ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ pyidawoo: ဆောင်ပါးများ

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Thursday, May 10, 2012

ဘယ်သူသိမှာလဲ။

...(2012-4-14) 6:44pm
ဂွမ်ဂျူးက အောင်ကိုကိုဆီက ဖုန်းလာပါတယ်။ အောင်ကိုကို ဆိုတာ ဓမ္မယာန မဇ္ဈိမယာနအဖွဲ. စတင်ဖွဲ.စည်းစဉ်ကစလို. အခုချိန်အထိ တက်တက်ကြွကြွ ပါဝင် လုပ်ဆောင်နေတဲ့သူပါ။ လစဉ် ဂွမ်ဂျူးတရားပွဲ ဖြစ်မြောက်ရေးကိုလည်း အခြား မိတ်ဆွေများနဲ.အတူ ဦးစီးဦးဆောင်ပြုနေသူ တဦးပါပဲ။ ဖုန်းဆက်ရတဲ့ အကြောင်းကတော့ ဂွမ်းဂျူးက အဖွဲ.ဝင်တစ်ဦးရဲ. မိတ်ဆွေ အလုပ်လုပ်ရင်း လက်ဒဏ်ရာရသွားလို. ဖူဆန်းမှာ ဆေးရုံတင်ထားရကြောင်း အသိမရှိဘဲ အခက်အခဲဖြစ်နေလို. ဘုန်းဘုန်းဆီ အကြောင်းကြားတာပါတဲ့။ နောက် မြန်မာစကားမရည်လည်တဲ့ မွန်လူမျိုးတွေဖြစ်နေလို. သူတို.က တိုက်ရိုက်ဖုန်းဆက် ရမှာ မဝံ့မရဲဖြစ်နေလို. သူကို အကူအညီတောင်းလို.ပါတဲ့။ ဘုန်းကြီးက လူနာနာမည် နဲ. ဆေးရုံကို သိရင် ရပါတယ်လို. ပြောလိုက်ပါတယ်။ စိတ်ထဲက နည်းနည်းလေးမှ မကောင်းပါ။ တို.လူမျိုးတွေ ငွေလိုချင်လို.လာကြတာ ဒဏ်ရာတွေ ရရနေပါလားလို.။ ဒါပေါ့လေ ဒီလိုဖြစ်မယ်ဆိုတာ သိရင် ဘယ်သူ လာမှာလဲ။ ဒါပေမယ့် ငါ ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ



...ဘယ်သူသိမှာလဲ(2012-4-14) 10:16pm
ဂွမ်ဂျူးက အောင်ဆန်းဦးကိုယ်တိုင် ဖုန်းဆက်လာပါတယ်။ သူ. သူငယ်ချင်း နာမည် သိန်းလွင် တက်နေတဲ့ ဆေးရုံက မိုက်ခရိုဆောင်းဟျော်င်း ဆေးရုံပါတဲ့။ လက်ချောင်းသုံးချောင်း ပြတ်သွားတယ်။ အသက် အန္တရာယ်တော့ မရှိပါစသည်။ သူ. စကား နားလည်ဖို.ခက်တာ အမှန်ပဲ။ ချင်းလူမျိုးတွေနဲ. စကားပြောရသလိုပဲ။ ချင်းကျောင်းသားတစ်ယောက် ဖူဆန်းက ကွန်ပျူတာတက္ကသိုလ်မှာ တက်ချင်လို. အကူအညီတောင်းတုန်းက အသိတွေနဲ. မိတ်ဆက်ပေးလိုက်တာ အဆင်ပြေသွား ပါတယ်။ သူ.ခမျာလည်း ကျေးဇူးတင်စကားတောင် စကားမှားမှာစိုးပြီး မပြောရဲလို. တဆင့်ပြောခိုင်းတာ ကြုံဖူးပါတယ်။ အခုလည်း ဘုန်းကြီးကို အေး~အေး~ နဲ. ပြောတော့ ကြားစက စိတ်ထဲ ကွက်ခနဲကွက်ခနဲ ဖြစ်မိသေးတယ်။ ကိုယ့်ကိုယ်ကို လည်း ပြုံးမိပါတယ်။ သူတို.မှာ ဒီလိုဖြစ်မှာစိုးလို. ဖုန်းတောင် တိုက်ရိုက်မဆက်ဘဲ ကြိုအသိ ပေးထားတာတောင် စိတ်ကလည်း နုလိုက်တာလို.။ အောင်ဆန်းဦးကို လည်း ဂွမ်ဂျူးမှာ မကြာခဏ တွေ.နေတာပဲ။ မျက်နှာချင်းဆိုင် စကားပြောတော့ ဒီလောက် မဆိုးပါဘူး။ ဖုန်းနဲ.ပြောမှ မြန်မာစကားက ပိုခက်သွားတယ်ထင်တယ်။

