အချိန် ။ ။ နံနက် (၁၀း၀၀) နာရီ မှ နေ့လည် (၂း၀၀) နာရီ အထိ
နေရာ ။ ။ ဂမ်ဟဲမြို့ ၊ ဓမ္မယာန အသင်း ၊ ရွှေအလင်းတန်း စာကြည့်တိုက်
အကျွေးအမွေး ။ ။နုတ်ဆန်း Sunday Friends သူငယ်ချင်းများမှ မြန်မာထမင်းဟင်းများနှင့် ဧည့်ခံကျွေးမွေးမည်
ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။
၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.
ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .
တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို
ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။
ကင်မ်ဟဲ မဇ္ဈိမယာန ရုံးခန်းနှင့် ရွှေအလင်းတန်း စာကြည့်တိုက်တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အခမဲ့ သင်ကြားပေးနေသော ကိုရီယားစကားပြောသင်တန်း အပတ်စဉ် ၁၊ (၃လ) သင်တန်းကို အောင်မြင်စွာ သင်ကြားပြီးစီး၍ သင်တန်းပြီးမြောက်ကြောင်း လက်မှတ် ပေးအပ်ပွဲကို (၄-၃-၁၂) တနင်္ဂနွေနေ.မှာ ကျင်းပနိုင်ခဲ့ပါတယ်။ သင်တန်းဆရာ အဖြစ် ဘူဆန်းမြို့၊ ဘူဂယောင်းတက္ကသိုလ်တွင် ကိုရီးယာစာ၊ ဘာသာဗေဒ အထူးပြုဖြင့် မဟာဝိဇ္ဇာတန်း တက်ရောက်နေသော ကိုလှမင်းထွန်းက တာဝန်ယူခဲ့ပြီး၊ ဘူဆန်း နိုင်ငံခြားသားကူညီမှုအဖွဲ့(이주민과함께)မှ အကြီးအကဲဖြစ်သော 정귀순 ဆရာမနှင့် အတူ သင်တန်းစတင်ခဲ့ပါတယ်။ သင်တန်း တ၀က်လောက်တွင် ဘူဂယောင် တက္ကသိုလ်၊ ကိုရီယားစာပေ အထူးပြုဖြင့် Ph.Dတန်းတက်ရောက်နေသော 박산향 ဆရာမမှ အားဖြည့်၍ လာရောက် သင်ကြားပေးသဖြင့် သင်တန်းဆရာ ၃ဦးဖြင့် အင်ပြည့်အားပြည့် ပို.ချခဲ့ပါတယ်။
၂၀၁၁ခုနှစ် ၁၁လပိုင်း ၂၇ ရက်နေ့မှ စတင်၍ ကိုရီယားစကားပြောသင်တန်း အခြေခံ အဆင့် ၁ နှင့် ၂ အား သင်တန်းသား ၂၁ဦးဖြင့် ဖွင့်လှစ်ခဲ့တာပါ။ အဆင့် ၁ တွင် ၁၁ဦး၊ အဆင့် ၂ တွင် ၁၀ဦးဖြင့် တက်ရောက်ခဲ့တာပါ။ စုစုပေါင်း သင်တန်းကြာချိန်မှာ ၁၅ ပတ်ဖြစ် သော်လည်း ၁လပိုင်း ၁ရက်နေ့နှင့် ကိုရီယားနှစ်သစ်ကူးနေ့များတွင် ပိတ်သဖြင့် စာသင်ချိန်မှာ ၁၃ပတ်သာ ရရှိခဲ့ပါတယ်။ တစ်ပတ်လျှင် စာသင်ချိန် ၂နာရီ့ ဖြစ်သဖြင့် အားလုံး ၂၆ နာရီသာ သင်ကြားနိုင်ခဲ့တာပါ။
သင်တန်းမှာ အစဖြစ်၍ လှစ်ဟာမှုများ မပြည့်စုံမှုများ ရှိနေသေးသော်လည်း သင်ယူသော ကျောင်းသားများ၏ ကြိုးစားမှု၊ ဆရာ/မ များ၏ စေတနာ၊ ဘူဆန်း ပြည်တော်ဦးဆရာတော်၏ ပံပိုးအားပေးမှုများကြောင့် ယခုလို သင်တန်းဟာ အထမြောက် အောင်မြင်နိုင်ခဲ့ခြင်းပါ။ အဓိက ဘေးက ကူညီနေကြတဲ့ စာကြည့်တိုက် အဖွဲသားများရဲ့ ပံပိုးမှုကြောင့်လည်း ပါပါတယ်။ ဆောင်းတွင်း ချမ်းချမ်းအေးအေးမှာ သင်တန်းသားများနှင့် ဆရာ/မများ နွေးထွေးစေရန် အပတ်စဉ်လာရောက်၍ ဟီတာကို ကြိုတင်ဖွင့်ပေးတတ်သော ကိုဇော်ဝင်ထွန်း၊ ၊ သန့်ရှင်းရေးကအစ လိုက်လုပ်တတ်သော အသင်းဥက္ကဌ ဦးလှထွန်း၊ ကိုခိုင်နှင့် ကိုမင်းလတ်စသည့် အဘက်ဘက်မှ ၀ိုင်းဝန်းကူညီကြသော သူများ ရှိနေခြင်းကြောင့်ပါ။ တကယ်တော့ သင်တန်းသင်တန်းဆင်းပွဲမှာ ဆရာတော် မိန့်ကြားခဲ့သလို “စာတတ်တာ မတတ်တာထက်၊ ငါ လုပ်လို့ရတယ်၊ လုပ်နိုင်ခဲ့တယ်” ဆိုတဲ့ စိတ်ဓါတ်လေး မျိုးစေ့ကျသွားဖို့ပါပဲ။ ဒါမှ နောင်ဆိုရင်လည်း အလွယ်တကူ ဒီလိုသင်တန်းမျိုးကို တက်ဖို့ ၀န်မလေးတော့သလို၊ ပရဟိတ လုပ်ငန်းတစ်ခုကို ကူညီလုပ်ကိုင်ဖို့လည်း နှောင့်နေးတာတွေ နည်းသွားမှာပါ။
တကယ်တော့ သင်တန်းချိန်ဟာနည်းသလို ကျောင်းသာ တွေထဲမှာလည်း အပတ်စဉ်ပြည့်အောင် တက်နိုင်တဲ့ ကျောင်းသားဦးရေ နည်းခဲ့ပါတယ်။ ညဆိုင်းဆင်းလို့၊ အိုဗာတိုင်ရှိလို့စသည့် ကိစ္စအမျိုးမျိုးကြောင့် တပတ်မဟုတ် တပတ်တော့ ပျက်တတ်ကြလို့ပါ။ ဒါပေမယ့် ကြိုးကြိုးစားစားနဲ့အားလုံး သင်တန်းဆင်းတဲ့အထိ တက်နိုင်ခဲ့ကြတာကတော့ တကယ့်ကို အားရစရာပါပဲ။ သင်တန်းသင်နေစဉ် ကာလမှာလည်း တစ်လလျှင်တစ်ကြိမ် အလုပ်သမား ဥပဒေနဲ့ ပတ်သက်တာတွေကိုလည်း ရှင်းပြပေးတာတွေရှိပါတယ်။ ဒါကြောင့် ဒီိအပတ်စဉ်ကို မမီတဲ့သူတွေ နောက်အပတ်စဉ် တက်ဖြစ်အောင်တက်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
မတ်လ ၁၈ ရက်နေ့မှာ နောက် အပတ်စဉ် ၂ အား စတင်မှာဖြစ်ပြီး အတန်းကို ၃ တန်းခွဲ၍ သင်ကြားရန် စီစဉ်နေပါတယ်။ လုံးဝအခြေခံအဆင့်၊ အခြေခံအဆင့် ၁၊ အဆင့် ၂ တို့ဖြစ်ပြီး သင်တန်းချိန်အားလည်း ၂နာရီမှ ၃နာရီ အထိ တိုးမြင့်ဖို့ ရည်ရွယ်ထားပါတယ်။ သင်တန်းသား ဦးရေနှင့် ကျွမ်းကျင်မှုအဆင့်ပေါ်မူတည်၍ သင်တန်းအမျိုးအစား ကွဲလွဲနိုင်ပါတယ်။ ဒီအပတ် ၁၁ရက်နေ့မှာတော့ သင်တန်းသားများနှင့် ဆရာ/မများ စုပေါင်းပြီး ခရီးတို တစ်ခုထွက်မှာဖြစ်တဲ့ အတွက် နောက် အပတ်ကြမှ စတင်နိုင်ခြင်းဖြစ်ပါကြောင်း။
ကယားလေး
... မန္တလေးမြို. မစိုးရိမ်တိုက်ကြီးသုံးတိုက်၏ နာယကချုပ်ဆရာတော်
ဦးရာဇဓမ္မာဘိဝံသ၏ သြ၀ါဒကထာ
လိုကွက်ကိုဖြည့်စွက်ခြင်း မြန်မာနိုင်ငံ၌ နာဂစ်စသော သဘာဝဘေးအန္တရာယ်ကြောင့် အိုးမဲ့အိမ်မဲ့ မိမဲ့ဖမဲ့ အားကိုးရာမဲ့ ကလေးများ အတော်ပေါများနေကြောင်းသိရ၏။ ယင်းကလေးငယ်များကို အချို့က သားသမီးအဖြစ် အမွေစားအမွေခံ စာချုပ်စာတမ်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြသည်ဟု သိရ၏။ အချို့သံဃာတော်များကလည်း အားကိုးရာမဲ့ကလေးငယ်များကို ကျောင်းတွင်ခေါ်ထားပြီး ထိန်းသိမ်းစောင့်ရှောက်ကြသည်ဟုသိရ၏။ ဦးပဏ္ဍိစ္စကား ယင်းသံဃာတော်များကို အားကျဟန်တူသည်။ မိမဲ့ဖမဲ့ကလေးငယ်များကို ထမင်းကျွေးထားပြီး အတတ်ပညာသင်ပေးနေသည်ဟု သိရ၏။ဆန်းကျမ်းဆရာ နိဂုံးနှင့်တစ်ထပ်တည်းတူညီနေ-ပရိယတ္တိလောက၌ ကျမ်းကြီးပဋ္ဌာန်း ကျမ်းငယ်ဆန်းကျမ်းလတ်ဓာတုကထာဟု အဆိုအမိန့်တစ်ခု ရှိ၏။ ကျမ်းကြီးကျမ်းခိုင်တို့တွင် ပဋ္ဌာန်းကျမ်းသည် အခက်ဆုံး ကျမ်းငယ်တို့တွင်ဆန်းကျမ်းသည် အခက်ဆုံး ကျမ်းလတ်တို့တွင် ဓာတုကထာကျမ်းသည် အခက်ဆုံးဟုဆိုလိုသည်။ကျမ်းငယ်တို့တွင်အခက်ဆုံးဖြစ်သည့်ဆန်းကျမ်းကိုရေးသားပြုစုသွားသည့်ကျမ်းပြုဆရာတော်က သူကကျမ်းနိဂုံးတွင်--ပရတ္ထသမ္ပဒနကော ဘဝေယျံ ဇာတိယံ ဟုဆုတောင်းထည့်သွား၏။ အနက်-ဇာတိဇာတိယံ၊ဖြစ်တိုင်းဖြစ်တိုင်းသောဘ၀၌ ပရတ္တသမ္ပာဒနကော၊ သူတစ်ပါးအကျိုးစီးပွားကို ပြီးစေနိုင်သူသည်။ ၀ါ-ပရဟိတလုပ်ငန်းဆောင်ရွက်နိုင်သူသည်။ ဘဝေယျံ၊ ဖြစ်ရလို၏။ အရှင်ပဏ္ဏိစ္စကား ဆန်းကျမ်းဆရာ၏ ကျမ်းပြီးနိဂုံးဆုတောင်းကို အားကျဟန်တူသည်။ သူ့ခေါင်းထဲ၌ ပရဟိတလုပ်ငန်းလုပ်ရန်သာ ဦးနှောက်ရှိ၏။ အခြားဘာမျှစိတ်ကူးမရှိ။ ဖရဟိတလုပ်ငန်းကို ထွန်းထွန်းပေါက်ပေါက်ပြုလုပ်နိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။
အရှင်ရာဇဓမ္မာဘိဝံသ
မစိုးရိမ်တိုက်သစ်
မန္တလေး။
************************************************************
လစဉ်ကျင်းပမြဲဖြစ်သော တရားပွဲကို ဂင်မ်ဟဲရှိ မဇ္ဈိမယာန ရုံးခန်းနှင့်ရွှေအလင်းတန်း စာကြည့်တိုက်တွင် ပြုလုပ်ကျင်းပခဲ့ပြီး အဖွဲ့ အစည်းအဝေးပွဲကိုလည်း ပြုလုပ်ကျင်းပခဲ့ပါသည်။အစီအစဉ်အရ ပြည်တော်ဦးဆရာတော်အား နေ့ဆွမ်းကပ်လှူ၍ လာရောက်ကြသော ဧည့်သည်များအား နေ့လည်စာဖြင့် အဟာရဒါန ပြုကျွေးမွေးဧည့်ခံ ပြီးဆရာတော်ဘုရားထံမှ တရားတော်နာကြား၍ အဖွဲ့၏လိုအပ်ချက်များနှင့် နောက်လုပ်ငန်းစဉ်များကိုဆွေးနွေးပြီး အလှူအတွက် အနုမောဓနာ ရေစက်ချ အမျှဝေခဲ့ကြပါကြောင်း သာဓုခေါ်နိုင်ကြစေရန်~~~
ထို.နောက် မဇ္ဈိမယာန အဖွဲ.စတင်ဖွဲ.စည်းသည်မှ စ၍ (၆)လတာ ကာလအတွင်း ဆောင်ရွက်နိုင်ခဲ့ သည်များကို slide projector ဖြင့် ကိုလှထွန်း(ဖူဆန်း)က ရှင်းလင်းဟောပြော ပြသခဲ့ရာ မဇျ္စိမယာနအဖွဲ.၏ ဆောင်ရွက်ချက်များကို နှစ်ခြိုက်အားရ သဘောကျ၍ အန်ဆောင်း ညီအကိုများသည်လည်း မဇျ္စိမယာနအဖွဲ.ဝင် အဖြစ် စာရင်းပေးသွင်းခဲ့ ကြသဖြင့် အဖွဲ.၀င် (၁၉)ဦး တိုးခဲ့ ပါသည်။ အဖွဲ့ ၀င်များမှာ-
၁။ ကိုကျော်စွာ
၂။ ကိုမျိုးသန့်ဇင်ဦး
၃ ။ ကိုဇေယျာ
၎။ ကိုနိုင်ဝင်းထွန်း
၅။ ကိုကျော်သူ
၆။ ကိုစည်သူမြင့်ခိုင်
၇။ ကိုစိုးမိုးထွန်း
၈။ ကိုနေလင်းသူ
၉။ ကိုအောင်ကြည်စိုး
၁၀။ ကိုအောင်ဝင်းသူ
၁၁။ ကိုနေလင်းအောင်
၁၂။ ကိုကျော်ဇေယျာ
၁၃။ ကိုဝင်းဗိုလ်
၁၄။ ကိုနန္ဒအောင်
၁၅။ ကိုတိုးသူဝင်း
၁၆။ ကိုဟန်မင်းထွန်း
၁၇။ ကိုကိုဇော်
၁၈။ ကိုမျိုးကျော်စော
၁၉။ ကိုပြည့်ဖြိုးအောင် တို့ ဖြစ်ကြပါသည်။
ထိုစက်ရုံမှထွက်ခွာလာရာ ချောန်နန်မှ မဇ္ဈိမယာနညီအစ်ကိုများနေထိုင်သော ဟန်ဆောင်း အပါ့ထ်( 한성 아파트) သို့ရောက်ရှိခြဲ့ပီး ပြည်တော်ဦး ဆရာတော်နှင့်အတူ မဇ္ဈိမယာနအဖွဲ.ဝင်အားလုံး စုပေါင်း၍ မဇ္ဈိမယာန ဝတ်ရွတ်စဉ်ဖြင့် ဘုရားရှိခိုး မေတ္တာပို့ အမျှဝေကြပါသည်။ ထိုနောက် မဇ္ဈိမယာနအဖွဲ့ ၏ လုပ်ဆောင်ချက်များကို ဆရာတော်ဘုရားက projector ဖြင့် ရှင်းလင်းဟောကြားပြသခဲ့ပါသည်။ မကြာမီလများက အသစ် ရောက်ရှိ လာခဲ့သော ညီအကိုများလည်း အဖွဲ.ဝင်အဖြစ် စာရင်းပေးသဖြင့် အဖွဲ့ဝင်(၄)ဦးထပ်မံတိုးခဲ့ ပြန်ပါသည်။
ညနေ (၄) နာရီတွင် ဟန်ဆောင်း အပါ့ထ်မှ ပြန်လည်ထွက်ခွာလာပြီး ညနေ(၅) နာရီတွင် အန်ဆောမှ KTX အမြန်ရထားဖြင့် ဘူဆန်းသို့ ည(၇) နာရီတွင်ရောက်ပြီး ပြည်တော်ဦးဗုဒ္ဓသာသနာ့ရိပ်မွန်သို.ဆရာတော်ကို ပြန်လည် ပင့်ဆောင်ပို.ပေးခဲ့ပါသည်။
ကိုလှထွန်း (ဘူဆန်း)
....အဖွဲ့၏လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော ပညာသင်ဆုအစီအစဉ်ကို ၄-၁-၁၁ (၆၃)ကြိမ်မြောက် လွတ်လပ်ရေးနေ.တွင် စတင်ခဲ့နိုင်ခဲ့ပြီး ၁၆-၄-၂၀၁၁(စနေနေ.)တွင် စတုတ္ထအကြိမ်မြောက် လှူဒါန်း နိုင်ခဲ့ပြီဖြစ်ပါသည်။ ပြည်ပ/ ကိုရီးယားရောက် မြန်မာလူမျိုးများ မဇ္ဈိမယာန အဖွဲ့၏ မဇ္ဈိမယာန ပညာသင်ဆု (၁)သိန်းကျပ်ကို အဖွဲ့ကိုယ်စား ကိုလှထွန်း(ဖူဆန်း) ကလည်းကောင်း၊ ကိုရီးယား+မြန်မာ ဒကာ၊ဒကာမများ၏ ဓမ္မယာနအဖွဲ့၏ ဓမ္မယာန ပညာသင်ဆု (၁) သိန်း ကျပ်ကို အဖွဲ့ကိုယ်စား ကိုအေးသန်း(မင်းမြတ် ကုန်မာဆိုင်)နှင့် ဦးညီညီတို.ကလည်းကောင်း မင်္ဂလာဗျူဟာ အသင်းချုပ် တာဝန်ခံ လူကြီးများထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။
လစဉ် တစ်သိန်းကျပ်စီဖြင့် ၂၀၁၅ ခုနှစ်တွင် ပညာသင်ဆု တစ်ဆုလျှင် သိန်း(၁၀၀) ကျပ်စီ ပေါင်း ကျပ်သိန်း (၂၀၀) ပြည့်သည်အထိ ဆက်လက်လှူဒါန်း သွားမည်ဖြစ်ပါသည်။
အများပြည်သူအပေါင်း ၀မ်းမြောက်အနုမောဒနာ သာဓုခေါ်နိုင်ကြစေသော်~~~
ရေးသူ-နန္ဒာ (ဧကမ္ဘာ)
အားလုံး မင်္ဂလာပါ။
ဒီနေ.တော့ ပြီးခဲ့တဲ့ အပတ်က ပို.လိုက်တဲ့စာပါ ပညာရေးအကြောင်းကိုပဲ ဆက်ပြောချင်ပါတယ်။ ဘာကြောင့် Why? ဘာကို What? ဘယ်လို How? သင်ကြား/ယူကြမလဲဆိုတာလေးပေါ့။
Why? ကမ္ဘာ့ကြီး ပျက်စီးလာတဲ့အတွက်ကြောင့် ကလေးတွေကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပေးမှဖြစ်မယ်။
What? မြေရေလေထု ညစ်ညမ်းမှု/ဖန်လုံအိမ် အာနိသင်/ကမ္ဘာကြီး ပူနွေးလာမှု/ဝင်ရိုးစွန်းရေခဲပျော်/ အိုဇုန်းလွှာ /အဏုမြူအန္တရာယ် စသည်အကြောင်းကို..,
ဖန်လုံအိမ်အာနိသင်လျှော့ချဖို. သစ်ပင်ကိုချစ်အောင် တန်ဖိုးထားအောင် သင်မယ်ဆိုပါစို.။
How? ပညာရှင်တွေလို စာတမ်းဖတ်ပွဲ လုပ်မလား။ အခု ကျောင်းတွေ တက္ကသိုလ်တွေမှာ သင်သလို (ကျောင်းသူ/သား အများစုကတော့ သိဖို.ကျင့်ဖို.မလို ပါတာဖတ်နဲ. ခိုးနည်းကားသာလို ဖြစ်နေတာမျိုး)သင်မလား။
ဒါမှမဟုတ် တို.ကွင်းထဲမှာ ကလေးတွေနဲ. ဆော့ရင်း ကစားရင်း---
အမလေး နေပူလိုက်တာ။ အသားတွေ လောင်နေပြီ။ ဘယ်လို.လုပ်မလဲ။ သစ်ပင်အောက်သွားရအောင်… ဟာ အေးမြသွားတာပဲ ကျေးဇူးတင်လိုက်တာ သစ်ပင်ကြီးရယ် သစ်ပင်ကြီးက တအားချစ်စရာကောင်းတာပဲ။ (သူ.ကိုခုတ်တဲ့သူကိုတောင်မှ စိတ်မဆိုးဘူး။) စားစရာတွေလည်းပေးတယ် အရိပ်လည်းပေးတယ်။ နေစရာလည်း ပေးတယ်။ (သင်နေတဲ့ ဆရာကိုယ်တိုင်က တကယ်မချစ်ဘဲနဲ. ကလေးတွေကိုချစ်အောင်သင်လို. ဖြစ်နိုင်ပါ့လား?) ဟန်ဆောင်ပန်ဆောင်မဟုတ်ဘဲ (ကလေးတွေရှေ့မှာ သစ်ပင်ကို အားရပါးရဖက် မွှေးမွှေးပေးလျက်း) ) သစ်ပင်ကြီးကို သိပ်ချစ်တယ် အသံကုန်ကြုံးအော်။ နှစ်ပေါင်းတစ်ရာမက အသက်ရှည်ပြီး တို.ကို အေးမြတဲ့ အရိပ် ပေးပါစေ။ ခုတ်မယ့် ထစ်မယ့် လူဆိုးကြီးတွေနဲ. မတွေ.ပါစေနဲ. စသည်စသည် စိတ်ထဲပေါ်သမျှ ရိုးရိုးသားသား လှိုက်လှိုက်လှဲလှဲပြော။ ကွင်းတဲမှာ ပူပြီး ဒီရောက်လာတော့ အေးသွားတာ ဘာလို.လဲ စဉ်းစားခိုင်း။ ချဲ.ပြီး ကမ္ဘာကြီးရဲ. သစ်ပင်နည်းတဲ့ အပိုင်းနဲ. များတဲ့ အပိုင်းနဲ. (ဖြစ်နိုင်ရင် ကန္တာရနဲ. သစ်တောပုံ ဗွီဒီယိုစသည်သုံး)
သစ်ပင်များတဲ့ ပန်းခြံ စသည်သွားပြီး လေကလေးက လတ်ဆတ်လိုက်တာ လန်းဆန်းလိုက်တာ။ တို.ကွင်းထဲနဲ. မတူဘူးနော်။ ဘာလို.ပါလိမ့်။ ကနေစပြီး ကလေးတွေ သစ်ပင်ချစ်/ထိန်းသိမ်းချင်/ စိုက်ချင်စိတ် ပေါက်လာ လက်တွေ. အတူစိုက်ကြတဲ့ အထိ စသည် စသည်ဖြင့် လက်တွေ. ဘဝထဲရောက်အောင် သဘာဝနဲ. ဟပ်ပြီး သင်မလား။
ချုပ်လိုက်ရင် ဘယ်သူ.ကိုပဲသင်သင် Why? နဲ. What? က မပြောင်းပေမယ့် How? Teaching method က အမျိုးမျိုး ပြောင်းနိုင်ပါတယ် ပြောင်းရပါမယ်။ ဥပမာ (ဘာကြောင့်) ခန္ဓာကိုယ်မှာ ဗီတာမင် စီ လိုအပ်သောကြောင့် (ဘာကို) ဗီတာမင် စီ/ သံပုရာသီး စသည်ကို (ဘယ်လို) အလုံးလိုက်/ ဖျော်ရည်ဖျော်၍/ အသုတ်တွင်ညှစ်ဆမ်း၍ ကစီဓါတ်အတွက် အားလူးစားရမယ်ဆိုပါစို.။ အစိမ်းကျွေးမလား။ ဖုတ်ကျွေးမလား။ သုတ်ကျွေးမလား။ ချက်ကျွေးမလား။ အာလူးထမင်းနယ် လုပ်ကျွေးမလား စသည်စသည် အများကြီး ကွဲပြားနိုင်ပါတယ်။ ဘယ်အပေါ် မူတည်လဲ?
ဘယ်သူ.ကို သင်မှာလဲ ဆိုတာပေါ်မှာပေါ့။ လူအိုနဲ. ကလေးကို သံပုရာသီး အလုံးလိုက် ကိုက်စားခိုင်းမယ် ဆိုပါစို.။ ဘာဖြစ်နိုင်လဲ။ ဘာကြောင့်ဆိုတဲ့ ရည်မှန်းချက် ပေါက်ဖို. လွယ်မလား။ ဘယ်လို စားခိုင်းရင် အဆင်ပြေမလဲ။ ဒါပါပဲ။
ကောင်းသထက်ကောင်းအောင် လိုရင်ဖြည့် ပိုရင်နှုတ် မှားရင်ပြင်ပြီး လက်တွေ.လုပ်ငန်းခွင်မှာ သုံးနိုင်ကြ ပါစေ။ သိပြီးသားသူများအတွက် မဟုတ်ပါ။ လုပ်ချင်ပေမယ့် ဘယ်လို လုပ်ရမှန်း မသိလို.ဆိုတဲ့ ဘဝတူများအတွက် အခြေခံ သတင်းအချက်အလက် မျှဝေမှု သက်သက်ပါ။
စကားချပ်အနေအားဖြင့် Why? What? How? ကို ကိုယ့်ဘဝနဲ. ယှဉ်ပြီးတော့လဲ ဘယ်လိုနားလည်ရမလဲ ဆွေးနွေးကြစေချင်ပါတယ်။
မေတ္တာဖြင့်----------------------
(ပြည်တော်ဦး)
...မင်္ဂလာပါ။ဒီနေ.တော့ မဟတ္တမဂန္ဓီရဲ. စကားလေး တစ်ခွန်းကို လက်ဆောင် ပေးချင်ပါတယ်။
“Earth provides enough to satisfy every man's need, but not every man's greed” (Mahatma Gandhi )
(ကမ္ဘာမြေကြီးက လူသားတိုင်းရဲ. လိုအပ်ချက်ကို အားရကြေနပ်အောင် လုံလုံလောက်လောက် ထောက်ပံ့ပေမယ့် လူတိုင်းရဲ. လောဘကို ပြည့်အောင် အလုံအလောက် မထောက်ပံ့နိုင်ပါ။)
ကမ္ဘာမြေက လူသားရဲ. လိုအပ်ချက်ကို ဖြည့်ပေးနိုင်ပေမယ့် လူတိုင်းရဲ. လောဘကိုတော့ ဖြည့်မပေးနိုင်ပါ။
လောဘကြီးကြလို. (ဒုက္ဘိခန္တရကပ်) အငတ်ဘေးဆိုက်၊ ဒေါသကြီးကြလို. (သတ္တန္တရကပ်) (စစ်)လက်နက် ဘေးဆိုက်၊ မောဟကြီးကြလို. (ရောဂန္တရကပ်) ရောဂါဘေးဆိုက်။ ဆိုတဲ့ သင်ကြားချက်ရှိပါတယ်။ လူသားရဲ. အဆုံး မရှိတဲ့ လောဘ၊ ဒေါသ၊ မာနနဲ. မသိမိုက်မဲမှုအတွက် နောက်ဆုံး ရောဂါကျွမ်းသွားခဲ့တာက ကမ္ဘာကြီးပါ။
မနေ.က ဂျပန်က ငလျင်နဲ.ဆူနာမီ၊ ဟိုနေ.က သြစတေလျမှာ၊ တလောတုန်းက ~~~ဟိုမှာ ဒီမှာ ကမ္ဘာအနှံ. မနှစ်ကလည်း~~~ဖြစ်တာပဲ။ တမြန်မနှစ်ကဆို တရုတ်ငလျင်နဲ. မြန်မာနာဂစ် ကမ္ဘာကြီး ဘာတွေ ဖြစ်ကုန်ပြီလဲ။ မကြုံစဖူး မကြားစဖူးဆိုတာ အကုန်ကြုံရ ကြားရ။ အရင်တုန်းကတော့ “သတိထား တံခါးဝ ရောက်နေပြီ ” ဆိုခဲ့ပေမယ့် အခု တံခါး မရှိတော့ဘူး။ တစ်ဆက်တည်း တစ်သားတည်း ဖြစ်သွားပြီ။
ဘုရားဟောတွေမှာ သည်းခံမှုနဲ. ပါတ်သက်ရင် ကမ္ဘာမြေကြီးကို တင်စားပြောလေ့ရှိပါတယ်။ မြေကြီးလို သည်းခံပါ။ တံတွေးပဲထွေးထွေး အညစ်အကြေးပဲစွန်.ချစွန်.ချ မြေကြီးက မတုန်လှုပ်သလိုပေါ့။ ဒါပေမယ့် သည်းခံတဲ့ အရာမှာ စာတင်ရတဲ့ ဒီကမ္ဘာကြီးက စကားပြောနေခဲ့တာ ကြာပါပြီ။ “သူနေမကောင်းဘူး”လို.။ လူတွေ မကြားခဲ့ကြ တာပါ။ အခု မခံမရပ်နိုင်လွန်းလို. အော်နေပြီ။ နားငြီးတယ်လို. ပိတ်ထားလို.လည်း မရတော့ဘူး။
ဒါကြောင့် ဒီနေ. ပေးချင်တဲ့ မက်ဆေ့ခ်ျက “တို.တတွေလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိ ရှိကြရပါလိမ့်မယ်” ဆိုတာပါပဲ။ မသိသိအောင် မရှိရှိအောင် မေးမြန်း ရှာဖွေ လေ့လာ ဖတ်ရှု စဉ်းစား ဆင်ခြင် လိုက်နာ ကျင့်သုံးမှုတွေ စကိုစမှ ဖြစ်မယ်။ အဖွဲ.ရဲ. အခြေခံမူမှာ “ပညာပါရမီမြောက် ပညာရေးလုပ်ငန်းများကို ပဓာနပြု၍ ဆက်စပ်ရာရာ ကျန်းမာရေး လူမှုရေး ပရဟိတလုပ်ငန်းများကို တိုင်းပြုပြည်ပြုလုပ်ငန်းတွင် အုတ်တစ်ချပ် သဲတစ်ပွင့် အနေအားဖြင့် အာကြိုးမာန်တက် ဆောင်ရွက်သွားကြမည်။” လို. ပါပါတယ်။ ဒီပညာရေးဟာ မျိုးဆက်သစ်အတွက် မရှိမဖြစ်ပါ။ ဒါကြောင့် ကလေးတွေကိုလည်း မျှပေးရပါမယ်။
ကလေးတွေကို မျှပေးရတော့မယ် ဆိုရင် ဘာကိုပဲမျှမျှ သင်ကြားရေးမှာ
၁) Why? ဘာကြောင့်သင်မှာလဲဆိုတဲ့ ပန်းတိုင် =Goal
၂) What? ဘာကို သင်မှာလဲဆိုတဲ့ အကြောင်းအရာ =Content (Text, Program)
၃) How? ဘယ်လို သင်မှာလဲ ဆိုတဲ့ နည်းလမ်း =Teaching Method ဒီသုံးချက်နဲ. ချိန်ပြီး စဉ်းစားရ ပါတယ်။ ဒါတွေကိုလည်း လက်တွေ. အကောင်အထည်ဖေါ်နေကြတဲ့ အဖွဲ.ဝင်တွေရဲ. အစည်းအဝေးမှာ မပြတ် ဆွေးနွေးတိုင်ပင် ကြဖို. အဆိုပြုပါရစေ။
ငါတစ်ယောက်လုပ်ရုံနဲ. ဘာထူးမှာလဲလို.တော့ မတွေးပါနဲ.။ မသိမိုက်မဲမှု အမှောင်သံသရာက ထွက်ဖို. ပိုးစုန်းကြူလောက် အရောင်လေးပဲ လက်လက် အမှောင်ဖြိုခွင်း အလင်းပေးနိုင်ဖို.ကသာ အရေးကြီးပါတယ်။
လောကကြီးမှာ ကိုယ်မသိဆုံးက ကိုယ့်အကြောင်းအမှန်ပါ။ ပေးနိုင်သမျှ အချိန်လေးတွေကို အများအတွက် ပေးဆပ်ရင်းနဲ. ကိုယ့်ကိုယ်ကို ရှာဖွေတွေ.ရှိလာပါလိမ့်မယ်။ ကိုယ့်ကိုကိုယ်သိရင် သူတစ်ပါးကိုလည်း သိလာပါတယ်။ သိတဲ့လူက မသိတဲ့လူထက် အစစအရာရာသာပါတယ်။ ထူးပါတယ်။ အဲဒီလို လူတွေကြောင့်ပဲ လောကကြီးက ထူးခြား ပြောင်းလဲလာတာပါ။
ဒီနေ. ဒီစာကို ဂန္ဓီကြီးရဲ. စကားတစ်ခွန်းနဲ.ပဲ နိဂုံးချုပ်ပါရစေ။
“Nearly everything you do is of no importance, but it is important that you do it” သင်လုပ်သမျှအရာရာတိုင်း နီးပါးက အရေးမကြီးတဲ့ ဟာ(လို)ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် သင် “လုပ်တယ် ” ဆိုတဲ့ဟာ က အရေးကြီးပါတယ်။
ကိုယ်စိတ်ချမ်းမြေ. တရားမွေ.တွေ.သိနိုင်ပါစေ။ သင်သိကျင့်သိထိုးထွင်းသိ အသိစုံပါစေ။ သာသနာအကျိုး မြတ်မြတ်နိုး သယ်ပိုးနိုင်ပါစေ။ မေတ္တာဖြင့်