ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ pyidawoo: သတင်း

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Saturday, June 22, 2013

ကိုရီးယားနိုင်ငံ ဘူဆန်ဆရာတော် အရှင်ပဏ္ဍိစ္စ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဘူဂယောင်း တက္ကသိုလ် နှင့် ဓမ္မယာန မဇ္ဈိမယာန အဖွဲ့တို့မှ ပူးပေါင်းကာ ကိုရီးယားဘာသာစကားသင်တန်းများဖွင့်လှစ်ပေးမည်


ကိုရီးယားနိုင်ငံ ဘူဆန်ဆရာတော် အရှင်ပဏ္ဍိစ္စ၏ ဆောင်ရွက်မှုဖြင့် ဘူဂယောင်း တက္ကသိုလ် နှင့် ဓမ္မယာန မဇ္ဈိမယာန အဖွဲ့တို့မှ ပူးပေါင်းကာ 
(၁)ကိုရီးယား ဘာသာစကားသင်တန်း အခြေခံ 
(၂)ကိုရီးယား စကားပြော/အရေး/အဖတ် သင်တန်းများ
(၃)ကိုရီးယား ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ (TOPIK) မေးခွန်းဟောင်း သင်တန်း များကို သင်ကြားပေးသွားပါမည်။

တက်ရောက်မည့် ကျောင်းသားများ၏ အရည်အချင်းအလိုက် အတန်းခွဲနိုင်ရန် Korea Level Test စာမေးပွဲများ ဖြေဆိုကြရပါမည်။ သင်တန်းများကို ဇွန်လ (၃၀) ရက်နေ့တွင် စတင်တက်ရောက်ကြမည်ဖြစ်ပါသည်။

သင်ကြားပေးမည့် ဆရာများမှ ကိုရီးယားဘာသာစကား မဟာတန်းများတွင် တက်ရောက်နေသော ဆရာမ ဒေါ်ခင်သူဇာ ၊ ဆရာမ ဒေါ်လဲ့ရည်ထွန်း ၊ ဆရာမ ဒေါ်ငွေကြည်မျိုးနိုင် ၊ ဆရာမ ဒေါ်ထက်မြက် နှင့် ကိုရီးယား ဆရာ/မ များမှ လည်း ပူးပေါင်း သင်ကြားပေးမည် ဖြစ်ပါသည်။

သင်တန်းအချိန်များနှင့် နေရာများမှာဂမ်ဟဲမြို့ရှိ 
ဓမ္မယာန အသင်း၏  ရွှေအလင်းတန်းစာကြည်တိုက် တွင် နေ့လည် (၁၂း၀၀)နာရီ မှ ညနေ(၃း၀၀)နာရီအထိ နှင့် ဆာဆန်ရှိ ဓမ္မယာန အသင်းတွင် နေ့လည် (၁း၀၀) မှ ညနေ (၄း၀၀)အထိ အဆိုပါနေရာများတွင် မြန်မာဆရာမများမှ ၁ နာရီခွဲ ၊ ကိုရီးယားဆရာ/မ များမှ ၁နာရီခွဲ တစ်ချိန်လျှင် (၃) နာရီ ကြာသင်ကြားပေးမည်။

အဆိုပါသင်တန်းများသို့ တက်ရောက်လိုသူများသည် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေး တက်ရောက်နိုင်ကြပါသည်။
၁။ ဆရာမ ဒေါ်ခင်သူဇာ ( 010-5756-5641 )
၂။ ဆရာမ ဒေါ်လဲ့ရည်ထွန်း ( 010-8456-5642 )
၃။ ဆရာမ ဒေါ်ငွေကြည်မျိုးနိုင် ( 010-5925-5540 )
၎။ ဆရာမ ဒေါ်ထက်မြက် ( 010-4694-7154 )

သင်တန်းပြီးဆုံးသွားပါက စာမေးပွဲများ ဖြေဆိုကြရပါမည်။ အဆိုပါ စာမေးပွဲကို အောင်မြင်သူများသည် ဘူဂယောင်တက္ကသိုလ်မှပေးအပ်သော ကိုရီးယားဘာသာစကား ကျွမ်းကျင်မှု အသိအမှတ်ပြု အောင်လက်မှတ်များကို ရရှိမည် ဖြစ်ပါသည်။ သင်တန်းကာလအတွင် ကျောင်းခေါ်ချိန် ၄၀% မပြည့်သော ကျောင်းသားများသည် နောက်ထပ်ဖွင့်လှစ်မည့် အတန်းများတွင် တက်ရောက်ခွင့်များ မရရှိနိုင်ကြောင်း သိရှိရပါသည်။




Tuesday, April 24, 2012

ကိုးရီးယားမှာ ပညာရှာ

... ပညာသင်ဆုရ ကျောင်းသား ၄ယောက်

...ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။ ကိုရဲသီဟမခင်သူဇာမခိုင်စုကြွယ်နဲ. မလဲ့ရည်ထွန်းတို.ပါပဲ။
လဲ့ရည်ထွန်း ကလွဲရင် ကျန်သုံးယောက်လုံးက ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်ကနေ ကိုရီးယား ဘာသာနဲ. ဘွဲ.ရခဲ့ကြသူတွေပါ။ လဲ့ရည်ထွန်းကတော့ အင်္ဂလိပ်စာမေဂျာနဲ. ဒဂုံတက္ကသိုလ်ထွက်ပါ။ ငယ်မွေး ခြံပေါက်ဆိုလည်း မမှားပါဘူး။ ရန်ကုန် စန်းမြသီတာရိပ်သာယောဂီဖြစ်တဲ့အပြင် ကိုရီးယားဘာသာကို ပြည်တော်ဦး မြန်မာ-ကိုရီးယားလူငယ်ဖွံ.ဖြိုးရေးကျောင်း ကိုရီးယားဘာသာစကားသင်တန်းမှာ ဆရာဇော်မြင့် ဆီကနေ စတင်သင်ယူခဲ့ပြီး ဒီကိုမလာခင်အထိ ပြည်တော်ဦးမှာ ဆရာမအဖြစ် သင်ကြားရေးတာဝန် ယူခဲ့လို.ပါ။ KOICA က ကျင်းပပေးတဲ့ ကိုရီးယား စကားပြောပြိုင်ပွဲမှာလည်း ပထမဆု ရခဲ့သူပါ။ ဒါ့အပြင် ဒီမှာ စကောလာ ရဖို. TOPIK လယ်ဗယ်4 လိုတယ်ဆိုတော့လည်း ၆လအတွင်း ဖြေဆိုအောင်မြင်ခဲ့ပါတယ်။ ဂျပန်နဲ.တရုတ ဘာသာစကားလည်း အထိုက်အလျောက် ရပါသေးတယ်။ ဆိုတော့ တော်တော်ကြိုးစားတဲ့ ကလေးမလေးပါပဲ။ ဒီလို ကလေးမျိုးတွေကို ကူညီခွင့်ရခဲ့တဲ့ အတွက် အင်မတန် ကြည်နူးပီတိဖြစ်ရပါတယ်။
ရဲသီဟ ဆိုလည်း သူ.ကျောင်းနေဘက် (ပြည်တော်ဦးကိုရီးယားသင်တန်းဆရာ) ဇော်မြင့်နဲ.အောင်ကိုလတ် တို. ဘုန်းကြီးရဲ. ရန်ကုန် စန်းမြသီတာမဟာစည်ရိပ်သာမှာ ရဟန်းခံတရားအားထုတ်စဉ်ကတည်းက သိကျွမ်း ခဲ့ပြီး ပြည်တော်ဦး ကိုရီးယား သင်တန်းမှာလည်း သူရဲ. ဂျီးန်ဆော်င်း ကိုရီးယားဘာသာစကားစာအုပ် များကို လာရောက် ထောက်ပံ့လှူဒါန်းခဲ့သူပါ။ နောက် ကိုရီးယားမှာ အလုပ်လုပ်ဖို. ရောက်လာပြီး ဂွမ်းဂျူး လစဉ် တရားပွဲစတဲ့ ဘုန်းကြီးရဲ.သာသနာပြုလုပ်ငန်းတွေမှာ တတပ်တအား ပါဝင်ခဲ့သူပါ။ အလုပ်သမားအဖြစ်နဲ.နေတာထက် ပညာရေးလိုင်းကိုပဲ လိုက်သင့်ပါတယ်လို. သူ.ရဲ.စရိုက်နဲ. စာပေအရေးအသား သုတေသန လက်စလက်နကိုသိနေတဲ့ ဘုန်းကြီးကပဲ တိုက်တွန်းပြီး ကျောင်းတက်ခိုင်းခဲ့ပါတယ်။ အခုတော့ သူ.ကို လူမှန်နေရာမှန်မှာ တွေ.ရလို. စိတ်ချမ်းသာပါတယ်။

ခင်သူဇာ ကလည်း (ပြည်တော်ဦးကိုရီးယားသင်တန်းဆရာ) ဇော်မြင့်၊ ရဲသီဟ၊ အောင်ကိုလတ်တို.နဲ. ကျောင်းနေဖက်ဖြစ်တဲ့အပြင် မဟာစည်ရိပ်သာကြီးမှာ ဆရာဇော်မြင့် မလုပ်နိုင်တော့တဲ့နောက်ပိုင်း ဇော်မြင့်ရဲ. မိတ်ဆက်ပေးမှုနဲ.ပဲ ကမ္မဋ္ဌာနာစရိယ ဆရာတော်ဘုရားများ ကိုရီးယားရဟန်းရှင်လူ ယောဂီတွေကို တရားဟော/ပြရာမှာ ဘာသာပြန်အဖြစ် ဒီကို မလာခင်အထိ ဆောင်ရွက်ပေးခဲ့တဲ့ သူပါ။ အဲဒီအချက်တစ်ခုတည်းနဲ.ပဲ ကိုရိးယားမှာ လာရောက်ပညာသင်ခွင့်ရအောင် အကူအညီပေးသင့်တယ်လို. မြင်ပါတယ်။ မိမိတို.တတ်မြောက်တဲ့ပညာနဲ. သာသနာ အကျိုး သယ်ပိုးခဲ့တဲ့သူတွေကို ဂုဏ်ပြုခွင့်ရလို. အင်မတန် အားရကြေနပ်ပါတယ်။ခိုင်စုကြွယ် ဆိုတဲ့ ကလေးမလေးကလည်း သူ.ကံနဲ.သူပါပဲ။ ကျောင်းသား လေးယောက် ပညာသင်ဆု ရမှာကို အရင်လျာထားတဲ့သူတွေ အကြောင်းအမျိုးမျိုးနဲ. အဆင်မပြေဘဲ တစ်ယောက်လိုနေပါတယ်။ သူ.အတွက် သက်သက်ချန်ပေးထား သလိုပါပဲ။ သူက ကိုရီးယားဘာသာနဲ.ဘွဲ.ရ TOPIK လယ်ဗယ်၎အောင်ပြီး အဆင်သင့်ဖြစ်နေတဲ့အပြင် ကျောင်းလျှောက်တဲ့ စာရွက်စာတမ်းတွေကိုလည်း ကပ်သီးကပ်သပ် အချိန်တိုလေး အတွင်းမှာပဲ အချိန်မီ ပြီးအောင်လုပ်နိုင်ခဲ့ပါတယ်။
တကယ်တော့ ဒီပညာသင်ဆုကို ပြည်တော်ဦးက ကိုရီးယားဘာသာ သင်တန်းဆရာတွေအတွက် သီးသန်.စီစဉ်ပေးတာပါ။ ဆရာဇော်မြင့်က သူ.ကိုယ်ပိုင် သင်တန်းမှာ ကျောင်းသား တအားများနေတဲ့အတွက် ဒီကိုလာ ကျောင်းတက်ဖို. အစီအစဉ် ဖျက်လိုက်ရပါတယ်။ ဆရာကျော်ဇံဝင်းနဲ. ဇာရည်နွယ်က TOPIK လယ်ဗယ်၎ အဆင်သင့် မဖြစ်သေး။ ဖြူသွယ်ထွန်းညီမ မေသွယ်ထွန်းက ဖခင် ကျန်းမာရေးကြောင့်ပျက်ဆိုတော့ ကံနဲ.လူ မပူနဲ. ဆိုတာလို ခိုင်စုကြွယ်အတွက် သီးသန်. တယောက်စာ ချန်ထားပေးသလိုပါပဲ။ ဒီကလေးမလည်း ထက်ထက် မြက်မြက်နဲ. လုပ်ရည်ကိုင်ရည်ရှိသူပါ။ သူတို.လေးတွေ ပြည်ပမှာ ပညာသင်ပြီး ပြန်သွားရင် အမိမြန်မာပြည်အတွက် တအားတက်စရာ ကောင်းတဲ့သူတွေ မုချ ဖြစ်မယ်လို. ယုံကြည်ပါတယ်။
အခု သင်္ကြန်ပိတ်ရက်မှာ ဇော်မြင့်တို. အောင်ကိုလတ်တို. ကိုရီးယားကို အလည် ရောက်လာခဲ့ကြပါတယ်။ ဇော်မြင့်ကိုတော့ ဘုန်းကြီးကပဲ လာဖို. စီစဉ်ပေးတာပါ။ အလုပ်သမားဝန်းကြီးဋ္ဌာနကနေ အလုပ်သမား အားလုံးကို ကိုရီးယားမထွက်ခင် အနီးကပ် ၇ရက်သင်တန်းပေးရာမှာ ဆရာဇော်မြင့်တို. သင်ပေးရပါတယ်။ ကိုရီးယားကို လာမယ့်သူအားလုံးကို လာခါနီးမှာ သင်ကြားခွင့်ရမယ့် အဲဒီလို ဆရာတစ်ယောက်အနေနဲ. ကိုရိးယားကို ရောက်ကိုရောက်ဖူးသင့်တယ်။ ဒီက အလုပ်ရှင် အလုပ်သမား စက်ရုံ အနေအထား ဥပဒေများ အပြင် ယဉ်ကျေးမှု လူနေမှု ဘဝစသည်များကို ကိုယ်တိုင်မြင်တွေ.ခံစားပြီး သင်ကြားပို.ချပေးနိုင်ရင် ဒီကို လာမယ့်သူတွေအတွက် အလွန်အထောက်အကူ ဖြစ်မယ်လို. ယုံကြည်လို.ပါ။ နောက် မဟာစည်ရိပ်သာကြီးနဲ. ပြည်တော်ဦး လူငယ်ဖွံ.ဖြိုးရေးကျောင်းတွေမှာ ဆောင်ရွက်ခဲ့တဲ့/ဆောင်ရွက်ဆဲ သူ.ရဲ. ပရဟိတ ပညာဒါန လုပ်ငန်းများကို ဂုဏ်ပြုချင်တာပါ။ ဒီစာရေးသားနေချိန်မှာ ဇော်မြင့်တစ်ယောက် ဂျဲဂျူးကျွန်း ရောက်နေလို. ကိုရီးယားရဲ. အလှဆုံးကျွန်းမှာ အလှဆုံးရာသီရဲ. အလှတရားများကို တဝကြီး ခံစား အနားယူနို်င်ပါစေလို. ဆန္ဒမွန်ပြုလိုက်ပါတယ်။
အခုလို ကိုရီးယားမှာ ဇော်မြင့် ရဲသီဟ အောင်ကိုလတ်နဲ. ခင်သူဇာတို.ကို တွေ.ရတော့ သူတို.တွေရဲ. ကျောင်းနေဘက် ဒီမှာ အလုပ်လုပ်နေကြတဲ့ ကျော်လှိုင်ထွန်းတို. ထွန်းဝင်းတို. မြန်မာသံရုံးက ခင်လေးတို.ကိုလည်း သွားသတိရ ပါတယ်။ ကိုရီးယားဘာသာစကားနဲ. အတူဘွဲ.ရခဲ့ကြတဲ့ သူငယ်ချင်းတစ်စု အခုလို အကြောင်းကိုယ်စီနဲ. ကိုးရိးယားကို ရောက်လာကြမယ်လို. လွန်ခဲ့တဲ့ လေးငါး ဆယ်နှစ်က သူတို. ဘယ်သူမှ တွေးမိမယ်မထင်ဘူး။ ဒီလိုပဲ နောက် လေးငါး ဆယ်နှစ်မှာရော သူတို.တွေ ဘယ်တွေရောက် ဘာတွေဖြစ်ပြီး ဘာတွေ လုပ်နေကြ မလဲဆိုတာ တွေးမိကြမယ် မထင်ဘူး။ အားလုံးပဲ လောကီလောကုတ္တရာအကျိုး အမျိုး ဘာသာသာသာနာအကျိုး သယ်ပိုးနိုင်တဲ့သူတွေ ဖြစ်ကြပါစေလို. ဆန္ဒပြုရင်း ဒီ ပညာသင်ဆု ပညာပါရမီ အမှု အတွက် မုဒိတာစကားကို နိဂုံးချုပ်လိုက်ပါတယ်။

Sunday, March 25, 2012

တက္ကသိုလ် ဓမ္မသဘင်(ကိုရီးယား)

... Pukyong National Universety တက္ကသိုလ် ဓမ္မသဘင်(ကိုရီးယား)
.

Saturday, March 10, 2012

ကိုရီယားစကားပြောသင်တန်း အပတ်စဉ် ၁၊




















ကင်မ်ဟဲ ကိုရီယားစာသင်တန်း ပထမ ခြေလှမ်း အောင်ပွဲ



ကင်မ်ဟဲ မဇ္ဈိမယာန ရုံးခန်းနှင့် ရွှေအလင်းတန်း စာကြည့်တိုက်တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အခမဲ့ သင်ကြားပေးနေသော ကိုရီယားစကားပြောသင်တန်း အပတ်စဉ် ၁၊ (၃လ) သင်တန်းကို အောင်မြင်စွာ သင်ကြားပြီးစီး၍ သင်တန်းပြီးမြောက်ကြောင်း လက်မှတ် ပေးအပ်ပွဲကို (၄-၃-၁၂) တနင်္ဂနွေနေ.မှာ ကျင်းပနိုင်ခဲ့ပါတယ်။ သင်တန်းဆရာ အဖြစ် ဘူဆန်းမြို့၊ ဘူဂယောင်းတက္ကသိုလ်တွင် ကိုရီးယာစာ၊ ဘာသာဗေဒ အထူးပြုဖြင့် မဟာဝိဇ္ဇာတန်း တက်ရောက်နေသော ကိုလှမင်းထွန်းက တာဝန်ယူခဲ့ပြီး၊ ဘူဆန်း နိုင်ငံခြားသားကူညီမှုအဖွဲ့(이주민과함께)မှ အကြီးအကဲဖြစ်သော 정귀순 ဆရာမနှင့် အတူ သင်တန်းစတင်ခဲ့ပါတယ်။ သင်တန်း တ၀က်လောက်တွင် ဘူဂယောင် တက္ကသိုလ်၊ ကိုရီယားစာပေ အထူးပြုဖြင့် Ph.Dတန်းတက်ရောက်နေသော 박산향 ဆရာမမှ အားဖြည့်၍ လာရောက် သင်ကြားပေးသဖြင့် သင်တန်းဆရာ ၃ဦးဖြင့် အင်ပြည့်အားပြည့် ပို.ချခဲ့ပါတယ်။
၂၀၁၁ခုနှစ် ၁၁လပိုင်း ၂၇ ရက်နေ့မှ စတင်၍ ကိုရီယားစကားပြောသင်တန်း အခြေခံ အဆင့် ၁ နှင့် ၂ အား သင်တန်းသား ၂၁ဦးဖြင့် ဖွင့်လှစ်ခဲ့တာပါ။ အဆင့် ၁ တွင် ၁၁ဦး၊ အဆင့် ၂ တွင် ၁၀ဦးဖြင့် တက်ရောက်ခဲ့တာပါ။ စုစုပေါင်း သင်တန်းကြာချိန်မှာ ၁၅ ပတ်ဖြစ် သော်လည်း ၁လပိုင်း ၁ရက်နေ့နှင့် ကိုရီယားနှစ်သစ်ကူးနေ့များတွင် ပိတ်သဖြင့် စာသင်ချိန်မှာ ၁၃ပတ်သာ ရရှိခဲ့ပါတယ်။ တစ်ပတ်လျှင် စာသင်ချိန် ၂နာရီ့ ဖြစ်သဖြင့် အားလုံး ၂၆ နာရီသာ သင်ကြားနိုင်ခဲ့တာပါ။
သင်တန်းမှာ အစဖြစ်၍ လှစ်ဟာမှုများ မပြည့်စုံမှုများ ရှိနေသေးသော်လည်း သင်ယူသော ကျောင်းသားများ၏ ကြိုးစားမှု၊ ဆရာ/မ များ၏ စေတနာ၊ ဘူဆန်း ပြည်တော်ဦးဆရာတော်၏ ပံပိုးအားပေးမှုများကြောင့် ယခုလို သင်တန်းဟာ အထမြောက် အောင်မြင်နိုင်ခဲ့ခြင်းပါ။ အဓိက ဘေးက ကူညီနေကြတဲ့ စာကြည့်တိုက် အဖွဲသားများရဲ့ ပံပိုးမှုကြောင့်လည်း ပါပါတယ်။ ဆောင်းတွင်း ချမ်းချမ်းအေးအေးမှာ သင်တန်းသားများနှင့် ဆရာ/မများ နွေးထွေးစေရန် အပတ်စဉ်လာရောက်၍ ဟီတာကို ကြိုတင်ဖွင့်ပေးတတ်သော ကိုဇော်ဝင်ထွန်း၊ ၊ သန့်ရှင်းရေးကအစ လိုက်လုပ်တတ်သော အသင်းဥက္ကဌ ဦးလှထွန်း၊ ကိုခိုင်နှင့် ကိုမင်းလတ်စသည့် အဘက်ဘက်မှ ၀ိုင်းဝန်းကူညီကြသော သူများ ရှိနေခြင်းကြောင့်ပါ။ တကယ်တော့ သင်တန်းသင်တန်းဆင်းပွဲမှာ ဆရာတော် မိန့်ကြားခဲ့သလို “စာတတ်တာ မတတ်တာထက်၊ ငါ လုပ်လို့ရတယ်၊ လုပ်နိုင်ခဲ့တယ်” ဆိုတဲ့ စိတ်ဓါတ်လေး မျိုးစေ့ကျသွားဖို့ပါပဲ။ ဒါမှ နောင်ဆိုရင်လည်း အလွယ်တကူ ဒီလိုသင်တန်းမျိုးကို တက်ဖို့ ၀န်မလေးတော့သလို၊ ပရဟိတ လုပ်ငန်းတစ်ခုကို ကူညီလုပ်ကိုင်ဖို့လည်း နှောင့်နေးတာတွေ နည်းသွားမှာပါ။
တကယ်တော့ သင်တန်းချိန်ဟာနည်းသလို ကျောင်းသာ တွေထဲမှာလည်း အပတ်စဉ်ပြည့်အောင် တက်နိုင်တဲ့ ကျောင်းသားဦးရေ နည်းခဲ့ပါတယ်။ ညဆိုင်းဆင်းလို့၊ အိုဗာတိုင်ရှိလို့စသည့် ကိစ္စအမျိုးမျိုးကြောင့် တပတ်မဟုတ် တပတ်တော့ ပျက်တတ်ကြလို့ပါ။ ဒါပေမယ့် ကြိုးကြိုးစားစားနဲ့အားလုံး သင်တန်းဆင်းတဲ့အထိ တက်နိုင်ခဲ့ကြတာကတော့ တကယ့်ကို အားရစရာပါပဲ။ သင်တန်းသင်နေစဉ် ကာလမှာလည်း တစ်လလျှင်တစ်ကြိမ် အလုပ်သမား ဥပဒေနဲ့ ပတ်သက်တာတွေကိုလည်း ရှင်းပြပေးတာတွေရှိပါတယ်။ ဒါကြောင့် ဒီိအပတ်စဉ်ကို မမီတဲ့သူတွေ နောက်အပတ်စဉ် တက်ဖြစ်အောင်တက်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
မတ်လ ၁၈ ရက်နေ့မှာ နောက် အပတ်စဉ် ၂ အား စတင်မှာဖြစ်ပြီး အတန်းကို ၃ တန်းခွဲ၍ သင်ကြားရန် စီစဉ်နေပါတယ်။ လုံးဝအခြေခံအဆင့်၊ အခြေခံအဆင့် ၁၊ အဆင့် ၂ တို့ဖြစ်ပြီး သင်တန်းချိန်အားလည်း ၂နာရီမှ ၃နာရီ အထိ တိုးမြင့်ဖို့ ရည်ရွယ်ထားပါတယ်။ သင်တန်းသား ဦးရေနှင့် ကျွမ်းကျင်မှုအဆင့်ပေါ်မူတည်၍ သင်တန်းအမျိုးအစား ကွဲလွဲနိုင်ပါတယ်။ ဒီအပတ် ၁၁ရက်နေ့မှာတော့ သင်တန်းသားများနှင့် ဆရာ/မများ စုပေါင်းပြီး ခရီးတို တစ်ခုထွက်မှာဖြစ်တဲ့ အတွက် နောက် အပတ်ကြမှ စတင်နိုင်ခြင်းဖြစ်ပါကြောင်း။

