ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ June 2010 ~ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Saturday, June 19, 2010

တရားပွဲ အဟာရဒါနကုသိုလ်ရှင်များ(၂၀.၆.၂၀၁၀)**

**တရားပွဲ အဟာရဒါနကုသိုလ်ရှင်များ(၂၀.၆.၂၀၁၀)**...

...တတိယအကြိမ်မြောက် တရားပွဲကျင်းပရာတွင် ကြွရောက်လာကြသော တရားနားပရိတ်သတ်
များဖြစ်တဲ့ ဦးဦး၊ကိုကို၊မမ တို့အား ညီအစ်ကိုသူငယ်ချင်းများဖြစ်ကြသော..
ကိုခင်မောင်ကျော်
ကိုထွန်းလင်းအောင်
ကိုဇော်လင်းထက်
ကိုမြင့်သူ
ကိုထိန်လင်းအောင်
ကိုကျော်စိုးဝင်း
ကိုသက်ကိုကို

...တို့က သဒ္ဒါတရားထက်သန်စွာဖြင့် ကျွှေးလှူလိုပါသဖြင့် ကြားသိသမျှ ဓမ္မမာမက မိတ်ဆွေအားလုံး
စုရုံးကြွရောက်ချီးမြှင့်ကြပါရန် မေတ္တာရှေ့ထား ဖိတ်ကြားအပ်ပါသည်~~။ဦးဦး၊ကိုကို၊မမ တို့ရေ...

ဧည့်ခံချိန်ကတော့....နေ့လည် ၁၁ နာရီမှ နေ့လည် ၁ နာရီထိဖြစ်ပြီး...

ဧည့်ခံမည့် နေရာကတော့ ဖူဆန်း ဗုဒ္ဓသာသနာအသင်းတိုက် ဖြစ်ပါတယ်..~~

~~!어서오십시요!~~

နန္ဒာ(ဧကမ္ဘာ)

တတိယအကြိမ်မြောက်တရားပွဲ

တတိယအကြိမ်မြောက်တရားပွဲ(၂၀.၆.၂၀၁၀)~~

...ကိုရီယားရောက် ရွှေမြန်မာများအချင်းချင်းတွေ့ကြဆုံကြ ၊ကြုံကြိုက်ကြ ၊တွေ့ဆုံဆွေးနွေးကြဖို့ရည်
ရွယ်ပြီး လစဉ်ကျင်းပပေးလျက်ရှိရာယခုချိန်ခါမှာတော့ တတိယအပတ်ကိုရောက်ရှိလာပါပြီ။
ယခုလိုတရားပွဲကျင်းပခြင်းအကြောင်းရင်းကလည်း တရားအကြောင်းများသာမက မသိသေးသောအသိပညာများပါ ထပ်မံတိုးပွားလာအောင် ပြည်တော်ဦးဆရာတော် ကကြီးမှူး၍ ကျင်းပလိုက်ခြင်းဖြစ်ပါတယ်..သို့ဖြစ်ပါ၍ လာမည့် စနေနေ့ (၂၀.၆.၂၀၁၀) တွင် တူညီသော စိတ်ထား~~တူညီသော အသိတရား~~တူညီသော ကိုယ်ကျင့်တရား~~တူညီသော ယုံကြည်မှုများဖြင့် တတိယအကြိမ်မြောက်တရားပွဲကို ကြွရောက်နာယူကြပါရန် လေးစားစွာဖြင့် ဦးဦး၊ ကိုကို၊ မမ တို့ကိုဖိတ်ကြားအပ်ပါသည်~~။တရားပွဲကျင်းပမည့်နေ့ရက်၊အချိန်နှင့်နေရာကတော့~~

နေ့ရက်*.*.*.*.*.*.၂၀.၆.၂၀၁၀။
အချိန်*.*.*.*.*.*.*.နေ့လည် ၂ နာရီ။
နေရာ*.*.*.*.*.*.*.ဖူဆန်း ဗု
ဒ္ဓသာသနာ့အသင်းတိုက်။

ရေးသူ~~နန္ဒာ(ဧကမ္ဘာ)

Friday, June 18, 2010

အသိမှန် အမြင်မှန် အယူမှန်(၁)

