ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ February 2011 ~ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Monday, February 28, 2011

မြန်မာပြည်သို. ပေးစာများ

... မဇ္ဈိမယာန/ဓမ္မယာနအဖွဲ.သို. ပေးစာ (၁)
မဇ္ဈိမယာနနှင့်ဓမ္မယာနအဖွဲ.(မြန်မာ)သည် ရန်ကုန် ပြည်တော်ဦး ဗုဒ္ဓသာသနာ့ ရိပ်မွန်၌
အပတ်စဉ် စနေနေ.တိုင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး၊ တနင်္ဂနွေနေ.တိုင်း လူငယ်ဖွံ.ဖြိုးရေး လုပ်ငန်းများကို အစည်းအဝေးဆုံဖြတ်ချက်နှင့်အညီ အကောင်အထည်ဖေါ်လျက်ရှိပါသည်။ မြန်မာပြည်သို. ပေးစာများကဏ္ဍမှာ ထိုအစည်းအဝေးအတွက် အပတ်စဉ်ပို.ပေးနေသော စာများကို ပြန်လည် တင်ပြခြင်း ဖြစ်ပါသည်။

...ဓမ္မယာန/မဇ္ဈိမယာန အဖွဲ.သူ/သားများသို.
2011년 2월 4일 오후 9시 21분

မောက်မာ ခက်ထန် တင်စီး ကြမ်းတမ်းသော မာနနှင့် ဒေါသတရားကိုပယ်ရှား၍ နှိမ့်ချနူးညံ့ မြင့်မြတ်သော မေတ္တာစိတ်ထားဖြင့် အများအကျိုးသယ်ပိုးသူများ ဖြစ်ကြပါစေ။

သိမ်ငယ် အောက်ကျသော စိတ်ထားပယ်ရှား၍ ပညာဦးစီးသည့် မြင့်မားသော အတွေးအခေါ်နှင့် ဖြောင်မတ်မှန်ကန် ဖြုစင်သည့် ခံယူချက်ကြောင့် ခိုင်မာတည်ကြည် ခံ့ငြားသောစိတ်ထားဖြင့် လောက အကျိုး သယ်ပိုးနိုင်သူများ ဖြစ်ကြပါစေ။

ကရုဏာနှင့်ပညာဖြင့် ဆင်းရဲဒုက္ခရောက်နေသူ အားငယ်သူတို.၏ အားကိုးရာ၊ ရိုးသားရဲရင့် ဖြောင့်မတ်မှုဖြင့် အားရှိသူတို.၏ လေးစားယုံကြည်စိတ်ချရာ ဖြစ်ကြပါစေ။

အလုပ်ကို အခွင့်အရေးဟု မြင်နိုင်ပြီး အလုပ်လုပ်ခြင်းဖြင့် မိမိ၏ အတွေးအခေါ် ခံယူချက် ယုံကြည်ချက် ကို အပြောမဟုတ် လက်တွေ.အကောင်အထည်ဖေါ်နိုင်သည့် လုပ်ရည်ကိုင်ရည်ကောင်းသူ ဖြစ်ကြပါစေ။

အလုပ်ဖြင့် မိမိ၏အရည်အချင်းကို မြှင့်တင်နိုင်၍ လူခပ်သိမ်း၏ အသိအမှတ်ပြုမှုကို ခံယူရပြီး ဘာသာရေး လူမှုရေး စီးပွားရေး နိုင်ငံရေး မိမိ သက်ဆိုင်ပါဝင်ခွင့်ရရာ အရေးအရာတိုင်း၌ နောက်လိုက်ငယ်သားတို.၏ အကျိုးစီးပွားကို ရွက်ဆောင်နိုင်သော တာဝန်ယူရဲသော တာဝန်ကျေသော ခေါင်းဆောင်ကောင်းများ ဖြစ်နိုင်ကြပါစေ။

ကိုယ်ရေးကိုယ်တာ အခွင့်အရေးယူစရာ ကြုံသည့်အခါတိုင်း ငြိမ်သက်ငြိမ်းအေးသော (နေက္ခမ္မ) လိုချင်မှုမှ ထွက်မြောက်သည့် စိတ်ထားကိုအားပြုပြီး ကျင့်ဝတ်သိက္ခာနှင့် အရှက်တရားကို ရှေ.ထား၍ လိုအပ်လျှင် အများအတွက် ကိုယ်ကျိုးစွန်. အနစ်နာ ခံနိုင်သူများ ဖြစ်နိုင်ကြပါစေ။