(2012-4-16) 8:41am
စနေတနင်္ဂနွေက တရားပွဲတွေ ရှိနေတာက တစ်ကြောင်း လူနာက အသည်း အသန်လည်း မဟုတ်တာက တစ်ကြောင်းပေါ့လေ ဒီနေ. တနင်္လာနေ.မှ ဆက်သွယ် ပြီး ဆေးရုံကို ရောက်သွားပါတယ်။ ၆ယောက်ခန်းဆိုတော့ကာ အခန်းထဲမှာ ကိုရီးယားလူနာ ၅ယောက်လည်း ရှိနေတယ်။ လူနာ ဒကာသိန်းလွင်ရဲ. အကိုအရင်း ဖြစ်သူ အန်ဆန်းမှာ နေတဲ့ ဒကာဝင်းညွန်. လူနာစောင့် ရောက်နေလို. သူနဲ. ပြောဖြစ်ပါတယ်။ သူကတော့ မြန်မာစကားကို တော်တော် ရည်လည်ပါတယ်။ ဘုန်းကြီးကြွလာတော့ ဝမ်းလည်းသာ အားလည်းရှိသွားတာပေါ့လေ။ ရေခြားမြေခြား မှာကိုး။ မြန်မာပြည် မှာတော့ ရဟန်းသံဃာ ငါးသိန်းလောက် ရှိနေတော့ သိပ်တန်ဖိုးမသိဘူးပေါ့။ ဒီမှာတော့ သမဏာနဉ္စဒဿနကလည်း ဒုလ္လဘတရား တစ်ပါး မဟုတ်လား။ ဒါနဲ. အားပေးစကားပြောရင်း အကျိုးအကြောင်းမေး ~~~ပေါ့လေ။
ဒကာသိန်းလွင်က ဂရောင်ဂျူးမြို.ကဖြစ်ပြီး လက်ထိထိချင်း အူလ်ဆန်းဆေးရုံကို ပို.တယ်။ အဲဒီဆေးရုံက ကျန်တဲ့ လက်ချောင်းနှစ်ချောင်းနဲ. လက်ဝါးတစ်ခြမ်းအထိ ဖြတ်ပစ်ရမယ်ဆိုလို. စက်ရုံသူဋ္ဌေးက မဖြတ်ဘဲ ဒီဆေးရုံကို ပြောင်းတင်လိုက်တယ် ဆိုတာ သိရတယ်။ ဂရောင်ဂျူးဆိုတာ ကိုရီးယားရဲ.ပုဂံ လို. ပြောနိုင်တဲ့ သမိုင်းဝင် မြို.။ အင်မတန် သာယာလှပပြီး ထင်ရှားတဲ့ ခရီးသွားဇုန်တစ်ခုပါ။ ဒါပေမယ့် ဘုန်းကြီးတို. လူမျိုးတွေ အလုပ်လုပ်နေတဲ့ စက်ရုံတွေကတော့ လူမနီးသူမနီး ချောင်ကျကျတောကျကျ နေရာတွေမှာပေါ့။
လူနာ ဒကာသိန်းလွင်ရဲ. အကို ဒကာဝင်းညွန်.ကတော့ အန်ဆန်းမြို.က လာတာ လို.သိရတယ်။ အန်ဆန်းဆိုတော့ ဆိုလ်းနဲ. ပိုနီးတာပေါ့။ နိုင်ငံခြားသား အလုပ်သမားတွေ အများစုရှိတဲ့ မြို.လေးတစ်မြို.ပါပဲ။ စက်မှုဇုန်မြို.ပေါ့။ အသိ အကျွမ်းတပါးဖြစ်တဲ့ ဆရာတော်ဦးသုဝဏ္ဏ ဒီနှစ် နှစ်ဦးက သန္တိသုခ အမည်နဲ. မြန်မာ ကျောင်းဖွင့်ပွဲလုပ်လို. ကြွခဲ့ဖူးပါတယ်။ ဒီလာဖို. စက်ရုံက ခွင့်ပေးလား မေးကြည့် တော့ ဗီဇာလည်းကုန်တော့မှာ မျက်စေ့လည်း မကောင်းလို. ခွဲရမှာဖြစ်လို. ၂၆ရက် နေ.ကို မြန်မာပြည်ပြန်ဖို. အကုန်စီစဉ်ပြီးသား အနေအထားမှာ ညီဖြစ်သူ ဒကာ သိန်းလွင်ရဲ. အခုကိစ္စက ပေါ်လာကြောင်း သိရပါတယ်။ ဒါကြောင့် ပြန်ရမှာ အင်မတန် စိတ်လေးနေကြောင်း သို.သော် သူကိုယ်တိုင်လည်း မျက်စေ့က မဖြစ် မနေ ခွဲရမှာဖြစ်လို. ပြန်ရမှာဖြစ်ကြောင်း ဘုန်းကြီးအနေနဲ. ကာယကံမေတ္တာ ဝစီကံမေတ္တာ စောင့်ရှောက်ပေးဖို. လျှောက်ထားပါတယ်။ သူလည်း ဒီလိုဖြစ်မယ်မှန်း သိရင် ၂၆ရက်ပြန်ဖို. မြန်မာပြည်မှာ မျက်စေ့ခွဲဖို. ဘယ်စီစဉ်ထားပါ့မလဲ။ ညီက ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ
ဒါနဲ. လူနာ ဒကာသိန်းလွင်ရော ဗီဇာ ဘယ်တော့ကုန်မလဲ မေးတော့ သူလည်း လပိုင်းလောက် ကျန်တော့တာတဲ့။ လွန်ခဲ့တဲ့ လေးငါးလက မြန်မာပြည် တစ်ခေါက် ပြန်ရောက်သေးသတဲ့။ ဗီဇာ နည်းနည်းကျန်သေးတာနဲ. တစ်ခေါက်ပြန်လာ အလုပ် လုပ်ရင်း အခုလို ဒါဏ်ရာရသွားတာပါ။ အခုလို ဖြစ်မယ်မှန်းသိရင် ဘယ်သူ ပြန်လာ မလဲနော်။ ဒါပေမယ့် ငါ ဒီလိုဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ
စကားပြောရင် အားပေးရင်းက လက်ရှိ ဘာအခက်အခဲရှိလဲ မေးတော့ လျော်ကြေးကိစ္စ စိတ်ပူကြောင်းပြောလို. နိုင်ငံခြားသားကူညီရေး အဖွဲ.အစည်းက ဥက္ကဋ္ဌဆီ ဖုန်းဆက်ပေးလိုက်ပါတယ်။ သူက တာဝန်ခံတစ်ယောက် လွှတ်ပေးမယ့် အကြောင်းပြောပါတယ်။
ဒကာဝင်းညွန်.ပြန်ရင် လူနာစောင့်ကိစ္စ ဘယ်လို စဉ်းစားထားလဲမေးတော့ ဂေါဂျယ်ဒို (မကြာသေးခင်က ဘုန်းကြီးနေတဲ့ဖူဆန်းနဲ. ပင်လယ်မြေအောက် လိုဏ်ခေါင်းကားလမ်း တံတား ဆက်ထားတဲ့ကျွန်း)သင်္ဘောကျင်းမှာရှိတဲ့ တူအရင်း ဖြစ်သူ ဒကာတင်ထွန်းဦး က အလျဉ်းသင့်သလို လာစောင့်ပေးမယ့်အကြောင်း လျှောက်ထားပါတယ်။ သြော် ဆွေမျိုးအရင်းအချာတွေ ရှိတာ တော်သေးတာပေါ့လို. တွေးမိသေးတယ်။
တူအရင်းက ဂေါဂျယ်ဒိုကဆိုလို. သတိရတာ ပြောရဦးမယ်။ ဂေါဂျယ်ဒို သင်္ဘော ကျင်းမှာလည်း မြန်မာအလုပ်သမား ရာနဲ.ချီ ရှိတယ်လို. သိရပါတယ်။ လူအင်အားက ဖူဆန်းထက်တောင် များသေးတာပေါ့။ မနှစ် နှောင်းပိုင်းနဲ. ဒီနှစ် အစ ဇန်နဝါရီလ လယ်လောက်အထိ ဘုန်းကြီး မြန်မာပြည် ပြန်ရောက်နေပါတယ်။ အဲဒီအချိန်မှာ ဂေါဂျယ်ဒိုက ဒကာလေး တစ်ယောက် ကားတိုက်ပြီး ဆုံးခဲ့ဖူးတယ်။ ဘုန်းကြီး မရှိလို. ဖူဆန်း ဓမ္မယာနပြည်တော်ဦးမှာပဲ ဘူဖျောင်းက ဆရာတော်လေး ဦးဥတ္တရကို ပင့်ပြီး ရက်လည်ဆွမ်းသွပ် တရားနာ အမျှပေးဝေခဲ့ကြပါတယ်။ အဲဒီ ကလေးလည်း ရောက်တာ လေးငါးလပဲ ရှိသေးသတဲ့။ အကို အရင်းလည်း အတူ အလုပ်လုပ် နေတာဆိုပဲ။ ညီလည်းဆုံးရော ရက်လည်ပြီးတာနဲ. အကိုဖြစ်သူလည်း မနေဘူး။ မြန်မာပြည် အပြီးပြန်တော့တာပါပဲ။ ဒါပေါ့လေ ညီအရင်းတစ်ယောက်လုံး ဆုံးမှတော့ ဘယ်နေချင်စရာ ကောင်းတော့မလဲ။ သူတို.လေးတွေလဲ ချမ်းသာလိမ့် နိုးနိုးနဲ. လာခဲ့ကြတာလေ။ အခုလို အဖြစ်ဆိုးနဲ. ဆုံးရမယ်လို. ဘယ်မျှော်လင့်မှာလဲ။ အစက ဒီလိုဖြစ်မယ်မှန်းသိရင် ဒီကို ဘယ်လာကြမလဲ။ ဒါပေမယ့် ငါ ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ
မနှစ်ပိုင်းကလည်း ဒီလူနာ ဒကာသိန်းလွင်တို. ဂရောင်ဂျူးမြို.ကပဲ ဒကာ တစ်ယောက် ဆုံးသေးတယ်။ ကိုရီးယား ဓမ္မယာနယောဂီအဖွဲ. အတွင်းရေးမှူး ဒကာလေး လိုက်ပို.ပေးလို. ဘုန်းကြီးပဲ ဒကာလှထွန်းကို ကပ္ပိယခေါ်သွားပြီး ဆေးရုံမှာ သက်ပျောက်ဆွမ်းတရား စက်ရုံမှာ ရက်လည်တရားဟော အမျှပေးဝေ ခဲ့ရဖူးတယ်။ သူလည်း ရောက်လို.မှ ၆လမပြည့်သေးဘူး ဆုံးရှာတာ။ မြန်မာပြည်မှာ လူမမယ် သမီးငယ်လေးနဲ. ဇနီးဖြစ်သူတို. ကျန်ရစ်လေရဲ.။ လာစဉ်တုန်းကတော့ မျှော်လင့်ချက်ကြီးကြီး သမီးနဲ. ဇနီးအတွက်ပေါ့။ အခုတော့ သောကအပြင် ဘာမှ မထားရစ်နိုင်ခဲ့တော့ပါလား။ ရာသီဥတုကအေး အလုပ်က ကြမ်းတမ်းပင်ပန်း နေရတာက ကွန်တိန်နာ အခန်းနဲ.လေ။ နှလုံးရောဂါ အခံရှိတယ်ဆိုပဲ။ မနက် အလုပ် ဆင်းခါနီး ရင်ဘတ်ထဲက အောင့်တယ်ဆိုပြီး ထိုင်ရာကနေ မထနိုင်ဘဲဖြစ်နေလို. အရေးပေါ်လူနာတင်ယာဉ် ခေါ်ပေမယ့် ဆေးရုံမရောက်ခင် ဆုံးရှာတာပါပဲ။ သူလည်း ချစ်လှစွာသော ဇနီးမယားနဲ.သမီးသားကို မခွဲရက်ရက် ခွဲခက်ခက်နဲ. မချိတရိခွဲပြီး ငွေရှာဖို. လာရင်းက အသက်ပါ ပါသွားပါရောလား။ ဒီလိုမှန်း သိရင် ဘယ်လာမလဲ။ ဒါပေမယ့် ငါ ဒီလိုဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ
ဆေးရုံက ပြန်ရောက်ပြီး ညနေပိုင်းမှာ ဘုန်းကြီးဆီ ဖုန်းလာပါတယ်။ စာတစ်ခု လက်မှတ် လာထိုးခိုင်းနေတာ နားမလည်ပဲ မထိုးရဲလို. မထိုးလိုက်တဲ့အကြောင်း ပြောပါတယ်။ နိုင်ငံခြားသားကူညီရေးအဖွဲ.က တာဝန်ခံလာသွားလား မေးတော့ မလာသေးဘူးလို. သိရပါတယ်။ သူတို.လည်း အဲဒါ စိတ်ပူနေတယ် ဆိုတာနဲ. နောက်ရက် 17-4-12 မနက်စောစော ဥက္ကဋ္ဌဆီ ဖုန်းထပ်ဆက်ပြီး ဘုန်းကြီးဆေးရုံမှာ ရှိနေတုန်း တာဝန်ခံကို လွှတ်ပေးနိုင်မလားမေးတော့ လွှတ်ပေးမယ်ဆိုတာနဲ. ဆေးရုံ ကို တစ်ခေါက် ထပ်သွားဖြစ်ခဲ့ပါတယ်။
ဒီတစ်ခေါက်တော့ လူနာရဲ. တူဖြစ်သူ ဂေါဂျယ်ဒိုက ဒကာတင်ဝင်းထွန်းလည်း ရောက်နေတယ်။ ခွင့်(၇)ရက်ယူပြီး လာခဲ့တာလို.ပြောပါတယ်။ လူလုံးသေးသေး ကြည်ကြည်လင်လင် ရွှင်ရွှင်ပျပျနဲ. သွက်သွက်လက်လက် ချက်ချက်ချာချာ ရှိသူပါ။ မြန်မာစကားလည်း ရည်လည်ပြီး ကိုရီးယားလိုလည်း အတော် ပြောနိုင်ပါတယ်။ အခန်းဖော် ကိုးရီးယားတွေကလည်း သူ.ကို အင်မတန် ချီကျူးကြပါတယ်။ စိတ်ထားကောင်းကြောင်း အပင်ပန်းခံကြောင်း ဦလေးဖြစ်သူကို ဂရုစိုက်ကြောင်း ပေါ့လေ။ မနေ.က လက်မှတ်မထိုးဖြစ်တဲ့ စာရွက်လဲ သူရောက်လာတော့ ဖတ်ကြည့်ပြီး ထိုးလိုက်တဲ့အကြောင်း ဆေးအာမခံ စာရွက်စာတမ်း ဖြစ်ကြောင်း ပြောပါတယ်။
မကြာခင် နိုင်ငံခြားသားကူညီရေး အဖွဲ.က တာဝန်ခံ ဒကာမ ဟန်အာရူးမ် ရောက်လာတာနဲ. သူတို.ကို မိတ်ဆက်ပေးရပါတယ်။ သူမကလည်း လိပ်စာကဒ် ပေးပြီး အချိန်မရွေး ဆက်သွယ်ဖို. အခု သိလိုတာမေးဖို.နဲ. သူ.အနေနဲ. အစအဆုံး အကူအညီ ပေးမယ့်အကြောင်း ပြောပါတယ်။ ဒီလို ကိစ္စတွေနဲ. ပတ်သက်လို. ဥပဒေ ရေးရာတွေပါ ကျွမ်းကျင်သူဖြစ်လို. ဒကာတွေ မေးတာကို စိတ်ရှည်လက်ရှည် အဖြေ ပေးပြီး အခွင့်အရေး ဘာတစ်ခုမှ မဆုံးရှုံးရအောင် ကူညီမယ်လို. ပြောပါတယ်။ အခုတော့ ဆေးကုသမှုကလွဲရင် ဘာမှ ခေါင်းထဲမထားဖို. အားပေးပါတယ်။ သူဆီက ဘုန်းကြီး သိရတာကတော့ လက်ချောင်းမပြောနဲ. လက်ကောက်ဝတ်ကနေ ပြတ်သွားတဲ့ သူတောင်မှ သိန်း တစ်ရာနှစ်ရာထက် ပိုမရဘူးလို. ဆိုပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့လေ ရသင့်တဲ့ အခွင့်အရေးတော့ တောင်းရမှာပဲ။ အလုပ်ခွင်တွင်း ထိခိုက်မှု မဟုတ်လား။ ဘုန်းကြီးရဲ. ကျောင်းဒကာ ပြောတာတော့ ကိုရီးယားလူမျိုး ဆိုရင် အလုပ်ခွင် ပြင်ပမှာ ဖြစ်တာတောင် အလုပ်ခွင်က ပင်ပန်းမှုနဲ. ဆက်စပ်မှု ရှိတယ်ဆိုတာ ပြနိုင်ရင် လျော်ကြေးရသတဲ့။ နိုင်ငံခြားသားတော့ မသိဘူးတဲ့။
18-4-12
ဖူဆန်း ဗုဒ္ဓဘာသာအသင်းတိုက် ဓမ္မာရုံမှာ ဒကာမင်းညီက အလှူလုပ်ပြီး ၁၃၇၄ မြန်မာနှစ်ဦး နှစ်သစ်ကူး တရားပွဲ လုပ်ပါတယ်။ ဘုန်းကြီးလည်း အထက်က အကြောင်းတွေ ပြောပြပြီး သတိရှိဖို. ရတနာသုံးပါး နဲ. ကုသိုလ်တရားမမေ့ဖို. တရား ဟောပေးခဲ့ပါတယ်။ ဒကာတွေ ငါးလွှတ်ချင်တယ် ပြောဖူးတာ သတိရလို. အကျိုးလို.လို. ညောင်ရေလောင်း မလုပ်ဘဲ ပါရမီမြောက် ဇီဝိတဒါန လုပ်ကြတာပေါ့လို.။ လူစုထား စီစဉ်ထားပြီးရင် ငါးလပိုင်းမှာ လုပ်ကြတာပေါ့လို. ပြောခဲ့ပါတယ်။ အဲဒီကနေ ဘုန်းကြီးလည်း အလုပ်များသွားလိုက်တာ အူလ်ဆန်းမြို. ယုန်င်အန်းန်ဆာတရားပွဲ ဒယ်ဂူးမြို. ဂူဒိုဟွဲ တရားပွဲ ကနေ ချောန်အန်း အာဆန်းက ဟိုဒူမာအူးလ်းရိပ်သာ ဆယ်ရက်တရားစခန်းပွဲကို ရောက်သွားပါတယ်။ ကဆုန် လပြည့် ဗုဒ္ဓနေ. တရားပွဲ အပါအဝင် 27/4/12 ကနေ ~ 6/5/12 အထိ ဆယ်ရက်စခန်းပါ။ အဲဒီကနေ ဆိုးလ် ဘိုရီးဆုရိပ်သာ အပတ်စဉ် တနင်္ဂနွေ ပဋ္ဌာန်းတရားပွဲပြီးမှ တညအိပ်ပြီး 7/5/12 နေ.မှပဲ ဖူဆန်း ပြန်ရောက်တော့မှာပါ။
28/4/12 10:10 pm
ချောန်အန်း အာဆန်းက ဟိုဒူမာအူးလ်းရိပ်သာ ဆယ်ရက်တရားစခန်းပွဲ ဒုတိယရက်ည နောက်ဆုံးအချိန်အပြီးမှာ ဒကာလှထွန်းဆီက ဖုန်းဝင်လာပါတယ်။ တရားပွဲတွေ စခန်းပွဲတွေမှာ ရောက်နေရင် ဒကာလှထွန်း အကြောင်းသိမို.လို. ဖုန်း ဆက်ခဲပါတယ်။ အကြောင်းထူးရှိလို.ပဲလို. ထင်ပါတယ်။ ဘယ်သူ ဘာဖြစ်ပြန်ပြီလဲ လို. စိတ်ထင့်ထင့်နဲ. ဖုန်းကိုင်လိုက်တာ ဒီတစ်ခါ ကံဆိုးသူ မောင်ရှင်ကတော့ ဒကာလှထွန်း ကိုယ်တိုင်ပါပဲလား။ မော်တာဖြုတ်ရင်း လက်ထိသွားသတဲ့။ တခြားလူ ဆီက တဆင့်ကြားရင် ဘုန်းကြီး တအားစိတ်ပူနေမှာစိုးလို. ကိုယ်တိုင် ဆက်ပြော တာ။ နည်းနည်းပိသွားတာပါ။ ကျိုးတာပဲ့တာ ဖြတ်ရတာ မရှိပါဆိုလို. တော်သေးတာ ပေါ့လို. ဟင်းချလိုက်ပါတယ်။ နှစ်ဦးတရားပွဲတုန်းက ဒကာလှထွန်းနဲ. ဒီ ထိခိုက် ဒါဏ်ရာကိစ္စတွေ သတိထားဖို. ပြောဖြစ်သေးတယ်။ အဲဒီတုန်းက ဒကာလှထွန်းလည်း သူ ဒီလိုဖြစ်မယ် ထင်ပုံမရပါဘူး။ ငါ ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ
6/5/12 7:19am
ဆယ်ရက်တရားစခန်းပွဲ နောက်ဆုံးရက်မနက် တင်ထွန်းဦးဆီက ဖုန်း ဝင်လာပါတယ်။ တရားစစ်နေတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ.ကမှ ဖုန်းကလည်း ဘေးမှာ ရှိနေတယ်။ အရင်ဆို အိပ်ခန်းထဲမှာ ထားတာ။ ဒီနေ. မနက် ၁၀နာရီ တရားပွဲပြီးပြီးချင်း ဆိုလ်း ဘိုရီးဆုရိပ်သာကို ပွဲဆက်ရမှာမို. ပစ္စည်းသိမ်းရင်း အဆင်သင့်ပြင်ထားတာကြောင့်ပါ။ လူနာစောင့်ဆီက ဖုန်းဆိုတော့ လူနာ သိန်းလွင်ကိုပဲ စိတ်ပူသွားတယ်။ အကြောင်းထူးရှိလို. ဆက်တာနေမှာပဲဆိုပြီး ယောဂီတွေကို သည်းခံဖို. အကျိုးအကြောင်းပြောပြီး ဖုန်းကိုင်လိုက်တော့ တင်ထွန်းဦးမဟုတ်ဘဲ တင်ထွန်းဦးဖုန်းနဲ. အောင်ဆန်းဦးက ဆက်တာဖြစ်နေတယ်။
တင်ထွန်းဦး မနက်က သူနဲ. အတူ တီဗွီကြည့် စကားပြောနေတုန်း လဲကျသွားပြီး အခု ဆေးရုံကြီးတစ်ခုရဲ. အရေးပေါ်ဋ္ဌာနမှာ ရောက်နေကြောင်း သူလည်း ခြေမိကိုင်မိ လက်မကိုင်မိနဲ. ဘာလုပ်ရမှန်း မသိ ဖြစ်နေလို. ဘုန်းဘုန်းဆီ ဖုန်းခေါ်ရကြောင်း လျှောက်ထားပါတယ်။ ဒါနဲ. ဆရာဝန်ရှိရင် ဖုန်းပြောင်းပေးဖို. ပြောပြီးဆရာဝန်နဲ. စကားပြောရပါတယ်။ ဆရာဝန်စကားအရ ဟိုဘက်ဆေးရုံကနေ သူတို.ဆီ ရောက်လာကတည်းက နှလုံးခုန်ရပ်ပြီး သွေးစမ်းမရတဲ့ အနေအထား ဖြစ်ကြောင်း ရောက်စကနေ အခုအချိန်အထိ နာရီဝက်ကြာ နှလုံးအဆုတ် ပြန်အလုပ်လုပ်ဖို. အစွမ်းကုန် ကြိုးစားပေမယ့် မရတော့ကြောင်း ပြောပါတယ်။
ဆုံးသွားရှာပြီပေါ့။ တကယ်ကို နေ.မြင်ညပျောက်ပါလား။ မကြာခင် ရက်ပိုင်း လေးက သူ.ဦးလေးကို လူနာစောင့်ဖို.လာတဲ့ တင်ထွန်းဦးကို ဆေးရုံမှာ တွေ.ပြီး စကားပြောခဲ့တာ ပြန်မြင်ယောင်ရင်း တရားစစ်လက်စ ယောဂီတွေ အလိုက်တသိ ထသွားတာကို မြင်လျက်နဲ. မတားဖြစ်တော့ဘူး။ နောက် မကြာခင် သတိဝင်လာပြီး ဖုန်းတစ်လုံးနဲ. အလုပ်များနေမိပါတော့တယ်။ ပထမဦးဆုံး နိုင်ငံခြားသားကူညီရေး အဖွဲ.အစည်းက ဥက္ကဋ္ဌဆီ ဖုန်းဆက်ပေးလိုက်ပါတယ်။ သူကလည်း မနက် စောစော စီးစီး ဒုက္ခပေးတယ်လို. မညည်းရှာပါဘူး ဆေးရုံကို ချက်ချင်းသွားပါတယ်။ နောက် မင်းလတ်ဆီဖုန်းဆက်တာမရလို. လက်ထိထားတဲ့ ဒကာလှထွန်းကိုပဲ မင်းလတ် တို.ကို ဖုန်းဆက်ပြီး လိုအပ်တာဝိုင်းဆောင်ရွက်ကြဖို. ပြောရပါတယ်။ ဒကာ လှထွန်းကိုတော့ ဖုန်းပဲဆက်ပြီး ကိုယ်တိုင် မသွားဖို.ပြောပေမယ့် သူကလည်း ထုံးစံအတိုင်း မနေနိုင်ရှာပါဘူး။ သက်ပျောက်ဆွမ်းကနေ ရက်လည်အထိ လိုက်လုပ်တာပါပဲ။ ဘုန်းကြီးရဲ. ဆိုးလ်ဘိုးရီးဆု တရားပွဲက ညနေမှ ပြီးမှာမို. ပြန်ရောက်နိုင်မှာမဟုတ်လို. သက်ပျောက်ဆွမ်းကိုတော့ ဒယ်ဂူးဆရာတော် ဦးဝိစိတ္တ ကို ပင့်ပြီး အမျှဝေရေစက်ချခဲ့ကြပါတယ်။
8/5/12 5:30am
ဖူဆန်း ဓမ္မယာန ပြည်တော်ဦးကနေ ဒကာတင်ထွန်းဦး ရုပ်ကလာပ်ရှိရာ ချင်မ်လဲဆေးရုံကို ဒကာလှထွန်း ကိုခိုင် ကိုလှမင်းထွန်းတို.နဲ.အတူ ထွက်လာ ခဲ့ကြပါတယ်။ သူတို.လည်း အသုဘကိစ္စ ဝိုင်းဆောင်ရွက်ပြီး မနက် ဘုန်းကြီးကို ပင့်ဖို. ဘုန်းကြီးကျောင်းမှာ မနေ.ညကတည်းက လာအိပ်နေကြတာပါ။ ဒီနေ. သုံးရက်လည်း ဆွမ်းသွပ် တရားနာ အမျှပေးဝေပြီး ရုပ်ကလာပ်ကို မီးသဂြိုဟ် မယ့်နေ.။
ဆေးရုံမှာ ရက်လည်ဆွမ်းသွတ် တရားနာရာမှာ မွန်မိတ်ဆွေ သူငယ်ချင်းတွေ ဘူဖျောင်းင်စသည့် အထက်ဘက်ကလည်း ဆင်းလာကြလို. လူတော်တော်များများ ရောက်နေကြပါတယ်။ သုံးလေးဆယ်တောင် ရှိမယ် ထင်ပါတယ်။ အခုလို အရေးဆို ညီညီညွတ်ညွတ် သိုင်းကြဝိုင်းကြနဲ. ဝမ်းသာစရာ အားရှိစရာကောင်းပေမယ့် အခုလို ဆုံကြရတဲ့ အကြောင်းခံက ဝမ်းနည်းစရာ တင်ထွန်းဦးရဲ.အသုဘကိစ္စ ဖြစ်နေတော့ သူတို.အားလုံးမျက်နှာက သောကသာ အတိ အားမရှိကြပါဘူး။
အတူလုပ်ဖော် ကိုင်ဘက်တွေလည်း ယုံတောင် မယုံကြဘူး တဲ့။ ဦးလေးဖြစ်သူ ဒကာသိန်းလွင်လည်း အတူတူပဲ သူတက်နေတဲ့ ဆေးရုံကနေ အနီးအနားက ဆေးရုံကြီးကို ပို.လိုက်ပြီး မကြာခင် ဆုံးသွားပြီလို. အောင်ဆန်းဦးက ဖုန်းဆက်တော့ မယုံဘူးတဲ့။ တကယ်တော့ တင်ထွန်းဦးကိုယ်တိုင်လည်း တစ်ယောက်ယောက်က မင်း ခဏနေ သေတော့မယ် ပြောရင် ယုံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ငါ ဒီလို ဖြစ်လိမ့်မယ်လို. ဘယ်သူသိမှာလဲ
10/5/12 1:06pm
အောင်ဆန်းဦးဆီက ဖုန်းပါ။ မနက်ဖြန် သိန်းလွင်နဲ. သူ ဘုန်းကြီးကျောင်းကို လာမယ့်အကြောင်း သဘက်ခါ တင်ထွန်းဦး (၇)ရက်လည် ဆွမ်းသွတ်တရား နာယူမယ့်အကြောင်း လျှောက်တာပါ။ လာခဲ့ကြပါလို. ပြောရင်း သဘက်ခါ ရက်လည်တရား အင်း~~~ တရာနာကြမယ့်မင်းတို.နဲ. တရားဟောမယ့်ငါ မနက်ဖြန် မသေဘူးလို. ဘယ်သူပြောနိုင်လဲ~~~လို. တွေးနေမိပါတယ်။ ဘယ်သူသိမှာလဲ။(ကော ဇညာ မရဏံ သုဝေ)

