သားဆန်ပြုတ်/သာကူကြို အာဟာရဒါနပြုပြီး ကလေး သူငယ်များ အတွက် ဗလငါးတန် ဖွ.ံဖြိုးစေရန် လူငယ်ဖွ.ံဖြိုးရေး သင်တန်းများကို ၄ကြိမ်တိုင်တိုင် ပြုလုပ်ပေးနိုင်ခဲ့ပါသည်။ မြန်မာပြည်တွင် ဘုန်းကြီး မရှိသော် လည်း အပတ်စဉ် တနင်္ဂနွေနေ.တိုင်း အာဟာရဒါနပြ၍ လူငယ်ဖွံ.ဖြိုးရေးသင်တန်းများ စဉ်ဆက်မပြတ် ဆက်လက် ပြုလုပ်သွားရန် အဖွဲ.သူအဖွဲ.သားများက စီစဉ်ထားကြပါသည်။ ကိုရီးယားရှိ အဖွဲ.သူ/သားများလည်း အမိမြေသို. ပြန်ရောက်သည့် အခိုက် သွားရောက်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် မိမိတို.၏ ကုသိုလ်များကို မျက်ဝါးထင်ထင် တွေ.မြင်ခံစားခွင့်ရစေချင်ပါသည်။

၂၆-၁-၁၁ ဗုဒ္ဓဟုးနေ.မှာတော့ အင်းလျားစောင်းရှိ IBC ခန်းမ၌ ကိုရီးယားနိုင်ငံတွင် တက္ကသိုလ်တက်ရောက် လိုသော ကျောင်းသူ/သားများနှင့် စိတ်ဝင်စားသူ မိဘများအတွက် ပြည်တော်ဦး မြန်မာ-ကိုရီုးယား လူငယ် ဖွ.ံဖြိုးရေးကျောင်းမှ ဦးစီး၍ ဖူဆန်း Pukyong National University ၏ ကိုရီးယားတက္ကသိုလ် ပညာရေးနှင့် ပညာသင်ဆု အခွင့်အလမ်းများအကြောင်း ဟောပြောပွဲကို ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ Pukyong National Univesity မှ Office of International Relation ၏ ဒါရိုက်တာ Dr. Yeongho Chung နှင့် Coordinator Mr. Wonzoo Park တို.က လာရောက် ဆွေးနွေးဟောပြောပေးခဲ့ကြပါသည်။

ကိုရီးယားတက္ကသိုလ် ပညာရေးဟောပြောပွဲကို ၂၆ရက် ညနေ ၄နာရီတွင် ပြီးစီးစေ၍ ညနေ ၅နာရီ ကားဖြင့် မန္တလေးမြိုသို. ထွက်ခွါခဲ့ရာ ၂၇ရက် နံက် ၅နာရီ ၅၀မိနစ်တွင် ဆိုက်ရောက်ခဲ့ပါသည်။ ပြည်တော်ဦး မြန်မာ- ကိုရီးယားကျောင်း မတည် အလှူရှင် ဆိုးလ်မြို.နေ 송정숙 할머니၏ အလှူငွေ 7,000$ ဖြင့် ဆရာတော် ဥုးရာဇဓမ္မ အမှူးရှိသော မစိုးရိမ် တိုက်သစ် သံဃာ ၂၅၀၀ကျော်တို.အား နေ.ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ယင်းနေ. ညနေ လေယာဉ်ဖြင့် ရန်ကုန်မြို.သို. ပြန်လည်ရောက်ရှိခဲ့ပါသည်။

၂၉ရက် စနေနေ.မှာ ကလေးသူငယ်များအတွက် အဟာရဒါနနှင့် လူငယ်ဖွံ.ဖြိုးရေးသင်တန်းကို အဖွဲ.သူအဖွဲ.သား ၃၀ကျော်နှင့်အတူ လက်တွဲဆောင်ရွက်ခဲ့ပြီး ၃၀ရက် တနင်္ဂနွေနေ. ညနေ လေယာဉ်ဖြင့် တောင်ကိုးရီးယားနိုင်ငံဖူဆန်းမြို.သို. ပြန်လည် ထွက်ခွါခဲ့ရာ ၃၁ရက် နံက် ၇နာရီတွင် ရောက်ရှိခဲ့ပါသည်။

