ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ 2010 ~ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Friday, December 31, 2010

“မဇ္ဈိမယာန အသင်းဝင်ပွဲ အခမ်းအနား(ကင်မ်ဟဲ)“

၂.၁.၁၁ နှစ်သစ်ကူး နှစ်ဆန်း နှစ်ရက်
ကင်မ်ဟဲ ရွှေရွာစားသောက်ဆိုင်တွင် ၂.၁.၁၁ရက် နေ့ ၁၂ နာရီ အချိန်တွင် ကင်မ်ဟဲနေ ဒကာဒကာမများ စုပေါင်း ၍ “မဇ္ဈိမယာန အဖွဲ့ဝင်ပွဲ အခမ်းအနား“ ပြုလုပ်မည်ဖြစ်ပါ သဖြင့် ညီညီညွတ်ညွတ်စည်းရုံး ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

မှတ်ချက်~~~~ဓာတ်ပုံတစ်ပုံစီယူခဲ့ကြပါရန်။

ဆွမ်းသွပ်တရားနာ

... ဒေါ်ခင်ခင်အုန်း၊ အသက် (၆၇)နှစ် အား ရည်စူး၍

...သားဖြစ်သူ ကိုအောင်ပြည့်နှင့် သူငယ်ချင်းတစ်စုက ဘဝတစ်ပါး ပြောင်းသွားကွယ်လွန်သူ ကိုအောင်ပြည့်၏ မွေးသမိခင် ကျေးဇူးရှင် ဒေါ်ခင်ခင်အုန်းကို ရည်းစူး၍ ဆွမ်းသွပ်တရားနာ အလှူ ပြုလုပ်မည် ဖြစ်ပါသည်။

အချိန် ~~~~~ ၁-၁-၁၁ စနေနေ. (၁၁) နာရီ

နေရာ ~~~~~ ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်။ ဖူဆန်။

မဇ္ဈိမယာန အသင်းဝင်ပွဲ အခမ်းအနား(ဖူဆန်း)

... ၁-၁-၁၁ နှစ်သစ်ကူး နှစ်ဦး နှစ်ဆန်း တစ်ရက်နေ.

... ဖူဆန်း ကိုရီးယား-မြန်မာ ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်တွင် ၁-၁-၁၁ရက် နေ. (၁၂)နာရီ အချိန်တွင် ဖူဆန်းနေ ဒကာဒကာမများ စုပေါင်း ၍ “မဇ္ဈိမယာန” အဖွဲ.ဝင်ပွဲ အခမ်းအနား ပြုလုပ်မည်ဖြစ်ပါသဖြင့် ညီညီညွတ်ညွတ်စည်းရုံး ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

မှတ်ချက်~~~~ ဓါတ်ပုံ တစ်ပုံစီ ယူခဲ့ကြပါရန်။

Wednesday, December 29, 2010

“မဇ္ဈိမယာန”၏ မြစ်ဖျားခံရာ

... ကိုရီးယားမှာ တရားဟောတရားပြရင်း တွေ.ကြုံခဲ့ရသည့် အတွေ.အကြုံ များစွာအနက် နေရာတိုင်းလိုလို ထိပ်တိုက်တွေ.ရသည့်ကိစ္စမှာ မဟာယာန (ဒဲဆွန်းင် 대승) နှင့် ဟီနယာန (ဆိုးဆွန်းင်소승)ဆိုသည့် အယူအဆပါ။တို.က ဟီနယာန (ဆိုးဆွန်းင်소승)မဟုတ်ဘူး။ မူလအရင်းခံ ထေရဝါဒပါလို. သမိုင်းနဲ. ချီပြီးရှင်းပြရတာက အကြိမ်ပေါင်းမနည်းပါ။ ရှင်းပြချိန်မရလို. မတူဘူးဆိုတာနဲ.တင် စကားဖြတ်ခဲ့ရတာလည်း ရှိပါတယ်။ အခု နောက်ပိုင်းတော့ ဘုန်းကြီးက တို.က မဟာယာန(ဒဲဆွန်းင် 대승)လည်း မဟုတ်ဘူး။ ဟီနယာန (ဆိုးဆွန်းင် 소승)လည်း မဟုတ်ဘူး။ ဓမ္မယာန(ဗော့ပ်ဆွန်းင် 법승)ပါလို. ပြောလိုက်တယ်။

...မဟာယာန (ဒဲဆွန်းင် 대승) နဲ. ဟီနယာန (ဆိုးဆွန်းင် 소승)ဆိုတဲ့ စကား တွေက ဘုရားဟော မဟုတ်ပါဘူး။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်ပေါင်း ၆၀၀ကျော်မှ နောက်လူတွေ ပြောတဲ့စကားပါ။ ဘုရားဟော ပိဋကသုံးပုံ ထဲမှာ မဟာယာန (ဒဲဆွန်းင် 대승) နဲ. ဟီနယာန (ဆိုးဆွန်းင်소승)ဆိုတဲ့ စကားလုံးကို မရှိဘူး။ ဓမ္မယာန (ဗော့ပ်ဆွန်းင်법승)ဆိုတာတော့ရှိတယ်။ သံယုတ္တနိကာယ် မဟာ ဝဂ္ဂသံယုတ် ဇာဏုသောဏိသုတ်မှာ မဂ္ဂင်ရှစ်ပါးကို ဓမ္မယာန (ဗော့ပ်ဆွန်းင်법승)လို. ဘုရားဟော ရှိတယ်။ ဒါကြောင့် တို.က ဘုရားမဟောတဲ့ (ဒဲဆွန်းင်대승)၊ ဟီနယာန (ဆိုးဆွန်းင်소승)ဆိုတဲ့ အယူအဆတွေကို အယုံအကြည် မရှိဘူး။ ဘုရားဟော မဂ္ဂင်ရှစ်ပါး ဓမ္မယာန(ဗော့ပ်ဆွန်းင်법승)ဆိုတဲ့ မူလအရင်းခံကိုသာ ယုံကြည် ပါတယ်။ အုပ်စုကွဲတွေထဲ ပါဝင်ရင် အုပ်စု ခွဲတည်ထောင်သူ (နာဂဇုနစသူတို.)ရဲ. သာသနာဝင် ရဟန်းဖြစ်မှာလား။ ဘုရားသာသနာဝင် ရဟန်းဖြစ်မှာလားဆိုတာ စဉ်းစားကြည့်ပါ။ သံသယဖြစ်စရာပဲ။ ဘုရားမဟုတ်တဲ့သူရဲ.စကားကို ဘုရား ဟောထက် ပိုပြီးယုံကြည်စရာ ပိုပြီးအခိုင်အမာအလေးအနက်ထားစရာ ဘာ အကြောင်းမှ မမြင်ပါဘူး။ ဒါကြောင့် ဘုန်းကြီးတို.ရဲ အဘိဓာန်မှာ မဟာယာန ဟီနယာန ဗုဒ္ဓဘာသာ ဆိုတာမရှိပါ။ဓမ္မယာနဗုဒ္ဓဘာသာပဲ ရှိပါတယ်လို. စကားကပ်ပြောတော့ သဘောကျကြတယ်။

အဲဒီစကားကို အကြောင်းပြု ပြီး ဖူဆန်းက ဘုန်းကြီးရဲ. တိုက်ခန်းကျောင်းကို မြန်မာဒကာဒကာမတွေက ပြည်တော်ဦးလို. ခေါ်ကြပေမယ့် ကိုရီးယား ဒကာ ဒကာမတွေက ဓမ္မယာနလို.ပဲ ခေါ်ကြပါတော့တယ်။ ကိုရီးယားလို ဒဲဆွန်းင် (대승မဟာယာန) ဆိုးဆွန်းင် (소승 ဟီနယာန)ဆိုတဲ့ စကားလုံးတွေနဲ. ယှဉ်ပြီး ဗော့ပ်ဆွန်းင် (법승 ဓမ္မယာန) ဆိုတာလေးက မှတ်သားလို.လည်း လွယ်ကူပြီး ထိရောက်တဲ့ အဆိုပြုချက်ပါနေလို. သဘောကျကြတာလို.ပြောကြပါတယ်။

ဒါနဲ.ပဲ ကိုးရီးယား ယောဂီ ဒကာဒကာမတွေ အဖွဲ.ဖွဲ.ကြတဲ့အခါ အဖွဲ.နဲ ကျောင်းနာမည်ကိုဓမ္မယာနရိပ်သာ၊ ကိုရီးယားလို (법승 센터) ဗော့ပ်ဆွန်းင် လို.ပဲ အမည်ခံဖြစ်သွားပါတယ်။ အဲဒီ နာမည်နဲ.ပဲ ဆူးယောင်းခရိုင် အခွန်ရုံးက စီးပွားရေးနှင့် မစပ်ဆိုင်သော အဖွဲ.အစည်း မှတ်ပုံတင် အမှတ် ၆၁၇-၈၀-၁၇၃၆၈ ဖြင့် တရားဝင် အဖွဲ.အစည်းအဖြစ် (-၁၂-၁၀) ရက်စွဲနဲ. အသိအမှတ်ပြု မှတ်ပုံတင် ပေးခဲ့ပါတယ်။ဒါက နာမည်နဲ. ပါတ်သက်လို. ဆက်စပ်ရာရာ အကြောင်းတွေ ပြောပြတာပါ။

ဒီနှစ် ၂၀၁၀ ၂လပိုင်း ဖူဆန်းမှာ တိုက်ခန်းကျောင်းလေး တည်လိုက်တဲ့ အချိန်က စလို. ကိုရီးယား ဒကာဒကာမများအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရား ဆယ်ရက်သင်တန်း နှစ်ကြိမ်။ အပတ်စဉ် တစ်ပတ်နှစ်ရက် တစ်ရက်လျှင် (၂)နာရီ စစ်တပ်ဓမ္မာရုံမှာ တရားထိုင်ခြင်း လစဉ် ပထမဆုံး စနေနေတိုင်း နေ. (၂)နာရီမှ ည (၉)နာရီခွဲအထိ တရားရျှုမှတ်ခြင်းများကို ကြီးကြပ်ဟောပြောပြသ ပေးခဲ့ပါတယ်။

နောက်ပိုင်း ဘုန်းကြီးရဲ. ကိုရီးယား တရားပွဲတွေ သင်တန်းတွေမှာ ငွေကြေးခွဲတမ်းချ သတ်မှတ် ကောက်ခံနေတာ တွေ.လာ သိလာရပါတယ်။ ဘုန်းကြီးအနေနဲ. ကိုယ့်ကို ကျူရှင်ဆရာငှားသလို ငွေပေးပြီး သင်ခိုင်းသလိုမျိုး ခံစားရလို. ရှက်လည်းရှက် စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ဘုန်းကြီးက ဓမ္မပူဇာအနေနဲ. ပူဇော်ချင်လို. မိမိသဒ္ဓါတရားအလျောက် လှူဒါန်းတာကို လက်ခံတာကလွဲလို. ဘုန်းကြီးရဲ. တရားနာရင် ငွေ ဘယ်လောက် အလှူ ထည့်ဝင်ရမယ် ဆိုတာမျိုး မသတ်မှတ်ဖို.” ပြောတော့ တော်တော် အံ့သြ ကြတယ်။ ဘုန်းကြီးရဲ. တရားလည်းမဟုတ်ဘူး။ ဒါ ဘုရားတရားတော်တွေပါ။ တရား ရောင်းစားတဲ့သူပဲ ဖြစ်မယ် သာသနာပြုဖြစ်မှာ မဟုတ်ဘူးလို. ပြောတော့ လည်း တော်တော့်ကို ရှော့ဖြစ်ကြတယ်လို. ပြောပါတယ်။ သူတို.ဆီမှာက ရိုးရာလို ဖြစ်နေတာကိုး။ အခမဲ့ဆိုတာကို သိပ် အယုံအကြည် မရှိသလို နားမလည်ဘူး လို.လည်း ပြောကြပါတယ်။ အစမှာ အခမဲ့ဆိုပြီး နောက်ကျရင် မဟားဒယား အလှူခံမှာကြောက်လို. သတ်သတ်မှတ်မှတ် ပြောထားမှ စိတ်ရှင်းတယ်။ သူတို.တတ်နိုင်တဲ့ ကြည်ဖြူတဲ့ ပမာဏဆိုရင် လှူမယ် လာမယ် မဟုတ်ရင် မလာဘူး ဆိုတဲ့သူလည်းရှိကြတယ်။ သူတို.ကိုတော့ အပြစ်မတင်ပါဘူး။ သူတို.လည်း အတွေ.အကြုံရှိလို.နေမှာပေါ့။ သူတို.ယဉ်ကျေးမှုပေါ့လေ။ ဒီ ကိစ္စတွေ ပြောရတာ ရှက်စရာပါပဲ။ လာချင်လာ မလာချင်နေ ရှိတဲ့လူကိုပဲ သင်မယ်လို. ဘုန်းကြီးက လုံးဝမလျှော.ဘဲ အပြတ်ပြောလိုက်မှ အဆုံးမတော့ ဘဏ်စာရင် ဖွင့်ပြီး မိမိ သဒ္ဓါတရားအလျောက် အလှူငွေ ထည့်ကြမယ်လို. အားလုံးသဘောတူ စီစဉ်ကြပါတယ်။ ဘုန်းကြီးက တို.အတွက်တော့မလှူနဲ. မြန်မာပြည် ပညာရေး အစရှိတဲ့ လူမှုကူညီရေး ပရဟိတအလှူအဖြစ် လှူပါလို. ပြောထားပါတယ်။

ဒီတစ်နှစ် သူတို.စုထားတာ သိန်းတစ်ရာ နီးပါးလောက် ရှိနေပါတယ်။ ဒါနဲ. ဒီငွေ ဘယ်လို ကဏ္ဍတွေမှာ ဘယ်လိုသုံးမလဲ စဉ်းစားကြပါတယ်။ ဘုန်းကြီးက သူတို.ကို မြန်မာပြည်ရဲ. အခြေအနေကို ပြောပြပါတယ်။ မြန်မာပြည်မှာ သိပ်ချမ်းသာတဲ့ မိဘတွေက သားသမီးကို နိုင်ငံရပ်ခြားကို ပို.လွှတ် ပညာသင်ပေးတာရှိတယ်။ တစ်ချို.က ပြည်တွင်းမှာဆိုပေမယ့် သားသမီးတွေကို အင်တာနေရှင်နယ်ကျောင်း၊ အိုင်အယ်လ်ဘီစီ စသည်မှာ ထားတယ်။ တစ်ချို.က ဘော်ဒါ တစ်ချို.က ဝိုင်း တစ်ချို. ကျူရှင်ကောင်းကောင်း စသည်ပေါ့လေ။ အဲဒီလို တတ်နိုင်တဲ့လူတွေအတွက်ကတော့ မလိုတော့ဘူး။

သို.သော် မိဘက ဆင်းရဲလွန်းလို. ကျောင်းကို မနေရတဲ့ ကလေးတွေ လုံးဝ ပညာသင်ခွင့်မရရှာတဲ့ ကလေးတွေ ရန်ကုန်လို. မြို.ကြီှးမှာတောင် အရေအတွက် မနည်းပါဘူး။ အဲဒီလို ကလေးမျိုးတွေကို ဦးတည်ပြီး ကူညီဖို.။ ဆယ်တန်းအောင်မှ ဘွဲ.ရမှ မဟုတ်ပါ။ ဘွဲ.လက်မှတ်သာရပြီး ဘာမှ သေသေချာချာ မသိမတတ်သူတွေ လူစွမ်းလူစ လုပ်ရည်ကိုင်ရည် ညံ့ဖျင်းပြီး အဖြစ်မရှိသူများ အများအပြားရှိကြောင်း။ ဒါကြောင့်

(၁) အခြေခံ

စိတ်ထားကောင်းအောင် အသိအလိမ္မာ ရှိအောင်။ အသက်မွေးမှု အတတ် ပညာတစ်ခုခု ဂဃနဏ တတ်မြောက်အောင် ကိုယ့်ကိုယ်ကို ယုံကြည် အားကိုးမှုရှိစေတဲ့ ပညာရေး ဘယ်လိုပေးမလဲ ဆိုတာကို နည်းလမ်းရှာ ကူညီရန်

(၂) ပါရမီရှင်

အဲဒီကလေးတွေထဲက တစ်ရာမှာတစ်ယောက်ဆိုတာလို အင်မတန် ထူးချွန် ထက်မြက်သူများ တွေ.ပါက ကျောင်းထားပေးပြီး အထူးတလည် စောင့်ရှောက် မြေတောင်မြှောက်ပေးရန်။ (အနုပညာ၊ အားကစား စသည်လည်း နည်းတူ)

(၃) ပညာတော်သင်

အထက်တန်းစာမေးပွဲ ထူးချွန်စွာ အောင်မြင်ပါလျက် တက္ကသိုလ်တက်ရန် ငွေ အခက်အခဲရှိသော ကျောင်းသားများအတွက် ပညာတော်သင်ဆု ငွေပဒေသာပင် စိုက်ထူထားရန်။

(၄) နိုင်ငံခြား ပညာသင်

ကိုရီးယားနိုင်ငံတွင် မိမိစားရိတ်ဖြင့် ကျောင်းတက်လိုသူများရှိပါက ပွဲစားခ ငွေကုန်ကြေးကျ မရှိစေဖို. အခမဲ့တာဝန်ယူ ဆောင်ရွက်ပေးရန်။

(၅) စားရမဲ့ သောက်ရမဲ့ အားကိုးရာမဲ့ ကလေးနှင့် လူအိုများကို အစားအသောက်နှင့် အဝတ်အထည်စသည် ကျွေးမွေးထောက်ပံ့ရန် လိုလားကြောင်း အဆိုပြုပေးခဲ့ပါတယ်။

ဓမ္မယာန ကိုရီးယားယောဂီအဖွဲ.တော့ ဖြစ်မြောက်သွားပြီ။ တစ်ဆက်တည်း ဘုန်းကြီးတို. မြန်မာ ဒကာဒကာမများလည်း အဖွဲ.အစည်းတည်ထောင်ပြီး ပရဟိတ တတ်စွမ်းသမျှ လုပ်ကြဖို. တိုက်တွန်းခဲ့ပါတယ်။ ဘုန်းကြီး ကိုရီးယား မရောက်ခင်က အဖွဲ. ဖွဲ.စည်းဖူးသော်လည်း ဖွဲ.လိုက်ပျက်လိုက်နဲ. နှစ်ကြိမ်သုံးကြိမ်ရှိပြီလို. ဒကာတွေ ပြောတာ ပြန်ကြားသိရပါတယ်။ အတွေးအခေါ်ရှိရှိ ခံယူချက်မှန်မှန် ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ. စိတ်တူ ဆန္ဒတူ အသိတူ ညီမျှတဲ့ စွန်းကြဲမှုနဲ. ကြိုးစားကြရင် ဖြစ်မှာ ပါ။ ဘုန်းကြီးလည်း ဝိုင်းပါ့မယ်လို. တိုက်တိုက်တွန်းတွန်း နဲ. (၁၂-၁၂-၁၀) တနင်္ဂနွေနေ.မှာ အသင်းကို စတင် ဖွဲ.စည်းဖြစ်ခဲ့ပါတော့တယ်။

အဖွဲ.နာမည်ရွေးကြတဲ့အခါ မဇ္ဈိမယာန ကို အကြိုက်များလို. “မဇ္ဈိမယာနအဖွဲ.”

THE ORGANIZATION FOR PRATICAL MIDDLE WAY (OPMW) လို. အမည်ပေးခဲ့ကြပါတယ်။ (၂၆-၁၂-၁၀)မှာတော့ ဂွမ်ဂျူးကဒကာတွေ စုပေါင်း အသင်းဝင်အခမ်းအနား ဂွမ်ဂျူးမြို. ခီလ်ဆန်းင်ဆာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဘူဖျောင်းမှာတော့ ဒကာခင်လှိုင်ဆီမှာ ဖောင်ပို.ထားပြီး ဘုန်းကြီးနှင့် စပ်ရာ ဒကာဒကာမများကို အကြောင်းကြားထားလိုက်ပါတယ်။ အီဝါ မိန်းခလေး တက္ကသိုလ်မှာ ပီအိတ်ခ်ျဒီ လုပ်နေတဲ့ ဆရာမ ရွှေမာသန်းနဲ. ဆိုးလ် ဗိုးရီးဆူးရိပ်သာမှာတွေ.လို. စကားပြောရင်း သူကလည်း အားရဝမ်းသာ “တပည့်တော်နဲ. ရည်ရွယ်ချက် တူတယ်ဘုရား။ တပည့်တော်လည်း အဖွဲ. ဝင်မယ်”ဆိုပြီး အသင်းဝင်ပုံစံ ကိုရှေ.တွင်ဖြည့်ပြီး အဖွဲ.ဝင်ခဲ့လို. ဝမ်းမြောက် ကြည်နူးမိပါတယ်။ မြန်မာပြည်ပြန်ရောက်ရင်လည်း အကြောင်းညီညွတ်ရင် ပရဟိတ လုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်ကြဖို. ပြောဆိုဖြစ်ကြပါသေးတယ်။

အဖွဲ.အစည်းဖွဲ.ဖို. ဒကာတွေကို ဆော်သြနေတာတော့ ကြာပါပြီ။ ဒကာတွေလည်း တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်တောင် ပုံမှန် နားကြရတာ မဟုတ်တော့ စိတ်သွားတိုင်း ကိုယ်ပါ မဖြစ်နိုင်ကြရှာပါဘူး။ ဒီအချိန်မှာ မမျှော်လင့်ပဲ ကိုရီးယား “ဓမ္မယာန” အဖွဲ.က တရားဝင်မှတ်ပုံတင်နဲ. ဖြစ်လာတော့ ဘုန်းကြီးလည်း မြန်မာအဖွဲ. ဖြစ်အောင်ဖွဲ.ဖို. တိုက်တိုက်တွန်းတွန်း လုပ်ဖြစ် သွားတာမို.လို “မဇ္ဈိမယာန”အဖွဲ. ရဲ. မြစ်ဖျားခံရာသည် “ဓမ္မယာန” အဖွဲ.လို. ပြောရင်လည်း မမှားပါဘူး။ မြစ်ဖျားခံရာက စတော့စလိုက်ပြီ။ အဖြစ်ရှိအောင် လုပ်ဖို. ရည်ရှည်တည်တံ့အောင်လုပ်ဖို. အစွမ်းကုန်ကြိုးစားရပါဦးမည်။

အာရမ္ဘ၊ နိက္ကမနှင့် ပရက္ကမတဲ့ ဝီရိယသုံးဖြာ

များသတ္တာ သိဒ္ဓိပြီးအောင် ပွားကြစေရာ။

တို. အမျိုးသား ရွှေမြန်မာ

ကိုးကွယ်တာ ရတနာ “သုံး” ပေမို.

လောင်းမြတ်စွာ ပါရမီခရီးကို

စံပြုကာ နည်ယူမှီးကြပါစို.ကွယ်။

ပွားစေရာ ဝီရိယသုံးကို

စိတ်ကြီးဝင် အားကုန်ရုန်းလိုက်မယ်။

ကျုံးလိုက် ရွှေဘုန်း။

Tuesday, December 28, 2010

အလှူတော်မှတ်တမ်း

လစဉ်အလှူရှင် စာရင်း(နိုဝင်ဘာလ)
ကိုမြင့်ခိုင်(ဖူဆန်း) သောက်ရေသန့် ရေပူ/ရေအေး ၅၀,၀၀၀ ဝမ်

ကိုရဲသီဟ(ဂွမ်ဂျုး) စတုပစ္စယဒါန ၂၀,၀၀၀ ဝမ်

ကိုလှထွန်း(ဖူဆန်း) လျှပ်စစ်မီး ၃၀,၀၀၀ ဝမ်

ကိုဇော်သူရ(ကင်မ်ဟဲ) အင်တာနက်ဖုံး ၃၀,၀၀၀ ဝမ်

ကိုလင်းလင်း + မဝင်းအိဖြူ(ကင်မ်ဟဲ) ဒိုရှီးဂတ်စ် ၁၅,၀၀၀ ဝမ်

ကိုကျော်လှိုင်ထွန်း (ဘူဖျောင်းင်) စတုပစ္စယ ဒါန ၂၀,၀၀၀ ဝမ်

Sunday, December 26, 2010

အလှူတော်မှတ်တမ်း

လစဉ်အလှူရှင် စာရင်း(ဒီဇင်ဘာလ)

ကိုမြင့်ခိုင်(ဖူဆန်း) သောက်ရေသန့် ရေပူ/ရေအေး ၅၀,၀၀၀ ဝမ်

ကိုရဲသီဟ(ဂွမ်ဂျုး)စတုပစ္စယဒါန ၂၀,၀၀၀ ဝမ်

ကိုလှထွန်း(ဖူဆန်း)လျှပ်စစ်မီး ၃၀,၀၀၀ ဝမ်

ကိုဇော်သူရ(ကင်မ်ဟဲ) အင်တာနက်ဖုံး ၃၀,၀၀၀ ဝမ်

ကိုလင်းလင်း+မဝင်းအိဖြူ(ကင်မ်ဟဲ) ဒိုရှီးဂတ်စ် ၁၅,၀၀၀ ဝမ်

ကိုကျော်လှိုင်ထွန်း (ဘူဖျောင်းင်) စတုပစ္စယဒါန ၂၀,၀၀၀ ဝမ်

(ဂွမ်ဂျူး) “မဇ္ဈိမယာန” အဖွဲ.ဝင်ခြင်း အခမ်းအနား မှတ်တမ်း























... (၂၆-၁၂-၁၀) တနင်္ဂနွေနေ. ယနေ. နေ.လည် (၁)နာရီအချိန်တွင် ဂွမ်ဂျူးမြို. ခီလ်ဆန်င်းဆာ ကျောင်းတိုက်၌ ဂွမ်ဂျူးမြို.မှ ဒကာများ မဇ္ဈိမယာန အဖွဲ.ဝင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

... ပြည်တော်ဦးဆရာတော်က မဇ္ဈိမယာန အဖွဲ.ဖွဲ.စည်းရခြင်း၏ ရည်ရွယ်ချက် လုပ်ငန်းစဉ်နှင့် အဖွဲ.မူကြမ်းကို ရှင်းလင်းပြောပြခဲ့ပါသည်။ ဂွမ်ဂျူးမြို.၌ ပထမဦးဆုံးအကြိမ်အဖြစ် အဖွဲ.ဝင် (၂၂) ဦးတို.က ဆရာတော်ရှေ.မှောက်၌ အသင်းဝင်ပုံစံကို ဖြည့်စွက်တင်သွင်း၍ အသင်းဝင် အခမ်းအနားကို အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အသင်းသားများက ဒီဇင်ဘာလအတွက် အသင်းရံပုံငွေ လစဉ်ထည့်ဝင်မှု တစ်ဦးလျှင် တစ်သောင်းကျပ်ဖြင့် တစ်ပါတည်း ထည့်ဝင်ကြပါသည်။

အသင်းဝင်များမှာ ...

၁။ ကိုနိုင်စိုး

၂။ကိုအောင်ကိုကို

၃။ကိုအေးအောင်

၎။ကိုမျိုးသူဟိန်း

၅။ကိုကျော်မင်းယု

၆။ကိုမင်းသူရိန်ထွန်း

၇။ကိုသက်နိုင်ဦး

၈။ကိုမောင်မောင်လွင်

၉။ကိုထွေး

၁၀။ကိုအောင်ဇော်ဦး

၁၁။ကိုသန့်ဇင်ဦး

၁၂။ကိုပေါ်ထွန်းငြိမ်း

၁၃။ကိုနိုင်ထွန်း

၁၄။ကိုသန့်ဇင်ထွန်း

၁၅။ကိုစိုးမိုး

၁၆။ကိုရဲသီဟဆွေ

၁၇။ကိုစောခိုင်ဝင်း

၁၈။ကိုသန်းထွေး

၁၉။ကိုဝင်းစိုး

၂၀။ကိုရဲထွန်းနောင်

၂၁။ကိုရဲလျှံထွန်း

၂၂။ကိုစိုင်းမြတ်ထွန်း

မဇ္ဈိမယာန အဖွဲ. ဖွဲ.စည်းခြင်း











. (၁၂-၁၂-၁၀) တနင်္ဂနွေနေ.တွင် ဖူဆန်း ဗုဒ္ဓဘာသာ အသင်းတိုက်၌ မဇ္ဈိမယာန အသင်းအဖွဲ.ကို ဖွဲ.စည်းတည်ထောင်ရန် အခြေခံမူကြမ်းနှင့် အသင်းဝင်ပုံစံကို အဆိုပြု ဆွေးနွေးခဲ့ကြပါသည်။

ဖူဆန်း၌ ဘာသာရေး လူမှုရေး အဝဝကို ပရဟိတစိတ်ထား အပြည့်အဝဖြင့် အစဉ်တစိုက် နှိုးဆော် ဆောင်ရွက်နေသူ ကိုလှထွန်းကို ပထမဦးဆုံး အသင်းသားအဖြစ် အသင်းဝင်ရန် ဆရာတော်က တိုက်တွန်း၍ မဇ္ဈိမယာန အဖွဲ.ဖွဲ.စည်းခြင်းကို စတင် ခဲ့ပါသည်။

တူညီသော ~စိတ်ထား၊ ဆန္ဒ၊ ယုံကြည်ချက်နှင့် စွန်.ကြဲပေးကမ်းမှု၊ ကိုယ်ကျိုးစွန်. အနစ်နာခံမှု၊ အများအကျိုး သယ်ပိုးမှုတို.ဖြင့် ပါရမီမြောက် လုပ်ငန်းများးကို ပူးပေါင်းဆောင်ရွက်ရန်အတွက် မဇ္ဈိမယာန အဖွဲ.ဝင် အဖြစ် လက်တွဲပါဝင်ကြပါရန် နှိုးဆော်တိုက်တွန်း လိုက်ပါသည်။





Saturday, December 25, 2010

အသင်းဝင်ပုံစံ (မဇ္ဈိမယာန အသင်း)

... မဇ္ဈိယာန အသင်း အသင်းဝင်ပုံစံ
https://acrobat.com/app.html#d=wiqUjekXmW8isHId*9pLbg

အသင်းဖြစ်မြောက်ရေး

“မဇ္ဈိမယာန အသင်း(မူကြမ်း)”

“မဇ္ဈိမယာန အသင်း(မူကြမ်း)”

အသင်း၏ရည်ရွယ်ချက်။ ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ညွှန်ပြသည့် ဒုက္ခကင်းရာ
နိဗ္ဗာန်ကို ပန်းတိုင်ထား၍ မဂ္ဂင်ရှစ်ပါးကို လမ်းစဉ် အဖြစ် ခံယူလျက် ပါရမီ ဖြစ်ကြောင်း အကျင့်
ကောင်းများကို စွမ်းစွမ်းတမံ ကျင့်သုံးရွက်ဆောင်ရန် ရည်ရွယ်ပြီး တည်ထောင်ဖွဲ့စည်း ပါသည်။

အသင်း၏ အမည်။ ။ မဇ္ဈိမယာန (မဂ္ဂင်ရှစ်ပါး မဇ္ဈိမလမ်းစဉ် ယာဉ်တော်ကြီး)

အသင်း၏လုပ်ငန်းစဉ်။ ။ အမျိုးဘာသာ သာသနာနှင့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး မည်သည့်
အရေးမဆို ပေါက်မြောက်အောင်မြင်ဖို့ရာ ပညာသည်သာ အခရာဖြစ်သည်။ “ပညာသမာ အာဘာ
နတ္ထိ” ဘုရားဟောလည်းရှိသည်။ “ဆင်းရဲခြင်းမှ ထွက်ရပ်လမ်းသည် ပညာရေးသာဖြစ်သည်” ဟူသော ပညာရှင်များ၏ သုတေသန ရလဒ်မှန်များသည်လည်း အထင်အရှား ရှိသည်။ မြန်မာနိုင်ငံ
၏ အနာဂါတ်သည် တိုင်းသူပြည်သားတို့၏ ပညာရည်ပေါ်၌ မူတည်နေသည်။ ပညာ ပါရမီမြောက်
ပညာရေး လုပ်ငန်းများကို ပဓာနပြု၍ ဆက်စပ်ရာရာ ကျန်းမာရေး လူမှုရေး ပရဟိတ လုပ်ငန်းများကို တိုင်းပြုပြည်ပြု လုပ်ငန်းတွင် အုတ်တစ်ချပ် သဲတစ်ပွင့် အနေအားဖြင့် အားကြိုး မာန်တက် ဆောင်ရွက်သွားကြမည်။
အသင်းသားအရည်အချင်း။ ။ စိတ်ထားကောင်း၊ အပြောကောင်း၊ ကိုယ်ကျင့်ကောင်း၊ အတွေး အခေါ်ကောင်း၊ လုပ်ရည်ကိုင်ရည်ကောင်းနှင့် ပြည့်စုံသူ/ဖြည့်ဆည်းသူများ ဖြစ်စေချင်ပါသည်။

အကြံပြုလွှာရေးရန်……………………………………………………………………………………………….
……………………………………………………………………………………………………………………….
……………………………………………………………………………………………………………………….
……………………………………………………………………………………………………………………….
……………………………………………………………………………………………………………………….
……………………………………………………………………………………………………………………….
……………………………………………………………………………………………………………………….
………………………………………………………………………………………………………………………..
………………………………………………………………………………………………………………………..
………………………………………………………………………………………………………………………
………………………………………………………………………………………………………………………

မှတ်ချက်။ ။ အထက်ဖော်ပြပါ မည်သည့်အချက်ကိုမဆို အသင်းစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပြုပြင် ပြောင်းလဲ နှုတ်ပယ် ဖြည့်စွက်နိုင်သည်။
အသင်းဖွဲ.စည်းပုံ၊ အသင်းစည်းကမ်း၊ အသင်းရံပုံငွေ၊ အသင်းတိုက်ဖြစ်မြောက်ရေး စသည်ကိုလည်း အညီအညွတ် စည်းဝေးတိုင်ပင်၍ ဆရာတော်၏ သြဝါဒကိုခံယူပြီး အများဆန္ဒနှင့်အညီ သတ်မှတ် ဆောင်ရွက်ကြပါမည်။

Friday, December 10, 2010

န၀မကြိမ်မြောက် အလှူတော်မင်္ဂလာ

နိဗ္ဗာန်အကျိုးမျှော် တရားတော်နာ ဖိတ်ကြားလွှာ

ဖူဆန်မြို့ရှိ မြန်မာ-ကိုရီးယား ပြည်တော်ဦးကျောင်းတိုက်၊ ပြည်တော်ဦးဆရာတော်မှ လစဉ် ဓမ္မဒါန တရားပွဲကို ဦးစီးကျင်းပလျက်ရှိရာ ယခုဆိုလျင် န၀မကြိမ်မြောက် ရောက်ရှိခဲ့လာပါပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခုအပတ် (၁၂.၁၂.၂၀၁၀) တနင်္ဂနွေနေ့တွင် တရားပွဲကို ထပ်မံ ကျင်းပသွားမည် ဖြစ်ပါသဖြင့် တရားတော်နာကြွရောက်ကြပါရန် ရိုသေလေးစားစွာဖြင့် ဖိတ်မန္တကပြုအပ်ပါသည်။
ထို့ပြင် အလှူရှင်ဖြစ်သော ကိုလင်းလင်း+မ၀င်းအိဖြူ(တုံတုံ) တို့မှ အာဟာရဒါန ထမင်း၊ဟင်း ဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသဖြင့် ၁၂,၁၂,၂၀၁၀ (တနင်္ဂနွေနေ့)၌ ဧည့်ပရိသတ်များအား ကြွရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ထို့နေ့၌ ရွှေမြန်မာများ စုဝေး၍
အစည်းအဝေးပြုလုပ်မည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ ကြွရောက် နားဆင်နိုင်ပါသည်။

အလှူနေ့ရက်........................၁၂.၁၂.၂၀၁၀ (တနင်္ဂနွေနေ့)
ဧည့်ခံကျွေးမွေးချိန်...................မနက် ၉း၃၀ မှ ၁၂း၀၀ နာရီအထိ။
အစည်းအဝေးအချိန်..................နေ့လည် ၁၂း၃၀နာရီမှ ၁း၃၀နာရီ အထိ။
တရားနာ..............................နေ့လည် ၂နာရီ
နေရာ..................................부산불교신도회관 ၆ ထပ်
လမ်းညွှန်..............................시청역နံပါတ် ၇ ထွက်ပေါက်(မြေအောက်ရထားနံပါတ် ၁ လိုင်း)


ရေးသူ- နန္ဒာ (ဧကမ္ဘာ)



Sunday, November 21, 2010

အလှူတော်မှတ်တမ်း

၂၀၁၀ ခုနှစ် ၊ နိုဝင်ဘာလ (၂၁) တန်ဆောင်မုန်း လပြည့်နေ့...

...ယနေ့ ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့ ဂျင်ယောင်း အလှူနေ့တွင် ကြွရောက်လာသော ပရိသတ်များ ဧ။်အလှူတော်မှတ်တမ်းများကို ဖော်ပြလိုက်ပါတယ်ရှင်။

၁။ ကိုသန်းထိုက်+မကေသီစိုး ၆သောင်း
၂။ ကိုခိုင် ၂သောင်း
၃။ ကိုဝင်းစိန် ၂သောင်း
၎။ ကိုအေးမင်းထွန်း ၂သောင်း
၅။ ကိုဇော်လွင်ဦး+ကိုတင့်ဇော်တိုး ၂သောင်း
၆။ ကိုသက်နောင် ၁သောင်း
၇။ ကိုဇော်ဦး ၃သောင်း
၈။ ကိုကျော်စိုးဝင်း ၂သောင်း
၉။ ကိုထက်သူအောင် ၂သောင်း
၁၀။ ကိုတင်ထွန်းလွင် ၁သောင်း
၁၁။ ကိုသန့်ဇင် ၁သောင်း
၁၂။ ကိုထူးထူး ၁သောင်း
၁၃။ မညိုပြာဝင်း ၁သောင်း
၁၄။ ကိုကျော်စွာလွင်(သုံးခွ) ၂သောင်း
၁၅။ ဂျင်ရောင်းအဖွဲ့ ၇သိန်း
၁၆။ ကိုနေမျိုး ၂သောင်း
၁၇။ ကိုရှမ်းကြီး ၃သောင်း
၁၈။ ကိုဇော်ဝင်းထွန်း ၁သောင်း
၁၉။ မမြတ်နိုးပိုင်-မမြတ်နိုးပြည့် မွေးနေ့အလှူ ၅သောင်း
၂၀။ ကိုစိုးဝင်း ၃သောင်း
၂၁။ ကိုမြင့်ဝေ ၃သောင်း
၂၂။ ကိုတင့် ၁သောင်း
၂၃။ ကိုကျော်စန်းလှိုင် ၁သောင်း
၂၄။ ကိုမင်းလတ် ၁သောင်း
၂၅။ ကိုကျော်သူဟိန်း ၃သောင်း
၂၆။ ကိုဝင်းထွဋ် ၁သောင်း
၂၇။ ကိုတိုးသူရ ၁သောင်း

ရေးသူ~~နန္ဒာ (ဧကမ္ဘာ)

Tuesday, November 16, 2010

ပျော်ပျော်ရွှင်ရွှင် ဆင်ကာနွှဲ မြန်မာတို့ဧ။် အလှူတော်ပွဲ

진영 ညီအစ်ကိုမောင်နှမများဧ။် စုပေါင်းအလှူ
...ကျွန်တော်များ 진영 ညီအစ်ကိုမောင်နှမများဧ။် စုပေါင်းအလှူကို ၂၀၁၀.၁၁.၂၁ (တန်ဆောင်မုန်း လပြည့်နေ့) 부산 불교 신도 회관 ၆ ထပ်တွင် ကျင်းပမည် ဖြစ်ပါသဖြင့် ကိုရီးယားရောက် ရွှေညီအစ်ကို၊ မောင်နှမ အားလုံးကို လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

အလှူနေ့ရက် ..........၂၀၁၀.၁၁.၂၁ (တန်ဆောင်မုန်းလပြည့်နေ့)
အချိန် ..........၁၁ နာရီ ဆွမ်းကပ်ဧည့်ခံ ၊ နေ့လည် ၂ နာရီ တရားနာ
နေရာ ..........부산 불교 신도 회관 ၆ ထပ်
လမ်းညွန် ..........시 청 역 7 번출구 (မြေအောက် ရထားလိုင်း အမှတ် ၁ လိုင်း)

မှတ်ချက် ။ ။ ကြွရောက်မည့် သူငယ်ချင်းများအား 김해 မြန်မာဆိုင်တွင် နံနက် ၁၁ နာရီ ကားကြိုပို့
စီစဉ်ပေးထားပါသည်။

လေးစားစွာဖြင့်
ဂျင်ယောင်း ညီအစ်ကို မောင်နှမများ

ရေးသူ~~နန္ဒာ(ဧကမ္ဘာ)

Friday, November 12, 2010

သီးသန့်အလှူရှင်

သီးသန့်အလှူရှင် စာရင်း

ကိုမျိုးဇော်ထွန်း(ဂျင်ဂျောင်း) ခရီးစရိတ် = ၅၀၀၀၀
ကိုစိုးစိုး+မစုစု (မွေးနေ့အလှူ) = ၅၀၀၀၀

ပထမအကြိမ် ဘုံကထိန် အလှူရှင်များ

အကျဉ်းမျှသာ ...ကင်မ်ဟဲနယ် ဆန်းရုံတန်းအဖွဲ့

အပြည့်အစုံသို့....

။ ကိုသက်ခိုင်ထူး = ၅သောင်း

၂။ ကိုဝင်းစိန် = ၅သောင်း

၃။ ကိုစိုးသီဟ = ၁သောင်း

၎။ ကိုသက်လွင်ထူး = ၁သောင်း

၅။ ကိုမျိုးလှိုင်ဦး = ၁သောင်း

၆။ ကိုကျော်လွင် = ၂သောင်း

၇။ ကိုကံထူး = ၂သောင်း

၈။ ကိုသန်းကျော်လင်း = ