ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ May 2013 ~ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Thursday, May 16, 2013

...အများနဲ.မတူ တစ်မူထူးခြား ကိုးရီးယား

...အများနဲ.မတူ တစ်မူထူးခြား ကိုးရီးယား

... ဗုဒ္ဓနေ./ဗုဒ္ဓမွေးနေ.? ဘုရားအလောင်း သိဒ္ဓ္ဒတ္ထမင်းသား မွေးနေ.?

၁၇-၀၅-၂၀၁၃ မနက်ဖြန်ဆိုရင် ဆော့ကာထန်းန်ရှင်းန်နားလ် 석가탄신날 သကျမွေးနေ. (သာကီမင်းသားဘုရားလောင်းမွေးနေ.)/ ဘူချောနင်းမ် အိုရှင်းန်နားလ် 부처님오신날 ဘုရားကြွလာတော်မူသောနေ. အထိမ်းအမှတ် ဗုဒ္ဓဘာသာပွဲတော်ကို ကိုရီးယားနိုင်ငံတဝှမ်းလုံးမှာ နှစ်စဉ်ကျင်းပမြဲအတိုင်း စည်စည်ကားကား ကျင်းပတော့မှာ ဖြစ်ပါတယ်။ အစိုးရ ရုံးပိတ်ရက်လည်း ဖြစ်ပါတယ်။ မီးပုံးထွန်းပူဇော်မှုက အထင်ကရ ရိုးရားတစ်ခုဖြစ်လို. နေရာတိုင်းမှာ လိုလို အင်မတန်လှပတဲ့ မီးပုံးတွေ စီတန်းချိတ်ဆွဲထားတာကို တွေ.ရပါတယ်။ ဘုန်းကြီးကျောင်းတွေမှာတော့ ကျောင်းလုံးပြည့်ဆိုပါတော့။ ကိုရီးယား ဘုန်းကြီးလောကမှာ ရီစရာအဖြစ်ပြောကြတာ ဒီတစ်ရက် အလှူက ကျောင်းတိုက်ကြီးရဲ. တစ်နှစ်စာ လည်ပတ်စားရိတ်အတွက် လုံလောက်သတဲ့။

ဒီစာမှာ ပြောပြချင်တာက အဲဒီအကြောင်းမဟုတ်ပါ။ အများနဲ. မတူ တစ်မူ ထူးခြားနေတဲ့ ကိုးရီးယား ဗုဒ္ဓနေ. အကြောင်းကို ပြောချင်တာပါ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ. ဗုဒ္ဓနေ.ဆိုပြီးကျင်းပကြတာက VESAK DAY ဝိသာခါနက္ခတ် ယှဉ်တဲ့ လပြည့်နေ. မြန်မာလို ဆိုရင်တော့ ကဆုန်လပြည့် ဗုဒ္ဓနေ.ပါ။ ဒီနှစ် ဆိုရင် ၂၄/၂၅ရက် ၅လ ၂၀၁၃ခု နောက် လာမယ့်အပတ်မှာ ဖြစ်ပါတယ်။ အင်တာနက်စာမျက်နှာတွေမှာ VESAKလို. ရိုက်လိုက်လို.ရှိရင် တကမ္ဘာလုံးမှာ ဗုဒ္ဓနေ.ကျင်းပဖို. ပြင်ဆင်နေတာ ဖိတ်ကြားနေတာတွေ.ရပါလိမ့်မယ်။ ဘုရားအလောင်းတော် ဖွားမြင်ရာ နီပေါနိုင်ငံမှာလည်း ဝိသာခါနက္ခတ်ယှဉ်တဲ့ မေလထဲက လပြည့်နေ.ကိုပဲ ဗုဒ္ဓနေ.အဖြစ် လက်ခံတာပါပဲ။