(10/5/12)11:34pm

Tuesday, April 24, 2012

ကိုးရီးယားမှာ ပညာရှာ

... ပညာသင်ဆုရ ကျောင်းသား ၄ယောက်

...ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။ ကိုရဲသီဟမခင်သူဇာမခိုင်စုကြွယ်နဲ. မလဲ့ရည်ထွန်းတို.ပါပဲ။
လဲ့ရည်ထွန်း ကလွဲရင် ကျန်သုံးယောက်လုံးက ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်ကနေ ကိုရီးယား ဘာသာနဲ. ဘွဲ.ရခဲ့ကြသူတွေပါ။ လဲ့ရည်ထွန်းကတော့ အင်္ဂလိပ်စာမေဂျာနဲ. ဒဂုံတက္ကသိုလ်ထွက်ပါ။ ငယ်မွေး ခြံပေါက်ဆိုလည်း မမှားပါဘူး။ ရန်ကုန် စန်းမြသီတာရိပ်သာယောဂီဖြစ်တဲ့အပြင် ကိုရီးယားဘာသာကို ပြည်တော်ဦး မြန်မာ-ကိုရီးယားလူငယ်ဖွံ.ဖြိုးရေးကျောင်း ကိုရီးယားဘာသာစကားသင်တန်းမှာ ဆရာဇော်မြင့် ဆီကနေ စတင်သင်ယူခဲ့ပြီး ဒီကိုမလာခင်အထိ ပြည်တော်ဦးမှာ ဆရာမအဖြစ် သင်ကြားရေးတာဝန် ယူခဲ့လို.ပါ။ KOICA က ကျင်းပပေးတဲ့ ကိုရီးယား စကားပြောပြိုင်ပွဲမှာလည်း ပထမဆု ရခဲ့သူပါ။ ဒါ့အပြင် ဒီမှာ စကောလာ ရဖို. TOPIK လယ်ဗယ်4 လိုတယ်ဆိုတော့လည်း ၆လအတွင်း ဖြေဆိုအောင်မြင်ခဲ့ပါတယ်။ ဂျပန်နဲ.တရုတ ဘာသာစကားလည်း အထိုက်အလျောက် ရပါသေးတယ်။ ဆိုတော့ တော်တော်ကြိုးစားတဲ့ ကလေးမလေးပါပဲ။ ဒီလို ကလေးမျိုးတွေကို ကူညီခွင့်ရခဲ့တဲ့ အတွက် အင်မတန် ကြည်နူးပီတိဖြစ်ရပါတယ်။
ရဲသီဟ ဆိုလည်း သူ.ကျောင်းနေဘက် (ပြည်တော်ဦးကိုရီးယားသင်တန်းဆရာ) ဇော်မြင့်နဲ.အောင်ကိုလတ် တို. ဘုန်းကြီးရဲ. ရန်ကုန် စန်းမြသီတာမဟာစည်ရိပ်သာမှာ ရဟန်းခံတရားအားထုတ်စဉ်ကတည်းက သိကျွမ်း ခဲ့ပြီး ပြည်တော်ဦး ကိုရီးယား သင်တန်းမှာလည်း သူရဲ. ဂျီးန်ဆော်င်း ကိုရီးယားဘာသာစကားစာအုပ် များကို လာရောက် ထောက်ပံ့လှူဒါန်းခဲ့သူပါ။ နောက် ကိုရီးယားမှာ အလုပ်လုပ်ဖို. ရောက်လာပြီး ဂွမ်းဂျူး လစဉ် တရားပွဲစတဲ့ ဘုန်းကြီးရဲ.သာသနာပြုလုပ်ငန်းတွေမှာ တတပ်တအား ပါဝင်ခဲ့သူပါ။ အလုပ်သမားအဖြစ်နဲ.နေတာထက် ပညာရေးလိုင်းကိုပဲ လိုက်သင့်ပါတယ်လို. သူ.ရဲ.စရိုက်နဲ. စာပေအရေးအသား သုတေသန လက်စလက်နကိုသိနေတဲ့ ဘုန်းကြီးကပဲ တိုက်တွန်းပြီး ကျောင်းတက်ခိုင်းခဲ့ပါတယ်။ အခုတော့ သူ.ကို လူမှန်နေရာမှန်မှာ တွေ.ရလို. စိတ်ချမ်းသာပါတယ်။

