ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ July 2010 ~ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Saturday, July 31, 2010

သီလ (၁)

"သီလ ခြေ၊ သဒ္ဓါလက် " ဆိုတဲ့ စကားကို ဘုန်းကြီးတို. မြန်မာတွေ ကြားဖူးကြတာ များပါတယ်။ ဘုရားဟောအရှိ အတိုင်း ရှေး ပညာရှိ သူတော်ကောင်းတွေ ဆုံးမကြတာပါ။ သီလ မရှိတဲ့လူ ခြေထောက်မရှိုတဲ့လူနဲ. တူတယ်။ ခြေထောက်မရှိရင် စိတ်သွားတိုင်းကိုယ်မပါ လိုရာကို မရောက်နိုင် ဖြစ်နေတာပေါ့။ ဒါကြောင့် ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေ မဖြစ်ပဲ ထင်တိုင်း မပေါက် ဆုတောင်း မပြည့် ဖြစ်နေရင် ကိုယ့်သီလ ကိုယ် ပြန်စစ်ပါလို. ပြောရပါလိမ့်မယ်။ သဒ္ဓါမရှိတဲ့လူ လက်မရှိုတဲ့လူနဲ. တူတယ်။ လက် မရှိတဲ့ လူ လုပ်ချင်တာ မလုပ်နိုင် ယူချင်တာ မယူနိုင် ဖြစ်နေရသလို သဒ္ဓါလက် မရှိတဲ့ လူလည်း အတူတူပါပဲ။ ဒါနမပြုနိုင် သီလ မကျင့်နိုင် ဘာဝနာ မပွားနိုင်နဲ. လူဖြစ်ပါလျက်ကယ်နဲ. လူချင်းမတူ လူစဉ်မမီ ဖြစ်သွားပါတယ်။ သီလလည်းမရှိ သဒ္ဓါလည်း မကပ်တဲ့သူကတော့ ခြေမဲ့လက်မဲ့ ဆိုတာ လိုပေါ့ တကယ့်ကို ဒုက္ခတလုံးလုံး လူဖြစ်ရှုံးတော့တာပါပဲ

ဒီစာမှာတော့ သီလအကြောင်း သိကောင်းစရာလေးတွေ ဝေမျှ ဓမ္မဒါန ပြုချင် ပါတယ်။ သီလအကြောင်း သိကောင်းစရာမှာ သီလဆိုတဲ့ စကားလုံးက စပြီး စဉ်းစားမယ်ဆိုရင် ပိုကောင်း ပို အခြေခံကျပါလိမ့်မယ်။ ( ဘုန်းကြီးတို.ရဲ. ကျေးဇူးရှင် မုံရွာ ပဇ္ဇောတာရုံ ဆရာတော် ဘုရားကြီးကတော့ မကြာမကြာ ရီစရာအနေနဲ. ပြောတတ်တာရှိတယ်။ တစ်ချို.က အတည်လိုလို နောက်တာလိုလိုနဲ. ဘုန်းကြီးကို ပြောကြတယ်တဲ့။ ပဇ္ဇောတာရုံ ဆရာတော်က ဘုန်းကြီးမှာပေါ့ သီလနဲ. ပြည့်စုံတာကိုး။ သီလမှ ရှေ.သီလရော နောက်သီလရော ပြည့်စုံတာလို. ပြောကြသတဲ့။ ရှေ.သီလက ဆရာတော်ကြီး ရဲ. ရဟန်းသီလ နောက်သီလက ဆရာတော်ကြီးရဲ. ညီမအရင်း ကျောင်းကိစ္စအဝဝကို တာဝန်ယူထားတဲ့ သီလရှင်ကြီးကို ပြောတာပါ။ ဆရာတော်ကြီးကို ဝိနည်း လေးစားလို. ဒကာ ဒကာမ တွေက ကြည်ညိုကြသလို သီလရှင်ကြီး ပေါင်းသင်း ဆက်ဆံရေး ကောင်းလို. အလှူခံ ကောင်းလို. ဘုန်းကြီးတာလို. နည်းနည်း ထေ့ငေါ့ချင်တာလည်း ပါတာပေါ့။ သီလဆိုတာ ဖွားသီလ မယ်သီလကို ပြောတာလို. ဆိုလောက် အောင် ညံ့တဲ့ ဗုဒ္ဓ ဘာသာဝင်တော့ ရှိမှာမဟုတ် ပါဘူး။) ဒါပေမယ့် သီလဆိုတာ ဘာလဲ ဆိုရင် သီလ ဆိုတာ သီလပေါ့ကွ။ ၅/၈/၁၀ပါး သာမဏေသီလ ရဟန်းသီလ စသည် သီလ အလီလီပေါ့ကွာ ဆိုတဲ့ အဖြေမျိုးထက် ဂဃနဏရှိတဲ့ အသိမျိုးသိဖို. အဖြေမျိုး ဖြေတတ်ဖို. ဆိုရင်တော့ အခြေခံ ကနေ စတာ ပိုပြီးရေရေရာရာ ရှိပါလိမ့် မယ်။

သီလဆိုတဲ့ ပါဠိစကားလုံးကို "အလေ့ရှိသည်" လို. မြန်မာပြန်နိုင်ပါတယ်။ အလေ့အထ ရှိတာကို ဆိုလိုတာပါ။ ထပ်ချဲ့လိုက်ရင် လုပ်လေ့ရှိတာ ပြောလေ့ရှိတာပေါ့။ စိတ်ပိုင်းကိုတော့ ချန်ထား လိုက်ဦး။ အဲဒါက သမာဓိပိုင်း ပညာပိုင်းနဲ. ပြောရမယ်။ ဆက်ရမယ်ဆိုရင် အဲဒီ လုပ်တာနဲ. ပြောတဲ့ အလေ့အထက ကောင်းမကောင်း။ ကောင်းရင် သီလကောင်းတယ်ပေါ့။ မကောင်းရင် သီလ မကောင်းဘူးပေါ့။ ဒါကို စကားလုံး ဖလှယ်ပြောရင် ကိုယ်ကျင့်တရား ကောင်းတယ် မကောင်းဘူး လို. ပြောနိုင်တာပေါ့။ ဒီ အခြေခံ သဘောကို နားလည်မယ်ဆိုရင် သီလပိုင်းနဲ. စပ်လာရင် တွေးတတ် စဉ်းစားတတ် နားလည်သိတတ်ဖို. တော်တော်ကို လွယ်သွားပါပြီ။

ဥပမာ ငါးပါးသီလမှာ သူ.အသက်သတ်မှုကို ရှောင်ဆိုရင် ကိုယ်နဲ. မကောင်းတာမလုပ်တဲ့ အလေ့အထကို ပြောတာပေါ့။ လိမ်ညာမှုကိုရှောင်ဆိုရင် နှုတ်နဲ. မကောင်းတာ မပြောတဲ့ အလေ့အထကို ဆိုလိုတယ်ပေါ့။ ဒါက ရှောင်ရတဲ့ (ဝါရိတ္တ သီလ)ကိုပြောတာပါ။ ဆောင်ရမယ့် (စာရိတ္တ သီလ)ဆိုတာ တစ်ပိုင်းရှိပါသေးတယ်။ မသတ်ရုံတင်မကဘူး မသေအောင် ကျန်းမာ အသက်ရှည်အောင် ဘာလုပ်ပေးလဲပေါ့။ (ဆေးကုပေးတာတို. ဆေးထွင်ပေးတာတို. ကျန်းမာရေး ပညာပေးတာတို. ရေကောင်းရေသန်. နဲ. အာဟာရပြည့်ဝတဲ့ အစားအသောက် ရအောင် ဆောင်ရွက်ပေးတာတို. သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းတာ စသည်စသည်ပေါ့) မလိမ်ရုံတင်မက သစ္စာစကားကိုပြောမယ် အလိမ် မခံရအောင် ကာကွယ်ပေးမယ် စသည်ပေါ့။ ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားမပြောဘဲ မေတ္တာရှေ.ထား ယဉ်ကျေးသိမ်မွေ.တဲ့ စကားပြောတာ။ ကွဲပြားအောင် ကုန်းတိုက် စကားမပြောဘဲ စေ့စပ်အောင် အပြန်ပြန်အလှန်လှန် နားလည်မှုရှိအောင် ချစ်ကြည်ရေးစကား ပြောတာ။ အနှစ်မဲ့တဲ့စကားမပြော ပစ္စုပ္ပန်သံသရာ လောကီလောကုတ် အစီးအပွား ကြီပွား ကြောင်း အနှစ်အသားပါတဲ့ စကားပြောတာပေါ့။