ကိုရီးယား ဗုဒ္ဓနေ.ကတော့ အများနဲ.မတူ တမူထူးခြား တပတ်စောတဲ့ လဆန်း(၈)ရက် ဖြစ်ပါတယ်။ ဘုရားအလောင်းမွေးနေ.လို. ပြောရအောင်ကလည်း စာပေကျမ်းဂန်အရ အများသဘောတူ လက်ခံကြတာက ဘုရားအလောင်းတော် မွေးနေ. တရားရဘုရားဖြစ်တဲ့နေ. ပရိနိဗ္ဗာန်စံတဲ့နေ. ၃ရက်လုံးဟာ ကဆုန်လပြည့် နေ.ပါ။ ကိုရီးယားဗုဒ္ဓဘာသာက တရုတ်ပြည်ကတဆင့် လာတာဆိုတော့ တရုတ်ပြည်လိုပဲ ဗုဒ္ဓနေ.ကို ကဆုန်လဆန်း (၈)ရက် လို. လက်ခံယူခဲ့တာပါ။ အိန္ဒိယကနေ တရုတ်ပြည်ကို သာသနာအသွားမှာ ဘုရားမွေးနေ. ဘယ်လိုလုပ်ပြီး တပတ်စောသွားတာလည်းဆိုတာတော့ သုတေသန ပညာရှင်တွေ သုတေသန ပြုရမှာပါ။

ဘုန်းကြီးကတော့ ဘာပဲဖြစ်ဖြစ် ဘယ်နေ.ပဲဖြစ်ဖြစ် အရေးမကြီးပါ။ ဘုရားကို ချစ်တဲ့စိတ် မြတ်နို်းလေးစား တန်ဖိုးထားတဲ့စိတ်နဲ. ဘုရားကျေးဇူး ဂုဏ်အထူးကို အောက်မေ့တသ သတိတရ ဖော်ပြတဲ့နေ. အထူးအဖြစ် ကြည်ကြည်နူးနူး ပါဝင် ဓမ္မယာန ယောဂီရှင်တို.နှင့်အတူယှဉ်တွဲ ဓမ္မာနုဓမ္မပတ္တိပူဇော်ပွဲအဖြစ် မနက်ဖြန် ဓမ္မယာန ပြည်တော်ဦး ဗုဒ္ဓရိပ်မွန်မှာ ဗုဒ္ဓနေ.ဆင်နွဲကြပါမယ်။



Wednesday, May 8, 2013

...ကိုရီးယား ပညာသင်ဆု ရသူများ ...

 ...ကိုရီးယား ပညာသင်ဆု ရသူများ
...
ကိုရီးယား ပညာသင်ဆု ရသူများ၁။ မချယ်ရီလင်းလင်း
၂၁နှစ်
ဆယ်တန်း ၄ဘာသာဂုဏ်ထူးရှင်။ အမှတ် ၄၉၆။
Y.U.F.L (B.A. Korean)။
TOPIK LEVEL 4

၂။ မောင်သန်းကျော်ထွန်း
၂၀နှစ်
ဆယ်တန်း ၃ဘာသာဂုဏ်ထူးရှင်။ အမှတ် ၄၅၉။
... Y.U.F.L (3rd year Korean)။
TOPIK LEVEL 4


၃။ မောင်စိုးလွင်လွင်
၂၀နှစ်
ဆယ်တန်း ၄ဘာသာဂုဏ်ထူးရှင်။ အမှတ် ၄၆၀။
Y.U.F.L (3rd year Korean)။
TOPIK LEVEL 4

၎။ မအေးရတနာသန်.
၂၁နှစ်
ဆယ်တန်း ၄ဘာသာဂုဏ်ထူးရှင်။ အမှတ် ၄၆၀။
Y.U.F.L (B.A. Korean)။

TOPIK LEVEL 3
၅။ မောင်ကောင်းသက်ဆွေ
၂၀နှစ်
ဆယ်တန်း ၃ဘာသာဂုဏ်ထူးရှင်။ အမှတ် ၄၆၅။
Y.U.F.L (3rd year Korean)။
TOPIK LEVEL 3

