အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား
ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။
အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း
၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.
ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)
ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .
ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။
တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို
ကိုးရီးယားမှာ ပညာရှာ
ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။
Monday, July 11, 2011
Thursday, April 7, 2011
Tuesday, March 29, 2011
천안 (ချောန်နန်) ဒကာများ၏ ကုသိုလ်တော်
...မဇ္ဈိမယာန အဖွဲ.ဝင်များ ဖြစ်ကြသော ဒကာကိုကိုမောင်၊ သန်.ဇင်ဦး၊ နိုင်ဝင်းထွန်း၊ ဝင်းနိုင်သိန်းနှင့် သူငယ်ချင်း တစ်စုတို.၏ ပင့်လျှောက်ချက်အရ ကြွရောက်၍ သာသနာအတွင်းသား ဒကာများ၏ လောကီလောကုတ္တရာ နှစ်ဖြာအကျိုး မျှော်ကိုးရည်သန်လျက် ရဟန်းကျင့်ဝတ် မချွတ်စေရန် ဖြည့်ဆည်းခွင့် ရခဲ့ပြန်ပါသည်။ မြင်သူကြားသူ အတူကုသိုလ်ယူနိုင်ကြပါစေသော်။
Friday, March 4, 2011
မစိုးရိမ်တိုက်သစ် သံဃာ(၂၅၀၀)ကုန် ဆွမ်းကပ်လှူပွဲ
အလှူရှင် ကိုရီးယားဒကာမကြီးသည် မြန်မာနိုင်ငံ၌` သံဃာအများဆုံး ကျောင်းတိုက်ဖြစ်သော မန္တလေးမြို. မစိုးရိမ်တိုက်သစ်တွင် ၂၀၀၄ခုနှစ်မှစ၍ ယခုနှစ်အထိ တစ်နှစ်လျှင် တစ်ကြိမ်ကျ အချို.နှစ်များတွင် နှစ်ကြိမ်ထိ သံဃာ(၃၀၀၀/၂၅၀၀)ကုန် ဆွမ်းကပ် လှူဒါန်းလျက်ရှိပါသည်။
...ထိုဒကာမကြီးသည် မစိုးရိမ်ကျောင်းတိုက်တွင်းရှိ ဓမ္မသမ္ပတ္တိ လေးထပ် ကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့သူ ဆောင်းဂျွန်းဆုက် ဖြစ်ပြီး ၂၀၀၄ခုနှစ် ကျောင်းရေစက်ချပြီးချိန်မှစ၍ နှစ်စဉ်မပျက် သံဃာကုန် ဆွမ်းကပ် ကုသိုလ်ပြုလျက် ရှိပါသည်။ တစ်ကြိမ်ကပ်လျှင် သိန်း ၂၀မှ သိန်း၅၀အထိ အကုန်အကျခံလျက် လှူဒါန်းနေုခြင်း ဖြစ်ပါသည်။
ရန်ကုန် ပြည်တော်ဦး မြန်မာ-ကိုရီးယား လူငယ်ဖွံ.ဖြိုးရေးကျောင်းလည်း ထို ဒကာမကြီး၏ စတင်မတည်လှူဒါန်းမှုဖြင့်ပင် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။
မစိုးရိမ်ဆရာတော်ကြီး ဥုးရာဇဓမ္မာဘိဝံသ၏ ဇာတိရပ်ရွာ သာစည်-အင်တိုင်း၌ ကျောင်းသူ/သား ၇၀၀ခန်. ပညာသင်ယူနေသော တွဲဘက် အထက်တန်းကျောင်း နှစ်ထပ်ဆောင်၊ မူလတန်းကျောင်း တစ်ထပ်ဆောင် နှင့် တံတားတစ်စင်း၊ နတ်မောက်နယ်၌ ကျောင်းသူ/သား ၅၀၀ခန်. ပညာ ဆည်းပူးနေသော မူလတန်းကျောင်း တစ်ထပ်ဆောင် နှစ်ဆောင်တို.ကိုလည်း လှူဒါန်းခဲ့ပါသည်။ ယခု ဆက်လက်၍လည်း မူလတန်းကျောင်းဆောင်သစ် တစ်ဆောင် လှူဒါန်းဖို.ရန် ပြင်ဆင်လျက်ရှိပါသည်။
ခေတ်သစ်ဝိသာခါဟု ဆိုရလောက်အောင် သာသနာကို ချစ်မြတ်နိုးသူ အလှူအတန်းရက်ရောသူ ဒကာမကြီးသည် အသက် (၈၄)နှစ် ရှိပြီဖြစ်သော်လည်း ကျန်းမာရေး အလွန် ကောင်းမွန်ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို.စွန်ရှိ သူမ၏ ထင်းရှုးခြံ၌ တစ်ဦးတည်း ခြိုးခြံချွေတာစွာ နေထိုင်လျက်ရှိပါသည်။
လွန်ခဲ့သည့်ဆယ်နှစ်ခန်.က သူမပြောခဲ့သော စကားတစ်ခွန်းကို အမှတ်ရ နေမိပါသည်။ “ဘုန်းကြီးဘုရား လှူတာက ပေါလို. များလို.မဟုတ်ပါဘုရား။ လှူချင်လို. ကိုယ့်တွက်သုံးမယ့်ဟာ မသုံးဘဲ အပင်ပန်းခံ ခြိုးခြံပြီး လှူတာပါဘုရား။” တဲ့။
စာရှုသူအပေါင်းတို. ယောနိသော မနသိကာရဖြင့် အားကျအတုခိုး နိုင်ကြ စေရန် တင်ပြ လိုက်ရပါသည်။
Sunday, February 20, 2011
Tuesday, August 24, 2010
ဂျယ်ဂျူးတရားပွဲ ၁၅~၁၈-၈-၁၀
Sunday, August 22, 2010
Thursday, August 12, 2010
ဖူဆန်း ဝိပဿနာ သင်တန်း
...မအားမလပ်ကြတဲ့ အထဲကပဲ ကြိုးစား အချိန်ယူပြီး တရားကို တစ်ပတ် တစ်ရက်ရရ နှစ်ရက်ရရ တစ်နာရီပဲရရ နှစ်နာရီပဲ ရရ ဆိုတာလို ကြိုးစားကြတဲ့ သူတို.ကိုကြည့်ပြီး ပင်ပန်းတယ် မထင်မိတော့ပါဘူး။ တစ်ခြား ဘာသာ ဖြန်.ဖြူးကြတဲ့ သူတွေ နေပူမရှောင် မိုးရွာ မရှောင် တစ်အိမ်တက်ဆင်း ရထားဘူတာပါ မချန် လှည့်လည် ဟောပြောနေကြတာ တို.က အသာထိုင်ပြီး လိုချင်လို. လာတဲ့သူကို သင်ပေးရတာ ဘာပင်ပန်းလဲ လို. ကိုယ့်ကိုယ်ကို မေးမိပါတယ်။

