ဗုဒ္ဓဘာသာ။ ဗုဒ္ဓ-ဘုရား၊ ဘာသာ-စကား။ ဘုရားရှင်ရဲ.စကား ~တရားတော်။ ဗုဒ္ဓဘာသာဝင်ဆိုတာ ဘုရားရှင်ရဲ.စကား ~တရားတော်ကို သိအောင်သင်ယူပြီး ယုံကြည်၍ တရားသိ/ရှိအောင် လိုက်နာကျင့်သုံးသူပါ။ "ဗုဒ္ဓဘာသာ" ဆိုတဲ့ ဘာသာ အယူဝါဒတစ်ခုလုံးကို ကိုယ်စားပြုနိုင်တဲ့ ဘုရားဟော ပိဋကတော်လာ စကားလုံးတစ်လုံးကို ပြပါဆိုရင် "သမ္မာဒိဋ္ဌိ" မှန်သော အသိ/အမြင်/အယူကို ပြရမှာပါပဲ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်လို.ဆိုရာမှာလည်း သမ္မာဒိဋ္ဌိ အသိမှန် အမြင်မှန် အယူမှန်ရှိသူသာလျှင ဗုဒ္ဓဘာသာဝင် အစစ်လို. ဆိုနိုင်ပါတယ်။

မိဘက ဗုဒ္ဓဘာသာကိုးကွယ်လို. မိခင်ရဲ.ရိုးရာ ဘခင်ဘက်ကလည်း အစဉ်အလာ ရှိတာမိုလို. မိရိုးဘလာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်လာရုံနဲ. တကယ့် ဗုဒ္ဓဘာသာဝင် ဖြစ်ပါပြီလို. ကြေနပ်နေလား။ အဲဒီလိုပဲ လက်ခံထားလား။ ကြေနပ်နေရင် လက်ခံထားရင် တစ်ဆင့်တက်ပြီး ဆင်ခြင်စူးစမ်းစရာ မလိုတော့ဘူးပေါ့။ ဒါကြောင့်လည်း "မစူးမစမ်း ဉာဏ်မြင်ကန်း" ဆိုတာလို ဗုဒ္ဓဘာသာဝင် အမည်ခံပြီး သမ္မဒိဋ္ဌိ ဉာဏ်မြင်ကန်းတဲ့သူတွေ ဖြစ်နေကြရပါတယ်။

"သူဌေးသားက လွယ်လွယ်ရလို. ငွေတန်ဖိုး နားမလည်" ဆိုသလိုပဲ မိရိုးဘလာ ဗုဒ္ဓဘာသာဝင် တွေလည်း အလွယ်ရလို. ဗုဒ္ဓဘာသာတန်ဖိုး နားမလည် ဖြစ်နေကြပါတယ်။ ငွေအရလွယ်တဲ့ သူဌေးသား ငွေဖြုန်းသလို အလွယ်ရတဲ့ လွယ်လွယ်နဲ. လက်ခံယုံကြည်ထားတဲ့ ဗုဒ္ဓဘာသာကို လွယ်လွယ် စွန်.နိုင်တဲ့သူတွေလည်း ဖြစ်နေကြပါတယ်။ မစွန့်ဘူးဆိုရင်လည်း သိလို. တန်ဖိုးထားလို.ဆိုတာထက် မျက်ကန်းယုံကြည်မှုနဲ. "ငါ့နိုင်ငံ ငါ့လူမျိုး ငါ့မိဘနဲ. ငါ ကိုးကွယ်တဲ့ဘာသာ ငါ့ဘာသာ" ဆိုတဲ့ ဒိဋ္ဌိ အစွဲနဲ. မြဲနေကြတာ များပါတယ်။ မှားသည်မှန်သည်မသိ ခွဲခြားဝေဘန်နိုင်စွမ်းလည်း မရှိပဲ "ငါကိုးကွယ်သည့် ဘာသာ ငါ့ဘာသာ ငါ့မိဘ ငါ့လူမျိုး ငါ့နိုင်ငံက ကိုးကွယ်သည့် ဘာသာ ငါ့ဘာသာ"ဟု ငါစွဲပေါ်တည်သည့် မျက်ကန်းယုံကြည်မှုနှင့် ကိုးကွယ်သူများကြောင့် ဗုဒ္ဓဘာသာ ဂုဏ်တက်စရာ မရှိသလို တိုးတက်လာမည်လည်း မဟုတ်ပါ။ မတိုးတက်သည့် အပြင် "ငါ့ဘာသာ မထိနဲ. မီးပွင့်သွားမယ်" ဆိုသည့် အတ္တစွဲကြီးသော သဘောထား များကြောင့် ဆုတ်ယုတ် ပျက်စီးစရာတောင် ဖြစ်နိုင်ပါတယ်။ စင်ကြယ်သော ဘာသာတရားကို အကြောင်းပြ၍ အသေခံ ဗုံးခွဲခြင်းစသော မစင်ကြယ်မှုများလည်း ပြုလုပ်လာနိုင်ပါသည်။

သိလို. ယုံတဲ့လူ နည်းပြီး မသိဘဲ နာမည်ခံသူတွေသာများလို. တကယ်လိုက်နာကျင့်သုံးသူရှားပြီး အင်မတန်ကောင်းမွန်စင်ကြယ်တဲ့ ဘုရားရှင်ရဲ. အဆုံးအမ ဗုဒ္ဓဘာသာကို နာမည်ဖျက်သလို ဖြစ်နေကြသူများနေပါတယ်။ ဥပမာဆိုပါစို. လိမ်ညာကြမ်းကြုတ် မဟုတ်တယုတ် လူမဆန်တဲ့ အလုပ်မှန်သမျှကို ရပ်သိရွာသိ ကမ္ဘာသိလုပ်နေတဲ့သူ တစ်ယောက်က ဘုရားတည်ကျောင်းဆောက်နေတာ သံဃာတော်တွေကို လက်အုပ်ချီပြီး တရားနာနေတာကို တွေ.ရင် ဘာသာခြားတွေ ဘယ်လိုတွေးမယ်ထင်ပါသလဲ။ ဒါကြောင့် အဲဒီလို လူမျိုးတွေကိုတော့ ဗုဒ္ဓဘာသာကို တကယ်ချစ်ရင် စွန်.ပေးပါ မိစ္ဆာဒိဋ္ဌိဘာသာပြောင်းပေးပါလို. ပြောရမှာပါပဲ။ မဟုတ်ရင်တော့ သာသနာဖျက် ဖြစ်နေမှာပါပဲ။ စာသင်သားဘဝက ဆိုခဲ့တဲ့ စာလေးတစ်ခု သတိရမိတယ်။ "မိမိ မှီခို သာသနာကို ဘယ်လိုချစ်ရမည်။ မိမိအတွက် ဂုဏ်မပျက် ဂုဏ်တက်စေရမည်။"

ဗုဒ္ဓဘာသာဝင် သူတော်ကောင်းမှန်ရင် ဘုရားရှင်ရဲ. စကား တရားတော်ကို အသိ/အမြင်/အယူမှန် သမ္မာဒိဋ္ဌိကို မသိသိအောင် ကြိုးကုတ် မဖြစ်ဖြစ်အောင် အားထုတ်ရမှာပါ။ သိအောင်သင် ရအောင်မှတ် တတ်အောင်လုပ်၍ မြတ်အောင် ကျင့်ကြပါစို.။

ဂွမ်ဂျူးတရားပွဲ (၁၃-၆-၁၀)

... ဓမ္မပူဇာ ကုသိုလ်ရှင်များ

၁။လှိုင်မြန်မာစတိုး ကိုခင်လှိုင်+မယုယုလှိုင်

သမီး ပြည့်ရတီစံ ၁၅၀,၀၀၀ ဝမ်

၂၊၊(၅-၆-၁၀) နေ.တွင်ကွယ်လွန်သူ

ဦးငြိမ်းမောင်အားရည်စူး၍ ၉၀,၀၀၀ ဝမ်

၃။ဂွမ်ဂျူးဒေသ ဒကာဒကာများ ၆၁၆,၀၀၀ ဝမ်

စတုပစ္စယ ဒါန

လစဉ် အလှူရှင်များ (ဇွန်လ)

ကိုမြင့်ခိုင် ရေသန်.- ပူ/အေး ၅၀,၀၀၀ ဝမ်

ကိုလှထွန်း လျှပ်စစ်မီး ၃၀,၀၀၀ ဝမ်

ကိုဇော်သူရ(ကင်မ်ဟဲ) အင်တာနက်/ဖုန်း ၃၀,၀၀၀ ဝမ်

ကိုရဲသီဟ(ဂွမ်ဂျူး) စတုပစ္စယဒါန ၁၀,၀၀၀ ဝမ်

ကိုလင်းလင်း+မဝင်းအိဖြူ ဒိုးရှီးဂက်စ် ၁၀,၀၀၀ ဝမ်

Monday, June 7, 2010

တရားပွဲ

၆လပိုင်း တရားပွဲ

မြန်မာ တရားပွဲ

၁၃/၆/၁၀ ဒုတိယအပတ် တနင်္ဂနွေနေ. နံနက် (၁၁)နာရီ ဂွမ်ဂျူး ခီလ်ဆန်းင်ဆာ

၂၀/၆/၁၀ တတိယအပတ် တနင်္ဂနွေနေ. နေ.လည် (၂) နာရီ ဖူဆန်း ဗုဒ္ဓဘာသာ အသင်းတိုက်

ကိုရီးယား တရားပွဲ

(၂,၉,၁၆,၂၃,၃၀)/၆/၁၀ ဗုဒ္ဓဟူးနေ. ည (၇~၁၀)နာရီ ဖူဆန်း စစ်ဆေးရုံ ဓမ္မာရုံ

(၅,၁၂,၁၉,၂၆)/၆/၁၀ စနေနေ. ည (၇~၁၀)နာရီ ဖူဆန်း စစ်ဆေးရုံ ဓမ္မာရုံ

Share

Twitter Delicious Facebook Digg Stumbleupon Favorites More