Saturday, March 10, 2012

ကိုရီယားစကားပြောသင်တန်း အပတ်စဉ် ၁၊




















ကင်မ်ဟဲ ကိုရီယားစာသင်တန်း ပထမ ခြေလှမ်း အောင်ပွဲ



ကင်မ်ဟဲ မဇ္ဈိမယာန ရုံးခန်းနှင့် ရွှေအလင်းတန်း စာကြည့်တိုက်တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အခမဲ့ သင်ကြားပေးနေသော ကိုရီယားစကားပြောသင်တန်း အပတ်စဉ် ၁၊ (၃လ) သင်တန်းကို အောင်မြင်စွာ သင်ကြားပြီးစီး၍ သင်တန်းပြီးမြောက်ကြောင်း လက်မှတ် ပေးအပ်ပွဲကို (၄-၃-၁၂) တနင်္ဂနွေနေ.မှာ ကျင်းပနိုင်ခဲ့ပါတယ်။ သင်တန်းဆရာ အဖြစ် ဘူဆန်းမြို့၊ ဘူဂယောင်းတက္ကသိုလ်တွင် ကိုရီးယာစာ၊ ဘာသာဗေဒ အထူးပြုဖြင့် မဟာဝိဇ္ဇာတန်း တက်ရောက်နေသော ကိုလှမင်းထွန်းက တာဝန်ယူခဲ့ပြီး၊ ဘူဆန်း နိုင်ငံခြားသားကူညီမှုအဖွဲ့(이주민과함께)မှ အကြီးအကဲဖြစ်သော 정귀순 ဆရာမနှင့် အတူ သင်တန်းစတင်ခဲ့ပါတယ်။ သင်တန်း တ၀က်လောက်တွင် ဘူဂယောင် တက္ကသိုလ်၊ ကိုရီယားစာပေ အထူးပြုဖြင့် Ph.Dတန်းတက်ရောက်နေသော 박산향 ဆရာမမှ အားဖြည့်၍ လာရောက် သင်ကြားပေးသဖြင့် သင်တန်းဆရာ ၃ဦးဖြင့် အင်ပြည့်အားပြည့် ပို.ချခဲ့ပါတယ်။
၂၀၁၁ခုနှစ် ၁၁လပိုင်း ၂၇ ရက်နေ့မှ စတင်၍ ကိုရီယားစကားပြောသင်တန်း အခြေခံ အဆင့် ၁ နှင့် ၂ အား သင်တန်းသား ၂၁ဦးဖြင့် ဖွင့်လှစ်ခဲ့တာပါ။ အဆင့် ၁ တွင် ၁၁ဦး၊ အဆင့် ၂ တွင် ၁၀ဦးဖြင့် တက်ရောက်ခဲ့တာပါ။ စုစုပေါင်း သင်တန်းကြာချိန်မှာ ၁၅ ပတ်ဖြစ် သော်လည်း ၁လပိုင်း ၁ရက်နေ့နှင့် ကိုရီယားနှစ်သစ်ကူးနေ့များတွင် ပိတ်သဖြင့် စာသင်ချိန်မှာ ၁၃ပတ်သာ ရရှိခဲ့ပါတယ်။ တစ်ပတ်လျှင် စာသင်ချိန် ၂နာရီ့ ဖြစ်သဖြင့် အားလုံး ၂၆ နာရီသာ သင်ကြားနိုင်ခဲ့တာပါ။
သင်တန်းမှာ အစဖြစ်၍ လှစ်ဟာမှုများ မပြည့်စုံမှုများ ရှိနေသေးသော်လည်း သင်ယူသော ကျောင်းသားများ၏ ကြိုးစားမှု၊ ဆရာ/မ များ၏ စေတနာ၊ ဘူဆန်း ပြည်တော်ဦးဆရာတော်၏ ပံပိုးအားပေးမှုများကြောင့် ယခုလို သင်တန်းဟာ အထမြောက် အောင်မြင်နိုင်ခဲ့ခြင်းပါ။ အဓိက ဘေးက ကူညီနေကြတဲ့ စာကြည့်တိုက် အဖွဲသားများရဲ့ ပံပိုးမှုကြောင့်လည်း ပါပါတယ်။ ဆောင်းတွင်း ချမ်းချမ်းအေးအေးမှာ သင်တန်းသားများနှင့် ဆရာ/မများ နွေးထွေးစေရန် အပတ်စဉ်လာရောက်၍ ဟီတာကို ကြိုတင်ဖွင့်ပေးတတ်သော ကိုဇော်ဝင်ထွန်း၊ ၊ သန့်ရှင်းရေးကအစ လိုက်လုပ်တတ်သော အသင်းဥက္ကဌ ဦးလှထွန်း၊ ကိုခိုင်နှင့် ကိုမင်းလတ်စသည့် အဘက်ဘက်မှ ၀ိုင်းဝန်းကူညီကြသော သူများ ရှိနေခြင်းကြောင့်ပါ။ တကယ်တော့ သင်တန်းသင်တန်းဆင်းပွဲမှာ ဆရာတော် မိန့်ကြားခဲ့သလို “စာတတ်တာ မတတ်တာထက်၊ ငါ လုပ်လို့ရတယ်၊ လုပ်နိုင်ခဲ့တယ်” ဆိုတဲ့ စိတ်ဓါတ်လေး မျိုးစေ့ကျသွားဖို့ပါပဲ။ ဒါမှ နောင်ဆိုရင်လည်း အလွယ်တကူ ဒီလိုသင်တန်းမျိုးကို တက်ဖို့ ၀န်မလေးတော့သလို၊ ပရဟိတ လုပ်ငန်းတစ်ခုကို ကူညီလုပ်ကိုင်ဖို့လည်း နှောင့်နေးတာတွေ နည်းသွားမှာပါ။
တကယ်တော့ သင်တန်းချိန်ဟာနည်းသလို ကျောင်းသာ တွေထဲမှာလည်း အပတ်စဉ်ပြည့်အောင် တက်နိုင်တဲ့ ကျောင်းသားဦးရေ နည်းခဲ့ပါတယ်။ ညဆိုင်းဆင်းလို့၊ အိုဗာတိုင်ရှိလို့စသည့် ကိစ္စအမျိုးမျိုးကြောင့် တပတ်မဟုတ် တပတ်တော့ ပျက်တတ်ကြလို့ပါ။ ဒါပေမယ့် ကြိုးကြိုးစားစားနဲ့အားလုံး သင်တန်းဆင်းတဲ့အထိ တက်နိုင်ခဲ့ကြတာကတော့ တကယ့်ကို အားရစရာပါပဲ။ သင်တန်းသင်နေစဉ် ကာလမှာလည်း တစ်လလျှင်တစ်ကြိမ် အလုပ်သမား ဥပဒေနဲ့ ပတ်သက်တာတွေကိုလည်း ရှင်းပြပေးတာတွေရှိပါတယ်။ ဒါကြောင့် ဒီိအပတ်စဉ်ကို မမီတဲ့သူတွေ နောက်အပတ်စဉ် တက်ဖြစ်အောင်တက်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
မတ်လ ၁၈ ရက်နေ့မှာ နောက် အပတ်စဉ် ၂ အား စတင်မှာဖြစ်ပြီး အတန်းကို ၃ တန်းခွဲ၍ သင်ကြားရန် စီစဉ်နေပါတယ်။ လုံးဝအခြေခံအဆင့်၊ အခြေခံအဆင့် ၁၊ အဆင့် ၂ တို့ဖြစ်ပြီး သင်တန်းချိန်အားလည်း ၂နာရီမှ ၃နာရီ အထိ တိုးမြင့်ဖို့ ရည်ရွယ်ထားပါတယ်။ သင်တန်းသား ဦးရေနှင့် ကျွမ်းကျင်မှုအဆင့်ပေါ်မူတည်၍ သင်တန်းအမျိုးအစား ကွဲလွဲနိုင်ပါတယ်။ ဒီအပတ် ၁၁ရက်နေ့မှာတော့ သင်တန်းသားများနှင့် ဆရာ/မများ စုပေါင်းပြီး ခရီးတို တစ်ခုထွက်မှာဖြစ်တဲ့ အတွက် နောက် အပတ်ကြမှ စတင်နိုင်ခြင်းဖြစ်ပါကြောင်း။

ကယားလေး

အပြည့်အစုံသို့(fullpost)...