ကယားလေး

Monday, September 5, 2011

ကိုဟန်မင်းထွန်း၏အကို ကိုကျော်ကျော်ဝင်းကို ရည်စူး၍ (အန်န်ဆောင်းင်)4-9-11

...ရက်လည်ဆွမ်းကပ်ကုသိုလ်

...အန်န်ဆောင်းင် ဆဲဂျူုံးဂုံးဂျို စက်ရုံမှ ကိုဟန်မင်းထွန်းနှင့် သူငယ်ချင်းတစ်စုက ဘူဆန်း ပြည်တော်ဦးဆရာတော်ကို ပင့်ဖိတ်၍ လွန်ခဲ့သော ၇-ရက်က ကွယ်လွန်သည့် ကိုဟန်မင်းထွန်း၏ အကို ကိုကျော်ကျော်ဝင်းအား ရည်စူးသည့် ကုသိုလ်ကောင်းမှုကို ပြုလုပ်ခဲ့ကြပါသည်။

Friday, September 2, 2011

ကိုထွေး၏ဖခင် ဦးဘိုကို ရည်စူး၍ ရက်လည်ဆွမ်းကပ်(ဂွမ်ဂျူး)၂၈-၈-၁၁














ကိုထွေးနှင့်သူငယ်ချင်းများအလှူငွေ (၉၀၀၀၀) ၀မ်..နှင့်..ဂွမ်ဂျူးမြို့ လစဉ်တရားပွဲနှင့်ဆွမ်းကပ်ရန်အလှူငွေထည့်ဝင်သူများစာရင်း....ကိုအောင်ကိုကို.=.၀မ် ၁ သောင်း..ကိုနိုင်စိုး.=.၁ သောင်း..ကိုကျော်နိုင် = ၂ သောင်း..ကိုအောင်ဇော်ဦး = ၁ သောင်း..ကိုသန့် ဇင်ထွန်း = ၁ သောင်း...ကိုသန်းထွေး = ၁ သောင်း...ကိုနေ၀င်းမြင့် = ၁ သောင်း...ကိုသိန်းထွန်းဦး = ၃ သောင်း..ကိုမြတ်မင်းထွန်း = ၁ သောင်း...ကိုထင်ကျော်သူ = ၁ သောင်း...ကိုမြတ်ထူး = ၁ သောင်း..ကိုထွန်းနိုင် = ၁ သောင်း...ကိုမောင်မာ = ၁ သောင်း..ကိုထွန်းထွန်းဦး = ၁ သောင်း..ကိုဝင်းစိုး = ၂ သောင်း..စုစုပေါင်း = ၀မ် 190000
ထည့်ဝင်လှူဒါန်းကြပါတယ်ဘုရား



Monday, July 11, 2011

အန်ဆောင်းညီအကိုများ၏ ဝါဆိုသင်္ကန်းကပ်လှူပွဲ

... မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် ၀ါဆိုလဆန်း (၁၀)ရက် ၁၀. ၇.၂၀၁၁ တနင်္ဂနွေနေ့