ခင်သူဇာ ကလည်း (ပြည်တော်ဦးကိုရီးယားသင်တန်းဆရာ) ဇော်မြင့်၊ ရဲသီဟ၊ အောင်ကိုလတ်တို.နဲ. ကျောင်းနေဖက်ဖြစ်တဲ့အပြင် မဟာစည်ရိပ်သာကြီးမှာ ဆရာဇော်မြင့် မလုပ်နိုင်တော့တဲ့နောက်ပိုင်း ဇော်မြင့်ရဲ. မိတ်ဆက်ပေးမှုနဲ.ပဲ ကမ္မဋ္ဌာနာစရိယ ဆရာတော်ဘုရားများ ကိုရီးယားရဟန်းရှင်လူ ယောဂီတွေကို တရားဟော/ပြရာမှာ ဘာသာပြန်အဖြစ် ဒီကို မလာခင်အထိ ဆောင်ရွက်ပေးခဲ့တဲ့ သူပါ။ အဲဒီအချက်တစ်ခုတည်းနဲ.ပဲ ကိုရိးယားမှာ လာရောက်ပညာသင်ခွင့်ရအောင် အကူအညီပေးသင့်တယ်လို. မြင်ပါတယ်။ မိမိတို.တတ်မြောက်တဲ့ပညာနဲ. သာသနာ အကျိုး သယ်ပိုးခဲ့တဲ့သူတွေကို ဂုဏ်ပြုခွင့်ရလို. အင်မတန် အားရကြေနပ်ပါတယ်။ခိုင်စုကြွယ် ဆိုတဲ့ ကလေးမလေးကလည်း သူ.ကံနဲ.သူပါပဲ။ ကျောင်းသား လေးယောက် ပညာသင်ဆု ရမှာကို အရင်လျာထားတဲ့သူတွေ အကြောင်းအမျိုးမျိုးနဲ. အဆင်မပြေဘဲ တစ်ယောက်လိုနေပါတယ်။ သူ.အတွက် သက်သက်ချန်ပေးထား သလိုပါပဲ။ သူက ကိုရီးယားဘာသာနဲ.ဘွဲ.ရ TOPIK လယ်ဗယ်၎အောင်ပြီး အဆင်သင့်ဖြစ်နေတဲ့အပြင် ကျောင်းလျှောက်တဲ့ စာရွက်စာတမ်းတွေကိုလည်း ကပ်သီးကပ်သပ် အချိန်တိုလေး အတွင်းမှာပဲ အချိန်မီ ပြီးအောင်လုပ်နိုင်ခဲ့ပါတယ်။
တကယ်တော့ ဒီပညာသင်ဆုကို ပြည်တော်ဦးက ကိုရီးယားဘာသာ သင်တန်းဆရာတွေအတွက် သီးသန်.စီစဉ်ပေးတာပါ။ ဆရာဇော်မြင့်က သူ.ကိုယ်ပိုင် သင်တန်းမှာ ကျောင်းသား တအားများနေတဲ့အတွက် ဒီကိုလာ ကျောင်းတက်ဖို. အစီအစဉ် ဖျက်လိုက်ရပါတယ်။ ဆရာကျော်ဇံဝင်းနဲ. ဇာရည်နွယ်က TOPIK လယ်ဗယ်၎ အဆင်သင့် မဖြစ်သေး။ ဖြူသွယ်ထွန်းညီမ မေသွယ်ထွန်းက ဖခင် ကျန်းမာရေးကြောင့်ပျက်ဆိုတော့ ကံနဲ.လူ မပူနဲ. ဆိုတာလို ခိုင်စုကြွယ်အတွက် သီးသန်. တယောက်စာ ချန်ထားပေးသလိုပါပဲ။ ဒီကလေးမလည်း ထက်ထက် မြက်မြက်နဲ. လုပ်ရည်ကိုင်ရည်ရှိသူပါ။ သူတို.လေးတွေ ပြည်ပမှာ ပညာသင်ပြီး ပြန်သွားရင် အမိမြန်မာပြည်အတွက် တအားတက်စရာ ကောင်းတဲ့သူတွေ မုချ ဖြစ်မယ်လို. ယုံကြည်ပါတယ်။
အခု သင်္ကြန်ပိတ်ရက်မှာ ဇော်မြင့်တို. အောင်ကိုလတ်တို. ကိုရီးယားကို အလည် ရောက်လာခဲ့ကြပါတယ်။ ဇော်မြင့်ကိုတော့ ဘုန်းကြီးကပဲ လာဖို. စီစဉ်ပေးတာပါ။ အလုပ်သမားဝန်းကြီးဋ္ဌာနကနေ အလုပ်သမား အားလုံးကို ကိုရီးယားမထွက်ခင် အနီးကပ် ၇ရက်သင်တန်းပေးရာမှာ ဆရာဇော်မြင့်တို. သင်ပေးရပါတယ်။ ကိုရီးယားကို လာမယ့်သူအားလုံးကို လာခါနီးမှာ သင်ကြားခွင့်ရမယ့် အဲဒီလို ဆရာတစ်ယောက်အနေနဲ. ကိုရိးယားကို ရောက်ကိုရောက်ဖူးသင့်တယ်။ ဒီက အလုပ်ရှင် အလုပ်သမား စက်ရုံ အနေအထား ဥပဒေများ အပြင် ယဉ်ကျေးမှု လူနေမှု ဘဝစသည်များကို ကိုယ်တိုင်မြင်တွေ.ခံစားပြီး သင်ကြားပို.ချပေးနိုင်ရင် ဒီကို လာမယ့်သူတွေအတွက် အလွန်အထောက်အကူ ဖြစ်မယ်လို. ယုံကြည်လို.ပါ။ နောက် မဟာစည်ရိပ်သာကြီးနဲ. ပြည်တော်ဦး လူငယ်ဖွံ.ဖြိုးရေးကျောင်းတွေမှာ ဆောင်ရွက်ခဲ့တဲ့/ဆောင်ရွက်ဆဲ သူ.ရဲ. ပရဟိတ ပညာဒါန လုပ်ငန်းများကို ဂုဏ်ပြုချင်တာပါ။ ဒီစာရေးသားနေချိန်မှာ ဇော်မြင့်တစ်ယောက် ဂျဲဂျူးကျွန်း ရောက်နေလို. ကိုရီးယားရဲ. အလှဆုံးကျွန်းမှာ အလှဆုံးရာသီရဲ. အလှတရားများကို တဝကြီး ခံစား အနားယူနို်င်ပါစေလို. ဆန္ဒမွန်ပြုလိုက်ပါတယ်။
အခုလို ကိုရီးယားမှာ ဇော်မြင့် ရဲသီဟ အောင်ကိုလတ်နဲ. ခင်သူဇာတို.ကို တွေ.ရတော့ သူတို.တွေရဲ. ကျောင်းနေဘက် ဒီမှာ အလုပ်လုပ်နေကြတဲ့ ကျော်လှိုင်ထွန်းတို. ထွန်းဝင်းတို. မြန်မာသံရုံးက ခင်လေးတို.ကိုလည်း သွားသတိရ ပါတယ်။ ကိုရီးယားဘာသာစကားနဲ. အတူဘွဲ.ရခဲ့ကြတဲ့ သူငယ်ချင်းတစ်စု အခုလို အကြောင်းကိုယ်စီနဲ. ကိုးရိးယားကို ရောက်လာကြမယ်လို. လွန်ခဲ့တဲ့ လေးငါး ဆယ်နှစ်က သူတို. ဘယ်သူမှ တွေးမိမယ်မထင်ဘူး။ ဒီလိုပဲ နောက် လေးငါး ဆယ်နှစ်မှာရော သူတို.တွေ ဘယ်တွေရောက် ဘာတွေဖြစ်ပြီး ဘာတွေ လုပ်နေကြ မလဲဆိုတာ တွေးမိကြမယ် မထင်ဘူး။ အားလုံးပဲ လောကီလောကုတ္တရာအကျိုး အမျိုး ဘာသာသာသာနာအကျိုး သယ်ပိုးနိုင်တဲ့သူတွေ ဖြစ်ကြပါစေလို. ဆန္ဒပြုရင်း ဒီ ပညာသင်ဆု ပညာပါရမီ အမှု အတွက် မုဒိတာစကားကို နိဂုံးချုပ်လိုက်ပါတယ်။

Saturday, April 16, 2011

မြန်မာနှစ်ဦး သဝဏ်လွှာ

... ၁၃၇၃ခု နှစ်သစ်ကူး နှစ်ဦး နှစ်ဆန်း(၁)ရက်နေ.

၁၃၇၂-ခုနှစ်ကုန်ဆုံး၍ ၁၃၇၃-ခု နှစ်သစ်ဆီသို. ကူးပြောင်းဝင်ရောက်ပါပြီ။ ယနေ.ကမ္ဘာနှင့် မြန်မာမှာ ကြုံနေရသည့် ဘေးအမျိုးမျိုး ရန်အမျိုးမျိုး မကောင်းတာမှန်သမျှ နှစ်ဟောင်းမှာ ချန်ထားလို.ရရင် ချန်ထားခဲ့ပြီး နှစ်သစ်ကို ကူးချင်မိပါသည်။ ဗုဒ္ဓဝါဒသည် ဆုတောင်းလျှင်ရမည် ဟူသော ဝါဒမဟုတ် အကြောင်းတရားကို ပြည့်စုံအောင် ဖြည့်ဆည်းယူ လုပ်ယူရသော ဝါဒဖြစ်သည်။ ဒါကြောင့် မလုပ်ဘဲနှင့် ဖြစ်ချင်နေလို. ရမည်မဟုတ်မှန်းလည်း သိနေပါသည်။


...ဘုရားဝါဒက အကြောင်းအကျိုးကို ဆက်စပ်သိမြင်သော ဝါဒဖြစ်သည်။ တို.ကြောင့် အကြောင်း ကင်းသော အကျိုးမရှိ။ ယခုမျက်မှောက် ကမ္ဘာနှင့် မြန်မာမှာ ယခုလို အဖြစ်မျိုးတွေနှင့် ကြုံဆုံနေကြရသည်မှာလည်း အကြောင်းရှိပါသည်။ ထို အကြောင်းကို ပြုခဲ့ကြသဖြင့် အကျိုးဆက် ကို ရနေကြခြင်းသာဖြစ်ပါသည်။ နှစ်ဟောင်းမှာ မကောင်းတာတွေ ထားခဲ့ချင်လို. ဆုတောင်း နေလည်း အပိုပါ။ ရမည်မဟုတ်ပါ။ အနာဂါတ်နှစ်သစ်တွေမှာ မကောင်းတာ ဆက်မဖြစ်အောင် ဒီနှစ်သစ်မှာ မကောင်းတာတွေနဲ. အဆက်ဖြတ်ပြီး ကောင်းတာတွေ အဆက်မပြတ် လုပ်မှ အကြောင်းမှန်လို. အကျိုးပေးကောင်းမှာ ဧကန်ပါ။


ဆူလိုက်တဲ့ အိမ်လို.ပြောကြပေမယ့် အိမ်က မဆူတတ်ပါ။ အိမ်မှာနေတဲ့လူတွေ ဆူတာပါ။ ခေတ်မကောင်းဘူးဆိုကြပေမယ့် ခေတ်ဆိုတာ လူက လုပ်တာပါ။ ဒါကြောင့် ခေတ်မကောင်းဘူး ဆိုရင် သေချာပြီ။ လူတွေ မကောင်းကြတော့ဘူး။ မကောင်းရင် ဒီတိုင်းနေလို. မဖြစ်ပါ။ ကောင်းအောင် ဝိုင်းဝန်းကြိုးစားပြင်မှ လူပီသပြီး လူဖြစ်ရကျိုးနပ်ပါမည်။


နေသာသလို မနေကြစေချင်ပါ။ နေသာသလို နေခဲ့ကြလို. နို်င်ငံတကာမှာ တို.နိုင်ငံ တို.လူမျိုး လူတန်းမစေ့ လူရာမဝင် လူတောမတိုး ကလေကချေလိုမျိုး ဖြစ်နေရတာပါ။ လေဆိပ်အဝင် ပတ်စပို. မြင်ကတည်းက သူတို.မျက်နှာအချိုး အောက်သိုးသိုးနဲ.ဆိုတာ ကြားရဖန်များလို. ရိုးမသွားပါနဲ.။ စိတ်ထဲမှာယူထား ကမ္မဋ္ဌာန်းအာရုံလို ပွားပြီး ကျိုးစားဖို. တွန်းအားအနေနဲ. မှတ်မှတ်သားသား ရှိသင့်ပါတယ်။ လောကမှာ အမှတ်မထားသူလည်းတစ်ယောက် မပြတ်သားသူ လည်း တစ်ယောက် အမြဲ ဒုက္ခရောက်နေတတ်ပါတယ်။ တို.နိုင်ငံ တို.လူမျိုးလည်း ကျွန်ဖြစ်ရတာ ကအစ လွတ်လပ်ရေးခေတ်အလယ် ဒီမိုကရေစီနဲ. လူ.အခွင့်အရေး တောင်းဆိုမှုအဆုံး ဘယ်တုန်း ကမှ မှတ်မှတ်သားသား ပြတ်ပြတ်သားသားမရှိဘဲ မရှင်းမရှင်းနဲ. အခုအချိန်အထိ နိုင်ငံ့အနာဂါတ် မိုးသောက်နံနက် အာရုဏ်မတက်ဘဲ မှောင်မှောင်မည်းမည်း ညဥ့်နက်ဆဲပါ။


လက်ညှိုးထိုး အပြစ်တင်တာကတော့ လွယ်ပါတယ်။ ပြဿနာကတော့ ပြေလည်သွားမှာ မဟုတ်ပါ။ ပိုရှုပ်လာဖို.ပဲရှိပါတယ်။ အားလုံးမှာ တာဝန်ရှိပါတယ်။ ကိုယ်ရေးကိုယ်တာ တစ်ကိုယ်ကောင်းအတွေးနဲ. နေသာသလိုလေး မနေကြဘဲ မြင့်မြတ်တဲ့စိတ်ထား အများအတွက် နည်းနည်းလေး အပင်ပန်းခံပြီး တစ်နိုင်တစ်ပိုင် လုပ်သင့်တာကို လုပ်နိုင်သမျှ အားလုံးသာ လုပ်သွားကြမယ်ဆိုရင် ဒီခေတ်ကြီး မပြောင်းစရာ မကောင်းစရာ အကြောင်း လုံးဝ မရှိပါ။


၁၃၃၇- နှစ်ဦး နှစ်သစ်ကူးပါပြီ ရွှေမြန်မာတို.။ တို. နိုင်ငံ တို.လူမျိုးလည်း တစ်ဦးချင်းစီဘဲဖြစ်ဖြစ် တစ်နှစ်ထက် တစ်နှစ်ထူးအောင် စိတ်သစ် လူသစ် အတွေးသစ် ခွန်အားသစ်နဲ. နှစ်သစ်ကို ဖြတ်သန်း အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင် ဆွတ်ခူးနိုင်ကြပါစေကြောင်း။ (ပြည်တော်ဦး

Wednesday, December 29, 2010

“မဇ္ဈိမယာန”၏ မြစ်ဖျားခံရာ

... ကိုရီးယားမှာ တရားဟောတရားပြရင်း တွေ.ကြုံခဲ့ရသည့် အတွေ.အကြုံ များစွာအနက် နေရာတိုင်းလိုလို ထိပ်တိုက်တွေ.ရသည့်ကိစ္စမှာ မဟာယာန (ဒဲဆွန်းင် 대승) နှင့် ဟီနယာန (ဆိုးဆွန်းင်소승)ဆိုသည့် အယူအဆပါ။တို.က ဟီနယာန (ဆိုးဆွန်းင်소승)မဟုတ်ဘူး။ မူလအရင်းခံ ထေရဝါဒပါလို. သမိုင်းနဲ. ချီပြီးရှင်းပြရတာက အကြိမ်ပေါင်းမနည်းပါ။ ရှင်းပြချိန်မရလို. မတူဘူးဆိုတာနဲ.တင် စကားဖြတ်ခဲ့ရတာလည်း ရှိပါတယ်။ အခု နောက်ပိုင်းတော့ ဘုန်းကြီးက တို.က မဟာယာန(ဒဲဆွန်းင် 대승)လည်း မဟုတ်ဘူး။ ဟီနယာန (ဆိုးဆွန်းင် 소승)လည်း မဟုတ်ဘူး။ ဓမ္မယာန(ဗော့ပ်ဆွန်းင် 법승)ပါလို. ပြောလိုက်တယ်။