Tuesday, January 31, 2012

အစည်းအဝေးဖိတ်ကြားလွှာ

၂၀၁၂.၄.၁၃ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ် တန်ခူးလတွင် ကျရောက်မည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲအား ကျင်းပရန်အတွက် အစီအစဉ်များအား တိုင်ပင်ဆွေးနွေးရန် ၂၀၁၂.၂.၅(တနင်္ဂနွေနေ့)တွင် ဂင်မ်ဟဲရှိ မဇ္ဈိမယာနရုံးခန်း သို့ကြွရောက်ပေးကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

အစည်းအဝေး အားညနေ ၃နာရီတွင် စတင်မည်ဖြစ်သည်။

အပြည့်အစုံသို့(fullpost)...

Monday, January 23, 2012

ကိုရီးယားနှစ်သစ်/နှစ်ဦးအလှူ

2012.01.23ရက်နေ့တွင် ကျရောက်သော ကိုရီးယားနှစ်သစ်တွင် ဦးစိန်ဝင်းကြီးမှူး၍ ယန်ဆန်းညီအစ်ကိုများမှ ဖူဆန်းပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်တွင် ပြည်တော်ဦး ဆရာတော်အား နံနက်အာရုံ မုန်ဟင်းခါး နှင့် နေ့ဆွမ်းကိုကပ်လှူ၍ ကြွရောက်လာသောဧည့်သည်များနှင့် မိတ် သင်္ဂဟများကိုလည်း အဟာရကျွေးမွေးဧည့်ခံခဲ့ပါသည်။ထို့နောက် ကြွရောက်လာသောဧည့်သည်တော်များမှလည်း မြန်မာပိုင်ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေးအလှူတွင် ပါဝင်လှူဒါန်းသွားကြပြီး ဆရာတော်မှ တရားတော်များ ဟောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်၍လှူဒါန်းမှု အစုစုအတွက် ရေစက်ချအမျှဝေခဲ့ ပါကြောင်း သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေရန်~~~




အပြည့်အစုံသို့(fullpost)...

Sunday, November 13, 2011

အလှူတော်မင်္ဂလာဖိတ်ကြားလွှာ

... အလှူတော်မင်္ဂလာဖိတ်ကြားလွှာ

...
ရေးသူ~~နန္ဒာ (ဧကမ္ဘာ)



အပြည့်အစုံသို့(fullpost)...

Monday, November 7, 2011

ဓမ္မယာန-မဇ္ဈိမယာန အဖွဲ့ သြ၀ါဒါစရိယ ဆရာတော်ကြီးများ၏ ပေးစာ

... ၁၈-၇-၂၀၁၁ မှ ၁၄-၈-၂၀၁၁ထိ မြန်မာပြည်တွင်းသို. ပြန်ကြွပြီး ဓမ္မယာန မဇ္ဈိမယာနအဖွဲ. မှတ်ပုံတင်ရေး ကိစ္စ ဆောင်ရွက်ခဲ့ပါသည်။ အဖွဲ.၏ သြဝါဒါစရိယ ဆရာတော်များအဖြစ် စောင့်ရှောက် ဆောင်ရွက်တော်မူပါရန် (၁)မန္တလေးမြို. မစိုးရိမ်တိုက်သစ် ဆရာတော်ဘုရားကြီး ၊ (၂)အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ၊ (၃)ကျေးဇူးရှင် မုံရွာစန်းမြသီတာ ဆရာတော်ဘုရားကြီး တို.ကို လျှောက်ထား ခဲ့ရာ ဝမ်းမြောက်ဝမ်းသာ လက်ခံချီးမြှောက်တော်မူခဲ့ကြပါသည်။