အထက်ပါ ကျောင်းသူ/သား ၅ယောက်သည် PUKYONG NATIONAL UNIVERSITY မှ ချီးမြှင့်သော ၄နှစ်တာ ကျောင်းလခ၊ ကျောင်းဆောင် (နေ/စား) စားရိတ်နှင့် ကျန်းမာရေး အာမခံ ပါဝင်သောပညာသင် အထူးဆုကို ရရှိခဲ့ပါသည်။
ဓမ္မယာနㆍမဇ္ဈိမယာန အဖွဲ.မှ မြန်မာလူငယ်များဧ။် ပညာရေးကို တတ်စွမ်းသမျှ ကူညီပေးရန် လမ်းစဉ်ချထားသည့်အတိုင်း ယခုနှစ်တွင် ၄နှစ်တာ ကိုးရီးယား ပညာသင်ဆု ရရှိရန် တတပ်တအား ဆောင်ရွက်ပေးနိုင်ခဲ့ပါပြီ။ ယခင်က မဟာတန်းများအတွက်သာ ဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ပထမ ဦးဆုံး အကြိမ်အဖြစ် B.A. B.Sc. ဘွဲ. ၄နှစ်ပညာသင်ဆုကို အထူး အခွင့်အရေးရရှိ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ပြည်တော်ဦး မြန်မာ ကိုရီးယား လူငယ်ဖွံဖြိုးရေး ကျောင်းတွင် ၂၀၁၃ မေလ ၃~၅ရက် အထိ ရေးဖြေနှင့် လူတွေ. စာမေးပွဲစစ်ပြီး လက်ရွေးစင် ကျောင်းသူ/သား ၅ယောက်ကို ရွေးချယ်ခဲ့ ခြင်းဖြစ်ပါသည်။ အရွေးခံရသူ ကျောင်းသား/သူ ၅ဦးသည် ယခု ၂၀၁၃ ၉လပိုင်း ဆောင်းဦးရာသီတွင် စတင် ပညာသင်ယူခွင့်ရတော့မည်ဖြစ်ပါသည်။
အရွေးခံရသော ကျောင်းသူ/သားများသည် အခြားသက်တူ ရွယ်တူ အတန်းတူများထက် သာလွန်သော ဝီရိယဖြင့် ပြင်ဆင်သင့်သည်ကို ကြိုတင် ပြင်ဆင်ထားသည့် ရိုးသားကြိုးစားသော ကျောင်းသူ/သားများ ဖြစ်ပါသည်။ သို.ကြောင့်သာလျှင် မိမိရှေ.မှောက်ရောက်လာသည့် အခွင့်အရေးကို မိမိရရ ဆုတ်ကိုင်နိုင်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို.သောသူများသည် နောက်မျိုးဆက်သစ် ညီငယ်ညီမငယ်များအတွက်ပါ စံပြအဖြစ် ပိုအလုပ်လုပ်ခဲ့ကြသောသူများ ဖြစ်သော ကြောင့် ယခုကဲ့သို. အခွင့်အရေး ဖန်တီးပေးခွင့်ရခဲ့ခြင်းကို အဖွဲ.သူအဖွဲ့.သား အားလုံးက ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မုဒိတာပွားနေကြမည် ဖြစ်ပါသည်။
လာမည့်နှစ် နွေဦးစာသင်နှစ်ဝက်တွင်လဲ ၄နှစ်ပညာသင်ဆု ၅ဦး ထပ်မံ ရရှိဦးမည် ဖြစ်ရာ စွမ်းနိုင်သူများ အားလုံးကြိုတင်ပြင်ဆင်ထားပါက ထိုအခွင့်အရေးကို ရယူနိုင်မည် ဖြစ်ကြောင်း ကြိုတင် အသိပေးလိုက်ပါသည်။ ယခုနှစ် ၉လပိုင်းတွင် စတင်လျှောက်ထားနိုင်ပြီး ၁၂လပိုင်းတွင် အပြီးသတ်ရွေးချယ်မည် ဖြစ်ပါသည်။ စာဖတ်ရသူများလည်း ယခုကဲ့သို.သော ပညာပါရမီဖြစ် သတင်းကောင်းကို အခွင့်အရေးရှိသူများ အားလုံးသိခွင့်ရရန် အဆင့်ဆင့် ဆက်လက်မျှဝေပေးကြပါရန် မေတ္တာရပ်ခံပါသည်။
မိမိတို. ဓမ္မယာနㆍမဇ္ဈိမယာန အဖွဲ.အနေဖြင့်လည်း ကိုရိးယားပညာသင်ဆုသာ မက ပညာရည်မြင့်မားသည့် အခြားနိုင်ငံများမှ ပညာသင်ဆုကိုလည်း မြန်မာလူငယ်များ ရရှိစေရန် ဆောင်ရွက်ခွင့်ရလိုပါသည်။ ကမ္ဘာအရပ်ရပ်ရှိ ရွှေမြန်မာများ အနေဖြင့် ထိုကဲ့သို.သော အခွင့်အလမ်းများ ရှိပါက ဆယ်သွယ် အကြောင်းကြားပေးကြစေလိုပါသည်။ သတင်းရပါက ကိုးရီးယားရောက် ဓမ္မယာန ကျောင်းသူ/သားများက အကောင်အထည်ပေါ်အောင် အဖွဲ.နှင့်အတူ ဝိုင်းဝန်း ကြိုးစား ဆောင်ရွက်ကြမည် ဖြစ်ပါသည်။

ပြည်တော်ဦး ပညာဒါန

...

အဖွဲ့၏ပညာပါရမီလုပ်ငန်းများကိုအဖွဲ့ဝင်များသိရှိဝမ်းမြောက်ကြပါစေ။

အဖွဲ့၏ပညာပါရမီလုပ်ငန်းများကိုအဖွဲ့ဝင်များသိရှိဝမ်းမြောက်ကြပါစေ။

ဘူဂယောင်းတက္တသိုလ် ပညာသင်ဆု အရည်အချင်းစစ် စာမေးပွဲကို ပြည်တော်ဦး မြန်မာ-ကိုရီးယား လူငယ်ဖွံ့ဖြိုးရေးကျောင်း၌ ကျင်းပနေစဉ်


ဘူဂယောင်းတက္တသိုလ် ပညာသင်ဆု အရည်အချင်းစစ် စာမေးပွဲကို ပြည်တော်ဦး မြန်မာ-ကိုရီးယား လူငယ်ဖွံ့ဖြိုးရေးကျောင်း၌ ကျင်းပနေစဉ် (2 photos)

ကိုးရီးယား တက္ကသိုလ် ပညာသင်ဆု

...
ကိုးရီးယား တက္ကသိုလ် ပညာသင်ဆု
... PUKYONG NATIONAL UNIVERSITY တွင် B.A./B.Sc. ဘွဲ့ ၄ နှစ် ပညာသင်ဆု

(ကျောင်းလခ+အဆောင် + ဆေးအာမခံ ၄နှစ် စာ ဝမ်သိန်း ၄၀၀ ပညာသင်ဆု)
ကိုးရီးယားခရီးစားရိတ် မိမိဘာသာကျခံရမည်။

၂၀၁၃ ခု ၉ လပိုင်း ဆောင်းဦး ပညာသင်နှစ်တွင် စတင်တက်ရောက်ရမည်။

၂၀၁၃ ခု ၆ လ ၂၀ရက် နောက်ဆုံးထား၍ တက္ကသိုလ် ဝင်ခွင့် တင်ရမည်။
...
လျှောက်ထားခွင့်ရှိသူများ
၁။ TOPIK အဆင့် ၃ နှင့် အထက်
၂။ ၁၀တန်းအောင်
၃။ အသက် ၂၁နှစ်


မှတ်ချက်* ၁၀ တန်း အမှတ်ကောင်းသူများ အသက် ကန့်သန့်ချက် လျှော့ပေါ့စဉ်းစားမည်။

လျှောက်လွှာပိတ်ရက် ၂၀၁၃ခု ၅လ၂ရက်

လျှောက်လွှာတင်ရန် ၁။ပြည်တော်ဦး မြန်မာ ကိုးရီးယား လူငယ်ဖွံ့ ဖြိုးရေးကျောင်း
၂။ဆရာဇော်မြင့်ကျောင်း

လူတွေ့ ။ ။ ၂၀၁၃ ခု ၅လ ၃~၅ရက် နံနက် ၉~၁၁နာရီ

Share

Twitter Delicious Facebook Digg Stumbleupon Favorites More