ကိုယ်စိတ်ချမ်းမြေ. တရားမွေ. တွေ. သိ နိုင်ပါစေ။

သင်သိ ကျင့်သိ ထိုးထွင်းသိ အသိ စုံပါစေ။

သာသနာ အကျိုး မြတ်မြတ်နိုး သယ်ပိုးနိုင်ပါစေးး။

ပြည်တော်ဦး ဆရာတော်

Sunday, January 23, 2011

အလှူတော်မှတ်တမ်း

အကျဉ်းမျှသာ ...လစဉ်အလှူရှင်(ဇန်နဝါရီလ)

ကိုမြင့်ခိုင်(ဖူဆန်း) သောက်ရေသန့် ရေပူ/ရေအေး ၅၀,၀၀၀ ဝမ်

ကိုရဲသီဟ(ဂွမ်ဂျုး)စတုပစ္စယဒါန ၂၀,၀၀၀ ဝမ်

ကိုလှထွန်း(ဖူဆန်း)လျှပ်စစ်မီး ၃၀,၀၀၀ ဝမ်

ကိုဇော်သူရ(ကင်မ်ဟဲ) အင်တာနက်ဖုံး ၃၀,၀၀၀ ဝမ်

ကိုကျော်လှိုင်ထွန်း(ဘူဖျောင်းင်) စတုပစ္စယဒါန ၂၀,၀၀၀ ဝမ်

ကိုလင်းလင်း+မဝင်းအိဖြူ(ကင်မ်ဟဲ) ဒိုရှီးဂတ်စ် ၁၅,၀၀၀ ဝမ်

မဇ္ဈိမယာနနှင့် ဓမ္မယာန အဖွဲ.၏လုပ်ငန်းစဉ်

(၁) အခြေခံ
ကလေး/လူငယ်များကို စိတ်ထားကောင်းရန်၊ အသိအလိမ္မာ ရှိရန်၊ အသက်မွေးမှု အတတ်ပညာ တစ်ခုခု ဂဃနဏ တတ်မြောက်ရန်နှင့်၊

ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးလေးစားမှုရှိစေသည့် ပညာရေးကို ပေးနိုင်မည့်ု နည်းလမ်းရှာ၍ ကူညီပေးရန်(အပတ်စဉ် တနင်္ဂနွေနေ.တိုင်း ကလေး ၅၀၀ခန်.ကို သာကူ/ဆန်ပြုတ်စသည် အာဟာရဒါနပြု၍ လူငယ်ဖွံ.ဖြိုးရေး ပညာပေးလုပ်ငန်းများ စတင် လုပ်ကိုင်နေပါပြီ။)

(၂) ပါရမီရှင်
တစ်ရာမှာတစ်ယောက်ဆိုတာလို အင်မတန် ထူးချွန် ထက်မြက်သူများ တွေ.ပါက ကျောင်းထားပေးပြီး အထူးတလည် စောင့်ရှောက် မြေတောင်မြှောက်ပေးရန်။ (အနုပညာ၊ အားကစား စသည်လည်း နည်းတူ)

(၃) ပညာတော်သင်
အထက်တန်းစာမေးပွဲ ထူးချွန်စွာ အောင်မြင်ပါလျက် တက္ကသိုလ်တက်ရန် ငွေ အခက်အခဲရှိသော ကျောင်းသားများအတွက် ပညာတော်သင်ဆု ငွေပဒေသာပင် စိုက်ထူထားရန်။ [(၄-၁-၁၁) ၆၃-ကြိမ်မြောက် လွတ်လပ်ရေးနေ.တွင် ဓမ္မယာန နှင့် မဇ္ဈိမယာန ပညာသင်ဆု တစ်ဆုလျှင် ဆယ်သိန်းကျပ်စီဖြင့် မင်္ဂလာဗျူဟာ အသင်းချုပ်၌ စတင်လှူဒါန်းခဲ့ပါသည်။]