... မန္တလေးမြို. မစိုးရိမ်တိုက်ကြီးသုံးတိုက်၏ နာယကချုပ်ဆရာတော်


ဦးရာဇဓမ္မာဘိဝံသ၏ သြ၀ါဒကထာ


လိုကွက်ကိုဖြည့်စွက်ခြင်း မြန်မာနိုင်ငံ၌ နာဂစ်စသော သဘာဝဘေးအန္တရာယ်ကြောင့် အိုးမဲ့အိမ်မဲ့ မိမဲ့ဖမဲ့ အားကိုးရာမဲ့ ကလေးများ အတော်ပေါများနေကြောင်းသိရ၏။ ယင်းကလေးငယ်များကို အချို့က သားသမီးအဖြစ် အမွေစားအမွေခံ စာချုပ်စာတမ်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြသည်ဟု သိရ၏။ အချို့သံဃာတော်များကလည်း အားကိုးရာမဲ့ကလေးငယ်များကို ကျောင်းတွင်ခေါ်ထားပြီး ထိန်းသိမ်းစောင့်ရှောက်ကြသည်ဟုသိရ၏။ ဦးပဏ္ဍိစ္စကား ယင်းသံဃာတော်များကို အားကျဟန်တူသည်။ မိမဲ့ဖမဲ့ကလေးငယ်များကို ထမင်းကျွေးထားပြီး အတတ်ပညာသင်ပေးနေသည်ဟု သိရ၏။ဆန်းကျမ်းဆရာ နိဂုံးနှင့်တစ်ထပ်တည်းတူညီနေ-ပရိယတ္တိလောက၌ ကျမ်းကြီးပဋ္ဌာန်း ကျမ်းငယ်ဆန်းကျမ်းလတ်ဓာတုကထာဟု အဆိုအမိန့်တစ်ခု ရှိ၏။ ကျမ်းကြီးကျမ်းခိုင်တို့တွင် ပဋ္ဌာန်းကျမ်းသည် အခက်ဆုံး ကျမ်းငယ်တို့တွင်ဆန်းကျမ်းသည် အခက်ဆုံး ကျမ်းလတ်တို့တွင် ဓာတုကထာကျမ်းသည် အခက်ဆုံးဟုဆိုလိုသည်။ကျမ်းငယ်တို့တွင်အခက်ဆုံးဖြစ်သည့်ဆန်းကျမ်းကိုရေးသားပြုစုသွားသည့်ကျမ်းပြုဆရာတော်က သူကကျမ်းနိဂုံးတွင်--ပရတ္ထသမ္ပဒနကော ဘဝေယျံ ဇာတိယံ ဟုဆုတောင်းထည့်သွား၏။ အနက်-ဇာတိဇာတိယံ၊ဖြစ်တိုင်းဖြစ်တိုင်းသောဘ၀၌ ပရတ္တသမ္ပာဒနကော၊ သူတစ်ပါးအကျိုးစီးပွားကို ပြီးစေနိုင်သူသည်။ ၀ါ-ပရဟိတလုပ်ငန်းဆောင်ရွက်နိုင်သူသည်။ ဘဝေယျံ၊ ဖြစ်ရလို၏။ အရှင်ပဏ္ဏိစ္စကား ဆန်းကျမ်းဆရာ၏ ကျမ်းပြီးနိဂုံးဆုတောင်းကို အားကျဟန်တူသည်။ သူ့ခေါင်းထဲ၌ ပရဟိတလုပ်ငန်းလုပ်ရန်သာ ဦးနှောက်ရှိ၏။ အခြားဘာမျှစိတ်ကူးမရှိ။ ဖရဟိတလုပ်ငန်းကို ထွန်းထွန်းပေါက်ပေါက်ပြုလုပ်နိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။