...မဟာယာန (ဒဲဆွန်းင် 대승) နဲ. ဟီနယာန (ဆိုးဆွန်းင် 소승)ဆိုတဲ့ စကား တွေက ဘုရားဟော မဟုတ်ပါဘူး။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်ပေါင်း ၆၀၀ကျော်မှ နောက်လူတွေ ပြောတဲ့စကားပါ။ ဘုရားဟော ပိဋကသုံးပုံ ထဲမှာ မဟာယာန (ဒဲဆွန်းင် 대승) နဲ. ဟီနယာန (ဆိုးဆွန်းင်소승)ဆိုတဲ့ စကားလုံးကို မရှိဘူး။ ဓမ္မယာန (ဗော့ပ်ဆွန်းင်법승)ဆိုတာတော့ရှိတယ်။ သံယုတ္တနိကာယ် မဟာ ဝဂ္ဂသံယုတ် ဇာဏုသောဏိသုတ်မှာ မဂ္ဂင်ရှစ်ပါးကို ဓမ္မယာန (ဗော့ပ်ဆွန်းင်법승)လို. ဘုရားဟော ရှိတယ်။ ဒါကြောင့် တို.က ဘုရားမဟောတဲ့ (ဒဲဆွန်းင်대승)၊ ဟီနယာန (ဆိုးဆွန်းင်소승)ဆိုတဲ့ အယူအဆတွေကို အယုံအကြည် မရှိဘူး။ ဘုရားဟော မဂ္ဂင်ရှစ်ပါး ဓမ္မယာန(ဗော့ပ်ဆွန်းင်법승)ဆိုတဲ့ မူလအရင်းခံကိုသာ ယုံကြည် ပါတယ်။ အုပ်စုကွဲတွေထဲ ပါဝင်ရင် အုပ်စု ခွဲတည်ထောင်သူ (နာဂဇုနစသူတို.)ရဲ. သာသနာဝင် ရဟန်းဖြစ်မှာလား။ ဘုရားသာသနာဝင် ရဟန်းဖြစ်မှာလားဆိုတာ စဉ်းစားကြည့်ပါ။ သံသယဖြစ်စရာပဲ။ ဘုရားမဟုတ်တဲ့သူရဲ.စကားကို ဘုရား ဟောထက် ပိုပြီးယုံကြည်စရာ ပိုပြီးအခိုင်အမာအလေးအနက်ထားစရာ ဘာ အကြောင်းမှ မမြင်ပါဘူး။ ဒါကြောင့် ဘုန်းကြီးတို.ရဲ အဘိဓာန်မှာ မဟာယာန ဟီနယာန ဗုဒ္ဓဘာသာ ဆိုတာမရှိပါ။ဓမ္မယာနဗုဒ္ဓဘာသာပဲ ရှိပါတယ်လို. စကားကပ်ပြောတော့ သဘောကျကြတယ်။

အဲဒီစကားကို အကြောင်းပြု ပြီး ဖူဆန်းက ဘုန်းကြီးရဲ. တိုက်ခန်းကျောင်းကို မြန်မာဒကာဒကာမတွေက ပြည်တော်ဦးလို. ခေါ်ကြပေမယ့် ကိုရီးယား ဒကာ ဒကာမတွေက ဓမ္မယာနလို.ပဲ ခေါ်ကြပါတော့တယ်။ ကိုရီးယားလို ဒဲဆွန်းင် (대승မဟာယာန) ဆိုးဆွန်းင် (소승 ဟီနယာန)ဆိုတဲ့ စကားလုံးတွေနဲ. ယှဉ်ပြီး ဗော့ပ်ဆွန်းင် (법승 ဓမ္မယာန) ဆိုတာလေးက မှတ်သားလို.လည်း လွယ်ကူပြီး ထိရောက်တဲ့ အဆိုပြုချက်ပါနေလို. သဘောကျကြတာလို.ပြောကြပါတယ်။

ဒါနဲ.ပဲ ကိုးရီးယား ယောဂီ ဒကာဒကာမတွေ အဖွဲ.ဖွဲ.ကြတဲ့အခါ အဖွဲ.နဲ ကျောင်းနာမည်ကိုဓမ္မယာနရိပ်သာ၊ ကိုရီးယားလို (법승 센터) ဗော့ပ်ဆွန်းင် လို.ပဲ အမည်ခံဖြစ်သွားပါတယ်။ အဲဒီ နာမည်နဲ.ပဲ ဆူးယောင်းခရိုင် အခွန်ရုံးက စီးပွားရေးနှင့် မစပ်ဆိုင်သော အဖွဲ.အစည်း မှတ်ပုံတင် အမှတ် ၆၁၇-၈၀-၁၇၃၆၈ ဖြင့် တရားဝင် အဖွဲ.အစည်းအဖြစ် (-၁၂-၁၀) ရက်စွဲနဲ. အသိအမှတ်ပြု မှတ်ပုံတင် ပေးခဲ့ပါတယ်။ဒါက နာမည်နဲ. ပါတ်သက်လို. ဆက်စပ်ရာရာ အကြောင်းတွေ ပြောပြတာပါ။

ဒီနှစ် ၂၀၁၀ ၂လပိုင်း ဖူဆန်းမှာ တိုက်ခန်းကျောင်းလေး တည်လိုက်တဲ့ အချိန်က စလို. ကိုရီးယား ဒကာဒကာမများအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရား ဆယ်ရက်သင်တန်း နှစ်ကြိမ်။ အပတ်စဉ် တစ်ပတ်နှစ်ရက် တစ်ရက်လျှင် (၂)နာရီ စစ်တပ်ဓမ္မာရုံမှာ တရားထိုင်ခြင်း လစဉ် ပထမဆုံး စနေနေတိုင်း နေ. (၂)နာရီမှ ည (၉)နာရီခွဲအထိ တရားရျှုမှတ်ခြင်းများကို ကြီးကြပ်ဟောပြောပြသ ပေးခဲ့ပါတယ်။

နောက်ပိုင်း ဘုန်းကြီးရဲ. ကိုရီးယား တရားပွဲတွေ သင်တန်းတွေမှာ ငွေကြေးခွဲတမ်းချ သတ်မှတ် ကောက်ခံနေတာ တွေ.လာ သိလာရပါတယ်။ ဘုန်းကြီးအနေနဲ. ကိုယ့်ကို ကျူရှင်ဆရာငှားသလို ငွေပေးပြီး သင်ခိုင်းသလိုမျိုး ခံစားရလို. ရှက်လည်းရှက် စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ဘုန်းကြီးက ဓမ္မပူဇာအနေနဲ. ပူဇော်ချင်လို. မိမိသဒ္ဓါတရားအလျောက် လှူဒါန်းတာကို လက်ခံတာကလွဲလို. ဘုန်းကြီးရဲ. တရားနာရင် ငွေ ဘယ်လောက် အလှူ ထည့်ဝင်ရမယ် ဆိုတာမျိုး မသတ်မှတ်ဖို.” ပြောတော့ တော်တော် အံ့သြ ကြတယ်။ ဘုန်းကြီးရဲ. တရားလည်းမဟုတ်ဘူး။ ဒါ ဘုရားတရားတော်တွေပါ။ တရား ရောင်းစားတဲ့သူပဲ ဖြစ်မယ် သာသနာပြုဖြစ်မှာ မဟုတ်ဘူးလို. ပြောတော့ လည်း တော်တော့်ကို ရှော့ဖြစ်ကြတယ်လို. ပြောပါတယ်။ သူတို.ဆီမှာက ရိုးရာလို ဖြစ်နေတာကိုး။ အခမဲ့ဆိုတာကို သိပ် အယုံအကြည် မရှိသလို နားမလည်ဘူး လို.လည်း ပြောကြပါတယ်။ အစမှာ အခမဲ့ဆိုပြီး နောက်ကျရင် မဟားဒယား အလှူခံမှာကြောက်လို. သတ်သတ်မှတ်မှတ် ပြောထားမှ စိတ်ရှင်းတယ်။ သူတို.တတ်နိုင်တဲ့ ကြည်ဖြူတဲ့ ပမာဏဆိုရင် လှူမယ် လာမယ် မဟုတ်ရင် မလာဘူး ဆိုတဲ့သူလည်းရှိကြတယ်။ သူတို.ကိုတော့ အပြစ်မတင်ပါဘူး။ သူတို.လည်း အတွေ.အကြုံရှိလို.နေမှာပေါ့။ သူတို.ယဉ်ကျေးမှုပေါ့လေ။ ဒီ ကိစ္စတွေ ပြောရတာ ရှက်စရာပါပဲ။ လာချင်လာ မလာချင်နေ ရှိတဲ့လူကိုပဲ သင်မယ်လို. ဘုန်းကြီးက လုံးဝမလျှော.ဘဲ အပြတ်ပြောလိုက်မှ အဆုံးမတော့ ဘဏ်စာရင် ဖွင့်ပြီး မိမိ သဒ္ဓါတရားအလျောက် အလှူငွေ ထည့်ကြမယ်လို. အားလုံးသဘောတူ စီစဉ်ကြပါတယ်။ ဘုန်းကြီးက တို.အတွက်တော့မလှူနဲ. မြန်မာပြည် ပညာရေး အစရှိတဲ့ လူမှုကူညီရေး ပရဟိတအလှူအဖြစ် လှူပါလို. ပြောထားပါတယ်။

ဒီတစ်နှစ် သူတို.စုထားတာ သိန်းတစ်ရာ နီးပါးလောက် ရှိနေပါတယ်။ ဒါနဲ. ဒီငွေ ဘယ်လို ကဏ္ဍတွေမှာ ဘယ်လိုသုံးမလဲ စဉ်းစားကြပါတယ်။ ဘုန်းကြီးက သူတို.ကို မြန်မာပြည်ရဲ. အခြေအနေကို ပြောပြပါတယ်။ မြန်မာပြည်မှာ သိပ်ချမ်းသာတဲ့ မိဘတွေက သားသမီးကို နိုင်ငံရပ်ခြားကို ပို.လွှတ် ပညာသင်ပေးတာရှိတယ်။ တစ်ချို.က ပြည်တွင်းမှာဆိုပေမယ့် သားသမီးတွေကို အင်တာနေရှင်နယ်ကျောင်း၊ အိုင်အယ်လ်ဘီစီ စသည်မှာ ထားတယ်။ တစ်ချို.က ဘော်ဒါ တစ်ချို.က ဝိုင်း တစ်ချို. ကျူရှင်ကောင်းကောင်း စသည်ပေါ့လေ။ အဲဒီလို တတ်နိုင်တဲ့လူတွေအတွက်ကတော့ မလိုတော့ဘူး။

သို.သော် မိဘက ဆင်းရဲလွန်းလို. ကျောင်းကို မနေရတဲ့ ကလေးတွေ လုံးဝ ပညာသင်ခွင့်မရရှာတဲ့ ကလေးတွေ ရန်ကုန်လို. မြို.ကြီှးမှာတောင် အရေအတွက် မနည်းပါဘူး။ အဲဒီလို ကလေးမျိုးတွေကို ဦးတည်ပြီး ကူညီဖို.။ ဆယ်တန်းအောင်မှ ဘွဲ.ရမှ မဟုတ်ပါ။ ဘွဲ.လက်မှတ်သာရပြီး ဘာမှ သေသေချာချာ မသိမတတ်သူတွေ လူစွမ်းလူစ လုပ်ရည်ကိုင်ရည် ညံ့ဖျင်းပြီး အဖြစ်မရှိသူများ အများအပြားရှိကြောင်း။ ဒါကြောင့်

(၁) အခြေခံ

စိတ်ထားကောင်းအောင် အသိအလိမ္မာ ရှိအောင်။ အသက်မွေးမှု အတတ် ပညာတစ်ခုခု ဂဃနဏ တတ်မြောက်အောင် ကိုယ့်ကိုယ်ကို ယုံကြည် အားကိုးမှုရှိစေတဲ့ ပညာရေး ဘယ်လိုပေးမလဲ ဆိုတာကို နည်းလမ်းရှာ ကူညီရန်

(၂) ပါရမီရှင်

အဲဒီကလေးတွေထဲက တစ်ရာမှာတစ်ယောက်ဆိုတာလို အင်မတန် ထူးချွန် ထက်မြက်သူများ တွေ.ပါက ကျောင်းထားပေးပြီး အထူးတလည် စောင့်ရှောက် မြေတောင်မြှောက်ပေးရန်။ (အနုပညာ၊ အားကစား စသည်လည်း နည်းတူ)

(၃) ပညာတော်သင်

အထက်တန်းစာမေးပွဲ ထူးချွန်စွာ အောင်မြင်ပါလျက် တက္ကသိုလ်တက်ရန် ငွေ အခက်အခဲရှိသော ကျောင်းသားများအတွက် ပညာတော်သင်ဆု ငွေပဒေသာပင် စိုက်ထူထားရန်။

(၄) နိုင်ငံခြား ပညာသင်

ကိုရီးယားနိုင်ငံတွင် မိမိစားရိတ်ဖြင့် ကျောင်းတက်လိုသူများရှိပါက ပွဲစားခ ငွေကုန်ကြေးကျ မရှိစေဖို. အခမဲ့တာဝန်ယူ ဆောင်ရွက်ပေးရန်။

(၅) စားရမဲ့ သောက်ရမဲ့ အားကိုးရာမဲ့ ကလေးနှင့် လူအိုများကို အစားအသောက်နှင့် အဝတ်အထည်စသည် ကျွေးမွေးထောက်ပံ့ရန် လိုလားကြောင်း အဆိုပြုပေးခဲ့ပါတယ်။

ဓမ္မယာန ကိုရီးယားယောဂီအဖွဲ.တော့ ဖြစ်မြောက်သွားပြီ။ တစ်ဆက်တည်း ဘုန်းကြီးတို. မြန်မာ ဒကာဒကာမများလည်း အဖွဲ.အစည်းတည်ထောင်ပြီး ပရဟိတ တတ်စွမ်းသမျှ လုပ်ကြဖို. တိုက်တွန်းခဲ့ပါတယ်။ ဘုန်းကြီး ကိုရီးယား မရောက်ခင်က အဖွဲ. ဖွဲ.စည်းဖူးသော်လည်း ဖွဲ.လိုက်ပျက်လိုက်နဲ. နှစ်ကြိမ်သုံးကြိမ်ရှိပြီလို. ဒကာတွေ ပြောတာ ပြန်ကြားသိရပါတယ်။ အတွေးအခေါ်ရှိရှိ ခံယူချက်မှန်မှန် ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ. စိတ်တူ ဆန္ဒတူ အသိတူ ညီမျှတဲ့ စွန်းကြဲမှုနဲ. ကြိုးစားကြရင် ဖြစ်မှာ ပါ။ ဘုန်းကြီးလည်း ဝိုင်းပါ့မယ်လို. တိုက်တိုက်တွန်းတွန်း နဲ. (၁၂-၁၂-၁၀) တနင်္ဂနွေနေ.မှာ အသင်းကို စတင် ဖွဲ.စည်းဖြစ်ခဲ့ပါတော့တယ်။

အဖွဲ.နာမည်ရွေးကြတဲ့အခါ မဇ္ဈိမယာန ကို အကြိုက်များလို. “မဇ္ဈိမယာနအဖွဲ.”