အောင်မြင်မှုများအတွက် မာန်မတက်ဘဲ ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်တတ်သူ၊ ဆုံးရှုံးမှုများအတွက် သူတစ်ပါးကို အပြစ်မတင်တတ်ဘဲ လဲရာကနေ အရင်လူးလဲထ မထနိုင်သူများကို လည်း ဖေးကူထူမ၍ လမ်းစရှာပြီး ရှေ.ဆက်လျှောက်သူများ ဖြစ်ကြပါစေ။

အခက်အခဲများနှင့် ရင်ဆိုင်ရတိုင်း မိမိ၏အရည်အချင်းကို ယုံကြည်အားကိုးသူ၊ ညှိနှိုင်းပေါင်းစပ် အဖြေရှာတတ်သူ၊ အဆင်ပြေချောမွေ.မှုများနှင့် ကြုံတိုင်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှု အကြောင်းစုံ ပေါင်းဆုံမှု၏ ရလဘ် တန်ဖိုးအဖြစ် မြင်တတ်သူ/ဖေါ်ပြတတ်သူများ ဖြစ်ကြပါစေ။

မလွဲမရှောင်သာသော ဆန်.ကျင်ဘက်နှင့် တိုက်ခိုက်မှုများအတွက် စိတ်မပျက်စေရန် မေတ္တာနှင့် ဥပေက္ခာ ရှေ.သွား ဝိပဿနာတည်းဟူသော နားခိုရာ တရားရင်ခွင် ရှိသူများဖြစ်ကြပါစေ။

ကိုယ်စိတ်ချမ်းမြေ့ တရားမွေ. တွေ. သိ နိုင်ပါစေ။
သင်သိ ကျင့်သိ ထိုးထွင်းသိ အသိ စုံပါစေ။
သာသနာအကျိုး မြတ်မြတ်နိုး သယ်ပိုးနိုင်ပါစေ။


မေတ္တာဖြင့်
ပြည်တော်ဦး အရှင်ပဏ္ဍိစ္စ
ပြည်တော်ဦး ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်၊
ဖူဆန်းမြို.၊ တောင်ကိုရီးယားနိုင်ငံ။

Sunday, February 20, 2011

20-2-11 ဖူဆန်းတရားပွဲ

OPMW မဇ္ဈိမယာန အဖွဲ.



... မဇ္ဈိမယာနနှင့်ဓမ္မယာနအဖွဲ.၏ လူငယ်ဖွံ.ဖြိုးရေး လှုပ်ရှားမှု မှတ်တမ်း

...မဇ္ဈိမယာန(ဓမ္မယာန)အဖွဲ.၏လုပ်ငန်းစဉ်များအနက် “ကလေး/လူငယ်များကို မိမိကိုယ်ကို ယုံကြည်လေးစား အားကိုးမှုရှိစေသည့် ပညာရေး” ကို ပေးရန်ဟူသော လုပ်ငန်းစဉ်အရ ဒဂုံမြို.သစ်အရှေ့ပိုင်း အမှတ် (၁၂)ရပ်ကွက်၌ Open School Program ကို စတင်အကောင်အထည် ဖေါ်လျက်ရှိပါသည်။

ယနေ. စာသင်ကျောင်းများနှင့် မိဘတို.က မပေးနိုင်တော့သော အတွေးအခေါ်၊ စိတ်ဓါတ်ရေးရာ၊ ကိုယ်ကျင့်တရား လူမှုရေးဆိုင်ရာနှင့် အသက်မွေး ဝမ်းကျောင်းပညာ အမျိုးမျိုးကို အခမဲ့ သင်ကြားပေးသွားရန် စီစဉ်နေပါသည်။

အလှူတော်မှတ်တမ်း

... ၂၀၁၁.၂.၂၀ ရက်နေ့ တရားပွဲအလှူ.........
ယနေ့ ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်၁၁ နာရီတွင် ပြည်တော်ဦးဆရာတော်အား အမှူးထား၍ yansan မြို့ရွှေညီအစ်ကိုများမှ 부산불교신도회관၌ တရားပွဲအလှူကို ပြုလုပ်ကျင်းပခဲ့ပါသည်။ တရားတော်နာ ကြွရောက်လာကြသော မိတ်ဆွေအပေါင်းကို နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးပြီးသည့်နောက် ဆရာတော်ဘုရားထံမှ တရားတော်များနာကြားကြကာ ရေစက်သွန်းချ ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာများ ခေါ်ဆိုခဲံ့ကြပါသည်။ ၀င်ရောက်ဖတ်ရှူသူအပေါင်းလည်း အလှူရှင်များနှင့် ထပ်တူထပ်မျှသာဓုခေါ်ဆိုနိုင်ရန် စိတ်ရည်သန်၍ အလှူရှင်များစာရင်းကို ဖော်ပြလိုက်ရပါသည်။
၁။ ကိုပေါပေါ ၂၀၀၀၀
၂။ကိုမင်းမင်း ၂၀၀၀၀
၃။ကိုမင်းလတ် ၁၀၀၀၀
၎။ကိုတိုးသူရ ၁၀၀၀၀
၅။ကိုကျော်မင်းနိုင် ၁၀၀၀၀
၆။ကိုတင်လင်းဆိုင် ၁၀၀၀၀
၇။ကိုရှမ်းကြီး ၁၀၀၀၀
ဂ။ကိုကျော်ကျော်မြင့် ၁၀၀၀၀
၉။ကိုရန်ပိုင်ထွန်း ၃၀၀၀၀
၁၀။ ကိုအေးမြတ်ကို ၃၀၀၀၀
၁၁။ကိုအောင်ကိုကိုမျိုး ၁၀၀၀၀
၁၂။ကိုနေမျိုး ၅၀၀၀၀
၁၃။ကိုကျော်ဆန်းနှင့်
သူငယ်ချင်းများ ၁၄၀၀၀၀
၁၄။ကိုဇော်ဝင်းထွန်း ၁၀၀၀၀
၁၅။ကိုနိုင်ဦး ၂၀၀၀၀
၁၆။ကိုေ
ဌးဝင်းလှိုင် ၂၀၀၀၀
၁၇။ကိုဝင်းစိန် ၃၀၀၀၀
၁၈။ကိုခိုင် ၂၀၀၀၀
၁၉။ကိုစိုးသီဟ ၁၀၀၀၀
၂၀။ကိုသက်လွင်ထူး ၁၀၀၀၀
၂၁။ကိုမိုးလှိုင်ဦး ၁၀၀၀၀
၂၂။ကိုကျော်ဘိုဘိုအောင် ၁၀၀၀၀
၂၃။ကိုကျော် ၁၀၀၀၀
양산시 အလှူရှင်များ
စုပေါင်းအလှူငွေ..... ၃၀၀၀၀၀
ကိုစိန်ဝင်းမှ မိခင်ကြီး
ဒေါ်ငွေခဲ ၈၅နှစ်ပြည့်မွေးနေ့ အလှူ.. ၃၀၀၀၀
ကွယ်လွန်သူ အမေကြီးဒေါ်မြအား ရည်စူး၍
ကိုမျိုးညွန့်အောင်......... ၃၀၀၀၀
အလှူရှင် ၇ဦးမှ စုပေါင်းလှူဒါန်းငွေ.... ၁၀၀၀၀၀

ရေးသူ ... မေမွန်

Saturday, February 19, 2011

အလှူတော်မှတ်တမ်း

... သီးသန်. အလှူရှင်စာရင်း

...ဦးမျိုးဦး + ဒေါ်ငြိမ့်ငြိမ့်စိုး

သုတေသနပါမောက္ခ၊ ဖူဆန်း နိုင်ငံခြားဘာသာသင် တက္ကသိုလ်၊

ကိုဇော်မင်းနိုင်+မဇာဇာ ၂၅၀,၀၀၀ ဝမ်

မြန်မာသူကြီးစားသောက်ဆိုင်၊ ဖူဆန်းမြို.။

အလှူတော်မှတ်တမ်း

... လစဉ်အလှူရှင် စာရင်း(ဖေဖေါ်ဝါရီလ)

... ကိုမြင့်ခိုင်(ဖူဆန်း) သောက်ရေသန့် ရေပူ/ရေအေး ၅၀,၀၀၀ ဝမ်
ကိုရဲသီဟ(ဂွမ်ဂျုး) စတုပစ္စယဒါန ၂၀,၀၀၀ ဝမ်
ကိုလှထွန်း(ဖူဆန်း) လျှပ်စစ်မီး ၃၀,၀၀၀ ဝမ်
ကိုဇော်သူရ(ကင်မ်ဟဲ) အင်တာနက်ဖုံး ၃၀,၀၀၀ ဝမ်
ကိုလင်းလင်း + မဝင်းအိဖြူ(ကင်မ်ဟဲ) ဒိုရှီးဂတ်စ် ၁၅,၀၀၀ ဝမ်
ကိုကျော်လှိုင်ထွန်း (ဘူဖျောင်းင်) စတုပစ္စယ ဒါန ၂၀,၀၀၀ ဝမ်

Monday, February 14, 2011

Busan တရားပွဲအလှူဖိတ်ကြားလွှာ

လစဉ် ကျင်းပမြဲဖြစ်သော ဘူဆန်းတရားပွဲနှင့် အလှူကို

၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက် တနင်္ဂနွေနေ့တွင် ပြည်တော်ဦးဆရာတော်အား အမှူးထား၍ ကျွန်တော်များ Yangsanမြို့ ညီအစ်ကိုတစ်စုက ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် ကိုရီးယားရောက် ညီအစ်ကိုမောင်နှမ မိတ်ဆွေများကို လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အလှူနေရာ.......................... 부산불교신도희관

နေ့ရက်...............................၂၀.၂.၂၀၁၁ တနင်္ဂနွေနေ့

အချိန်.................................နံနက် ၁၁ နာရီ နေ့လည်စာဖြင့်ဧည့်ခံကျွေးမွေးပြီး နေ့လည် ၁နာရီတွင် တရားပွဲပြုလုပ်ပါမည်။

လမ်းညွှန်............................ 부산지하철 ဘူဆန်းမြေအောက်ရထား ၁လိုင်းစီးပါ။ 시청역 122 မှာဆင်းပြီး ဂိတ်ပေါက် ၇ မှထွက်ပါ။ လူကူးတံတား အနီးမှာတည်ရှိပါသည်။

ခင်မင်လေးစားစွာဖြင့် 양신시 ညီအစ်ကိုများ

Saturday, February 12, 2011

မဇ္ဈိမယာန/ဓမ္မယာန အဖွဲ့


မဂ်မြင်းပျံ ရှစ်စင်းကတဲ့
ထူးမြတ်လှ သာသနာ့ယာဉ်တော်
မဇ္ဈိမယာန/ဓမ္မယာန ရယ်လို့
သုံးလူရှင်မြတ်ဘုရား
ဟောကြားမှည့်ခေါ်။

တို့ ~ ဘုရားသား သ္မီးတော်
တူပျော်ပျော် ယာဉ်တော်စီးပါလို့
ပြည်နိဗ္ဗာန် ပန်းတိုင်ရောက်အောင်
သွားကြမယ် ပါရမီ ခရီး။

အချိန်ကျပြီကွယ် ~ ပမာဒတွေနဲ့
တွေဝေကာ မနေကြပါနဲ့
နောက်ကျကျန် ချန်မထားချင်ဘူး
ညီညာညာ ယာဉ်တော်ကြီးပေါ်
တက်လှမ်းကာ
ပျော်ပျော်စီးကြပါစို့

သာသနာ့ ဆွေအပေါင်းရယ်
တောင်းဆုစုံ ကြုံသည့်ခိုက်
သိုက်မြိုက်စွာ စု၍ပေါင်း
လိုက်ခဲ့စေကြောင်း။

Friday, February 11, 2011

မဇ္ဈိမယာနအဖွဲ. ပထမအကြိမ် စုံညီအစည်းအဝေး

... ပထမအကြိမ် စုံညီအစည်းအဝေး ဖြစ်မြောက်ရေး

... 2011년 2월 12일 토요일
“မဇ္ဈိမယာနအဖွဲ့ စုံညီအစည်းအဝေး၌ ဆွေးနွေးကြမည့်အကြောင်းအရာများကို အဆိုပြုတင်ပြခြင်း”
၁။ အဖွဲ့၏ အခြေခံမူဝါဒ
၂။ အဖွဲ့၏ ဖွဲ့စည်းပုံ
၃။ အဖွဲ့၏ လုပ်ငန်းစဉ်
(က) မြန်မာနိုင်ငံ
မြန်မာပြည်အတွင်း ပညာရေး ၊ကျန်းမာရေး ၊ လူမှုရေး နှင့် အခြားအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်။
(ခ) ကိုရီးယားနိုင်ငံ
အဖွဲ.ဝင်များ၏ အလုပ်အကိုင်ရှာဖွေရေးနှင့် အခက်အခဲများ ဖြေရှင်းရေး ၊ ကျန်းမာရေး ၊ ပညာရေးထောက်ပံ့မှုများနှင့် အခြားအထွေထွေ ကိစ္စများ ဆောင်ရွက်ရန်

၁။ မဇ္ဈိမယာနအဖွဲ့၏အခြေခံမူဝါဒ
အဖွဲ့စတင်ဖွဲ့စည်းစဉ်က တင်ပြခဲ့သော အခြေခံမူကြမ်းကို ပြန်လည် ဆွေးနွေးရန်
(မူကြမ်းကို နောက်ဆုံးစာမျက်နှာ၌ ပူးတွဲ တင်ပြပါသည်။)

၂။ မဇ္ဈိမယာနအဖွဲ့၏ ဖွဲ့စည်းပုံ
အဖွဲ့ကြီးကို ကျစ်လစ်ခိုင်မာ အရှည်တည်တံ့စေမည့် မှန်ကန်ကောင်းမွန်ပြည့်စုံသော ဖွဲ့စည်းပုံ ဖြစ်ပေါ်လာရေး အတွက် အကြံပြုဆွေးနွေးပေးကြပါရန်။

အဆိုပြုချက်
(က) ၀န်ဆောင်များ ရွေးချယ်ခြင်း
နယ်မြေအလိုက် ၀န်ဆောင်မှူးများ ရွေးချယ်ခြင်း
ဥပမာ- ဖူဆန်ဝန်ဆောင်မှူး၊ ကင်မ်ဟဲဝန်ဆောင်မှူး၊ ဂွမ်ဂျူးဝန်ဆောင်မှူးစသည်၊ ထို့အပြင် စည်းရုံးရေးဝန်ဆောင်၊ ဘဏ္ဍာရေးဝန်ဆောင်၊ စာရင်းစစ်ဝန်ဆောင်၊ သတင်းနှင့် ဆက်သွယ်ရေး ဝန်ဆောင်၊ အလုပ်အကိုင်ရှာဖွေရေးနှင့် အလုပ်သမားရေးရာဝန်ဆောင်၊ (မြန်မာပြည် အသွား/ အပြန် လေယာဉ်လက်မှတ် ၀ယ်ယူရေးစသည်အပါအဝင်)။
ဝန်ဆောင်များတွင် လူငယ်များ နှစ်ဦး (သို့မဟုတ်) သုံးဦး တွဲ၍ လုပ်ဆောင်ရန်

(ခ) အဖွဲ့ဝင်အဖြစ် လက်ခံခြင်းနှင့်ရပ်စဲခြင်း
အဖွဲ့ဝင်ပုံစံ ဖြည့်စွက်တင်သွင်လျှင် ဆရာတော်ဘုရားနှင့် (စုံညီအစည်းအဝေးမှ ရွေးကောက် တင်မြှောက်ထားသော)သက်ဆိုင်ရာ နယ်မြေဝန်ဆောင်မှူးက လက်မှတ်ရေးထိုး အတည်ပြုပေးခြင်းဖြင့် အဖွဲ့ဝင်ဖြစ် လက်ခံသွားကြမည်။
(လူကိုယ်တိုင်သော်လည်းကောင်း၊ စာ/မေးလ်ဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော် လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း) ဝန်ဆောင် တစ်ဦးဦးထံသို့သီးခြား အကြောင်းကြား ထားခြင်း မရှိဘဲ သုံးလဆက်တိုက် အဖွဲ့ဝင် လစဉ်အလှူငွေ ထည့်ဝင်ရန် ပျက်ကွက်ပါက အဖွဲ့ အပေါ် စိတ်ပါဝင်စားမှု မရှိတော့ဟု ယူဆသဖြင့် အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်သည်ဟု ယူဆပါမည်။
အဖွဲ့၏ဂုဏ်သိက္ခာကို ပျက်ပြားစေသော လုပ်ရပ်နှင့် ရာဇဝတ်မှုကျုးလွန်သူ၊ အဖွဲ့၏ မူဝါဒနှင့် ဖွဲ့စည်းပုံကို ဖောက်ဖျက်ကျော်လွန်၍ အလွဲသုံးစားလုပ်သူများကို အဖွဲ့ဝင်အဖြစ်မှ အလို အလျောက် ရပ်စဲပြီးဟု ယူဆပါမည်။

(ဂ) အကျိုးခံစားခွင့်
အဖွဲ.ဝင်သက်တမ်း တစ်နှစ်ပြည့်ပြီးသူများ အကျိုးခံစားခွင့်ရှိစေရန်နှင့် ကိုရီးယားနိုင်ငံတွင် အဖွဲ့ဝင်သူများသည် အဖွဲ့၏လုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်သူ၊ အဖွဲ့ဝင် သက်တမ်း (၂/၃)နှစ် ပြည့်ပြီးသူဖြစ်ပါက ကိုရီးယားတွင်သာမက အမိမြေ၌လည်း အဖွဲ့၏ အကျိုးခံစားခွင့်များကို ခံစားခွင့်ရှိစေနိုင်ရန်။

(ဃ) အခြားလိုအပ်သည်များ အကြံပေးရန်

၃။ မဇ္ဈိမယာနအဖွဲ.၏ လုပ်ငန်းစဉ်

(က ) မြန်မာပြည်၌ အကောင်အထည်ဖော်ရန်
မြန်မာပြည်အတွင်း ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး ကိစ္စများ
- လက်ရှိတွင် ကလေးအဟာရ နှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
- မင်္ဂလာဗျူဟာတွင် ပညာရေး ပဒေသာပင် အလှူငွေ စိုက်ထူလျက်ရှိပါသည်။
- မြန်မာပြည်သို့ ခေတ္တအလည်ပြန်သူများ ၊ အပြီးပြန်သူများ သည် အဖွဲ.နှင့်  ဆက်သွယ်၍ မိမိ ပတ်ဝန်းကျင်ရှိ ရပ်ကွက်ကျေးရွာများတွင် ကလေးအာဟာရနှင့် ပညာပေး လူငယ်ဖွံ.ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ပေးခြင်း
- မင်္ဂလာဗျူဟာတွင် ပညာရေး ပဒေသာပင်ငွေ လှူဒါန်းပေးခြင်း
- အခြားအကြံဥာဏ်များ တင်ပြဆွေးနွေးဆုံးဖြတ်ခြင်း
- ရံပုံငွေ အင်အားတောင့်တင်းလာလျှင်
~ စာကြည့်တိုက်များ ဖွင့်လှစ်ပေးရန်
~ အတိုးနှုန်း သက်သာစွာဖြင့် (အာမခံရှိသူများကို) ငွေအရင်းအနှီးပေးရန်
အခြားလိုအပ်သည်များ အကြံပြုရန်

(ခ)(ကိုရီးယား၌ အကောင်အထည်ဖော်ရန်)
အဖွဲ့သားများ၏ အလုပ်အကိုင်နှင့် အခက်အခဲများ ဖြေရှင်းရေး၊ ကျန်းမာရေး၊ လူမှူရေး၊ ပညာရေး၊ ထောက်ပံ့မှူများ
၁) အလုပ်အကိုင်ရှာဖွေရေးနှင် အခက်အခဲများ ဖြေရှင်းရေး
- အသင်းမှ (노동부)ရုံးနှင့် ဆက်သွယ်၍ စက်ရုံများကို စုံစမ်းထားရှိခြင်း၊ အချင်းချင်း ဆက်သွယ်၍ အလုပ်အကိုင်ရှာဖွေပေးခြင်း။
- အလုပ်ရှာနေချိန်အတွင်း နားနေရန်အခန်း၊ စားစရိတ်ကို အဖွဲ.မှချမှတ်ထားသော စည်းကမ်း နှင့်အညီ ထောက်ပံ့ကူညီပေးရန်၊ (ပြည်တော်ဦးဆရာတော်ဘုရားမှ ထိုကဏ္ဍ အတွက် လစဉ် အလှူငွေ(၁)သိန်း ပါဝင်မတည်)။
ဥပမာ - ကင်မ်ဟဲတွင် အသင့်အသုံးပြုနိုင်သော (GV)ရှိနေပြီး ဖြစ်သည်။ ဂွမ်ဂျူးတွင် အခန်းလိုမလို စဉ်းစားရန်၊
- မြို့ကြီးများတွင် မဇ္ဈိမယာန အဖွဲ.၏ ရုံးခန်းများထားရှိနိုင်ပါက အခက်အခဲများကို ပို၍
ကူညီဖြေရှင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

၂) ကျန်းမာရေး
- အဖွဲ.ဝင်သည် မကျန်းမာ၍သော်၎င်း၊ အလုပ်တွင် ထိခိုက်ဒဏ်ရာရ၍သော်၎င်း ဆေးရုံတက်ရလျှင်- လူုနာစောင့် လိုအပ်ခဲ့လျှင် ထောက်ပံ့ငွေ သတ်မှတ်ပေးသင့်/မသင့်
- ဆေးကုသစရိတ် ငွေ(၅)သိန်း သတ်မှတ်ခဲ့လျှင် အနည်းအများ ဆုံးဖြတ်ပေးရန်
-ကျန်းမာရေးနှင့် ပတ်သတ်သည့် အခြားလိုအပ်ချက်များ အကြံဥာဏ်ပေးရန်

၃) ပညာရေး
-အဖွဲ.ဝင်များ၏ ပညာရေးအတွက် ကွန်ပျူတာသင်တန်းများ ၊ စကားပြောသင်တန်းများ (English/Korean)၊ ဥပဒေသင်တန်း နှင့် အလုပ်သမား အခွင့်အရေး သင်တန်းစသည်များကို အဖွဲ.ဝင်များ လိုလားပါက သင်တန်း ဖြစ်မြောက်ရေးအတွက် တာဝန်ယူ၍ ဆောင်ရွက်ပေးရန်
-အဖွဲ.မှ သင်တန်းစည်းကမ်းများ ထားရှိ၍ သင်တန်းများကိုကြပ်မတ်ကွပ်ကဲရန်

*အဖွဲ.ဝင်များ၏ ထူးချွန်သော သား/သမီးရင်းများ ၊ ညီအကို၊မောင်နှမအရင်းများကို ပညာရေး ထောက်ပံ့မှု အစီအစဉ်
ဥပမာ - (၁၀)တန်းကို ဂုဏ်ထူးများဖြင့် အောင်ခဲ့လျှင် ဆုချပေးရန် ၊ ကိုရီးယားနိုင်ငံတွင် တက္ကသိုလ် တက်လိုလျှင် ကူုညီပေးရန်/ -ကျောင်းတက်လျှင် ပညာသင်စရိတ် ထောက်ပံ့ပေးရန်များ

၎) လူမှုရေး
-အဖွဲ.ဝင်များ၏ ပျော်ပွဲရွှင်ပွဲများ ၊ အားကစားပွဲများ ၊ ခရီးထွက်ခြင်းများကို အဖွဲ.မှ ဦးဆောင်စီစဉ် ကူညီထောက်ပံ့ပေးရန်
-အဖွဲ.သား/သူများနှင့် ကိုရီးယားနိုင်ငံသူ/သား လက်ထပ်ခဲ့လျှင် မင်္ဂလာပွဲ ဖြစ်မြောက်ရေး နှင့် လက်ဖွဲ့ ကူညီထောက်ပံ့ရေး
-အဖွဲ.ဝင်များ နာရေးဖြစ်ပေါ်ခဲ့လျှင် ကူညီထောက်ပံ့ငွေများ ပေးရန်


“မဇ္ဈိမယာန အဖွဲ.(မူကြမ်း)”

အဖွဲ.၏ရည်ရွယ်ချက်။ ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ညွှန်ပြသည့် ဒုက္ခကင်းရာ
နိဗ္ဗာန်ကို ပန်းတိုင်ထား၍ မဂ္ဂင်ရှစ်ပါးကို လမ်းစဉ် အဖြစ် ခံယူလျက် ပါရမီ ဖြစ်ကြောင်း အကျင့်ကောင်း
များကို စွမ်းစွမ်းတမံ ကျင့်သုံးရွက်ဆောင်ရန် ရည်ရွယ်ပြီး တည်ထောင်ဖွဲ့စည်း ပါသည်။

အဖွဲ.၏ အမည်။ ။ မဇ္ဈိမယာန (မဂ္ဂင်ရှစ်ပါး မဇ္ဈိမလမ်းစဉ် ယာဉ်တော်ကြီး)
ORGANIZATION FOR PRACTICAL MIDDLE WAY (OPMW)

အဖွဲ.၏လုပ်ငန်းစဉ်။ ။ အမျိုးဘာသာ သာသနာနှင့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး မည်သည့်
အရေးမဆို ပေါက်မြောက် အောင်မြင်ဖို့ရာ ပညာသည်သာ အခရာဖြစ်သည်။ “ပညာသမာ အာဘာ
နတ္ထိ” ဘုရားဟောလည်းရှိသည်။ “ဆင်းရဲခြင်းမှ ထွက်ရပ်လမ်းသည် ပညာရေးသာဖြစ်သည်”ဟူသော
ပညာရှင်များ၏ သုတေသန ရလဒ်မှန်များ သည်လည်း အထင်အရှား ရှိသည်။ မြန်မာနိုင်ငံ၏
အနာဂါတ်သည် တိုင်းသူပြည်သားတို့၏ ပညာရည်ပေါ်၌ မူတည်နေသည်။ ပညာပါရမီမြောက်
ပညာရေး လုပ်ငန်းများကို ပဓာနပြု၍ ဆက်စပ်ရာရာ ကျန်းမာရေး လူမှုရေး ပရဟိတ လုပ်ငန်းများကို
တိုင်းပြုပြည်ပြု လုပ်ငန်းတွင် အုတ်တစ်ချပ် သဲတစ်ပွင့် အနေအားဖြင့် အားကြိုး မာန်တက်
ဆောင်ရွက်သွားကြမည်။
အဖွဲ.ဝင် အရည်အချင်း။ ။ စိတ်ထားကောင်း၊ အပြောကောင်း၊ ကိုယ်ကျင့်ကောင်း၊ အတွေး
အခေါ်ကောင်း၊ လုပ်ရည်ကိုင်ရည်ကောင်းနှင့် ပြည့်စုံသူ/ဖြည့်ဆည်းသူများ ဖြစ်စေချင်ပါသည်။

အကြံပြုလွှာရေးရန်………………………………………………………………………………….
…………………………………………………………………………………………………… .
…………………………………………………………………………………………………….
…………………………………………………………………………………………………….
…………………………………………………………………………………………………….
…………………………………………………………………………………………………….

မှတ်ချက်။ ။ အထက်ဖော်ပြပါ မည်သည့်အချက်ကိုမဆို အသင်းစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပြုပြင် ပြောင်းလဲ နှုတ်ပယ် ဖြည့်စွက်နိုင်သည်။
အသင်းဖွဲ.စည်းပုံ၊ အသင်းစည်းကမ်း၊ အသင်းရံပုံငွေ၊ အသင်းတိုက်ဖြစ်မြောက်ရေး စသည်ကိုလည်း အညီအညွတ် စည်းဝေးတိုင်ပင်၍ ဆရာတော်၏ သြဝါဒကိုခံယူပြီး အများဆန္ဒနှင့်အညီ သတ်မှတ် ဆောင်ရွက်ကြပါမည်။

Thursday, February 10, 2011

မဇ္ဈိမယာနအဖွဲ့စုံညီအစည်းအဝေး ဖိတ်ကြားလွှာ

(ဘူဆန်း ၊ ကင်မ်ဟဲ) မဇ္ဈိမယာနအဖွဲ့
အဖွဲ့သူအဖွဲ့သားပေါင်းတို့ ခင်ဗျား
အဖွဲ့၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်း ဆိုင်ရာများကို စည်းဝေးတိုင်ပင်၍ ဆုံးဖြတ်ချက်ချနိုင်ကြရန် အဖွဲ့ စုံညီအစည်းအဝေးကို အောက်ပါအတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် မပျက်မကွက် ကြွရောက်ရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေရာ......................... ကင်မ်ဟဲ ရွှေရွာစားသောက်ဆိုင်
အစီအစဉ်....................နေ့လည် ၃နာရီ မှ ၄နာရီ တွင် မုန့်ဟင်းခါးနှင့် ဧည့်ခံကျွေးမွေး
၎နာရီ မှ ၅နာရီ အစည်းအဝေး
၅ နာရီ တွင် ပြည်တော်ဦးဆရာတော်ထံမှ သြဝါဒခံယူ၍ အစည်းဝေး ဆုံးဖြတ်ချက်များကို အတည်ပြုရန်

မှတ်ချက်။ ။ အဖွဲ့ဝင်များအညီအညွတ် စည်းဝေးတိုင်ပင် ဆုံးဖြတ်ချက်ချပေးရမည့် အကြောင်းအရာများကို သီးခြား အဆိုပြုလွှာဖြင့် ဖော်ပြထားပြီး e-mailဖြင့်လည်း အသီးသီး
ပေးပို့ထားပါမည်။အဖွဲ့ဝင်အားလုံး မည်သူမဆို အဆိုပြု အကြံပေးနိုင်ပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More