အမှတ် N0. 218 -2 Masan- Ri Miyang- Myeam Arseong.si kyang –Do 세종공조စက်ရုံမှ ရှင်ချစ်မြတ်စွာသာသနာကို ယုံကြည်မြတ်နိုး တန်ဖိုးထားသူ ဗုဒ္ဓဘာသာကလျာဏယုဝ သူငယ်ချင်း တစ်စုက (ဖူဆန်း)ပြည်တော်ဦးဆရာတော်အား ပင့်ဆောင်၍ ၀ါဆိုသင်္ကန်း အလှူတော် မင်္ဂလာ ဆင်ယင် ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။ သာသနာ့ ဝန်ထမ်း ရှင်ရဟန်းတို.အား ပစ္စည်းလေးပါးဖြင့် မညိုငြင် မပင်ပန်း မဆင်းရဲဘဲ သာသနာ့ဝန်ကို အားသွန်ကြိုးပမ်း ထမ်းရွက်စေနိုင်ရန် စိတ်ရည်သန်၍ မိမိတို.၏ သွေးချွေးဖြင့် ရင်းနှီးရှာဖွေထားသော ပစ္စည်းများထဲမှ ဝါဆိုသင်္ကန်း၊ ဆွမ်းနှင့် ပစ္စည်းလေးပါးအလှူ ကာလတန်ဖိုး ၀မ် (၁၁)သိန်းကျော်ခန်.ကို သာသနာအတွင်း အပ်နှင်းဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းမှူအစုစုအတွက် ပြည်တော်ဦး ဆရာတော်မှ သာဓုအနုမောဒနာ ရေစက်ချတရား ချီးမြှင့်တော်မူခဲ့ပါသည်။


ထို.နောက် မဇ္ဈိမယာန အဖွဲ.စတင်ဖွဲ.စည်းသည်မှ စ၍ (၆)လတာ ကာလအတွင်း ဆောင်ရွက်နိုင်ခဲ့ သည်များကို slide projector ဖြင့် ကိုလှထွန်း(ဖူဆန်း)က ရှင်းလင်းဟောပြော ပြသခဲ့ရာ မဇျ္စိမယာနအဖွဲ.၏ ဆောင်ရွက်ချက်များကို နှစ်ခြိုက်အားရ သဘောကျ၍ အန်ဆောင်း ညီအကိုများသည်လည်း မဇျ္စိမယာနအဖွဲ.ဝင် အဖြစ် စာရင်းပေးသွင်းခဲ့ ကြသဖြင့် အဖွဲ.၀င် (၁၉)ဦး တိုးခဲ့ ပါသည်။ အဖွဲ့ ၀င်များမှာ-
၁။ ကိုကျော်စွာ
၂။ ကိုမျိုးသန့်ဇင်ဦး
၃ ။ ကိုဇေယျာ
၎။ ကိုနိုင်ဝင်းထွန်း
၅။ ကိုကျော်သူ
၆။ ကိုစည်သူမြင့်ခိုင်
၇။ ကိုစိုးမိုးထွန်း
၈။ ကိုနေလင်းသူ
၉။ ကိုအောင်ကြည်စိုး
၁၀။ ကိုအောင်ဝင်းသူ
၁၁။ ကိုနေလင်းအောင်
၁၂။ ကိုကျော်ဇေယျာ
၁၃။ ကိုဝင်းဗိုလ်
၁၄။ ကိုနန္ဒအောင်
၁၅။ ကိုတိုးသူဝင်း
၁၆။ ကိုဟန်မင်းထွန်း
၁၇။ ကိုကိုဇော်
၁၈။ ကိုမျိုးကျော်စော
၁၉။ ကိုပြည့်ဖြိုးအောင် တို့ ဖြစ်ကြပါသည်။




ထိုစက်ရုံမှထွက်ခွာလာရာ ချောန်နန်မှ မဇ္ဈိမယာနညီအစ်ကိုများနေထိုင်သော ဟန်ဆောင်း အပါ့ထ်( 한성 아파트) သို့ရောက်ရှိခြဲ့ပီး ပြည်တော်ဦး ဆရာတော်နှင့်အတူ မဇ္ဈိမယာနအဖွဲ.ဝင်အားလုံး စုပေါင်း၍ မဇ္ဈိမယာန ဝတ်ရွတ်စဉ်ဖြင့် ဘုရားရှိခိုး မေတ္တာပို့ အမျှဝေကြပါသည်။ ထိုနောက် မဇ္ဈိမယာနအဖွဲ့ ၏ လုပ်ဆောင်ချက်များကို ဆရာတော်ဘုရားက projector ဖြင့် ရှင်းလင်းဟောကြားပြသခဲ့ပါသည်။ မကြာမီလများက အသစ် ရောက်ရှိ လာခဲ့သော ညီအကိုများလည်း အဖွဲ.ဝင်အဖြစ် စာရင်းပေးသဖြင့် အဖွဲ့ဝင်(၄)ဦးထပ်မံတိုးခဲ့ ပြန်ပါသည်။
ညနေ (၄) နာရီတွင် ဟန်ဆောင်း အပါ့ထ်မှ ပြန်လည်ထွက်ခွာလာပြီး ညနေ(၅) နာရီတွင် အန်ဆောမှ KTX အမြန်ရထားဖြင့် ဘူဆန်းသို့ ည(၇) နာရီတွင်ရောက်ပြီး ပြည်တော်ဦးဗုဒ္ဓသာသနာ့ရိပ်မွန်သို.ဆရာတော်ကို ပြန်လည် ပင့်ဆောင်ပို.ပေးခဲ့ပါသည်။
ကိုလှထွန်း (ဘူဆန်း)






Thursday, July 7, 2011

ပြည်တော်ဦး ဗုဒ္ဓသာသနာရိပ်မွန်(ဖူဆန်း)၏ ဒုတိယအကြိမ်မြောက် ၀ါဆို သင်္ကန်းကပ်လှူပွဲ

ပြည်တော်ဦး ဗုဒ္ဓသာသနာရိပ်မွန်၏ ဒုတိယအကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲကို ၂၀၁၁.၇.၃ (တနင်္ဂနွေ) နေ့ တွင် ဖူဆန်းမြို့ ဗုဒ္ဓဘာသာအသင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ် ။ ထိုအခမ်းအနားသို့  ဂွမ်ဂျူးရှိ မြန်မာညီအကိုများလည်း တက်ရောက်ခဲ့ကြပြီး ၀ါဆိုသင်္ကန်းများ ကပ်လှူခဲ့ကြပါတယ် ၊ ပြည်ပရောက် မြန်မာများအတွက် ကြုံတောင့်ကြုံခဲ ဒီ ၀ါဆိုသင်္ကန်း ကပ်လှူပွဲကို သွားရောက်ချင်သော်လည်း အကြောင်းအမျိုးအမျိုးကြောင့် မသွားရောက်နိုင်သော ကျွန်တော့်ညီအကိုများ ကျွန်တော်တို.့ နည်းတူ ၀မ်းမြောက်စွာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်အတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ရခြင်းပါ ၊ ဓါတ်ပုံများကို ကြည့်ရှုပြီး မိမိတို.၏ ရင်တွင်းမှ ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေဗျား။
စိုးမိုး(ဂွမ်ဂျူး)


ဂွမ်ဂျူးမှ သင်္ကန်းအလှူရှင်များ

၁ - ကိုရဲသီဟဆွေ မိသားစု --- သင်္ကန်း (၁)စုံ
၂ - ကိုအောင်ကိုကို+မနွယ်နီဝင်းမောင် ၊ သမီးလေး ပန်းပွင့်လေး မိသားစု --- သင်္ကန်း (၁)စုံ
၃ - ကိုကျော်မင်းယု+မဇင်မျိုးသူ ၊ သား ဇွဲဝေယံ မိသားစု --- သင်္ကန်း (၁)စုံ
၎ - ဦးတင်ရွှေ+ဒေါ်လှထွေး ၊ သား မောင်အေးအောင် မိသားစု --- သင်္ကန်း (၁)စုံ
၅ - ကိုမျိုးသူဟိန်း --- သင်္ကန်း (၁)စုံ
၆ - ကိုနိုင်စိုး မိသားစု --- သင်္ကန်း (၁)စုံ
၇ - ကိုစိုင်းမောင်ထွေး+ကိုဇေယျာကျော် နှင့် သူငယ်ချင်းများ --- သင်္ကန်း (၁)စုံ
၈ - ကိုစိုးမိုး+မထွေးသန္တာလှိုင် မိသားစု --- သင်္ကန်း (၁)စုံ ၊ ဆန် (၁)အိတ်





Sunday, July 3, 2011

ဖူဆန်း ပြည်တော်ဦး ဝါဆိုသင်္ကန်းကပ်လှူပွဲ

၁၃၇၃-ခု ဝါဆို သင်္ကန်းကပ်လှူပွဲ



(၃-၇-၁၁) ဖူဆန်း ပြည်တော်ဦး ဗုဒ္ဓသာသနာရိပ်မွန်၏ ဝါဆိုသင်္ကန်းကပ်လှူပွဲကို မြန်မာနှစ် ၁၃၇၃ခု ဝါဆိုလဆန်း ၃ရက် တနင်္ဂနွေနေ.က ဖူဆန်း ဗုဒ္ဓဘာသာ အသင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။



အလှူတော်မင်္ဂလာ အခမ်းအနားသို. ကိုရီးယား ထေရဝါဒသာသနာပိုင် ထဲဂျုံးဆာ ဆရာတော် 도성 큰 스님, ဘူဖျောင်း ဓမ္မဒူတကျောင်း ဆရာတော် ဒေါက်တာနန္ဒက၊ ဗောဓိရိပ်သာဆရာတော် ဥုးဗုဒ္ဓရက္ခိတ၊ ဒယ်ဂူး စိတ္တသုခကျောင်းဆရာတော် ဥုးဝိစိတ္တ၊ ကင်မ်ဟဲ ယောယောဂျောန်ဆာ 불교대학 주지 도명 스님, ကျောင်းနေ ကိုရီးယား ရဟန်းတော်တစ်ပါး ပေါင်း ပင့်သံဃာ (၆)ပါးနှင့် ပြည်တော်ဦး ဆရာတော် အပါအဝင် သံဃာ(၇)ပါး ကြွရောက်ချီးမြှင့်ခဲ့ကြပါသည်။



ကိုရိးယား ကျောင်းဒကာဒကာမများ၊ ယောဂီများနှင့် ဖူဆန်း၊ကင်မ်ဟဲ၊ ဂျင်န်ယိုးင်၊ ချန်ဝန်း၊ မာဆန်း၊ ယာင်ဆန်း၊ အူလ်ဆန်း၊ ဂရောင်ဂျူး၊ ဒယ်ဂူး၊ ဂွမ်ဂျူးမှ အလှူရှင် ဒကာဒကာမ ၂၅၀နီးပါးခန်. လာရောက်ခဲ့ကြပြီး ဝါဆိုသင်္ကန်း ကပ်လှူပွဲကို အမိမြန်မာပြည်၌ ကဲ့သို.ပင် ကြီးကျယ် ခမ်းနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပါသည်။



ဘော့ဘို သတင်းစာမှ သတင်းထောက်က လာရောက် သတင်းရယူခဲ့ပြီး ကိုရီးယား လူမျိုးများ၏ ရင်တွင်းသို.ပင် ပီတိလှိုင်း တဖြတ်ဖြတ် ရိုက်ခတ်လောက်အောင် ပြင်းထန်အားကြီးလှသော မြန်မာတို.၏သဒ္ဓါတရားကို လေးစားအားကျကြောင်း ပြောဆိုခဲ့ပါသည်။








Thursday, June 30, 2011

ဝါဆိုသင်္ကန်းကပ်လှူပွဲ နေရာပြောင်း

ဖူဆန်း ဗုဒ္ဓဘာသာ အသင်းတိုက်သို. ပြောင်းရွှေ. ကျင်းမည်။


(၃-၇-၁၁) တနင်္ဂနွေနေ.တွင် ကျင်းပမည့် ဖူဆန်း ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန် ဒုတိယ အကြိမ် ဝါဆိုသင်္ကန်းကပ်လှူပွဲကို ပြည်တော်ဦး ဗုဒ္ဓသာသနာ့ ရိပ်မွန်၌ ကျင်းပရန် စီစဉ်ထားသော်လည်း ဂွမ်ဂျူး စသော ရပ်ဝေးမှ လာမည့်သူများလည်း ရှိပါသဖြင့် ပရိသတ်များ အားလုံး ချမ်းချမ်းသာသာ ကုသိုလ်ပြုလုပ် တရားနာယူနိုင်စေရန် ကျယ်ဝန်းပြည့်စုံသော ဖူဆန်း ဗုဒ္ဓဘာသာ အသင်းတိုက်သို. ပြောင်းရွှေ. ပြုလုပ်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။


နေရာ ဖူဆန်း ဗုဒ္ဓဘာသာ အသင်းတိုက် (부산 불교 신도 회관)


လမ်းညွှန် (시청 7 출구 ) မြို.တော်ခန်းမ ဘူတာ နံပါတ်(၇)ဂိတ်မှ ထွက်၍ ထွက်ပေါက်ရှိရာဘက် ပလက်ဖောင်းအတိုင်း ခြေလျင် (၃)မိနစ်ခန်. အကွာ (၇)ထပ်တိုက်။


ကျင်းပမည့် နေရာမှ လွဲ၍ ကျန်သည့် အခမ်းအနား အချိန်၊ အစီအစဉ် စသည် အပြောင်းအလွဲမရှိပါ။


Saturday, June 25, 2011

ဝါဆိုသင်္ကန်းကပ်အလှူတော်မင်္ဂလာ ( ဂွမ်ဂျူး )


ဂွမ်ဂျူးရှိ မြန်မာ ညီအကိုများစုပေါင်း၍ ပြည်တော်ဦးဆရာတော်အား ဝါဆိုသင်္ကန်းကပ်လှူသည့် အလှူတော်မင်္ဂလာကို ၂၆.၆.၂၀၁၁ (တနင်္ဂနွေ)နေ.တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဂွမ်ဂျူးရှိ မြန်မာ ညီအကိုများမှ ၀ါဆိုသင်္ကန်း (၁)စုံ၊ န၀က္မ အလှူတော်ငွေ ၀မ် ၂ သိန်း ၊ ကိုအောင်မြင့်ထွန်း+မစောကြူ မိသားစု မှ ၀မ် ၁ သိန်း ၅ သောင်း ၊ ချန်းဟို မှ သူငယ်ချင်းများက ၀မ် ၈ သောင်း စသည်ဖြင့် စုစုပေါင်းအလှူတော်ငွေ ၄ သိန်း ၃ သောင်းကို ထည့်ဝင်လှူဒါန်းသွားပါကြောင်း။
သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ





Wednesday, June 22, 2011

ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော် သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်း











































... ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာသင်တန်း ` အမှတ်စဉ်(၃) သင်တန်းပြီးဆုံး








ဖူဆန်း ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်၌ ကိုရီးယားလူမျိုး ယောဂီများအတွက် တပတ်လျှင် တစ်ကြိမ်စီဖြင့် (၁၁)ကြိမ် တိတိ ပို.ချသင်ယူခဲ့ကြသော “ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော်” သင်တန်း အမှတ်စဉ် (၃) ကို (၁၂-၆-၂၀၁၁) တနင်္လာနေ.က အောင်မြင် ပြီးမြောက်၍ အဆုံးသတ်ခဲ့ပါသည်။ သင်တန်းအမှတ်စဉ် (၄) ဆောင်းဦး သင်တန်းကို ယခုနှစ် (၉)လပိုင်း၌ ပြန်လည် စတင် ဖွင့်လှစ်မည် ဖြစ်ပါသည်။


...သင်တန်းကို

၁။ ရတနာ သုံးပါး

၂။ ဗုဒ္ဓဘာသာ

၃။ ကံနှင့် ကံ၏အကျိုးတရား(၁)

၎။ ကံနှင့် ကံ၏အကျိုးတရား(၂)

၅။ ပဋိစ္စသမုပ္ပါဒ် နှင့် သံသရာ

၆။ ဗုဒ္ဓဘာသာ၏ အနှစ်သာရ

၇။ သစ္စာ (၄) ပါး

၈။ မဂ္ဂင် (၈)ပါး

၉။ သတိပဋ္ဌာန်တရား(၄)ပါး

၁၀။ ဝိပဿနာတရားတော်

၁၁။ ပရိကမ် ဟူသော ခေါင်းစဉ်များဖြင့် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို အခြေခံမှစ၍ လက်တွေ. ဝိပဿနာ တရား ကျင့်သုံးနိုင်သည်အထိ ပို.ချ သင်ယူခဲ့ကြပါသည်။

Saturday, April 30, 2011

ပညာသင်ဆု အလှူ














... ကိုလှထွန်း(ဖူဆန်း)က အဖွဲ.ကိုယ်စား မဇ္ဈိမယာန ပညာသင်ဆု စတုတ္ထအကြိမ်မြောက် လှူဒါန်း...


....အဖွဲ့၏လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော ပညာသင်ဆုအစီအစဉ်ကို ၄-၁-၁၁ (၆၃)ကြိမ်မြောက် လွတ်လပ်ရေးနေ.တွင် စတင်ခဲ့နိုင်ခဲ့ပြီး ၁၆-၄-၂၀၁၁(စနေနေ.)တွင် စတုတ္ထအကြိမ်မြောက် လှူဒါန်း နိုင်ခဲ့ပြီဖြစ်ပါသည်။ ပြည်ပ/ ကိုရီးယားရောက် မြန်မာလူမျိုးများ မဇ္ဈိမယာန အဖွဲ့၏ မဇ္ဈိမယာန ပညာသင်ဆု (၁)သိန်းကျပ်ကို အဖွဲ့ကိုယ်စား ကိုလှထွန်း(ဖူဆန်း) ကလည်းကောင်း၊ ကိုရီးယား+မြန်မာ ဒကာ၊ဒကာမများ၏ ဓမ္မယာနအဖွဲ့၏ ဓမ္မယာန ပညာသင်ဆု (၁) သိန်း ကျပ်ကို အဖွဲ့ကိုယ်စား ကိုအေးသန်း(မင်းမြတ် ကုန်မာဆိုင်)နှင့် ဦးညီညီတို.ကလည်းကောင်း မင်္ဂလာဗျူဟာ အသင်းချုပ် တာဝန်ခံ လူကြီးများထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။



လစဉ် တစ်သိန်းကျပ်စီဖြင့် ၂၀၁၅ ခုနှစ်တွင် ပညာသင်ဆု တစ်ဆုလျှင် သိန်း(၁၀၀) ကျပ်စီ ပေါင်း ကျပ်သိန်း (၂၀၀) ပြည့်သည်အထိ ဆက်လက်လှူဒါန်း သွားမည်ဖြစ်ပါသည်။



အများပြည်သူအပေါင်း ၀မ်းမြောက်အနုမောဒနာ သာဓုခေါ်နိုင်ကြစေသော်~~~



ရေးသူ-နန္ဒာ (ဧကမ္ဘာ)

Friday, April 22, 2011

ဓမ္မစင်္ကြာသင်တန်း စတင်ဖွင့်လှစ် ပို.ချ




















... ၂၂-၄-၁၁ သောကြာနေ.မှ စတင်၍ ကိုရီးယား ဒကာဒကာမများအတွက် ဓမ္မစင်္ကြာသင်တန်း အမှတ်စဉ်(၁)ကို စတင် ဖွင့်လှစ်ပို.ချပါသည်။


... သင်တန်းတက်ရောက်သူများမှာ ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာသင်တန်း အမှတ်စဉ် (၁)/(၂) ကို တက်ရောက်ခဲ့ပြီး တစ်ပတ်လျှင် နှစ်ကြိမ် လက်တွေ.တရားရှုမှတ်နေကြသော ယောဂီများ ဖြစ်ပါသည်။ အပတ်စဉ် သောကြာနေ.တိုင်း ညနေ (၇)နာရီမှ (၉)နာရီ အထိ ပြီးဆုံးသည် အထိ ပို.ချပေးသွားမည် ဖြစ်ပါသည်။


သင်တန်း ပြီးဆုံးသည်အထိ တက်ရောက်သင်ယူ ပေါက်မြောက်အောင်မြင်သူများကို အနတ္တလက္ခဏသုတ်ကို ဆက်လက် သင်ကြားပေးရန် စီစဉ်ထားပါသည်။

Thursday, April 7, 2011

ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ သင်တန်း အပတ်စဉ်(၃)

... (နွေဦးရာသီ)ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ သင်တန်း အပတ်စဉ်(၃) စတင်ဖွင့်လှစ်ပို.ချ

...ဖူဆန်း ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်သာရိပ်မွန်၌ ကိုရီးယားလူမျိုးများအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ (နွေဦးရာသီ)သင်တန်း အပတ်စဉ်(၃)ကို ၂၈-၃-၁၁ တနင်္လာနေ.မှ စတင်၍ စတင်ဖွင့်လှစ်ပို.ချလျက် ရှိပါသည်။ အပတ်စဉ် တနင်္လာနေ.တိုင်း ည(၇နာရီမှ~၉နာရီိ) တစ်ပတ်လျှင် တစ်ကြိမ် (၃၀-၅-၁၁)အထိ စုစုပေါင်း (၁၀)ကြိမ် ပို.ချသွားမည် ဖြစ်ပါသည်။ ကျောင်းတိုက် စတင်တည်ထောင်သည့် ယမန်နှစ်၂၀၁၀ ခုနှစ် နွေဥိးရာသီတွင် အပတ်စဉ်(၁)၊ ဆောင်ဦးရာသီတွင် အပတ်စဉ်(၂) ပေါင်း နှစ်ကြိမ်ပို.ချခဲ့ပြီး ယခုအကြိမ်သည် တတိယ အကြိမ်သင်တန်း ဖြစ်ပါသည်။



Thursday, March 24, 2011

မဇ္ဈိမယာန နှင့် ဓမ္မယာန ပညာသင်ဆု အလှူတော်မှတ်တမ်း

မဇ္ဈိမယာနနှင့် ဓမ္မယာနအဖွဲ. ၏ အလှူတော်မှတ်တမ်း
ကိုထူးထူး(ဖူဆန်း)နှင့် ဖခင်ကြီးတို.က အဖွဲ.ကိုယ်စား မဇ္ဈိမယာန ပညာသင်ဆု တတိယအကြိမ်မြောက် လှူဒါန်း...
..အဖွဲ့၏လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော ပညာသင်ဆုအစီအစဉ်ကို ၄-၁-၁၁ (၆၃)ကြိမ်မြောက် လွတ်လပ်ရေးနေ.တွင် စတင်ခဲ့နိုင်ခဲ့ပြီး ၁၂-၃-၂၀၁၁(စနေနေ.)တွင် တတိယကြိမ်မြောက် လှူဒါန်း နိုင်ခဲ့ပြီဖြစ်ပါသည်။ ပြည်ပ/ ကိုရီးယားရောက် မြန်မာလူမျိုးများ မဇ္ဈိမယာန အဖွဲ့၏ မဇ္ဈိမယာန ပညာသင်ဆု (၁)သိန်းကျပ်ကို အဖွဲ့ကိုယ်စား ကိုထူးထူး(ဖူဆန်း) နှင့် ဖခင်ကြီးတို.ကလည်းကောင်း၊ ကိုရီးယား+မြန်မာ ဒကာ၊ဒကာမများ၏ ဓမ္မယာနအဖွဲ့၏ ဓမ္မယာန ပညာသင်ဆု (၁) သိန်း ကျပ်ကို အဖွဲ့ကိုယ်စား ကိုရဲနိုင် (ပစ်တိုင်းထောင် ကုန်မာဆိုင်)နှင့် ဓမ္မယာန ပညာရေး ဝန်ဆောင်မှူး ဆရာမကြီး ဒေါ်တင်မြင့်ကြည်တို.က မင်္ဂလာဗျူဟာ အသင်းချုပ် တာဝန်ခံ လူကြီးများထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

လစဉ် တစ်သိန်းကျပ်စီဖြင့် ၂၀၁၅ ခုနှစ်တွင် ပညာသင်ဆု တစ်ဆုလျှင် သိန်း(၁၀၀) ကျပ်စီ ပေါင်း ကျပ်သိန်း (၂၀၀) ပြည့်သည်အထိ ဆက်လက်လှူဒါန်း သွားမည်ဖြစ်ပါသည်။


အများပြည်သူအပေါင်း ၀မ်းမြောက်အနုမောဒနာ သာဓုခေါ်နိုင်ကြစေသော်~~~


ရေးသူ-နန္ဒာ (ဧကမ္ဘာ)

Friday, December 31, 2010

ဆွမ်းသွပ်တရားနာ

... ဒေါ်ခင်ခင်အုန်း၊ အသက် (၆၇)နှစ် အား ရည်စူး၍

...သားဖြစ်သူ ကိုအောင်ပြည့်နှင့် သူငယ်ချင်းတစ်စုက ဘဝတစ်ပါး ပြောင်းသွားကွယ်လွန်သူ ကိုအောင်ပြည့်၏ မွေးသမိခင် ကျေးဇူးရှင် ဒေါ်ခင်ခင်အုန်းကို ရည်းစူး၍ ဆွမ်းသွပ်တရားနာ အလှူ ပြုလုပ်မည် ဖြစ်ပါသည်။

အချိန် ~~~~~ ၁-၁-၁၁ စနေနေ. (၁၁) နာရီ

နေရာ ~~~~~ ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်။ ဖူဆန်။

Sunday, September 12, 2010

ဆဋ္ဌမအကြိမ် ဖူဆန်းတရားပွဲ(ချုးဆော့က်)

... ဖူဆန်းတရားပွဲ နေ.ရက်၊ နေရာ အပြောင်းအလဲနှင့် လမ်းညွှန်

တရားပွဲကို ကျင်းပမြဲ တတိယ တနင်္ဂနွေနေ. အစား ဓမ္မမာမက ရွှေမြန်မာအားလုံး လာရောက်နိုင်ရန် ချူးဆော့ပိတ်ရက် ၂၃-၉-၁၀ ကာသပတေးနေ. နေ.(၂)နာရီ အချိန်တွင် ဆောဒဲရှင်းဒုံင် ဂျောန်ဒုံးင်ဆာ ကျောင်း၌ ကျင်းပပြုလုပ် ပါမည်။
ယခင် တရားပွဲကျင်းပရာ ဗုဒ္ဓဘာသာ အသင်းတိုက်မှာ ချုးဆော့က် ပိတ်ရက် အတွင်း သက်ဆိုင်သူအားလုံး မိဘရပ်ဋ္ဌာန် ပြန်ရောက်နေကြ၍ အသုံးပြုဖို.ရန် အခက်အခဲ ရှိနေသောကြောင့် ဖြစ်ပါသည်။
ယခုကျောင်းသည်လည်း ပြည်တော်ဦးဆရာတော်ကို ပထမဆုံးအကြိမ် ကိုရီးယားသို. ပင့်ဆောင်၍ မိဘသဖွယ်စောင့်ရှောက်ခဲ့သော မြန်မာအပေါ် အင်မတန် သံယောဇဉ်ကြီးသည့် ဟန်ဘိုကွမ်းဘုန်းတော်ကြီး၏ ကျောင်းဖြစ်ပါသဖြင့် လွတ်လပ်ငြိမ်းချမ်းစွာ ကုသိုလ်ဆည်းပူးနိုင်သော နေရာကောင်း တစ်ခုဖြစ်ပါသည်။

မြေအောက်ရထား နံပါတ် (၁)လိုင်း 서대신동 역 ဂိတ်နံပါတ် (၃)မှ ထွက်ရန်
ထွက်ပေါက်ဘယ်ဘက်ကပ်လျက် ပလက်ဖောင်းအတိုင်း အထက်သို. မိနစ်ဝက်ခန်.လျှောက်ပြီး ပထမဆုံး ညာချိုးသည့်လမ်းသွယ်အတိုင်း လျှောက်လျှင် ၅မိနစ် အတွင်းရောက်ပါသည်။

လိပ်စာ
578# 전등사 (보타원)
부산시 서구 서대신동 3가
051-243-0048~9

Sunday, September 5, 2010

ဂွမ်ဂျူးတရားပွဲ

ဆဋ္ဌမအကြိမ်မြောက် တရားပွဲ (၁၂-၉-၁၀)

...လစဉ် ဒုတိယအပတ် တင်္နဂနွေနေ.တိုင်း ကျင်းပမြဲဖြစ်သော ဂွမ်ဂျုးတရားပွဲကို (၁၂-၉-၁၀) နေ.တွင် ဆဋ္ဌမအကြိမ်အဖြစ် ကျင်းပပြုလုပ်ပါမည်။

Saturday, August 14, 2010

ပဉ္စမအကြိမ်မြောက် ဖူဆန်းတရားပွဲ

... တရားပွဲရက်နှင့် ကျင်းပမည့်နေရာ

...ပဉ္စမအကြိမ် တရားပွဲကို ၂၂-၈-၁၀ တနင်္ဂနွေနေ.တွင် ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်၌ ကျင်းပပါမည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More