(၄) နိုင်ငံခြား ပညာသင်
ကိုရီးယားနိုင်ငံတွင် မိမိစားရိတ်ဖြင့် ကျောင်းတက်လိုသူများရှိပါက ပွဲစားခ ငွေကုန်ကြေးကျ မရှိစေဖို. အခမဲ့တာဝန်ယူ ဆောင်ရွက်ပေးရန်။

(၅) စားရမဲ့ သောက်ရမဲ့ အားကိုးရာမဲ့ ကလေးနှင့် လူအိုများကို အစားအသောက်နှင့် အဝတ်အထည်စသည် ကျွေးမွေးထောက်ပံ့ရန်။

ဝီရိယသုံးဖြာ ပွားစေရာ
အာရဘ္မ၊ နိက္ကမနှင့် ပရက္ကမတဲ့ ဝီရိယသုံးဖြာ
များသတ္တာ သိဒ္ဓိပြီးအောင် ပွားကြစေရာ။
တို. အမျိုးသား ရွှေမြန်မာ
ကိုးကွယ်တာ ရတနာ “သုံး” ပေမို.
လောင်းမြတ်စွာ ပါရမီခရီးကို
စံပြုကာ နည်းယူမှီးကြပါစို.ကွယ်။
ပွားစေရာ ဝီရိယသုံးကို
စိတ်ကြီးဝင် အားကုန်ရုန်းလိုက်မယ်။
ကျုံးလိုက် ရွှေဘုန်း။
(ပြည်တော်ဦး ဆရာတော်)
http://pyidawoo.com

Thursday, January 13, 2011

သီးသန့်အလှူရှင်

“မဇ္ဈိမယာန အသင်း“ အဖွဲ့ဝင်မတည်ကြေး အလှူ
၁.၁.၁၁ စနေနေ့တွင် “(ဖူဆန်း) မဇ္ဈိမယာန“ အဖွဲ့ဝင်ခြင်းအခမ်းအနားတွင် အသင်းမတည်ငွေအဖြစ် ကျပ်ငွေ ၂၅၀,၀၀၀ တိတိကို ပါဝင်လှူဒါန်းခဲ့ကြပါသည်။ အလှူရှင်များမှာ အသင်းဝင်များဖြစ်ကြသော ကိုသိန်းစိုး ၊ ကိုကျော်မင်းလတ် ၊ ကိုကျော်သီဟ ၊ကိုလူလူနှင်းမောင် ၊ ကိုဝေလင်းနိုင် ၊ကိုရဲဝင့်ဟန် ၊ကိုစိုးမိုးအောင် ၊ကိုအောင်ဆန်းမြင့်၊ကိုစိုင်းညီညီကျော် ၊ကိုမျိုးကျော်နိုင်၊ကိုနေလင်းအောင်၊ကိုဖုန်းမိုးလွင်၊ကိုအောင်ပြည့်၊ကိုဇော်ဟိန်းဝင်း၊ကိုခွန်ချိုအောင် တို့ဖြစ်ကြပြီး သာဓုအမောဒနာ ခေါ်နိုင်ကြပါစေ။

(ကမ်င်ဟဲ )“မဇ္ဈိမယာန“ အဖွဲ့ဝင်ခြင်းအခမ်းအနားမှတ်တမ်း

၂.၁.၁၁ နေ့တနင်္ဂနွေနေ့တွင် ကမ်င်ဟဲ “မဇ္ဈိမယာန“အသင်းကိုကမ်င်ဟဲရှိ ရွှေရွာ စားသောက်ဆိုင်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ပထမဦးစွာ ပြည်တော်ဦး ဆရာတော်မှ အသင်း၏ ရည်ရွယ်ချက် နှင့် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ ကိုရှင်းလင်းပြောကြားပြီး ဒကာ၊ဒကာမ များနှင့်ရှေ့လုပ်ငန်းများ ကို ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ပါသည်။ ပြီးနောက် “မဇ္ဈိမယာန“အသင်း၏ လုပ်ငန်းစဉ်များကို စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ကြမည့် အဖွဲ့ဝင် ၄၀ ဦး အသင်းဝင်ခဲ့ကြပါသည်။အသင်းဝင်ကြေးမှာ လစဉ် တစ်ဦးလျှင် ၁သောင်းကျပ်ဖြစ်ပါသည်။







အသင်းဝင်များမှာ

ကိုဇော်ဝင်းထွန်း

ကိုပြည့်ဖြိုးအောင်

ကိုချစ်မြအောင်

ဦးလှထွန်း

ကိုထွန်းထွန်းအေး

ကိုအေးမြတ်ကို

ကိုတင်အောင်မိုး

ကိုခန့်တည်ကြည်

ကိုမင်းလတ်

ကိုနေလင်းဇော်

မဝင်းအိဖြူ

ကိုခင်ဝင်း

ကိုလွင်

ကိုသက်ခိုင်ဦး

ကိုဟန်မျိုးကျော်

ကိုစောသန်းဦး

ကိုသန်းကျော်လင်း

ကိုစောသန်းအောင်

ကိုမျိုးသိန်းဦး

ကိုဇော်ဦး

ကိုသန်းထိုက်

ကိုရန်နိုင်စိုး

ကိုအေးမင်းထွန်း

ကိုမျိုးသန်းထိုက်

ကိုကံထူး

ကိုသိန်းစိုးထိုက်

ကိုအောင်ကျော်လွင်မိုး

ကိုကျော်ဘိုဘိုအောင်

ကိုအေးမင်းဦး

ကိုစိုးသီဟ

ကိုသက်လွင်ထူး

ကိုမျိုးလှိုင်ဦး

ကိုညီညီဝင်း

ကိုမျိုးထက်

ကိုလွင်မင်းထိုက်

ကိုမျိုးမင်းအောင်

ကိုပြည့်ဖြိုးကျော်

ကိုပိုင်စိုးကို

ကိုပြည့်စုံဝင်း

ကိုတင်ဝင်းနိုင်

ကိုပေါက်ကျိုင်း

အသင်းဝင်ကြေး ပေးပို့ရန် ဘဏ်လိပ်စာမှာ 농협 은행 351-0283-0339-83 법승 담마야나 선원

Monday, January 10, 2011

(ဖူဆန်း )“မဇ္ဈိမယာန“အဖွဲ့ဝင်ခြင်း အခမ်းအနား မှတ်တမ်း

၁.၁.၁၁ စနေနေ့ နေ့လည် (၁၂)နာရီ တွင် ဖူဆန်း ပြည်တော်ဦး ဗုဒ္ဓသာသနာ့ ရိပ်သာတွင် ဖူဆန်းမြို့မှ ဒကာများ “မဇ္ဈိမယာန“ အဖွဲ့ဝင်ခြင်း အခမ်းအနား ကို ပြုလုပ်ကျင်းပခဲ့ပါသည်။

ပထမဦးစွာ “နမောတသ“သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ပြည်တော်ဦး ဆရာတော်မှ “မဇ္ဈိမယာန“ အသင်းဖွဲ့စည်းရခြင်း ရည်ရွယ်ချက်နှင့် အသင်းဖွဲ့စည်းပုံ မူကြမ်းကို ရှင်းလင်းပြောဆို ပြီးကြွရောက်လာသော ဒကာများနှင့် အသင်း၏ လုပ်ငန်းစဉ် များကို ဆွေးနွေးခဲ့ကြပါသည်။ထို့နောက်အသင်းဝင် ၃၇ ဦး အသင်းဝင် လျှောက်လွှာများ ဖြည့်စွတ် အသင်းဝင်ခဲ့ပြီး အခမ်းအနား ကို အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့ပါသည်။

အသင်းသားများက ဒီဇင်ဘာလအတွက် အသင်းဝင် လစဉ်ကြေးအလှူငွေ တစ်သောင်းကျပ်စီ ကို လည်းထည့်ဝင်ခဲ့ကြပါသည်။

အသင်းဝင်များမှာ

ကိုတင်မောင်ထွန်း

ကိုညွန့်လှိုင်

ကိုရဲမိုးဝင်း

ကိုဇော်လွင်ဦး

ကိုသက်နိုင်ထူး

ကိုဝင်းစိန်

ကိုမြင့်ခိုင်

ကိုကျော်ကျော်မြင့်

ကိုခင်မောင်ဝင်း

ကိုသက်ဦးမောင်

ကိုမြတ်ဇော်အောင်

ကိုသီဟသူ

ကိုကျော်မင်းစိုး

မအေးစုစုဝင်း

ကိုကျော်မင်းဟန်

ကိုဇော်ဦး

ကိုစိန်ဝင်း

ကိုသန်းဇော်မင်း

ကိုသိန်းစိုး

ကိုကျော်မင်းလတ်

ကိုကျော်သီဟ

ကိုလူလူနှင်းမောင်

ကိုဝေလင်းနိုင်

ကိုရဲဝင့်မာန်

ကိုစိုးမိုးအောင်

ကိုအောင်ဆန်းမြင့်

ကိုစိုင်းညီညီကျော်

ကိုမျိုးကျော်နိုင်

ကိုနေလင်းအောင်

ကိုဖန်းမိုးလွင်

ကိုအောင်ပြည့်

ကိုဇော်ဟိန်းဝင်း

ကိုခွန်ချိုအောင်

ကိုတင်ထွေး

ကိုနေမျိုး

ကိုသန့်ဇင်

ကိုသူရဇော်

အသင်းဝင်ကြေး ပေးပို့ရန် ဘဏ်လိပ်စာမှာ 농협 은행 351-0283-0339-83 법승 담마야나 선원

အလှူတော်မှတ်တမ်း

၁.၁.၁၁ နှစ်ဆန်း တစ်ရက်နေ့အလှူ

ကိုအောင်ပြည့်မှ ကွယ်လွန်သူ မိဘနှစ်ပါးအားရည်စူး၍ သူငယ်ချင်း တစ်စုနှင့် အတူ နှစ်ဆန်းတစ်ရက်နေ့ တွင် ဖူဆန်း ပြည်တော်ဦး ဗုဒ္ဓသာသနာ့ ရိပ်သာတွင် ဆွမ်းကျွေးအလှူပြုလုပ် ကျင်းပခဲ့ရာ အားလုံးပဲ သာဓု အနုမောတနာ ခေါ်နိုင်ကြပါစေရန်~~~~

ရေးသူ (ဖြူဖြူ)

မဇ္ဈိမယာန နှင့် ဓမ္မယာန ပညာသင်ဆု

၎.၁.၂၀၁၁. (၆၃)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသော အားဖြင့်
ဓမ္မယာနအသင်း ကိုရီးယားလူမျိုးများနှင့် မြန်မာ ဒကာ ၊ ဒကာမ များ၏ ဓမ္မယာနအဖွဲ့မှ ပညာသင်ဆု အဖြစ် ကျပ်ငွေ ၁၀သိန်းကျပ် ကို၎င်း၊ မဇ္ဈိမယာန အသင်း ကိုရီးယားရောက် မြန်မာလူမျိုးများ မဇ္ဈိမယာန အဖွဲ့မှ ပညာသင်ဆု အဖြစ် ကျပ်ငွေ ၁၀သိန်းကျပ် ကို၎င်း ၊ စုစုပေါင်း ကျပ်ငွေ သိန်း ၂၀ကျပ်တိတိ ကိုရန်ကုန်မြို့ရှိ ဓမ္မဗျူဟာ ပရဟိတ အသင်းသို့ ပထမအကြိမ် စတင် လှူတန်းလိုက် ပါသည်။လစဉ် လည်းပဲ အဖွဲ့ တစ်ဖွဲ့လျှင် ၁သိန်းကျပ်စီဖြင့် ၊ကျပ်သိန်း ၂၀၀ အထိ ဆက်လက် လှူဒါန်းသွားမည် ဖြစ်ပါသည်။









ရေးသူ နန္ဒာ(ဧကမ္ဘာ)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More