နောက်ဆုံး အနှစ်ချုပ်လိုက်တော့ သီလဆိုတာ ကိုယ်နဲ.လုပ် နှုတ်နဲ.ပြောတဲ့ အလေ့အထ မှန်သမျှကို ဆိုလိုတာပါ။ လူတစ်ယောက် သီလရှိမရှိ ကိုယ်ကျင့်တရား ကောင်းမကောင်းဆိုတာ သူဘာလုပ်လဲ ဘယ်လိုလုပ်လဲ သူဘာပြောလဲ ဘယ်လိုပြောလဲ ဆိုတာနဲ. ကောက်ချက်ချတာပေါ့။ ဆိုတော့ မနက် အိပ်ရာထကနေ ညအိပ်ရာဝင်အထိ လုပ်သမျှပြောသမျှတွေက သီလ ကိုယ်ကျင့် တရားထဲ အကျုံးဝင်တာကို နားလည်လောက်ပါပြီ။ ဘယ်လိုအိပ်လဲ ဘယ်လို နိုးလာပြီး ဘယ်လို မျက်နှာသစ်လဲ ရေချိုးခန်း အိမ်သာခန်း ဘယ်လိုသုံးလဲ။ ကိုယ်လုပ်သမျှ ပြောသမျှ သူတစ်ပါးကို ထိခိုက်နစ်နာစေသလား ချမ်းသာ စေသလား။ ဥပမာ အိပ်ရာ ထတာကိုက သူတစ်ပါး အိပ်ရေး ပျက်အောင် ကြမ်းကြမ်းတမ်းတမ်း ဆူဆူညံညံ လုပ်လေ့ရှိလား။ အမြဲသူတစ်ပါးကို စာနာစိတ်နဲ. လုပ်လေ့၇ှိလား။ ဝင်လာတဲ့သူ နံလိုက်တာ ညစ်ပတ်လိုက်တာလို. စိတ်ဆင်းရဲမသွားအောင် ရွံမသွား အောင် အိမ်သာရေချိုးခန်းကို နောက်လူအတွက် အမြဲစဉ်းစား သန်.သန်.ရှင်းရှင်းသုံးလေ့ ရှိလား မရှိလား။ ကွမ်းတံတွေး ထွေးချင်ရာထွေးတဲ့ အလေ့ရှိလား။ စကားပြောတဲ့ အခါ သူ တစ်ပါးကို စိတ် ထိခိုက်သွားအောင် ပြောလား။ ကုန်ကုန်ပြောကြစို. လက်လှုပ်လှုပ် ခြေလှုပ်လှုပ် ကိုယ်နဲ.လုပ်သမျှ ဘာပြောပြော နှုတ်ကပြောသမျှ သီလနဲ. စပ်ဆိုင်နေတာလို.သိမှ ပြည့်စုံပါမယ်။ ဘာလုပ်လုပ် ဘာပြောပြော သူတစ်ပါး မထိခိုက် မနစ်နာ အောင် လုပ်မှ ပြောမှ သီလရှိ ကိုယ်ကျင့် ကောင်းသူ ဖြစ်လာပါမယ်။ အဲဒါ မေတ္တာတရားပါ။ သူတစ်ပါးကို ချမ်းသာစေချင်တဲ့ မေတ္တာရှိမှ ငါလုပ်တာ ပြောတာ သူတစ်ပါးကို ထိခိုက်နေလား ဆိုတဲ့ အတွေးမျိုး တွေးပါတယ်။ မေတ္တာတရား ခေါင်းပါး သူတွေ မတွေးတတ်ပါဘူး။ ဒါကြောင့် အဒေါသော သီလဟေတု မေတ္တာသည် သီလရဲ. အကြောင်းလို. အဋ္ဌသာလိနီမှာ ဆိုပါတယ်။

ဒီအထိ ရေးခဲ့သမျှကို ဆောင်ပုဒ်လေးနဲ. အနှစ်ချုပ်ပါမယ်။

ကိုယ်နဲ. နှုတ်က ပြုပြောကြ အလေ့ သီလပါ။

ရှောင်ရ ဆောင်ရ ထိုသီလ နှစ်ဝ ရှိသည်သာ။

မကောင်းတာရှောင် ကောင်းတာဆောင်

စောင့်ရှောက်သမျှ ကျင့်သုံးသမျှ

စောင့်သုံး ဆိုင်ရာ သီလ အောင်။

Sunday, July 25, 2010

သာသနာပြု ကုသိုလ်

သာသနာပြုကုသိုလ် သာသနာတော်ဟူသော စကားလုံးသည် ပါဠိမှ ဆင်းသက်လာသော မြန်မာစကားလုံးဖြစ်သဖြင့် ထေရ၀ါဒ ကျင့်သုံးသော နိုင်ငံတိုင်းနှင့်သက်ဆိုင်သည့် အသုံးအနုံး တစ်ခု ဖြစ်ပါသည်။ ယနေ့ခေတ်တွင်မူ သာသနာဟူသောစကားလုံးကို အတုလိုက်ကာ ဘာသာခြားတို့ကလည်း သုံးစွဲနေကြပါပြီ။