THE ORGANIZATION FOR PRATICAL MIDDLE WAY (OPMW) လို. အမည်ပေးခဲ့ကြပါတယ်။ (၂၆-၁၂-၁၀)မှာတော့ ဂွမ်ဂျူးကဒကာတွေ စုပေါင်း အသင်းဝင်အခမ်းအနား ဂွမ်ဂျူးမြို. ခီလ်ဆန်းင်ဆာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဘူဖျောင်းမှာတော့ ဒကာခင်လှိုင်ဆီမှာ ဖောင်ပို.ထားပြီး ဘုန်းကြီးနှင့် စပ်ရာ ဒကာဒကာမများကို အကြောင်းကြားထားလိုက်ပါတယ်။ အီဝါ မိန်းခလေး တက္ကသိုလ်မှာ ပီအိတ်ခ်ျဒီ လုပ်နေတဲ့ ဆရာမ ရွှေမာသန်းနဲ. ဆိုးလ် ဗိုးရီးဆူးရိပ်သာမှာတွေ.လို. စကားပြောရင်း သူကလည်း အားရဝမ်းသာ “တပည့်တော်နဲ. ရည်ရွယ်ချက် တူတယ်ဘုရား။ တပည့်တော်လည်း အဖွဲ. ဝင်မယ်”ဆိုပြီး အသင်းဝင်ပုံစံ ကိုရှေ.တွင်ဖြည့်ပြီး အဖွဲ.ဝင်ခဲ့လို. ဝမ်းမြောက် ကြည်နူးမိပါတယ်။ မြန်မာပြည်ပြန်ရောက်ရင်လည်း အကြောင်းညီညွတ်ရင် ပရဟိတ လုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်ကြဖို. ပြောဆိုဖြစ်ကြပါသေးတယ်။

အဖွဲ.အစည်းဖွဲ.ဖို. ဒကာတွေကို ဆော်သြနေတာတော့ ကြာပါပြီ။ ဒကာတွေလည်း တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်တောင် ပုံမှန် နားကြရတာ မဟုတ်တော့ စိတ်သွားတိုင်း ကိုယ်ပါ မဖြစ်နိုင်ကြရှာပါဘူး။ ဒီအချိန်မှာ မမျှော်လင့်ပဲ ကိုရီးယား “ဓမ္မယာန” အဖွဲ.က တရားဝင်မှတ်ပုံတင်နဲ. ဖြစ်လာတော့ ဘုန်းကြီးလည်း မြန်မာအဖွဲ. ဖြစ်အောင်ဖွဲ.ဖို. တိုက်တိုက်တွန်းတွန်း လုပ်ဖြစ် သွားတာမို.လို “မဇ္ဈိမယာန”အဖွဲ. ရဲ. မြစ်ဖျားခံရာသည် “ဓမ္မယာန” အဖွဲ.လို. ပြောရင်လည်း မမှားပါဘူး။ မြစ်ဖျားခံရာက စတော့စလိုက်ပြီ။ အဖြစ်ရှိအောင် လုပ်ဖို. ရည်ရှည်တည်တံ့အောင်လုပ်ဖို. အစွမ်းကုန်ကြိုးစားရပါဦးမည်။

အာရမ္ဘ၊ နိက္ကမနှင့် ပရက္ကမတဲ့ ဝီရိယသုံးဖြာ

များသတ္တာ သိဒ္ဓိပြီးအောင် ပွားကြစေရာ။

တို. အမျိုးသား ရွှေမြန်မာ

ကိုးကွယ်တာ ရတနာ “သုံး” ပေမို.

လောင်းမြတ်စွာ ပါရမီခရီးကို

စံပြုကာ နည်ယူမှီးကြပါစို.ကွယ်။

ပွားစေရာ ဝီရိယသုံးကို

စိတ်ကြီးဝင် အားကုန်ရုန်းလိုက်မယ်။

ကျုံးလိုက် ရွှေဘုန်း။

Saturday, September 11, 2010

ကိုရီးယားက ဘုန်းကြီးစာသင်သား (၃)

...10년 9월 11일 23시 17분 52초
၉လပိုင်း ၁ရက်နေ.ကစလို. ကျောင်းပြန်ဖွင့်တယ် ဆိုကတည်းက စာပိသွားတာ စာရေးဖို. ဘလော့ဂ်ဘက်ကို မလှည့်နိုင်တော့ဘူး။ မဟာဝိဇ္ဖာ ပထမနှစ်ရဲ.ဒီ ဒုတိယပိုင်း စာသင်နှစ်ကနေစပြီး Early Childhood Education ကို မေဂျာအနေနဲ. ပြောင်း ယူဖြစ်သွားပါတယ်။ ကျောင်းစတက်တုန်းက International & Area Studies မေဂျာနဲ. ကျောင်းဝင်ခွင့် ရခဲ့တာပါ။ အဲဒီတုန်းကတော့ တရုတ်ကို အဓိက လေ့လာမယ် စိတ်ကူးပြီး ယူခဲ့ပေမယ့် ပထမနှစ်ဝက် တစ်လျှောက်လုံး E.C.E ကို မိုင်နာအနေနဲ. လုပ်ရင်းက စိတ်ဝင်စားလို. မေဂျာကို လုံးဝ ပြောင်းလိုက်ပါတော့တယ်။

...E.C.E အပါအဝင် ပညာရေးတက္ကသိုလ်ရဲ. မေဂျာတိုင်းဟာ ဒဿနိကဗေဒ၊ စိတ်ပညာနဲ. လူမှုရေးပညာ တွေကို အခြေခံတာမိုလို. ဘုန်းကြီးတွေ အင်မတန် လေ့လာသင့်ပါတယ်။ ဒုတိယ စာသင်နှစ်ဝက်မှာ parent consouling နဲ. parent education ဆိုတဲ့ ဘာသာမျိုးတွေပါ ပါလာတော့ တော့တော့ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ အဲဒီဘာသာကို သင်တဲ့ ပါမောက္ခကိုပဲ ဘုန်းကြီးရဲ. ကျမ်းစာကို ကြီးကြပ်သူ စူပါဗွိုက်စာအဖြစ် ရွေးထားပါတယ်။ သူက ဘုန်းကြီးရဲ. ယောဂီလည်း ဖြစ်လို. တစ်ယောက်တလှည့် ဆရာလုပ်ကြရတာလို. ဆိုရမှာပေါ့လေ။
ဒီစာသင်နှစ်ဝက်မှာ ပြီးခဲ့တဲ့ စင်မ်စတာထက် ပိုပြီး ပင်ပန်းစရာဖြစ်လာပါတယ်။ နိုင်ငံခြားသား ကျောင်းသား တွေ TOPIK advance အဆင့် အောင်လက်မှတ် သော်လည်းကောင်း TOEFL သော် လည်း ကောင်း ရှိရမယ်။ မရှိရင် မဖြစ်မနေ ကိုရီးယားဘာသာ ၂ဘာသာယူရမယ်။ အနည်းဆုံး ဂရိတ်Bရမှ ကျမ်းရေးခွင့် ရှိတယ် ဆိုတဲ့ စည်းကမ်းချက်အရ ကိုရီးယား ၂ဘာသာ ပိုယူလိုက်ရလို. တပတ်ကို ၅ရက် လုံးလုံး ကျောင်းတက်နေရပါတယ်။ တနင်္လာနဲ. သောကြာက ကိုရီယားစာ၊ ကျန်တဲ့ သုံးရက်ကတော့ မေဂျာဘာသာတွေပေါ့လေ။
အပတ်စဉ် ဗုဒ္ဓဟူးနဲ. စနေနေ. ည ၇နာရီကနေ ၉နာရီအထိ ကိုရီးယားယောဂီ တွေကို တရားဟောတရားပြ ကလည်း ရှိနေတယ်။ လစဉ် ဒုတိယ တနင်္ဂနွေ ဂွမ်ဂျူးနဲ. တတိယ တနင်္ဂနွေ ဖူဆန်း တရားပွဲ လုပ်တယ်။ ကြားထဲမှာ ဟိုကဒီက ပင့်တဲ့တရားပွဲ လေးတွေ လိုက်ဟောလိုက်သေးတယ် ဆိုတော့ တော့တော့ကို မြိုင်နေတာပေါ့။ မကြာခင် ၁၀လပိုင်းမှာ ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော် ဒုတိယအကြိမ် သင်တန်း စရတော့မယ်။ သင်တန်းသား စာရင်းတောင် ရောက်နေ ပါပြီ။ အလုပ်ချစ်သူအတွက် မောတော့မောတာပေါ့။ ဒါပေမယ့် မမောဘူး ဆိုပါစို.။ ခက်တာက ကျောင်းစာက မမောဘူးဆိုရုံနဲ. ပြီးတာမဟုတ်တော့ ဟန်သာ လုပ်နေ ရတယ် သိပ်တော့ မခံနိုင်လှဘူဗျား။
စိတ်မောစရာလေးတွေ အသာထား စာသင်နှစ်ဝက်အစမှာ ပထမဆုံး heart ထိတဲ့ အကြောင်းအရာလေးကို ဝေမျှ ချင်ပါတယ်။ ၂၁ရာစုအဝင်မှာ ကမ္ဘာ့ ပညာရေး ထိပ်တန်း နိုင်ငံတွေက “ပညာရေးနဲ. လူသားရင်းမြစ်ကို ဖွံ.ဖြိုးစေခြင်းသည်သာလျှင် နိုင်ငံရဲ. စီးပွားရေးတိုးတက်စေခြင်းရဲ. အဓိကအကြောင်းအရင်း ဖြစ်သည်” ဆိုတဲ့ အမြင်အပေါ် အာရုံစိုက်နေကြတယ်လို. ဆိုပါတယ်။ Highscope Perry Preschool သုတေသနရဲ. တွေ.ရှိချက်က အဆင့် အတန်းမြင့်တဲ့ မူကြိုကျောင်းမှာနေခဲ့ရ ပညာသင်ခဲ့ရတဲ့ သူတွေဟာ ၁ဒေါ်လာရင်းရင် ၇.၁၆ဒေါ်လာ ရှာနိုင်တယ် ဆိုတဲ့ ရလဒ်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုသုတေသနရလဒ်တွေကို အခြေခံပြီး ကမ္ဘာ့ စီးပွားရေး ရှေ.ပြေး ဦးဆောင် ထိပ်တန်းနို်င်ငံတွေဟာ နိုင်ငံရဲ. စီးပွားရေးကို တိုးမြှင့်နိုင်ဖို. မူကြိုပညာရေးမှာ အထူးပိုပြီး ရင်းနှီးမြှုပ်နှံဖို. ပညာရေး စီမံကိန်းသစ် တွေ အပြိုင်အဆိုင်ဆွဲနေကြပါသတဲ့။
ဘုန်းကြီးတို. ရွှေမြန်မာတွေလည်း နေသာသလိုမနေကြဘဲ သေချာတဲ့ အနာဂါတ် အတွက် ကလေး ပညာရေးမှာ နောက်မကျန်အောင် ရင်းနှီးမြှုပ်နှံသင့်လှပါကြောင်း။

Thursday, August 19, 2010

ကိုရီးယား သာသနာပြု (၂)