အရှင်ရာဇဓမ္မာဘိဝံသ


မစိုးရိမ်တိုက်သစ်


မန္တလေး။



************************************************************



အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ သြဝါဒ


ဓမ္မယာန-မဇ္ဈိမယာန အသင်း အသင်းသူ ၊ အသင်းသားများ ထံ ပေးပို့အပ်သော


သာရဏီယ သြ၀ါဒကထာ
အသင်းဖွဲ့စည်း၍ ကုသိုလ်ကောင်းမှု ပေါင်းစု ပြုလုပ်ကြရာ၌ စုစည်းညီညွတ်မှုသည် အရေးကြီး၏။ စုစည်းညီညွတ်မှု နှစ်မျိုးနှင့်ပြည့်စုံအောင် ကြိုးစားကြရပါမည်။ တစ်မျိုးမှာ စိတ္တသာမဂ္ဂီစိတ်ဓာတ်အားဖြင့်စုစည်းညီညွတ်မှုဖြစ်၏။ဤညီညွတ်မှုသည်အတွင်းစွမ်းအားဖြစ်၍များစွာအရေးကြီး၏။စုစည်းမှုကိုခိုင်မာစေနိုင်၏။ နောက်တစ်မျိုးမှာ ကာယသာမဂ္ဂီ-ဆောင်ရွက်ဖွယ်ရှိသမျှ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခြင်းဖြင့် စုစည်းညီညွတ်မှုဖြစ်၏။ ဤညီညွတ်မှုသည်မြင်သာသည့်အပြင်စွမ်းအားဖြစ်သည်။အတွင်းစွမ်းအား အပြင်စွမ်းအားတသားတည်းဖြစ် အောင် ကြိုးစားကြရပါမည်။ အသင်းကိစ္စ၌မိမိဆန္ဒရှေ့တန်းမတင်ရ။အများဆန္ဒအတိုင်းသာဆောင်ရွက်မည်ဟုစိတ်ပိုင်းဖြတ်ထားကြရပါမည်။ အသင်းအဖွဲ့၏ ဦးတည်ချက်နှင့် စည်းမျဉ်းစည်းကမ်းကို အလေးဂရုပြုကြရပါမည်။ ဓမ္မယာန မဇ္စျိမယာန ၏ အကျိုးစီးပွားသည်မိမိ၏အကျိုးစီးပွားဟုနှလုံးထား၍ ကြိုးစားဆောင်ရွက်နိုင်ကြပါစေ။


ဆရာတော် ဘဒ္ဒ န္တဒေါက်တာနန္ဒမာလာဘိဝံသ

ပါမောက္ခ ချုပ် ဆရာတော်

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်
ရန်ကုန်မြို့။


ရေးသူ~~ဒေါ်နန္ဒာ (ဧကမ္ဘာ)

အပြည့်အစုံသို့(fullpost)...

Sunday, November 6, 2011

ဓမ္မယာန-မဇ္ဈိမယာန အဖွဲ့၏ သြ၀ါဒါ စရိယ ဆရာတော်ကြီးများ၏ ပေးစာ


...ဓမ္မယာန-မဇ္ဈိမယာန အဖွဲ့၏ သြ၀ါဒါ စရိယ ဆရာတော်ကြီးများ၏ ပေးစာ..
...