အာဇာနည်ဟူသော စကားလုံးကို ခေါင်းဆောင်ကောင်းတို့အတွက် ရည်ရွယ်ပြီးအများစုက သုံးစွဲကြပါသည်။ လူ့လောကတွင် စစ်သားအာဇာနည်များရှိသကဲ့သို့ရဟန်းတော်လောကတွင်လည်း သာသနာ့အာဇာနည်များရှိပေသည်။ ပါဠိလိုအားဖြင့်ယောဓာဇီဝ( စစ်သားကောင်း) ဟုခေါ်ဆိုပါသည်။ အင်္ဂုတ္တရနိကာယတွင် ယောဓာဇီဝနှစ်သုတ်ရှိပါသည်။ ထိုသုတ်နှစ်ခုအလိုအရ အာဇာနည်ဖြစ်ရန်မှာ မိမိ၏ပင်ကိုယ်အရည်အသွေး ရှိရန် လိုပေသည်။ ပင်ကိုယ်အရည်အသွေးရှိသူသည်သာ အာဇာနည်အစစ်ဖြစ်ပါသည်။ အာဇာနည်ဖြစ်ရန် လွယ်ကူသည်မဟုတ်ပေ။အစမ်းသပ်ခံနိုင်ရပြီး ထိုအစမ်းသပ်ခံစာမေးပွဲကို အောင်ပါမှအောင်ရုံမျှတွင်မဟုတ် ဆက်လက် ထိန်းသိမ်းထားနိုင်မှသာလျှင် အာဇာနည် ဖြစ်နိုင်ပေမည်။ သာသနာ့အာဇာနည် ရဟန်းတော်များသည် ကမ္ဘာတစ်ဝန်းတွင်ရှိနေပါသည်၊ အရေအတွက်အားဖြင့် နည်းလှပါသည်။ ပတ္တမြားရတနာကို တောတောင်ဟူသမျှဖွေရှာပါက မတွေ့နိုင်သကဲ့သို့ ဖြစ်ပါသည်။ သာသနာ့အာဇာနည်တစ်ပါးဖြစ်စေရန် အတွင်းရန်နှင့် အပြင်ရန်နှစ်မျိုးစလုံးနှင့်ဖြစ်သော စစ်ပွဲကိုအောင်မြင်နိုင်သူ ဖြစ်ရပါမည်။ အတွင်းရန်ကိုနိုင်ရန် အကောင်းဆုံးလက်နက်မှာကုသိုလ်စိတ်များစွာ ဖြစ်နေခြင်း လက်နက်ပင် ဖြစ်ပေမည်။ အပြင်ရန်သူ အတွက်မူလက်နက်များစွာလိုပေသည်။ နိုင်ငံခြားတွင်ဖြစ်ပါက သာသနာပြုရာတွင် အရေကြီးဆုံးဖြစ်သည့် မိမိဘာသာအယူဝါဒအပေါ် စာတွေ့လက်တွေ့ နှစ်မျိုးစလုံးဖြင့် ပိုင်ပိုင်နိုင်နိုင်တတ်ကြွမ်းရန်လိုခြင်းပင်ဖြစ်ပေသည်။ အရေးကြီးဆုံးတွင် တစ်ခုဖြစ်သော ကြားနာကြသူများ အတွက် လိုအပ်သော ဘာသာစကားကို သိနားလည်ခြင်းဖြစ်ပါသည်။ အထပ်ပါအရည်အချင်းနှစ်ရပ်တွင် စကားပြောခြင်း အတတ်ကိုပါ ဖြည့်စွက်ပေးရပေမည်။ စကားပြောခြင်း အတတ်ကိုမတတ်ပါက အရေးကြီး ဆုံးသောအရည်အချင်းနှစ်ခု ရှိစေဦးတော့ အထမြောက်နိုင်မည် မဟုတ်ပေ။ စာရေးသူသည် တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့တော်ဖြစ်သောတောင်ပိုင်း အစွန်းတွင်ရှိသည့် ပင်လယ်ဆိပ်ကမ်းရှိသောဘူဆန်မြို့သို့ တတိယအခေါက်ရောက်ရှိခဲ့ပါသည်။ ပထမနှင့် ဒုတိယ အခေါက် များတွင် ဧည်သည်ပို့ခရီးဖြစ်ခဲ့ပါသည်။ အမေရိကမှ မြန်မာမိတ်ဆွေရဟန်းတော်နှင့် ပထမအကြိမ်၊စင်ကာပူမှ မိတ်ဆွေရဟန်းတော်နှင့် ဒုတိယအကြိမ် ဘူဆန်မြို့သို့လည်ပတ်ဖြစ်ခဲ့ပြီး နှစ်ကြိမ်လုံးတွင် ဘာသာရေးအတွက် မဆောင်ရွက်ဖြစ်ခဲ့ပါ။တတိယအကြိမ် ခရီးစဉ်တွင်မူ ဘာသာရေး ဆောင်ရွက်ရန် အတွက်ဖြစ်ပါသည်။ ပြည်တော်ဦးကျောင်းဆရာတော် အရှင်ပဏ္ဍိစ္စ၏ ၀ါဆိုပွဲတော်ပင့် လျောက်ချက်အရကြွခဲ့ခြင်းဖြစ်ပါသည်။ အရှင်ပဏ္ဍိစ္စမထေရ်သည် စာရေးသူနှင့်မြန်ရဟန်းတော်တစ်ပါးကို မျှသာမဟုတ် ဆိုးလ်မြို့မှ ကိုရီးယားထေရ၀ါဒ ရဟန်းတော် တစ်ပါးကိုပါ ပင့်ဖိတ်ခဲ့သဖြင့် စုစုပေါင်းသုံးပါးကိုပင့်ဖိတ်ခဲ့ပါသည်။ ဆိုးလ်နှင့် ဘူဆန်မြို့သည် ကေတီအိက်(စ်)ခေါ်သည့် တစ်နာရီလျှင် မိုင်နှစ်ရာကျော်ရထားကို သုံးနာရီခန့်မျှစီးပြီးရောက်နိုင်သည့် ခရီးဖြစ်ပါသဖြင့် မနီးလှသည့်ပြင် အကုန်အကျ စရိတ်မှာလည်းမနည်းလှပါ။ ပြည်တော်ဦးကျောင်းဟု အမည်ပေးထားသည်မှာ နိဗ္ဗာန်သို့သွားရန် ခရီးလမ်းကြောင်းဟု ကျောင်းထိုင် ဆရာတော်က စာရေးသူကို ရှင်းပြပါသည်။ သူရှင်းပြသည့်အတိုင်းပင် ကျောင်းခန်းတွင်းရှိ သင်ပုန်းအဖြူ(၀ှိုက်ဘော့ဒ်) တွင်လည်း အတွေးမြင့်မှ ဘ၀မြင့်မည် စသဖြင့် မှတ်သားစရာကောင်းများကို တိုတိုနှင့် လိုရင်းကို ရေးသားထားပါသည်။ စာရေးသူတို့သည် ပြည်တော်ဦးကျောင်းတွင် နာရီနှစ်ဆယ်ခန့်မျှတည်းခိုခဲ့ပါသည်။ ကျောင်းဟုဆိုသော်လည်း ဆမ်မစ်ပါ့(ခ်)ဗျူးခေါ်သည့် ပင်လယ်ကမ်းခြေရှိ အပါ့(ထ်)မင့် ဈေးကြီးသော လူနေအိမ်ယာတိုက်ခန်း အမှတ်(၂၁၃) ဒုတိယအလွှာကို ကျောင်းအဖြစ် သတ်မှတ်ထားခြင်းမျှသာ ဖြစ်ပါသည်။ ပြည်တော်ဦး ကျောင်း ဆရာတော်နှင့် ပညာသင် ကျောင်းသားကျောင်းသူ ငါးဦးတို့နေကြပါသည်။ ထိုကျောင်း၏ သက်တမ်းမှာလည်း တစ်နှစ်မျှပင် မပြည့်တတ်သေးဟုသိရပါသည်။ ဘူဆန်တွင်ရှိသည့် တစ်ကျောင်း တည်းသော မြန်မာကျောင်း ဖြစ်ပါသည်။စာရေးသူတို့သည် ပြည်တော်ဦးကျောင်းသို့ (၂၀၁၀ခုနှစ် ဇူလိုင်လ၊ ၁၁၇က်)စနေနေ့ညနေ (၆)နာ၇ီတွင် ရောက်ခဲ့ပါသည်။ နေရာထိုင်ခင်းပေးပြီးနောက်ပစ္စည်းများကို အခန်းတွင် စနစ်တကျ ထားခဲ့ပြီး စာရေးသူတို့နှစ်ပါးသည် ပင်လယ်ဆိပ်ကမ်းသို့ ပညာသင်ကျောင်းသားမောင်ပုညနှင့် အတူ လမ်းလျောက် ထွက်ခဲ့ပါသည်။ ညပိုင်း(၁၁) နာရီမှပင်ပြည်တော်ဦးဆရာတော်နှင့် စကားလက်ဆုံ ကြခဲ့ပါသည်။ ဆရာတော်သည် ကျောင်း၏အနီးတွင်ရှိသော စစ်တပ်ဓမ္မာရုံတွင် စနေနေ့တိုင်း၌ တရားဟော၊တရားထိုင် နှစ်မျိးကို နှစ်ရာရီကျော် ဆောင်ရွက်သည့် ကိစ္စရှိနေသဖြင့်ညပိုင်းမှ စကားပြောခွင့်ကြုံပါသည်။ ဆရာတော်သည် စာရေးသူထက်ငါးဝါခန့် ငယ်ပြီး ၀ါနှစ်ဆယ်ရှိနေသည့် မထေရ်တစ်ပါးဖြစ်ပါသည်။ နံနက်တစ်နာရီကျော်မှ စကားပြောခြင်းကိုရပ်ခဲ့ရပါသည်။ စကားပြောသည်ဆိုခြင်းထက် တရားနှင့်စပ်၊ ပညာရေးနှင့်စပ်သည့် အကြောင်းအရာသန့်သန့်များကို ပြောဆိုဖြစ်ခဲ့ပါသည်။ ညပိုင်းတွင် တရားဟော၊ တရားပြ၊ စာရေးသူတို့နှင့် တရားအကြောင်းများကို ဆွေးနွေးဖြစ်ခဲ့သော ပြည်တော်ဦး ဆရာတော်သည် နောက်တစ်နေ့ မိုးလင်းပိုင်း(၅) နာရီကို တပည့်ကျောင်းသား၊ ကျောင်းသူ တို့နှင့်အတူ ဘုရားဝတ်ပြုခြင်းဖြင့် မင်္ဂလာဖြစ်စေခဲ့ပါသည်။ ဧည့်သည်ရဟန်းနှစ်ပါးနှင့် ဧည့်သည့် အမျိုးသမီး တစ်ဦးတို့သည် ထိုမင်္ဂလာ ဖြစ်စေသည့် ဘုရားဝတ်ပြုပွဲကိုအသံကြားမှ တိုးတိုးသာလျှင် သာဓုခေါ်ခဲ့ရပေသည်။ အရုဏ်ဆွမ်း နှင့် နေ့ဆွမ်းကို မြန်မာပြည်မှ ကိုရီးယားနိုင်ငံသို့ စီးပွါးရှာအလုပ်အကိုင် ဆောင်ရွက် နေကြသော မြန်မာပြည်သား စေတနာရှင်တစ်စုတို့က စုပေါင်းကောင်းမှုကို ဆောင်ရွက်ကြပါသည်၊ ယောင်္ကျားလေးများ ဖြစ်ကြသော်လည်း တတ်စွမ်းသမျှချက်ပြူတ် ဆောင်ရွက်ကြပါသည်။ စေတနာ ကောင်းကြသဖြင့် ချက်ပြုတ်သည့် လက်ရာမှာလည်း အများအားဖြင့် ကောင်းသွားတတ်ကြပါသည်။ အရုဏ်ဆွမ်းကို ပြည်တော်ဦးကျောင်းတွင် သံဃာသုံးပါး ဘုဉ်းပေးခဲ့ကြပြီး ဗုဒ္ဓဘာသာ အသင်းတိုက်၏ ခုနှစ်ထပ်မြောက်တွင်နေ့ဆွမ်းကို ဆက်ကပ်ခဲ့ပါသည်။ ဗောဓိဆုဆရာတော်အပါဝင် နေ့ဆွမ်းကို လေးပါးဘုဉ်းပေးခဲ့ပါသည်။ ယင်း အသင်းတိုက် နေရာသည် ပြည်တော်ဦးကျောင်းမှ တက္ကစီစီးပါက ကိုရီးယားငွေ ရှစ်ထောင် ဒေါ်လာခုနှစ်ခန့်ပေးရပြီး နာရီဝက် နီးပါး စီးရပါသည်။နံနက်ပိုင်းတွင် ပြည်တော်ဦးဆရာတော်၏ ကိုရီးယားလူမျိုး ဗုဒ္ဓဘာသာဝင်မိသားစုများသည် ကျောင်းသို့ရောက်လာခဲ့ပြီး ကျောင်းတွင် နှစ်နာရီကျော်မျှ အနားယူကြပြီးလျှင် နေ့ဆွမ်းကပ်ပြီး အခန်း အနားဆောင်၇ွက်မည့်နေရာသို့ စာရေးသူတို့နှင့် အချိန်တူ ကားနှစ်စီးဖြင့် သွားခဲ့ကြပါသည်။ ဗုဒ္ဓဘာသာဝင် မိသားစုများတွင် နှစ်ဦးက ဘူဆန်မှဖြစ်ပြီး ကျန်သုံးဦးက ဆိုးလ်မြို့တော်မှ ဖြစ်သည်ဟု သိရပါသည်။ သူတို့၏ ၀တ်ပြုပုံမှာ မြန်မာများ၏၀တ်ပြုပုံနှင့် အတူတူပင်ဖြစ်ပါသည်။ ကိုရီးယားလူမျိုးများသည် မတ်တပ်ရပ်ဝတ်ပြုလေ့ ရှိပါသည်။ ယခုတွေ့ရသော ကိုရီးယားများမှာမူ မြန်မာစတိုင်(လ်)ဖြစ်နေပေပြီ။ ထိုကိုရီးယာနိုင်ငံမှ မိသားစုများသည် ပြည်တော်ဦးဆရာတော်နှင့် ဆရာဒကာဖြစ်ကြရသဖြင့် ဗုဒ္ဓသာသနာ တော်အပေါ်တွင် ကျေးဇူးများနေကြပြီဖြစ်ပါသည်။ ကျေးဇူးများပုံမှာ ၀ိပဿနာတရားကို မဟာစည်နည်းဖြင့် အားထုတ်ဖြစ်ကြခြင်း၊ ကျောင်းအတွက် ကူညီဆောင်ရွက်ပေးခြင်း၊ မြန်မာနိုင်ငံရှိ အထင်ရှားဆုံးမန္တလေးမြို့ မစိုရိမ်တိုက်သစ် စာသင်တိုက်နှင့် ရန်ကုန်မြို့ပြည်တော်ဦးကျောင်း (ကျိုက္ကစံဘုရားအနီး)နှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းရိပ်သာတို့တွင် ကျောင်းဆောက်လှူဒါန်းခြင်း စသည့်သဗ္ဗဒဒဟု ပါဠိတွင်ခေါ်သည့် အလုံးစုံသော အလှူများကို ပေးလှူသူများဖြစ်သဖြင့်သာသနာတော် ပေါ်တွင် ကျေးဇူးများသူများဟု ဆိုလိုက်ခြင်းဖြစ်ပါသည်။ သာသနာတော်နှင့်လည်းတွေ့ကြုံရ၊ ကျေးဇူးများသော စာသင်တိုက်ကြီးတွင်လည်း ကျောင်းအစ်မဖြစ်ကြရခြင်းထက် မည်သည့်အရာများကများ ကျေးဇူးပိုများပါဦးမည်နည်း။ သူတို့တစ်တွေသည် မဟာယာနကိုးကွယ်သည့် နိုင်ငံမှ ထေရ၀ါဒကိုးကွယ်သည့် မိသားစု များလည်း ဖြစ်ကြပေသည်။ ထေရ၀ါဒ နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များပင် ကျောင်းဒကာဖြစ်သည့် အခွင့်အရေး မရကြသူက များပေသည်။ ကံကောင်းသော ဗုဒ္ဓဘာသာဝင် ကိုရီးယားမိသားစုများ ဖြစ်ကြပေသည်။ ကိုရီးယားတွင် ပြည်တော်ဦးဆရာတော် သာသနာ ပြုနိုင်သည်မှာလည်း ထိုမိသားစု၏ကိုးကွယ်မှုနှင့် မြန်မာပြည်မှ နိုင်ငံရပ်ခြားတွင် စီးပွါးရှာနေကြသည့် အလုပ်သမားများ၏ ညီညီညွတ်ညွတ် ဆောင်ရွက်မှုကြောင့် ဖြစ်ပေသည်။ ကိုရီးယားနှင့် မြန်မာကိုးကွယ်သူများ စိတ်တူညီညာစွာ ဆောင်ရွက်နိုင်ခြင်းမှာ အတ္တကို ပါးလွှားအောင်ပြုပြီး အနတ္တ၀ါဒကို လိုက်နာနိုင်သောကြောင့် ဖြစ်ပေသည်။ သို့မဟုတ်ပါက အမြင်မတူသောလူများသည် တူညီမှုကို ဦးစားပေးသော ဘုရား သာသနာတော်ကို အတ္တစွဲကင်းကင်း ကြည်ညိုဆောင်ရွက် နိုင်ရန် မလွယ်ကူပေ။ ဆရာဒကာသည် ရေပြင်အသားကို ဓားနှင့်ခွဲခြားသော်လည်း ရေပြင်သည် ပြန်ပြီးပေါင်းစည်း သကဲ့သို့ ချစ်ခင်ကြည်ညိုသော မျက်စိဖြင့် ရှုမြင်ကြပြီး သာသနာတော်အတွက် အတ္တကိုခ၀ါချ ဆောင်ရွက်ကြပါမူ သာသနာပြု ကုသိုလ်များများကို ရကြပေမည်။ ယနေ့တွင် ပြည်တော်ဦးဆရာတော်နှင့် ဒကာဒကာမတို့သည် ထိုကဲ့သို့ဖြစ်နေကြပါသည် မနက်ဖြန် သဘက်မှသည် သာသနာတော် တည်နေသမျှ ကြည်ညိုနိုင်ကြပါမူ ကောင်းလေစွဟု စာရေးသူက ဆန္ဒမွန်ဖြစ်မိပါသည်။ နေ့ဆွမ်းဆက်ကပ်ပြီးလျှင် နှစ်နှာရီခန့်မျှ သံဃာတော်များအတွက်သီးသန့်ခန်းတွင် သီတင်းသုံးခဲ့ရပါသည်။ ထိုနှစ်နာရီတွင်လည်း ဧည့်သည်များ လာရောက် နုတ်ဆက်ခြင်း၊ တစ်ချို့ဧည့်သည်များမှ ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့် မထင်မှတ်ထားသော အကျင့်ပိုင်းဆိုင်ရာ မေးခွန်းများကို မေးမြန်းခြင်းများအတွက် ပြည်တော်ဦးဆရာတော်က ဖြေဆိုခဲ့ပြီး စာရေးသူအားလည်းဖြေဆိုပေးရန် တိုက်တွန်းခဲ့ပါသည်။ မေးခွန်းမေးသူတစ်ဦး၏ မေးကို စာရေးသူဖြေဆိုပေးခဲ့ပါသည်။ မေးခွန်းမေးသည်မှာ မူအရ ကောင်းပါ၏။ သို့သော်အချိန်ပေးနိုင်ပါမှ ကောင်းပါသည်။ မေးခွန်းမေးသည့် နေရာဋ္ဌာနမှာလည်း အဆင်ပြေရန်လိုပေသည်။ အထူးသဖြင့် မေးခွန်း မေးသူသည် ကိုယ်မေးသောမေးခွန်းကို ရှင်းလင်းစွာ မေးတတ်ရပေမည်။ ကိုယ်မသိတာကို သိသယောင် တတ်ယောင်ဝါး မလုပ်ရပေ။ မေးခွန်းတိုင်းတွင် အဖြေမရှိပါ။ တစ်ချို့မေးခွန်းသည် ဖြေစရာမလိုပါ။ ဥပမာ သံသရာ ဘယ်ကစသနည်း စသည့်မေးခွန်းသည် အဖြေမရှိပါ။ ဥပမာစိတ်သည် မျက်စိတစ်မှိတ်အတွင်း အကြိမ်ပေါင်းများစွာ ဖြစ်ပျက်နေသည် အကြိမ်ပေါင်းကို ရေတွက်ပြပါ။ သည်မေးခွန်းမျိုးသည် ဖြေစရာမလိုပါ။ တရားကျင့်ကြံမှု အရျိန်မရသေးခင် ဗဟုသုတရစေရန် ဖြေပြသော်လည်း နားလည်မည်မဟုတ်ပေ။ မိမိဥာဏ် မမှီသေးသော အရာများ များစွာရှိနေနိုင်ပါသည်။ တစ်ချို့ကို ကိုယ်တိုင်လေ့လာရပါမည်။

နေ့နှစ်နာရီတွင် အခန်းအနားကို စတင်ပါသည်။ ပထမတွင် ငါးပါးသီလပေးပါသည်။ ဒုတိယအနေဖြင့် စာရေးသူက ဆယ်မိနစ်၊ တတိယအနေဖြင့် ဗောဓိဆုဆရာတော်ကတစ်ဆယ့်ငါးမိနစ် ဘာသာပြန်သည့် အချိန်ကိုပါ ပေါင်းပါကနာရီဝက်ကျော်ကြာပါသည်။ ရေစက်ချ အနုမောဒနာကို ပြည်တော်ဦးဆရာတော်မှမိနစ်လေးဆယ်ခန့် ဟောပြောပြီးလျှင် အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။ မြန်မာငါးဆယ်ခန့် ကိုရီးယား ဆယ်ဦးခန့် တက်ရောက်ကြပါသည်။ စာရေးသူကဖြစ်ချင်သောဆန္ဒကို ဘ၀နှင့်တစ်သားတည်းကြအောင် လက်တွေ့ဆောင်ရွက်ရန် တိုက်တွန်းပါသည်။ မည်သည့် ဆန္ဒဖြစ်စေကာမူ လက်တွေ့မဆောင်ရွက်ပါက စိတ်ကူးယဉ် ဖြစ်သွားပေမည်။ အသိမပါသော ဆန္ဒသည်လည်း မျက်ကမ်းသွားသည့် လမ်းပမာဖြစ်ပေမည်။ ၀ါဆို သင်္ကန်းကို ဆက်ကပ်ခြင်းသည် ဆန္ဒကြောင့်ဖြစ်ပေမည့် မှန်ကန်သော အကျိုးရစေရန်သည် အသိဥာဏ်သည် လိုအပ်လျှက်ရှိပါသည်။ အသိဥာဏ်ရရန် ကိုယ်တိုင်အားထုတ်ရပေမည်။ ကိုယ်ပိုင်အသိဥာဏ်အတွက် ကိုယ်ပိုင်ရှာဖွေတတ်ရန် ဟောပြရပါသည်။ ဗောဓိဆုဆရာတော်မှ ဘ၀တွင် ကိုယ်ပိုင်အချိန်ပေးပြီး ကိုယ်ပိုင်ဥစ္စာကိုရယူတတ်စေရန် တရားရှုမှတ် ခိုင်းပါသည်။ မြန်မာတစ်ချို့ ဦးခေါင်းငိုက်စိုက်လျှက် တရားကို စိတ်စိုက်နေသည်လား၊ ငိုက်နေသည်လားမကွဲပြား။ ဆရာတော်သည် မြန်မာများကို ကျေးဇူးတင်ကြောင်းလည်း ပြောပါသည်။ ငြိမ်နေသော ပရိတ်သတ်ကို ပြည်တော်ဦးဆရာတော်မှ မေးခွန်းမေးပြီးအိပ်ငိုက်ပြေစေခဲ့သည်။ သာသနာပြုကုသိုလ်ဟု တရားကိုအမည်ပေးခဲ့ပြီးယခုဝါဆို သင်္ကန်းကပ်ပွဲသည် သာသနာပြု ကုသိုလ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဟောပြပါသည်။ ထို့နောက် ဆရာ၊ဒကာ တာဝန်ကိုယ်စီကျေကြပါရန် သတိပေးခဲ့ပြီး တာဝန်များကိုလည်း ခွဲပြခဲ့ပါသည်။ လေးနာရီထိုးခါနီးတွင် ရေစက်ချပြီးအခမ်းအနားပြီးစီးခဲ့ပါသည်။ ပြည်တော်ဦးဆရာတော်ဦးစီးသည့် ၀ါဆိုသင်္ကန်း လှူဒါန်းဆက်ကပ်ပွဲသည် အများသူငါသာဓုခေါ်စရာပွဲ ဖြစ်ပေသည်။ ပါဝင်ဆောင်ရွက်ကြသူများ အားလုံးသည် မိမိတို့ဆောင်၇ွက်ကြသော ၀ါဆိုသင်္ကန်း ဆက်ကပ်ပွဲ အပေါ်တွင် အားရကျေနပ်သော အနေအထားတွင် ရှိနေကြသည်ဟု စာရေးသူက ခန့်မှန်းမိပါသည်။ စာရေးသူအနေဖြင့်မူ ဆရာဒကာ လက်တွဲညီညီ ဆောင်ရွက်နိုင်မှုအပေါ်တွင် အားရကျေနပ်ဖြစ်မိပါသည်။ နိုင်ငံရပ်ခြားတွင် ဤကဲ့သို့ ဆောင်ရွက်နိုင်ခြင်းသည် သာမန်အောင်မြင်မှုမျိုး မဟုတ်ပေ။ အဖက်ဖက်က ပြည့်စုံသဖြင့်သာလျှင်ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်။ သာသနာပြုကုသိုလ်ကို ဆည်းပူးကြသောဆရာဒကာတို့သည် တိုက်ပွဲတွင် အောင်မြင်ကြသော သာသနာ့ အာဇာနည်စစ်သည်ကောင်းများ ချည်းဖြစ်ပါသည်။ အလှူပေးခြင်းဖြင့်ဝန်တိုမှုကိုအောင်မြင်သည်။ လုပ်ငန်းများကို အစစတွင် သည်းခံဆောင်၇ွက်တတ်သဖြင့် ဒေါသကို အောင်မြင်ကြသည်။ သူတော် လက်နက်ဖြင့် မသူတော်တို့၏ ထုံးစံကို ချေဖျက်အောင်မြင်သည်။ မှန်ကန်သောသစ္စာပေါ်တွင် ရပ်တည်ကြသဖြင့် မဂ္ဂင်ယဉ်ကိုစီးမိကြသည်။ ပြည်တော်ဦးသည် နိဗ္ဗာန်သောင်ကမ်းဟုဆိုလေသော် နိဗ္ဗာန်ခရီးစဉ်ကိုစိတ်ဝင်စားကြသော သာသနာ့စစ်သည်များ၏ အောင်ပွဲသည် လက်တစ်ကမ်းတွင်သာရှိနေပေသည်ဟု ၀မ်းသာစကားကို ရေးသားရပါသည်။

ဒေါက်တာအရှင်နန္ဒကဓမ္မဒူတကျောင်း၊ အင်ချွန်းမြို့၊

Tuesday, July 20, 2010

ပထမအကြိမ် ဝါဆိုသင်္ကန်းကပ်လှူပွဲ

အလှူတော်မှတ်တမ်း

ပင့်သံဃာ တစ်ပါးလျှင် နဝကမ္မ အလှူတော် ဝမ် ၃၀၀,၀၀၀

ဝါဆိုသင်္ကန်း အလှူရှင်များ

၁။ ကိုမြင့်ခိုင် သင်္ကန်းဒွိစုံ ၁စုံ

၂။ ကိုသက်နိုင်ဦး ။

၃။ ကိုထွန်းထွန်းအေး ။

၎။ ကိုမင်းမြတ်သူ ။

၅။ ကိုမြတ်ကိုကိုထူး ။

၆။ ကိုနေမျိုး ။

၇။ ကိုသက်ဦးမောင် ။

၈။ ကိုခင်မောင်းဝင်း ။

၉။ ကိုလှထွန်း ။

၁၀။ ကိုဇော်ဦး ။

၁၁။ ကိုဟိဏ်းလတ် ။

၁၂။ ကိုမျိုးသန်းထိုက် ။

၁၃။ ကိုဝင်းစိန် ။

၁၄။ ကိုမျိုးခိုင် ။

၁၅။ ကိုခိုင် ။

၁၆။ ကိုမျိုးညွန်.အောင် ။

၁၇။ ကိုနေဝင်းထွန်း ။

၁၈။ ကိုမျိုးဇော်ထွန်း ။

၁၉။ ကိုစိုင်းကျော် ။

၂၀။ ကိုတိုးသူရ ။

၂၁။ ကိုသက်အောင် ။

၂၂။ မိဘနှစ်ပါး အမှူးထား၍ ကိုလင်းလင်း+မဝင်းအိဖြူ ။

ကိုရီးယား အလှူရှင်များ

ရန်ကုန်ပြည်တော်ဦး ကျောင်းမတည် အလှူရှင်ဒကာမကြီး 송정숙 할머니

ဝမ် ၁,၀၀၀,၀၀၀ နှင့် အသင်းရံပုံငွေ US 600$

ရန်ကုန်ပြည်တော်ဦး ကျောင်းအလှူရှင် 김만수(현상)+홍금표(UJUKA)

US ၂၀၀$

ှဖုဆန်း ယောဂီများ ဝမ် ၃၀၀,၀၀၀

လစဉ်အလှူရှင်များ

၁။ ကိုမြင့်ခိုင် ဝမ် ၅၀,၀၀၀

၂။ ကိုလှထွန်း ဝမ် ၃၀,၀၀၀

၃။ ကိုအောင်ထင်ကျော် ဝမ် ၃၀,၀၀၀

၎။ ကိုဇော်သူရ ဝမ် ၃၀,၀၀၀

၅။ ကိုဝင်းစိန် ဝမ် ၃၀,၀၀၀

၆။ကိုစိုးသီဟ ဝမ် ၂၀,၀၀၀

၇။ ကိုရဲသီဟ ဝမ် ၁၀,၀၀၀

၈။ ကိုအောင်ဇော်လတ် ဝမ် ၁၀,၀၀၀

၉။ ကိုဇော်ဦး ဝမ် ၁၀,၀၀၀

၁၀။ ကိုလွင် ဝမ် ၁၀,၀၀၀

၁၁။ ကိုမျိုးလှိုင်ဦး ဝမ် ၁၀,၀၀၀

၁၂။ ကိုသက်လွင်ထူး ဝမ် ၁၀,၀၀၀

၁၃။ ကိုဘိုဘို ဝမ် ၁၀,၀၀၀

၁၄။ ကိုစိန်ဝင်း ဝမ် ၁၀,၀၀၀

၁၅။ ကိုလင်းလင်း+မဝင်းအိဖြူ ဝမ် ၁၀,၀၀၀

နဝကမ္မ အလှူရှင်များ

၁။ အရုဏ်နေ.ဆွမ်း ကုသိုလ်ရှင်များ ဝမ် ၁၀၀,၀၀၀

၂။ ကိုဇော်မင်းနိုင်+မဇာဇာ(မြန်မာသူကြီး) ဝမ် ၂၀၀,၀၀၀(ပင့်သံဃာတစ်ပါးလျှင် ၅၀,၀၀၀)

၃။ ကိုကျော်စိုးလင်း ဝမ် ၂၀,၀၀၀

၎။ ကိုညီ ဝမ် ၁၀,၀၀၀

၅။ ကိုစိုးပြည့်စုံ ဝမ် ၁၀,၀၀၀

၆။ ကိုကျော်လင်းထွန်း ဝမ် ၁၀,၀၀၀

၇။ ကိုသိန်းသန်းထွန်း ဝမ် ၁၀,၀၀၀

၈။ ကိုအေးမြတ်ကို ဝမ် ၁၀,၀၀၀

၉။ ကိုဆိုင် ဝမ် ၁၀,၀၀၀

၁၀။ မဖြူဖြူအောင် ဝမ် ၁၀,၀၀၀

၁၁။ မြရည်နန္ဒာအောင် ဝမ် ၅၀,၀၀၀

၁၂။ မယဉ်ပပထွန်း ဝမ် ၁၅,၀၀၀

၁၃။ ကိုအောင်သိန်း(သဘောင်္သား) US 10 $

Tuesday, July 13, 2010

ဝါဆိုသင်္ကန်းကပ်နှင့် တရားတော်နာ ဖိတ်ကြားလွှာ

ဇာဇာ (မြန်မာသူကြီး-ဖူဆန်း)

ဝါဆိုသင်္ကန်းကပ်အလှူတော် နှင့် စတုတ္ထအကြိမ်မြောက် တရားပွဲ ဖိတ်ကြားခြင်း

ကိုရီးယားရောက် ရွှေမြန်မာများအတွက် လစဉ်တတိယပတ်(တနင်္ဂနွေနေ့)တွင် ပြည်တော်ဦးဆရာတော်မှ ဦးစီး၍ တရားပွဲများကျင်းပပေးလျှက်ရှိရာ ယခုလ တတိယပတ် ဒုတိယ၀ါဆိုလဆန်း-၇ရက် (၁၈.၇.၂၀၁၀) တနင်္ဂနွေနေ့တွင် စတုတ္ထအကြိမ်သို့ပင် ရောက်ရှိလာခဲ့ပါပြီ။ သို့ဖြစ်ပါ၍ တရားချစ်ခင်၊ နှစ်သက်မြတ်နိုးကြကုန်သော တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့အား တရားတော်နာ ကြွရောက်ကြပါရန် စေတနာရှေ့ထား၍ ရိုသေစွာဖိတ်မန္တက ပြုအပ်ပါသည်။


တရားပွဲကျင်းပမည့် နေ့ရက်၊အချိန်နှင့်နေရာမှာ

တရားပွဲကျင်းပမည့် နေ့ရက်…..(၁၈.၇.၂၀၁၀)၁၃၇၂ခု၊ဒုတိယ၀ါဆိုလဆန်း၇-ရက်။
တရားပွဲကျင်းပမည့်အချိန် ……နေ့လည်-၂နာရီ။
တရားပွဲကျင်းပမည့်နေရာ ……ဖူဆန်းဗုဒ္ဓသာသနာ့အသင်းတိုက်။

တရားပွဲတွင် အဟာရကုသိုလ်ရှင်များဖြစ်ကြသော (ရှင်ဖျောင်း)မှ ကိုတင်ထွန်းလွင်နှင့် သူငယ်ချင်းတစ်စုတို့ကလည်း တရားတော်နာ ကြွရောက်ကြသော သူတော်ကောင်းတို့အား (အုန်နို့ခေါက်ဆွဲ၊ လဖ္ဘက်ရည်၊ ကျောက်ကျောတို့ဖြင့်) သဒ္ဒါတရားထက်သန်စွာ ကျွေးမွေးလှူဒါန်းလိုပါ၍ တရားချစ်ခင် သူတော်စင်များ ကြွရောက်ချီးမြှင့်ပေးကြပါရန်... မေတ္တာရှေ့ထား၍ ဖိတ်ကြားအပ်ပါသည်။

ကျွေးမွေးဧည့်ခံမည့်အချိန်….

နေ့လည်…၁၁နာရီမှ…နေ့လည်…၁နာရီထိ။

ကျွေးမွေးဧည့်ခံမည့်နေရာ….

ဖူဆန်းဗုဒ္ဓသာသနာ့အသင်းတိုက်။

Monday, July 12, 2010

ဂွမ်ဂျူးတရားပွဲ အလှူရှင်များ

ကိုနိုင်ဝင်းထွန်း စတုပစ္စယ ဒါန ဝမ် ၁၀၀၀၀၀
သင်္ကန်း တစ်စုံ

ဒကာဒကာမအများကောင်းမှု ဓမ္မပူဇာ ဝမ် ၁၂၁၅၀၀

Thursday, July 8, 2010

စတုတ္ထအကြိမ်မြောက် ဂွမ်းဂျူးတရားပွဲ

**နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော် စတုတ္ထအကြိမ်မြောက် တရားပွဲကြွရောက်ကြပါရန်....**

..ရွှေမန်မာ များအတွက် လစဉ် ဒုတိယအပတ် တနင်္ဂနွေနေ့တိုင်း ဂွမ်ဂျူးမြို.၌ တရားပွဲ ကျင်းပ ပေးလျက်ရှိရာ ယခု ဇွန်လိုင်လ (၁၁.၀၇.၂၀၁၀) ရက်၊တနင်္ဂနွေ နေ့ နံနက် ၁၁ နာရီ အချိန်တွင် ဂွမ်ဂျူးမြို့ ခီလ်ဆန်းင်ဆာ တွင် တရားသဘင် ဆင်ယင်ကျင်းပမည် ဖြစ်ပါသဖြင့် တစ်ဆင့်စကား တစ်ဆင့်နားသို့ ဆိုသည့် အတိုင်း ဖြန့်ဝေ အနုမော် သာဓု ခေါ်နိုင်အောင် နတ်လမ်းညွှန် ရန်မေတ္တာရပ်ခံပါသည်~~...။

대한불교조계종 송광사 광주 포교당 길상사

501-024 광주광역시 광산구 산정동 976-5

Tel: 062)955-4407

စုံစမ်းဆက်သွယ်ရန်

ကိုခင်လှိုင် ၀၁၀-၃၀၃၇-၁၇၉၂

ကိုရဲသီဟရွှေ ၀၁၀-၂၈၉၁-၈၂၇၀

ကိုကျော်စွာ ၀၁၀-၇၇၄၉-၂၁၀၆

ကိုစိုင်းမြတ်ထွန်း ၀၁၀-၃၉၄၄-၃၅၆၉

ရေးသူ

နန္ဒာ (ဧကမ္ဘာ)

အလှူတော် မှတ်တမ်း

. ဇွန်လ အလှူရှင်များ

... ၁။ မာဆန်း ညီအကိုများ ဝမ် ၁၀၀၀၀၀

၂။ ကိုမြင့်သူ ဝမ် ၅၀၀၀၀

၃။ ကိုပေါပေါ ဝမ် ၅၀၀၀၀

၎။ ကိုကျော်လင်း ၀မ် ၅၀၀၀၀

၅။ ကိုလှထွန်း ၀မ် ၃၀၀၀၀

၆။ ကိုအောင်ထင်ကျော် ၀မ် ၃၀၀၀၀

၇။ ကိုသန့်စင်ထွန်း+ကိုဇော်လင်းထွေး ၀မ် ၃၀၀၀၀

၈။ ကိုမင်းမင်း ၀မ် ၂၀၀၀၀

၉။ ကိုမင်းလတ် ၀မ် ၂၀၀၀၀

၁၀။ ကိုခန့်တည်ကြည် ၀မ် ၂၀၀၀၀

၁၁။ ကိုဇော်ဦး (ယန်ဆန်း) ၀မ် ၂၀၀၀၀

၁၂။ ကိုအေးမြတ်ကို ၀မ် ၂၀၀၀၀

၁၃။ ကိုရဲဝင်းဟန် ၀မ် ၂၀၀၀၀

၁၄။ ကိုညီညီ ၀မ် ၂၀၀၀၀

၁၅။ ကိုမင်းညီ ၀မ် ၂၀၀၀၀

၁၆။ ကိုညီညီမင်းထွဋ် ၀မ် ၁၀၀၀၀

၁၇။ ကိုမျိုးဇော် ၀မ် ၁၀၀၀၀

၁၈။ ကိုကျော်လင်းထွန်း ၀မ် ၁၀၀၀၀

၁၉။ ကိုသော်ဇင်ကို ၀မ် ၁၀၀၀၀

၂၀။ ကိုစိန်ဝင်း ၀မ် ၁၀၀၀၀

၂၁။ ကိုရန်ပိုင်စိုး ၀မ် ၁၀၀၀၀

ရေးသူ

နန္ဒာ(ဧကမ္ဘာ)

Tuesday, July 6, 2010

Endless way

We want because we don't know.[arising desire because of illusion].
We make effort and do whatever to fulfill our desire. [karma]
We get. [ suffering]
It's endless samsara.

Someone from Tokyo asked me

Maung Burmar December 11 at 1:35am
if i do good deed, why i can not get good thing.that is wrong thing of buddha saying. why did he liemyanmar buddhist people.understand little monk? then I answered;

then I answered;

Ashin Pandicca December 11 at 8:21pm

Someone who is too stupid to know what he or she does is good or bad.Those who are with great understanding, they know what the truth is.Born bloody fool was born with a sharpen knife in his mouthand cutting himself by it and going down to the hell.Who is responsible for that?

Power

Need no words, just to work in your heart with your whole heart.

Blood over Religion

Dear Miss , hope u are fine and happy. For me, feel sweeter my life in Korea because of your mail even though I was being blocked by the cruel winter. First and foremost, may I ask you not to highly think of me. I'm simply just an average Bhikkhu. Another one is your Eng. Especially for me, it is too smart to follow . However my poor Eng. still be a problem for me, I honestly confess you that I eagerly like to understand your real problem beneath your questions. It will no longer be covered in depth of understanding. By the way, do you think it is easy for someone to be a teacher of an elite one as yourself? Dear Miss, here is my own opinion upon your question. It will be met with your search or not. If so or not won't make me happy or sorry. I answered it not because to solve your problem (or to search neither supporter nor objection,) but because to let you know sincerely what I believe. All people are stupid unless they have attained the state of enlightenment. It is life we always stick with one or another kind of problem. Who can totally or perfectly manage our problem without attaining the state of enlightenment? So we are still be stuck.We have to, because we are not enlightened yet. What really our Lord Buddha taught is beyond the all religions.Say it as universal truth. It is totally different from what we mention as religion. So it will never come along with others in the line as one kind of religion but sometime may meet as it own of universal truth. At that rarely time what we take it as something is one and the truth is another one of its own. The truth can't be registered as ones own. We can make it as our brand with our own pleasure or thoughts but it never won't be ours. When we are really religious, there is no more problem. When we strangely be religious, everything becomes unsolved mystery. The teaching of Buddha is not to grasp anything but to learn and practice then to drop everything. If we firmly grasp something even the truth will appear as a problem among us. What we do is directly reflect upon what we intellectually know and emotionally feel.Only the great men and women of enlightened are coincide with intellectual and emotional.We are never, never unless .., =======================================================

1.Blood over Religion: People say, blood is thicker than water. When the religion comes along in the line, which one should be the first priority? --Would it be a blood over religion or the opposite? What are your personal thoughts on this, Sir?

It's individuality whether blood over religion or religion over blood or nothing. In fact, the truth is over all, regardless of race or religion. (notice your definition of religion may not probably be the same with mine)

--In other words, "is religion or should religion be part of Life? Or Life is part of religion?"

The truth is not because of we are but because of its reality. If u mean the word religion as the teaching of Buddha, that religion is not only our whole life but also beyond the life or for total freedom of life or to free from life.

--Should one go for or devote one's life for a religious reason or should one follow one's duty in blood line such as patriotism for one's country, devotion for one's own people, etc..??I guess, these are really, rather personal questions.....Would you please share your thoughts on these matters?

Everybody should go for or devote his life for his own, not for any reason nor any person.

Just to give you an idea: What if one is in a peculiar position to follow one's family religion instead of going after one's desired religion?

Lack of understanding to follow and to go, both are not so much different. Just the same as ignorance. If one surely understand the truth no more need the choice is.

(I still couldn't figure this out for myself yet......this is one of the questions I have which bothers or boggles up my mind "still" to this day. ^^;; haha...chuckles) Please, please~~ do not give me of those answers with "they're all one.....complete oneness.....or nothingness.... in harmony......etc., etc.." I am sorry and I apologize for being rude, here, Sir however, I'm really tired of hearing "unrealistic reasons and illogical patterns of thoughts for answers to my questions.I'm not trying to ask of a hard question but, I just want to know how I should manage myself to "think properly in the right manner I should think"to have the right "viewpoint or a perspective" in life. I don't know much about Buddhism for myself since I haven't been a devoted person (I'm so earrassed) for any religion yet although I'm not an atheist. ^^;; Because of our inefficiency, realistic and logical things might be risen up in the appearance of unrealistic and illogical things. Basic is needed. To have the right perspective, we must have enough knowledge or information first.2. Important question: To be really honest with you, Sir, .........I'm having a hard time in understanding Buddhism in this sense. It's just~ too~ too~ hard for me. I feel as if I'm solving one of those few, unsolvable mathematical equations out there or something. *rolling my eyes~ @-@ * ㅡ_ㅡ;; ^_^;; hahah... Ok....here's the case.....(below) If somebody was killed by someone in one's past life and, then he or she was born again (as a human). Given Condition: A -- is a person who killed B (murderer) B --- is a person who was killed by A (being murdered) What would be the case for cause and effect for this case based on the given condition in the above? If I may suggest two options in the below: (or answer could be "none of the below") When A and B are re-born in the same life and meet again. Possibility 1> A is killed by B for a revenge. So,now,B is a murderer and A is being murdered by B in this life time.B got even. Or A is killed by unknown factor, which can be a totally different person from B.......so, anyways, A gets killed in this life time for what he had done in his past life. Perhaps so or not. Possibility 2> B is killed by A "again~!" The same repetitive pattern happened in this life time. The funny thing here is that somehow(??) in next life time, B is being murdered by A repetitively one life after another. If they strongly grasp their hatred and wish to revenge then use their full energy on that matter, nobody prevent it. It's as if it's following a law of inertia or something.....It's keep going and going and going......like that of Energizer Battery commercial or something....haha ^^;; May be similar but not the same. So, basically, B gets murdered by A or another factor (ex> another person) until B is able to "Stop" the repeating pattern happening in B's life. A life lesson to learn or "master"....? If this is to be the case and this is to be the sole reason for B to be murdered life after life (mainly because of his recklessness or carelessness in dealing with everyday life matters),then it says something to everybody, I think. ---It's like a mathematical equation....? Until the given factor or given condition created by one is 100% completely eliminated, it can go on and on for the reason is being provided constantly by oneself which resides within oneself. (a bit scary for me). I am not over exaggerating here, I think. What do you think?

There is no creator nor salvation apart from ourselves, or in this case A and B. Who can say one of them never give up or forgive another one with love and wisdom. Nobody can prevent their development or descent. They are their own masters. The choice is in their hand, to stop, change or to carry on. Both possibilities are possible. Be aware of that possibility is not certainty. Nothing is certain. Who exactly knows each and every specific cause for any effect except Sabbinuta Buddha. Even in a one day time length, we do a lot of good and bad deeds. We can't guess only for that one day works of kamma. Generally there are four kinds of kamma. 1. can give its result in this very life 2.in the second life 3. in the other life 4. can't give the result in any life; losing its power. May u be feel happy and peaceful .

Monday, July 5, 2010

အသိမှန် အမြင်မှန် အယူမှန်(၂)

အသိမှန်မှ ဗုဒ္ဓဘာသာ အစစ်။ သမ္မာဒိဋ္ဌိကို သိအောင်ဖြစ်အောင် ကျင့်ကြပါစို.လို. တိုက်တွန်းခဲ့ပါတယ်။ သိဖို.အရေးမှာ အထောက်အကူဖြစ်ဖို. အခြေခံ အယူအဆလေးတွေကို ဝေမျှပေးပါရစေ။ သုတမယအနေနဲ. ယူထားပြီး ဘဝစာမျက်နှာထဲမှာ နာနာဖတ် စိန္တာမယဉာဏ်ဖြစ်ကြပါစေ။ ခန္ဓာ စာမျက်နှာထဲမှာ အခါမလပ် တရားမှတ်၍ ဘာဝနမယ ဝိပဿနာဉာဏ် သမ္မာဒိဋ္ဌိ ဖြစ်ကြပါစေ။ ဉာဏ်စဉ် အဆင့်ဆင့် ရင့်သည်ထက်ရင့်၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် လောကုတ္တရာတိုင်အောင်သော သမ္မာဒိဋ္ဌိ အသိမှန် အမြင်မှန်များကို သိကြ မြင်ကြ ငြိမ်းအေးချမ်းသာကြပါစေ။

အသိမှန် အမြင်မှန် အယူမှန်ကို ၃မျိုးခွဲပြတာရှိသလို ၅မျိုးခွဲပြီး ရှင်းတာလည်း ရှိပါတယ်။ ဒီမှာတော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ဝိပဿနာ သမ္မာဒိဋ္ဌိ နဲ. လောကုတ္တရာ သမ္မဒိဋ္ဌိလို. ၃မျိုး ခွဲပြောချင်ပါတယ်။ မြန်မာစကားနဲ. လွယ်လွယ်ပြောမယ်ဆိုရင်

၁။ လောကနဲ. ဘဝကို ကြောင်းကျိုးဆက်စပ်မှု ကံအမြင်နဲ.သိတာရယ်၊

၂။ လောကနဲ. ဘဝကို ဖြစ်ပျက်မပြတ် ပြောင်းလဲနေတဲ့ ဓမ္မစစ် သဘာဝအမြင်နဲ. သိတာရယ်၊

၃။ လောကနဲ. ဘဝကနေ လွန်မြောက်မှု လွတ်မြောက်မှုကို သိတာရယ် ၃မျိုးပေါ့။

၁။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ

ကံကံရဲ.အကျိုးကို ယုံတယ်လို. ပြောတဲ့အခါ ကံနဲ. ကံရဲ.အကျိုး ၂ခုကိုပြောတာလို. ခွဲခြားပြီး သိရမယ်။ အကြောင်းကံနဲ. အဲဒီ ကံအကြောင်းခံပြီး ဖြစ်လာတဲ့ အကျိုးတရားတွေပေါ့။ ပါဠိလိုတော့ ကမ္မ၊ ကမ္မဖလလို. ပြောပါတယ်။ အဲဒီ ကံနဲ. ကံရဲ. အကျိုးကို ယုံတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိကို နားလည်ဖို. ကံကံရဲ. အကျိုးကို ပစ်ပယ်တဲ့ မယုံတဲ့ မိစ္ဆာဒိဋ္ဌိကနေ စပြောချင်ပါတယ်။

(က) ပုဗ္ဗေကတ ဟေတုဒိဋ္ဌိ

ပုဗ္ဗေကတ-ရှေးက ပြုခဲ့တဲ့ကံ၊ ဟေတု-အကြောင်း၊ ဒိဋ္ဌိ-သိမြင်ယူဆမှု။

ဒီအယူက ကံကံရဲ. အကျိုးကို ယုံသော်လည်းပဲ မိစ္ဆာဒိဋ္ဌိဖြစ်ပါတယ်။ အတိတ်ကံကိုပဲ သိမြင်ယုံကြည်ပြီး ပစ္စုပ္ပန်ကံကို မသိမမြင်မယူပဲ ပစ်ပယ်လို. တစ်ခြမ်းပဲ့ဖြစ်နေလို.ပါ။ ဗုဒ္ဓဘာသာဝင် အမည်ခံ မိရိုးဘလာ တော်တော်များများလည်း ဒီ မိစ္ဆာဒိဋ္ဌိကနေ မလွတ်တာတွေ.ရပါတယ်။ လောကနဲ. ဘဝမှာ ကြုံရသမျှ ဖြစ်သမျှ အကောင်း အဆိုးမှန်သမျှကို ကံပေါ်ချည်း ပုံချတဲ့ အယူ။ "ကံကောင်းလိုက်တာ" "ကံဆိုးလိုက်တာ" "ကံ~ ကို မကောင်းဘူး" ဆိုတဲ့ စကားမျိုးတွေမှာ (ပစ္စုပ္ပန်မှာ ဉာဏ်ရှိရှိနဲ. ကြိုးစားမှု / ဉာဏ်တုံးတုံးနဲ. အပျင်းကြီးမှု ပယောဂ သမ္ပတ္တိ/ဝိပ္ပတ္တိ ဆိုတာတွေကို ထည့်မတွက်ပဲ ပြောတာဆိုရင်) အခုပြောနေတဲ့ ပုဗ္ဗေကတဟေတု မိစ္ဆာဒိဋ္ဌိသံ နည်းနည်း ပါနေတတ်ပါတယ်။
ဘာသာရေး နိုင်ငံရေး စီးပွားရေး ကြီးပွားရေး လူမှုရေး ပုဂ္ဂိုလ်ရေး ဘာပဲဖြစ်ဖြစ် ဟောဒီလောကကြီှးမှာ ဖြစ်နေတာတွေ အားလုံးကို အတိတ်ကံပေါ်ချည်း ပုံချပြီး ပစ္စုပ္ပန်မှာ အကြံဉာဏ်ထုတ်ပြီး ကြိုးစားလုပ်ရမယ့် မိမိရဲ. ပစ္စုပ္ပန်ကံ အလုပ် ချွတ်ယွင်းချက်ရှိနေတာကို မသိ မမြင် မယူရင် သမ္မာဒိဋ္ဌိမဖြစ်ပါ။

ဝဉ္စနာ-လှည့်စားတတ်သော တရားများ ဆိုတာရှိပါတယ်။ ရာဂက မေတ္တာ ယောင်ဆောင်တတ်သည် ဆိုတာမျိုးပေါ့။ ဘုန်းကြီးတို.လူမျိုးတွေမှာ အဲဒီ လှည့်စားမှု ပြဿနာကလည်း သမ္မာဒိဋ္ဌိဖြစ်ဖို. ခက်အောင် ကန့်လန့်ခံထားသလိုဖြစ်နေတယ်လို. မြင်မိပါတယ်။

(သူရဲဘောကြောင်တာ) ကြောက်တာနဲ. သည်းခံတာကို ရောပြီး ရီးတီးယောင်တောင်ဖြစ်လာတယ်။ မှားတာရော မှန်တာရော ကောင်းတာရော မကောင်းတာရော တရားတာရော မတရားတာရော အကုန် ခေါင်းငုံ.ခံတဲ့ အကျင့်ပါလာတယ်။ နောက်ဆုံးတော့ လူကိုလူလို ဆက်ဆံမခံရတဲ့ ဘဝ လူစာရင်း အသွင်းမခံရတဲ့ ဘဝရောက်အောင် ကိုယ့်ကိုယ်ကို တွန်းပို.လိုက်သလို ဖြစ်ခဲ့ရပါတယ်။ တစ်နိုင်ငံလုံး ဖြစ်ပျက်နေတာ ကြည့်ပါဦး။ ပြည်သူ.ဝန်ထမ်းဆိုသူတွေက ပြည်သူတွေကို လူစာရင်းမသွင်းဘူး။ လူတစ်ယောက်အနေနဲ. လေးစားမှုမပေးဘူး။ လူကိုလူလို မဆက်ဆံတော့ လူ.ဂုဏ်အဆင့် အတန်း ပျက်တာပေါ့။ လူ.အသရေဖျက်တဲ့ သူတို.ကိုယ်တိုင်လည်း ဘယ်လောက် အောက်တန်းကျတဲ့သူ ဖြစ်သွားလဲ။ မသိကြလို.ပါ။ သိရင် လုပ်ချင်စိတ် ရှိမှာ မဟုတ်ဘူး။ သူတို.ရဲ. အထက်ကလူတွေကလည်း သူတို.အပေါ် အဲဒီလိုပဲ သဘောထားတာပဲ။ နောက်ဆုံးတော့ ကြီးနိုင်ငယ်ညှင်းနဲ. တိရိစ္ဆန်လောကကြီးနဲ. တူတူလာပါ တော့တယ်။ ဒါတင်မကသေးဘူး။ ပြည်တွင်းကနေ ပြည်ပထွက်တော့ မြန်မာ နိုင်ငံကူး လက်မှတ်မြင်လိုက်တာနဲ. မျက်နှာပေးပြောင်းပြီး ဘေးချ ခံရ လူကိုလူလို ဆက်ဆံ မခံရတဲ့ အထိ ဖြစ်လာရပါတယ်။ ဘယ်သူ. ဘယ်သူကိုမှ အပြစ်ပြောချင်တာ အပြစ်တင်တာ မဟုတ်ပါဘူး။ ဒီအမှား ဝင်္ကပါထဲမှာ ကိုယ်လည်း ဝင်ပါ ~ချာချာလည်နေရတာပါ။ ဖြစ်နေတဲ့သဘောအမှန်ကို အကြောင်းအကျိုး ဆက်စပ် ကံအမြင်နဲ. ဟပ်ကြည့်ချင် တာပါ။

တကယ်တော့ သည်းခံရမယ်ဆိုတာ "မှားတာ မတရားတာကို" "မှားတယ် မတရားဘူး"လို. မပြောဘဲ ခေါင်းငုံ.ခံရမှာ မဟုတ်ပါဘူး။ မှားကြောင်း မတရားကြောင်းကို သတ္တိရှိရှိ မေတ္တာနဲ. ပြောရမှာပါ။ မတိုက်ခိုက်ဖို. မမုန်းဖို. အာဃာတ မပွားဖို. အရေးကြီတာပါ။ မတရားတာကို ဆန်.ကျင်တာ တရားကို ကာကွယ် စောင့်ရှောက်ရာ ရောက်ပါတယ်။ တရားကို ကာကွယ်ဖို. လူသားအားလုံးမှာ တာဝန်ရှိပါတယ်။ အဲဒီအတွက် ကိုယ်ကျိုး ပျက်စရာရှိလည်း အနစ်နာခံရဲရမှာပဲ။ တရားအတွက် အနစ်နာခံရဲတာ အာဇာနည်တွေရဲ. အလုပ် မဟုတ်လား။ ဘုရားအလောင်း သူတော်ကောင်းကြီးတွေရဲ. လမ်းစဉ် မဟုတ်လား။ မမှန်ကန် မမျှတမှုကို ဆန့်ကျင်ဖို. တရားကို ကာကွယ်ဖို. တာဝန်သိတဲ့သူ တာဝန်ယူတဲ့လူ နည်းလို. အခုလို လက်ရှိ အခြေအနေမျိုး ရောက်သွားရတာပါ။ မတရားတာကို ငုံ.ခံတဲ.လူများလို. မတရား လုပ်လို.ရတာပါ။ မခံတဲ့လူများရင် လုပ်လို.မရပါဘူး။ အဲဒီလိုဆိုရင် မတရားလုပ်လို. မရတဲ့ လူကိုလူလို တန်ဖိုးထားတဲ့ လူ.အဖွဲ.အစည်း ဖြစ်လာမှာ သေချာပါတယ်။ ဂုဏ်အသရေရှိတဲ့ လူ.အသိုင်းအဝို်င်း စနစ် လူ.အဖွဲ.အစည်းဆိုတာ အိပ်မက် မဟုတ်ပါဘူး။ ဒီကမ္ဘာမြေပေါ်မှာ တကယ်ထွန်းကားနေပါပြီ။ တကယ်ရှိနေ ပါတယ်။ အဲဒီလို လူ.ပီသတဲ့ လူတွေနေတဲ့ လူ.အဖွဲ.အစည်း ဖြစ်ပေါ်လာဖို. အနစ်နာခံခဲ့ရတဲ့ အာဇာနည်တွေ ရှိတယ်ဆိုတာကတော့ အသေအချာပေါ့။ အလကားတော့ ရမှာမဟုတ်ဘူး။ တန်ရာတန်ကြေး ပေးရပါလိမ့်မယ်။ ပစ္စုပ္ပန်မှာ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို. ချွတ်ယွင်းနေတာကို မသိ မမြင် မယူဘဲ လက်ရှိဖြစ်ပျက်နေသမျှ အတွက် "တို.နိုင်ငံနဲ. တို.လူမျိုး ကံကိုဆိုးပါတယ်"ဆိုရင် မိစ္ဆာဒိဋ္ဌိ ဖြစ်နိုင်ပါတယ်။

ကံတခြမ်းပဲ့ မိစ္ဆာဒိဋ္ဌိဘဝက ထွက် ပစ္စုပ္ပန်ကံအလုပ် လုပ်သင့်ရာလုပ်မှ သမ္မာဒိဋ္ဌိ မှန်တဲ့ အသိဖြစ်လိမ့်မယ်။ သမိုင်းပေးတာဝန်ကြေရာရောက်တယ်။ ကြောက်တာနဲ. သည်းခံတာ ရောမချကြပဲ ကွဲကွဲပြားပြား လုပ်ကြပါစို.။ ကြောက်တော့ ကြောက်တာပေါ့။ အကြောက်တရားကို ကြိုးစားပယ်ရှားပြီး သတ္တိကလေးမွေး မတရားမှုကို ဆန့်ကျင် တရားကို ကာကွယ်ရင် တို.အနာဂါတ် ဂုဏ်အသရေရှိတဲ့ လူ.အဖွဲ.အစည်းခေတ်ကောင်း မနက် အရုဏ်တက်ပြီ။ မတရားမှု အမှောင်ဆိုး သန်းခေါင်ထက် တိုး မှောင်နိုင်ရိုးလား။

ပျင်းတာနဲ. ရောင့်ရဲတာ ရောပုံ။ အစွမ်းအစနည်းတာနဲ. သံဝေဂရတာ ရောပုံကို ရေ့ဆက်ရေးမယ့် အပိုင်း(၃)မှာ ဆက်လက်တင်ပြပါရစေ။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More