... ၁၉-၄-၂၀၀၂ မှတ်မှတ်ရရ ပထမဆုံးအကြိမ် ကိုရီးယားကို ကြွတဲ့နေ.။ ထုံးစံအတိုင်း ပထမဆုံးအကြိမ် ဆိုတော့ အရေးတယူလုပ်ပြီး ဆက်စပ်နေတဲ့ အသိုင်းအဝိုင်းအားလုံးက လိုက်ပို.ချင်ကြတယ်။ ဦးစန္ဒိမာ(ရေး- ယခု သီရိလင်္ကာ) ဦးနန္ဒဓဇ၊ မယ်တော်ကြီးနဲ. ရန်ကုန်ရောက်နေတဲ့ အမနှစ်ယောက်၊ ဧကမ္ဘာဆေးတိုက် ဦအောင်ကိုကို ဒေါ်မြင့်မြင့်ဝင်းနဲ. ကိုရီးယား စကားပြန် ဦးမြင့်ဟန်တို. ညီအကိုတတွေ လေဆိပ်ကို လိုက်ပို.ကြပါတယ်။ မှတ်တမ်း ဓါတ်ပုံတွေရိုက်ကြပေါ့လေ။ အခုတော့လည်း အိမ်ဦးနဲ.ကြမ်းပြင်ဆိုတာလို ကြွနေတော့ တစ်ခါတစ်ခါ ဘယ်သူမှတောင် မပါတော့ဘူး။ လေဆိပ်ကို ကားမောင်းပို.တဲ့ ကျောင်းက ကျောင်းသာလေးနဲ. ၂ယောက်ထဲ။

...ပထမဆုံး အကြိမ်တုန်းက လိုက်ပို.ရင်း အထဲဝင်ခါနီး မယ်တော်ကြီးက “သာသနာ ပြုနိုင်တဲ့ ရဟန်းကောင်း ရဟန်းမြတ် အာဇာနည် ဖြစ်ပါစေဘုရား”တဲ့။ ဘုန်းကြီးက ပြုံးမိတယ်။ မိခင် ဆိုတာကတော့ သားသမီးအပေါ်မှာ ဒီလိုပဲ ထင်တစ်လုံးနဲ. မဟုတ်လား။ အထင် ကြီးတာလား။ သိပ်မျှော်လင့်တယ်လို. ပြောရမလား။ လူရှေ.သူရှေ.ဆိုတော့ ရှက်တောင်ရှက်မိ သေးတယ်။ အမှတ်တရ တစ်ခုကတော့ လေယာဉ်ပေါ်တက် နေရာယူပြီး မကြာ ခင်မှာ ဘုန်းကြီး အင်မတန် ကြည်ညိုလေးစားရပါတဲ့ သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီး ကြွလာတာတွေ.ရပါတယ်။ လက္ခဏာတွေ ဗေဒင်တွေ အတိတ်နမိတ်တွေ မယုံဘူးဆိုပေမယ့် မယ်တော်ကြီးရဲ. ဆုတောင်း စကားနဲ. သိပ်ကာလမခြားခင် ပြည်ပသာသနာပြု ဆရာတော်တစ်ပါးနဲ. ဆုံရတာကိုပဲ နမိတ်ကောင်းလားလို. အားကျစိတ်နဲ. မဝံ့မရဲတွေးမိသေးတယ်။ မတ်တပ်ရပ် လက်အုပ်ချီ အရို အသေပေးဖူးမျှော်ရင်း မေးလျှောက် ကြည့်တော့ ထိုင်းမှာ တရားစခန်းရှိလို. တရားဟော တရားပြ ကြွတာတဲ့။ ထိုင်ခုံကြည့်လိုက်တော့ ဘုန်းကြီးရဲ. နောက်တည့်တည့်က ခုံဖြစ်နေလို. ထိုင်သာ ထိုင်နေရတယ် စိတ်ထဲက မသက်မသာနဲ.။
ပြည်ပထွက်တော့မှပဲ ဘုန်းကြီးတို. ပထမဆုံး အကြိမ်အနေနဲ. လေယာဉ်စစီးဖူးတာပါ။ ပြည်တွင်းမှာ တစ်ခါမှ မစီးဖူးပါ။ ရန်ကုန် မန္တလေး မြန်မာ့လေကြောင်း (ဂျက်)လေယာဉ်စီးခ ၉၀၀ကျပ် ကျော်ကျော်နဲ. ပြေးနေတဲ့အချိန် စီးမယ်ဆိုရင် ဘုန်းကြီးတွေအတွက် လက်မှတ်က သိပ်မခက်ပါဘူး။ ၈၈ အရေးအခင်းနောက်ပိုင်းအထိကိုပဲ ဆရာဘုန်းကြီးအတွက် မုံရွာကနေ မန္တလေးကို သွားပြီး မကြာခဏ လက်မှတ် ဝယ်ပေးခဲ့ရဖူးပါတယ်။ လူတွေဆိုရင်တော့ အစိုးရ ယန္တရား ထုံးစံအတိုင်း အကောင်ကြီးကြီး အမြီးရှည်ရှည် မဟုတ်ရင် မှောင်ခိုတွေ ချောင်ခိုတွေနဲ.မှ ရမှာပေါ့။ ဒါပေမယ့် ကိန်းကြီးခန်းကြီးနိုင်လွန်းတယ် ခံစားမိလို. မစီးဖြစ်ခဲ့ပါ။ S.Eဆိုတဲ့ အမြန် ရထားပေါ်စက ရထားခ၃၀၀ကျော်နဲ. စီးဖြစ်တာတောင် စိတ်ထဲက သိပ်မလုံဘူး။ သာသနာ့ဘောင် ရောက်တယ်ဆိုကတည်းက ခြိုးခြံရောင့်ရဲမှု ကျိုးနွံနှိမ့်ချမှုတွေကိုချည်းပဲ သင်ယူခဲ့ရတာကိုး။ သိပ်ပြီး အကောင်း ကြိုက်နေတာ ဇိမ်ခံချင်နေတာကိုက ရဟန်းကောင်း မပီသတာ မဟုတ်လား။
ပထမဆုံးအကြိမ် ပြည်ပခရီး TG-306 လား။ ဘန်ကောက်မှာ ထရန်စစ်။ လေယာဉ် ပထမဆုံးအကြိမ် စီးဖူးတာဆိုပေမယ့် သူငယ်တန်းကနေ ဆယ်တန်းအထိ သင်ယူခဲ့ဖူးတဲ့ အင်္ဂလိပ်စာရဲ. ကျေးဇူးကြောင့် ဘာအခက်အခဲမှမရှိသလို အမှားအယွင်းလည်း တစ်ခုမှမရှိခဲ့ပါ။ ငယ်ငယ်က တစိုက်မတ်မတ် ဖတ်ခဲ့ဖူးတဲ့ ဘာသာပြန်ဝတ္ထုတွေကလည်း နိုင်ငံခြားဆိုတာ ကိုယ့်အတွက် သိပ်မစိမ်းသလိုပဲ ခံစားမိစေတယ် ထင်တာပဲ။ ကိုယ့်နိုင်ငံမှာ မမြင်ဖူး မကြားဖူး မကြုံဖူးပေမယ့် စာတွေ.ရှိတော့ အကျွမ်းဝင်လွယ်တာပေါ့။
၂၀-၄-၂၀၀၂ မှတ်မှတ်ရရ ကိုရီးယားကို ပထမဆုံးအကြိမ် စရောက်တဲ့နေ.။ အင်ချုံးနိုင်ငံတကာလေဆိပ် စဖွင့်တဲ့နှစ်ပဲထင်ပါတယ်။ အသေအချာတော့ မမှတ်မိတော့ပါ။ ဆင်းရဲတဲ့ နိုင်ငံသားတွေ ချမ်းသာတဲ့နိုင်ငံကို သွားတဲ့အခါတိုင်း ခံစားရတဲ့ အထင်သေးခံရမှုနဲ. မယုံကြည်ခံရမှုကတော့ မလွဲမရှောင်သာ အတိုင်းအတာတစ်ခု အထိတော့ ကြုံရသေးတာပါပဲ။ ပင့်စာကိုတောင်းပြီး ဖုန်းဆက်ပါတယ်။ ပင့်တဲ့ဖူဆန်းကဘုန်းကြီးနဲ. လိုင်းပေါ်မှာ တိုက်ရိုက် တွေ.တဲ့အပြင် လာကြိုတဲ့ ဆိုးလ်က ကလေးမလေးကလည်း လေဆိပ် လူဝင်မှုကြီးကြပ်ရေးကို ဖုန်းတစ်ဂွမ်ဂွမ်ဆက်နေတော့ သိပ်မရစ်ပါဘူး။ သူက အမေရိကန်မှာ ၂နှစ်နေခဲ့ဖူးတော့ ချမ်းသာတဲ့ နို်င်ငံတွေရဲ. ဆင်းရဲသားနိုင်ငံတွေအပေါ်ထားတဲ့ သဘောထားနဲ. အထာကိုသိသတဲ့။ ဒါကြောင့် ဒီဘုန်းကြီး ဘက်ဂရောင်း အခိုင်အမာရှိတယ်ဆိုတာ သိအောင်လို. လေယာဉ်မဆိုက်ခင် ကတည်းက ဖုန်းတစ်ဂွမ်ဂွမ် ဆက်နေတာတဲ့။ ဗဟုသုတ အကြားအမြင် အတွေ.အကြုံ များခြင်းသည်လည်း မင်္ဂလာတစ်ပါးမဟုတ်လား။ သူမရဲ. ဗဟုသုတကြောင့် ဘုန်းကြီးမှာ ချမ်းသာပွားခဲ့ ရပါတယ်။ [စကားချပ်။။ ဒီကလေးမက တော်တော်ကို ထက်ပါတယ်။ နောက်ပိုင်း ဘုန်းကြီး အပြန်မှာ မြန်မာပြည်ကို လိုက်လာပြီး ဘုန်းကြီးရဲ.စန်းမြသီတာ မဟာစည်ရိပ်သာမှာ တရား အားထုတ်ပါတယ်။ ကျောင်းက စခန်းပွဲပြီးသွားတော့ သူ.ကို သဒ္ဓမ္မရံသီရိပ်သာမှာ ဘုန်းကြီး ကိုယ်တိုင်ပဲ လိုက်အပ်ပေးခဲ့ပါတယ်။ သူအပြန်မှာ အခု လှည်းကူး ဓမ္မမာမက ဆရာတော်ဦးဣန္ဒက (အဲဒီအချိန်က အင်းတိုင် သဒ္ဓမ္မရံသီ နာယက)ကလည်း ပထမဆုံးအကြိမ် ကိုရီးယားကိုကြွမှာ အဖေါ်မရှိတာနဲ. သူနဲ. အတူကြွဖြစ်ပါတယ်။ အဲဒါ ဘန်ကောက်လေဆိပ်မှာ မြန်မာပြည်လိုပဲ ဘုန်းကြီးဦးဣန္ဒကကို ကားလေး တစ်စီးနဲ. သီးသန်. ပို.ပေးပါလို. ထိုင်းလေကြောင်းကို သွားအရေးဆိုတာ ပို.ပေးသတဲ့။]
ပစ္စည်းရွေးပြီး ထွက်လာတော့ လေဆိပ် meeting point မှာ စောင့်နေတဲ့ ကလေးမက Warmly welcome to Korea. Forgive me Sir, if I did something wrong. I’m not sure how to serve a Buddhist monk especially like you; a foreigner monk. တွေ.တွေ.ချင်း အဲဒီကလေးမက ပန်းလေးတစ်ပွင့် လှမ်းပေးရင်း (ကပ်လှူရင်း) ပြောခဲ့တဲ့စကားပါ။ ကိုရီးယား ရောက်ပြီးမှ ပထမဆုံးအကြိမ် မြင်ဖူးတာတွေထဲက အခုအချိန်အထိ မှတ်မှတ်ရရရှိနေတာကတော့ ပထမဆုံး အလှူခံရတဲ့ပန်း။ အစိမ်းရောင် နှင်းဆီ။ တစ်ပွင့်ထဲ။ ဒီ့အရင်က မမြင်ခဲ့ဖူးပါ။

Tuesday, August 10, 2010

ကိုရီးယား သာသနာပြု (၁)

... သာသနာ ဆိုတာ “မြတ်စွာဘုရားရှုင်ရဲ. အဆုံးအမတော်ပါ”။ သီလ သမာဓိ ပညာ သိက္ခာသုံးပါး၊ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ သာသနာသုံးပါးကို ပြောတာပါ။ သာသနာပြုတယ်ဆိုတာ “ဘုရားရှင်ရဲ. အဆုံး အမတော် သာသနာမြတ်ကို မိမိသန္တာန်မှာ တည်အောင်ပြုတာ သူတစ်ပါးသန္တန်မှာ တည်အောင်ပြုတာ”လို. ဆိုရပါမယ်။

...ဘုန်းကြီးအတွက်တော့ “ပြည်ပသာသနာပြု”ဆိုတာ ရည်မှန်းခဲ့တဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါ။ ၂၀၀၂ခုနှစ်မှာ အဓိက ကျန်းမာရေးအခြေအနေကြောင့် ဆေးကုရင်း နားရင်းဆိုတဲ့ ရည်ရွယ်ချက်နဲ. ပထမဆုံး အကြိမ် ကိုရီးယားကို ရောက်ခဲ့ရပါတယ်။

ပင့်နေတာကတော့ အကြိမ်ကြိမ်ပါပဲ။ ဒါပေမယ့် ကျေးဇူးရှင် ငယ်ဆရာ အရင်းဖြစ်တဲ့ မုံရွာ စန်းမြသီတာ ဆရာတော်ဘုရားကြီးရဲ. တာဝန်ပေးချက်အရ ၂၀၀၁ခုနှစ်ကမှ ရန်ကုန် စန်းမြသီတာ မဟာစည် သာသနာ့ ရိပ်သာမှာ နာယက ကမ္မဋ္ဌာနာစရိယအဖြစ် တာဝန်ယူပြီးစ အချိန်ဖြစ်နေလို. အကြိမ်ကြိမ် ငြင်းခဲ့ပါတယ်။ မှတ်မှတ်ရရ ပင့်စာကို ဆယ်ကြိမ်ကျော်ကျော် လက်ခံရခဲ့တာမှတ်မိပါတယ်။ ပင့်တဲ့ကိုရီးယား ဘုန်းတော်ကြီးက စိတ်မရှည်တော့လို. ထင်ပါတယ် ကိုရီးယားမှာရှိတဲ့ မြန်မာသံရုံးကို သွားပြီး “ဒီဘုန်းကြီးကို ပင့်ပေးပါ” လို. သွားအကူအညီတောင်းတော့ သံရုံးကနေ နိုင်ငံခြားရေးဝန်ကြီးဌာနကို စာပို.ပါတယ်။ အဲဒီကနေမှ သာသနာရေးဝန်ကြီးဌာနကို စာက အကြိမ်ကြိမ် ရောက်လာပါတယ်။ သာထွန်းပြန်.က ဦးကြည်မြင့်ကတောင် “အရှင်ဘုရားကို ပင့်တဲ့စာကလည်း ဘယ်နှစ်ကြိမ် ပို.နေလဲမသိဘူး” လို.ပြောပါတယ်။ စကားပြန် ဦးမြင့်ဟန် ကလည်း “အရှင်ဘုရား ကြွလိုက်ပါဘုရား သူများတွေ သွားချင်လွန်းလို. ကြိုးစားလိုက်ရတာ မလွယ်ဘူး ဘုရား” လို့ လျှောက်ပါတယ်။ ဘုန်းကြီးကတော့ “၂၀၀၅ခုနှစ်အထိတော့ ပြည်ပကို မကြွသေးဘူး” လို. စိတ်ကူးရှိနေ ပါတယ်။ တခြားအကြောင်းထူးတော့ မရှိပါဘူး။ တာဝန်ယူထားတဲ့ ရိပ်သာဖြစ်မြောက်ရေး အလုပ်ကို ပီပီပြင်ပြင်လုပ်ချင်လို.ပါ။

သို.သော် အသက်သုံးဆယ်အထိ ဒေါင်ဒေါင်မည်ဆိုလောက်တဲ့ ကျန်းမာရေးက ရုတ်တရက်ကြီး မကောင်းဖြစ်လာပါတယ်။ ဆေးရုံဆေးခန်းနဲ. ပြတ်တယ်မရှိဘဲ ငွေကုန်လူပန်း ဖြစ်နေပါတယ်။ ဆေးချက်လည်းကုန် ဆရာစုံပြီဆိုပါတော့။ ဆင်းရဲတာလည်း မပြောနဲ.တော့ ဘုန်းကြီးနေတဲ့ ဒဂုံမြို.သစ်ကနေ သံဃာ့ဆေးရုံသွားဖို့ တက္ကစီခကို မရှိတာ။ အလှူမခံချင်တာလည်း ပါတာပေါ့လေ။ ပြောရင်တော့ လှူကြမယ့်လူတွေ အများကြီးရှိပါတယ်။ သူတို.ကလည်း ဘုန်းကြီးကို “ဘုန်းကြီးတယ် ပေါတယ်” ထင်နေကြမှာပဲ။ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဖြစ်နေတာ သိမှာမဟုတ်ပါဘူး။ မျှော်လင့်မထားတဲ့ အဲဒီအချိန်မှာ ကိုရီးယားဘုန်းတော်ကြီးက ပေါက်ချလာပါတယ်။ အဲဒီတုန်းက ဒဂုံမြို.သစ်ဆိုတာ အခုလောက်ကို နေချင်စရာ မကောင်းသေးပါ။ နေကပူ လေကတိုက် သစ်ပင်ကမရှိ ရေမကောင်းမြေမကောင်းနဲ.ဆိုတော့ ဘုန်းကြီးလည်း တစ်ကိုယ်လုံး မည်းနက် ပိန်ချုံး နေတော့တာပေါ့။ အရင်တုန်းက သူ တွေ.ဖူးတဲ့ ဖြူဖြူဖွေးဖွေး နုနုနယ်နယ် ၇၇ကီလို ဘုန်းကြီးက အခု ၅၅ကီလိုလောက်ကို မည်းသည်းချုံးကျနေတာတွေ.တော့ “ဒီအတိုင်းနေရင် သေပါတော့မယ်။ “ကိုရီးယားကို ကြွကိုကြွမှဖြစ်မယ်”။ ဟိုမှာ သူ“ဆေးကုပေးပါရစေ” တဲ့။ ဒါနဲ. ငြင်းအားလည်း မရှိတော့ပါဘူး။ သွားမယ်ဟေ့ ဆို ၂၀၀၂ခုနှစ် ၄လပိုင်း နှစ်ဆန်းတစ်ရက်နေ. နွေရာသီ တရားစခန်းပွဲသိမ်းပြီး တစ်ရက်ပဲခြားပါတယ်။ ၁၉ရက်နေ. လေယာဉ်နဲ.ထွက် နောက်နေ.မှာ ကိုရီးယားကို ပထမဆုံးအကြိမ်ရောက်ခဲ့ပါတယ်။ သာသနာပြုမယ်ဆိုတဲ့ စိတ်ကူးလည်းမရှိ ရည်လည်းမရည်ရွယ်ပါဘူး။ ကိုယ်တောင် မတော် ကိုယ်မြေမှာ ကိုယ့်ခေါင်းချရပါ့မလား မသေချာတဲ့ အနေအထားမျိုးပါ။

အဲဒီတုန်းကစပြီး ဘုရားရှင်ရဲ. “အာရောဂျ ပရမာလာဘာ” ဆိုတဲ့ အဆုံးအမတော်ကို အတော် သဘောပေါက် သွားပါတယ်။ ကျန်းမာမှုမရှိရင် ကျန်တာ ဘာရှိရှိ မရှိတာနဲ.အတူတူပါပဲ။ဘာကိုမှ အရသာမခံချင်တော့ဘူး။ ခံလို.လည်းမရတော့ဘူး။ ဂုဏ်လည်းမလိုချင်တော့ဘူး။ နာမည်လည်း မကြီးချင်တော့ ဘူး။ အာဏာလည်း မလိုချင်တော့ ဘူး။ ငွေလည်းမလိုချင်တော့ဘူး။ ကုန်ကုန်ပြောရရင် အသက်တောင် ဆက်ပြီး ရှင်သန်ချင်တဲ့ စိတ်မရှိတော့တာပါ။ ကိုရီးယားရောက်ပြီး တစ်ခါက ကိုရီးယားဘုန်းတော်ကြီးက မေးပါတယ် “ဘာဖြစ်ချင်သလဲဘာလုပ်ချင်သလဲ”သူ“တတ်နိုင်တာဆိုရင် အကုန်လုပ်ပေးမယ်” တဲ့။ ဘုန်းကြီးက ပြောလိုက်တယ်။ “ငါ သေချင်တယ်” လို.။ အဲဒီဘုန်းကြီး တစ်ခါတည်း မျက်စေ့မျက်နှာပျက်ပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတယ်။ တောင်းပန်ပါတယ်။ ဘယ်လောက်ပဲ စိတ်ဆိုးဆိုး ဘယ်လောက်ပဲ စိတ်ဓါတ်ကျကျ “အဲဒီစကားမျိုး ဘယ်တော့မှ မပြောပါနဲ.” တဲ.။ အမှန်တော့ စိတ်ဆိုးလို. ပြောတာ မဟုတ်ပါဘူး။ တကယ်ကိုပဲ သေချင်စိတ်ပေါက်နေတာပါ။ မကောင်းတဲ့စိတ်နဲ.တော့မဟုတ်ပါဘူး။ “အလုပ်မလုပ်နိုင်တဲ့အပြင် သူတစ်ပါးကို မှီခိုနေရ ဒုက္ခပေးသလို ဖြစ်နေရတာနဲ.စာရင် လုပ်ခဲ့သမျှ ကုသိုလ်အားကိုးနဲ. သေပြီး နောက်ဘဝ အသစ်မှာ ကျန်းကျန်းမာမာနဲ. မွေးဖွားလာပြီး လုပ်နိုင်ကိုင်နိုင်မယ်ဆိုရင် သေတာကောင်းသေးတယ်” ဆိုတဲ့ စိတ်နဲ.ပါ။ ဝိနည်းမှာလည်း နေမကောင်းတဲ့ ရဟန်းတစ်ပါးက “ရောဂါကလည်း ပျောက်မှာမဟုတ် သူတစ်ပါးကို ဝန်ပိနေတာပဲ” ဆိုပြီး အစာနဲ. ဆေးကျွေးတာ မစားတော့ပဲ အစာဖြတ်ပြီး မိမိကိုယ်ကို အသေခံ(သတ်သေ)သွားတာကို (အနာပတ္တိ) အာပတ်မသင့် လို. ဆုံးဖြတ်တာ တွေ.ဖူးပါတယ်။

နေကလည်းမကောင်း။ သူတို.ကလည်း ဂရုစိုက်လွန်။ ယဉ်ကျေးမှုက မတူ။ စကားကလည်းမပေါက်ဆိုတော့ ပိုပြီး စိတ်ဖိစီးမှု ဖြစ်ရတာ တွေလည်း ရှိပါတယ်။ အသက် (၃၁)နှစ် ရဟန်း (၁၁) ဝါရ ဆိုတော့ ဘယ်ငယ်တော့မလဲ။ နောက် တရားဟော တရားပြ ရိပ်သာဘုန်းကြီး ကျောင်းထိုင်ဘုန်းကြီးလေ။ ဗမာပြည်မှာဆိုရင်တော့ “ဟိတ်” ဆို ဘယ်သူမှ အတွန်.တက်မယ့်လူ မရှိတော့ဘူး။ မြန်မာလူမျိုးတွေက ဘုန်းကြီးရဟန်းဆို သိပ်ရိုသေတယ် မဟုတ်လား။ ဘုန်းကြီးရဲ. မယ်တော်ကြီးဆို အိမ်ကို ဆွမ်းခံကြွလာတဲ့ ဗရုတ်သုတ်ခ ကိုရင် စုတ်ချီးလေးတွေကအစ တောထွက်ကိုယ်တော်ကြီးတွေအဆုံး သင်္ကန်းနဲ. ခေါင်းတုံးထားရင် ဘယ်သူမဆို တစ်ရိုတစ်သေနဲ.လက်အုပ်ချီ ခရီးဦးကြိုဆို ဆွမ်းလောင်းလှူပြီး မြေပြင်ပေါ်မှာပဲ ဖြစ်ဖြစ် ထိခြင်းငါးပါးနဲ. ဦးချလေ့ရှိပါတယ်။

ဒီကိုရီးယားကိုရောက်ပြီး တွေ.လာသိလာရတာက သူတို.ယဉ်ကျေးမှု နဲ. ခေတ်ကာလ အရ ဘုန်းကြီးဆိုတာကို ဗမာပြည်မှာလို သိပ်ပြီး တစ်သီးတစ်သန်. သဘော ထားတာမျိုး မရှိဘူး။ ပင့်တဲ့ ဘုန်းကြီးက အသက် ၆၀ ကျော်ဆိုတော့ သူ.ကျောင်း ဝင်ထွက်နေတဲ့ ဒကာဒကာမတွေကလည်း ၅၀ အထက်နဲ.၆၀ ၇၀ တွေချည်းပဲများပါတယ်။ ပင့်တဲ့ ဘုန်းကြီးတစ်ပါးပဲ ဗမာပြည်ကို ရောက်ဖူးတာ။ ဒီတော့ သူတို.က ဘုန်းကြီးနဲ. ဘယ်လိုဆက်ဆံရမယ်ဆိုတာ နားလည်ကြဘူး။ သူတို.က ဘုန်းကြီးကို ရဟန်းတစ်ပါးအနေနဲ. ကြည်ညိုတာမျိုး မဟုတ်ဘဲ သားသမီးတစ်ယောက်ကို ချစ်တဲ့ သံယောဇဉ်မျိုးနဲ. အတင်းဂရုစိုက်ကြတော့ တကယ့်ကို အခက်အခဲ ကြုံရပါတယ်။

ဆွမ်းစားတဲ့အခါ ဘုန်းကြီးက ပြည့်စုံပါပြီ ဆိုတာကို သူတို.က အတင်း ဟိုဟာလေး နည်းနည်း စားလိုက်ပါဦး ဒါလေးနည်းနည်း သောက်လိုက်ပါဦးနဲ.။ မစားဘူးဆို အတင်းလာ ခွံ.ကျွေးလိုကျွေးနဲ.။ ဗမာပြည်မှာတော့ ဘုန်းကြီးက မျက်နှာပျက်လာပြီဆိုရင် ဒကာဒကာမတွေ ခေါင်းတောင် မထောင်တော့ဘူး။ ဒီမှာ ယဉ်ကျေးမှုက မတူ စကားကမပေါက်နဲ. စိတ်ဖိစီးလိုက်တာ မပြောပါနဲ.တော့။ ကြာတော့ ဘုန်းကြီးက မျက်နှာကြီး နီပြီး စိတ်ဆိုးမာန်ဆိုးနဲ. မြန်မာလို ရော တစ်လုံးတတ် နှစ်လုံးတတ် ကိုရီးယားလိုရော အော်ငေါက်ပစ်တော့ သူတို.က စိတ်မကောင်းဖြစ်ကြပြန်တယ်။ ဘာလို. စိတ်ဆိုးမှန်းလည်း မသိကြဘူး။ ခက်ပုံ။ အမှန်တော့ သူတို.ခမျာလည်း ဘုန်းကြီးကို တအားမည်းသည်း ပိန်ချုံး နေမကောင်းဖြစ်နေလို. အားရှိအောင် စားစေချင်တာပါ။ သူတို. သားသမီး မြေးလေးတွေကို လုပ်ပေးသလို လုပ်ပေးတာပါ။ သူတို.ပြောတာကိုကကြည့် ကျောင်းရောက်တာနဲ. ဘုန်းကြီးကို ပြောတဲ့စကားက “ဘာစားချင်လဲ ဝယ်ကျွေးမယ်။” “ဘယ်သွားချင်လဲ လိုက်ပို.ပေးမယ်။” တဲ့ ဗျား ကောင်းရော။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More