သြ၀ါဒကထာ လိုကွက်ကိုဖြည့်စွက်ခြင်း မြန်မာနိုင်ငံ၌ နာဂစ်စသော သဘာဝဘေးအန္တရာယ်ကြောင့် အိုးမဲ့အိမ်မဲ့ မိမဲ့ဖမဲ့ အားကိုးရာမဲ့ ကလေးများ အတော်ပေါများနေကြောင်းသိရ၏။ ယင်းကလေးငယ်များကို အချို့က သားသမီးအဖြစ် အမွေစားအမွေခံ စာချုပ်စာတမ်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြသည်ဟု သိရ၏။ အချို့သံဃာတော်များကလည်း အားကိုးရာမဲ့ကလေးငယ်များကို ကျောင်းတွင်ခေါ်ထားပြီး ထိန်းသိမ်းစောင့်ရှောက်ကြသည်ဟုသိရ၏။ ဦးပဏ္ဏိစ္စကား ယင်းသံဃာတော်များကို အားကျဟန်တူသည်။ မိမဲ့ဖမဲ့ကလေးငယ်များကို ထမင်းကျွေးထားပြီး အတတ်ပညာသင်ပေးနေသည်ဟု သိရ၏။ဆန်းကျမ်းဆရာ နိဂုံးနှင့်တစ်ထပ်တည်းတူညီနေ-
ပရိယတ္တိလောက၌ ကျမ်းကြီးပဋ္ဌာန်း ကျမ်းငယ်ဆန်းကျမ်းလတ်ဓာတုကထာဟု အဆိုအမိန့်တစ်ခု ရှိ၏။ ကျမ်းကြီးကျမ်းခိုင်တို့တွင် ပဋ္ဌာန်းကျမ်းသည် အခက်ဆုံး ကျမ်းငယ်တို့တွင်ဆန်းကျမ်းသည် အခက်ဆုံး ကျမ်းလတ်တို့တွင် ဓာတုကထာကျမ်းသည် အခက်ဆုံးဟုဆိုလိုသည်။ကျမ်းငယ်တို့တွင်အခက်ဆုံးဖြစ်သည့်ဆန်းကျမ်းကိုရေးသားပြုစုသွားသည့်ကျမ်းပြုဆရာတော်က သူကကျမ်းနိဂုံးတွင်--ပရတ္ထသမ္ပဒနကော ဘဝေယျံ ဇာတိယံ ဟုဆုတောင်းထည့်သွား၏။ အနက်-ဇာတိဇာတိယံ၊ဖြစ်တိုင်းဖြစ်တိုင်းသောဘ၀၌ ပရတ္တသမ္ပာဒနကော၊ သူတစ်ပါးအကျိုးစီးပွားကို ပြီးစေနိုင်သူသည်။ ၀ါ-ပရဟိတလုပ်ငန်းဆောင်ရွက်နိုင်သူသည်။ ဘဝေယျံ၊ ဖြစ်ရလို၏။ အရှင်ပဏ္ဏိစ္စကား ဆန်းကျမ်းဆရာ၏ ကျမ်းပြီးနိဂုံးဆုတောင်းကို အားကျဟန်တူသည်။ သူ့ခေါင်းထဲ၌ ပရဟိတလုပ်ငန်းလုပ်ရန်သာ ဦးနှောက်ရှိ၏။ အခြားဘာမျှစိတ်ကူးမရှိ။ ဖရဟိတလုပ်ငန်းကို ထွန်းထွန်းပေါက်ပေါက်ပြုလုပ်နိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။
အရှင်ရာဇဓမ္မာဘိဝံသ
မစိုးရိမ်တိုက်သစ်
မန္တလေး။







ဓမ္မယာန-မဇ္ဈိမယာန အသင်း
အသင်းသူ ၊ အသင်းသားများ ထံ ပေးပို့အပ်သော
သာရဏီယ သြ၀ါဒကထာ

အသင်းဖွဲ့စည်း၍ ကုသိုလ်ကောင်းမှု ပေါင်းစု ပြုလုပ်ကြရာ၌ စုစည်းညီညွတ်မှုသည် အရေးကြီး၏။ စုစည်းညီညွတ်မှု နှစ်မျိုးနှင့်ပြည့်စုံအောင် ကြိုးစားကြရပါမည်။ တစ်မျိုးမှာ စိတ္တသာမဂ္ဂီစိတ်ဓာတ်အားဖြင့်စုစည်းညီညွတ်မှုဖြစ်၏။ဤညီညွတ်မှုသည်အတွင်းစွမ်းအားဖြစ်၍များစွာအရေးကြီး၏။စုစည်းမှုကိုခိုင်မာစေနိုင်၏။
နောက်တစ်မျိုးမှာ ကာယသာမဂ္ဂီ-ဆောင်ရွက်ဖွယ်ရှိသမျှ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခြင်းဖြင့် စုစည်းညီညွတ်မှုဖြစ်၏။ ဤညီညွတ်မှုသည်မြင်သာသည့်အပြင်စွမ်းအားဖြစ်သည်။အတွင်းစွမ်းအား အပြင်စွမ်းအားတသားတည်းဖြစ် အောင် ကြိုးစားကြရပါမည်။
အသင်းကိစ္စ၌မိမိဆန္ဒရှေ့တန်းမတင်ရ။အများဆန္ဒအတိုင်းသာဆောင်ရွက်မည်ဟုစိတ်ပိုင်းဖြတ်ထားကြရပါမည်။ အသင်းအဖွဲ့၏ ဦးတည်ချက်နှင့် စည်းမျဉ်းစည်းကမ်းကို အလေးဂရုပြုကြရပါမည်။
ဓမ္မယာန မဇ္စျိမယာန ၏ အကျိုးစီးပွားသည်မိမိ၏အကျိုးစီးပွားဟုနှလုံးထား၍ ကြိုးစားဆောင်ရွက်နိုင်ကြပါစေ။


ဆရာတော် ဘဒ္ဒ န္တဒေါက်တာနန္ဒမာလာဘိဝံသ
ပါမောက္ခ ချုပ် ဆရာတော်
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်
ရန်ကုန်မြို့။

ရေးသူ~~ဒေါ်နန္ဒာ (ဧကမ္ဘာ)

အပြည့်အစုံသို့(fullpost)...

မဇ္ဈိမယာန နှင့် ဓမ္မယာန ပညာသင်ဆု အလှူတော်မှတ်တမ်း







ကိုတိုးသူရ ၊ ကိုဟန်မင်းထွန်း နှင့် မလှမြတ်နိုး ၊ မမြရည်နန္ဒာအောင် တို.က အဖွဲ.ကိုယ်စား မဇ္ဈိမယာန ပညာသင်ဆု ၅၊၆၊၇ ကြိမ်မြောက်ကို စုပေါင်း လှူဒါန်း...
...


..အဖွဲ့၏လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော ပညာသင်ဆုအစီအစဉ်ကို ၄-၁-၁၁ (၆၃)ကြိမ်မြောက် လွတ်လပ်ရေးနေ.တွင် စတင်ခဲ့နိုင်ခဲ့ပြီး ၄-၈-၂၀၁၁(ကြာသပတေးနေ့)တွင် ၇ကြိမ်မြောက်ထိ လှူဒါန်း နိုင်ခဲ့ပြီဖြစ်ပါသည်။ ပြည်ပ/ ကိုရီးယားရောက် မြန်မာလူမျိုးများ မဇ္ဈိမယာန အဖွဲ့၏ ၅ကြိမ်မြောက် မဇ္ဈိမယာန ပညာသင်ဆု (၁)သိန်းကျပ်ကို အဖွဲ့ကိုယ်စား ကိုတိုးသူ၇ မှ လည်းကောင်း ၆ကြိမ်မြောက်ကို ကိုဟန်မင်းထွန်း နှင့် ဇနီးတို့မှလည်းကောင်း ၊ ၇+၈ ကြိမ်မြောက်ကို မမြရည်နန္ဒာအောင် တို့မှ လည်းကောင်း၊ ကိုရီးယား+မြန်မာ ဒကာ၊ဒကာမများ၏ ဓမ္မယာနအဖွဲ့၏ ဓမ္မယာန ပညာသင်ဆု (၁) သိန်း ကျပ်ကို အဖွဲ့ကိုယ်စား ၅ကြိမ်မြောက်ကို ဆရာမ ဒေါ်တင်ဝင်း နှင့် ညီအစ်မများမှ လည်းကောင်း ၊ ၆ကြိမ်မြောက်ကို ဦးအောင်ကိုကို+ဒေါ်မြင့်မြင့်ဝင်းတို့မှ လည်းကောင်း ၊ ၇ကြိမ်မြောက်ကို ဒေါ်မိမိယမင်း မှလည်းကောင်း ၊ ၈ကြိမ်မြောက်ကို ဗိုလ်ကြီးသိန်းလွင် တို့မှလည်းကောင်း၊ မင်္ဂလာဗျူဟာ အသင်းချုပ် တာဝန်ခံ လူကြီးများထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

လစဉ် တစ်သိန်းကျပ်စီဖြင့် ၂၀၁၅ ခုနှစ်တွင် ပညာသင်ဆု တစ်ဆုလျှင် သိန်း(၁၀၀) ကျပ်စီ ပေါင်း ကျပ်သိန်း (၂၀၀) ပြည့်သည်အထိ ဆက်လက်လှူဒါန်း သွားမည်ဖြစ်ပါသည်။

အများပြည်သူအပေါင်း ၀မ်းမြောက်အနုမောဒနာ သာဓုခေါ်နိုင်ကြစေသော်~~~

ရေးသူ-နန္ဒာ (ဧကမ္ဘာ)

အပြည့်အစုံသို့(fullpost)...

Monday, October 17, 2011

အလှူတော် မှတ်တမ်း..





ကွယ်လွန်သူဖခင်ကြီး (ဦးကျော်ဝင်းထွန်း) အားရည်စူး၍...

ကွယ်လွန်သူ ဖခင်ကြီး (ဦးကျော်ဝင်းထွန်း)အားရည်စူး၍ ကိုမျိုးဇော်ထွန်းနှင့် သူငယ်ချင်းတစ်စု တို့မှ ပြည်တော်ဦး ဆရာတော်ဘုရားအား အမှူးထား၍ ၁၅. ၁၀.၂၀၁၁ စနေနေ့ ညနေတွင် တရားတော်နာကြားကြပြီးသည့်နောက် ၁၆.၁၀. ၂၀၁၁ တနင်္ဂနွေနေ့ နံနက်တွင် အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း ကြပါသည်။ န၀ကမ္မ အလှူတော်ငွေ ၀မ် ၅သိန်းကို လည်း လှူဒါန်းခဲ့ ကြပါသည်။

အပြည့်အစုံသို့(fullpost)...

Sunday, October 2, 2011

.၂၀၁၁.၁၀.၂ ရက်နေ့ တနင်္ဂနွေနေ့ တရားပွဲ န၀ကမ္မ အလှူရှင်များစာရင်း ။

..

ို့..၂၀၁၁.၁၀.၂ ရက်နေ့ တနင်္ဂနွေနေ့ တရားပွဲ န၀ကမ္မ အလှူရှင်များစာရင်း ။

၁။ ကိုမြင့်ခိုင် ၁ သောင်း
၂။ ကိုသန့်ဇင် ၃ သောင်း
၃။ ကိုရှမ်းကြီး ၁ သောင်း
၎။ ကိုမင်းညီ ၁ သောင်း
၅။ ကိုသက်နောင် ၁ သောင်း
၆။ ကိုဇာနည်ထွန်း ၁ သောင်း
၇။ မူးဟောက်ညီအစ်ကိုများ ၆ သောင်း
၈။ ကိုဝေဖြိုး ၃ သောင်း
၉။ ကိုကျော်စိုးနိုင် ၁ သောင်း
၁၀။ ကိုထူး (ဂင်မဲ) ၁ သောင်း
၁၁။ ကိုအောင်ထင်ကျော် ၃ သောင်း
၁၂။ ကိုအောင်ဇော်မိုး ၃ သောင်း
၁၃။ ကိုနိုင်လင်းအောင် ၃ သောင်း
၁၄။ 경주 ipsin ၂ သိန်း ၆သောင်း
၁၅။ ကိုမြင့်ဇော် ၁ သောင်း

စုစုပေါင်း ၅ သိန်း ၆သောင်း ၀မ်

က်ုမြင့်သူ၊ ကိုကျော်စိုးဝင်း၊ ကိုနေလင်းစိုး၊ ကိုဝင်းမြင့်၊ ကိုကျော်ဆန်းလှိုင် တို့မှ ပရင်တာအတွက်
အလှူတော်ငွေ ၃ သိန်း

န၀ကမ္မ အလှူငွေ ၂ သိန်း


.

အပြည့်အစုံသို့(fullpost)...

Sunday, September 25, 2011

အပြည့်အစုံသို့(fullpost)...

 
3 Columns Blogger Template by Amanda at BloggerBuster