ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ pyidawoo: ကဗျာ

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Thursday, August 19, 2010

ကိလေသာကင်းစင် ဘုရားရှင်

... (မင်းကွန်းဆရာတော်ဘုရားကြီး)

...ငါ၏ကိုယ်တွင် လောဘ ဝင်က
ဝင်လာ လောဘ အနိုင်ရအောင်
လောဘ ကင်းစင် ဘုရားရှင်ကို
ငါလျှင် ကြည်ညိုမိပါ၏။

ငါ၏ကိုယ်တွင် ဒေါသဝင်က
ဝင်လာ ဒေါသ အနိုင်ရအောင်
ဒေါသ ကင်းစင် ဘုရားရှင်ကို
ငါလျှင် ကြည်ညိုမိပါ၏။

ငါ၏ကိုယ်တွင် မောဟ ဝင်က
ဝင်လာ မောဟ အနိုင်ရအောင်
မောဟ ကင်းစင် ဘုရားရှင်ကို
ငါလျှင် ကြည်ညိုမိပါ၏။

Tuesday, August 10, 2010

ဇာနည်ဘွား

ယောကျာင်္းဇာနည် ဘာမထီ
ရဖို. ခဲယဉ်းသည်။

.အရပ်တိုင်းမှာ မရပြီ၊

အမျိုးတိုင်းမှာ မမွေးပြီ၊၊

မဇ္ဈိမရပ် မင်း, ဗြဟ္မဏ်

ရအပ် မွေးနို်င်သည်။

မွေးပြန်သော်ငြား အမျိုးများ

တိုးပွား ချမ်းသာသည်။

မွေးပြန်သော်ငြား ထိုယောကျာင်္း

အများကျိုး ဆောင်လိမ့်မည်။

(ပြည်တော်ဦး ဆရာတော်)

... ကံ

"အကျိုးကိုကြည့် အကြောင်းသိရမယ်

အကြောင်းကြည့်လည်း အကျိုးသိရမယ်

ကောင်း~ဆိုး နှစ်သွယ် အကြောင်း "ကံ" တွေခြယ်

"ကံ" မဆိုးဖို့၊ ဆိုး "ကံ" တွေကိုပယ်

"စေတနာဟံ ကမ္မံ ၀ဒါမိ"

မြတ်စွာဘုရားဟောပါသည်

စေတနာသည် "ကံ"

"ကံ" သည် အလုပ်

"ကံ" လို့ ပြောနေကြတဲ့

ကိုယ်လုပ်၊ နှုတ်ပြော၊ စိတ်သဘော

စင်းလုံးချောအောင် ကြိုးစားကြပါကွယ်။

(ပြည်တော်ဦး ဆရာတော်)

ဝီရိယ သုံးဖြာ

... ပွားစေရာ

အာရမ္ဘ နိက္ကမ နဲ. ပရက္ကမ တဲ့ သုံးဖြာ

များသတ္တာ သိဒ္ဓိပြီးအောင် ပွားကြစေရာ

တို. အမျိုးသား ရွှေမြန်မာ

ကိုးကွယ်တာ ရတနာသုံး ပေမို.

လောင်းမြတ်စွာ ပါရမီခရီးကို

စံပြုကာ နည်းယူမှီး ကြပါစို.ကွယ်

ပွားစေရာ ဝီရီယ သုံး ကို

စိတ်ကြီးဝင် အားကုန်ရုန်းမယ်

“ကျုံးလိုက်ရွှေဘုန်း“။

(ပြည်တော်ဦး ဆရာတော်)

စာရိတ္တ နှင့် ဝါရိတ္တ

... သီလ

ကိုယ်နဲ. နှုတ်က ပြုပြောကြ အလေ့ သီလပါ။

ရှောင်ရ ဆောင်ရ ထိုသီလ နှစ်ဝ ရှိသည်သာ။

မကောင်းတာရှောင် ကောင်းတာဆောင်

စောင့်ရှောက်သမျှ ကျင့်သုံးသမျှ

စောင့်သုံး ဆိုင်ရာ သီလ အောင်။

(ပြည်တော်ဦး ဆရာတော်)

Wednesday, March 24, 2010

ကရုဏာပို.

ဒုက္ခပတ္တာ စ နိဒုက္ခာ၊ ဘယပတ္တာ စ နိဗ္ဘယာ။
သောကပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။

ဆင်းရဲဒုက္ခ ရောက်နေကြ များလှသတ္တဝါတွေ
ဆင်းရဲဒုက္ခ ဟုသမျှ ကင်းငြိမ်းကြပါစေ။

ဘေးရန်ဘယ ရောက်နေကြ များလှသတ္တဝါတွေ
ဘေးရန်ဘယ ဟူသမျှ ကင်းငြိမ်းကြပါစေ။

စိုးရိမ်သောက ရောက်နေကြ များလှသတ္တဝါတွေ
စိုးရိမ်သောက ဟူသမျှ ကင်းငြိမ်းကြပါစေ။

Tuesday, February 23, 2010

နေက္ခမ္မ ပါရမီ

ဘဝ အတွေ.  ပျော်မွေ.နေလျှင်၊
ဘဝကိုပဲ စွဲမြဲခင်မင်။
ဘဝငြိမ်းကြောင်း နားငြောင်းနေလျှင်၊
ဘဝထဲ လည်မြဲလည်မည်ပင်။

 ဘဝ အတွေ. ငြီးငွေ.ပါပြီ။
ဘဝ အသစ် မဖြစ်လိုပြီ။
ဤကောင်းမှုဖြင့် တောင်းဆုပန်ချီ၊
ဘဝ သိမ်း ဇာတ်ငြိမ်းရလိုသည်။

ဘဝ အတွေ. ငြီးငွေ. စိတ်ပို။
ဘဝ အသစ် မဖြစ်ရလို။
ကုသိုလ်ပြုတိုင်း မဆိုင်းတောင်းဆို၊
နိဗ္ဗာန်သို. ရောက်ဖို. ဤကုသိုလ်။

                         ( ရွှေဘို ဆရာတော် )

Monday, February 22, 2010

ပြည်တော်ဦးရဲ့မေတ္တာ

                        "ကိုယ်စိတ်ချမ်းမြေ့ တရားမွေ့~~~တွေ့၊ သိနိုင်ပါစေ..။
                      
                   သင်သိ ၊ ကျင့်သိ ၊ ထိုးထွင်းသိ~~~အသိစုံပါစေ..။

             သာသနာအကျိုး~~~မြတ်မြတ်နိုး သယ်ပိုးနိုင်ပါစေ..။"
                                                                                                         (ပြည်တော်ဦး ဆရာတော်)

Saturday, February 20, 2010

ပြည်တော်ဦးဆောင်ပုဒ်

ပြည်တော်နိဗ္ဗာန်
ဦးမဂ္ဂံ
ပြည်တော်ဦးက
မဂ်ရှစ်တန်
ရွှေပြည်နိဗ္ဗာန်
ဆိုက်ရောက်ရန်
ပြည်တော်ဦးတဲ့
မဂ်လမ်းမှန်
ရွှေပြည်တော်
နိဗ္ဗာန်နန်းကိုလ
မှန်းဆမျှော်မြင်
ဦးအစ မဂ်ရှစ်အင်
ပြည်တော်ဦးမဂ်လမ်းစဉ်ကို
ရွှေဘုန်းရှင်
တွင်တွင်ပွားကြပါစို့လေး...။
(ပြည်တော်ဦး ဆရာတော်)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More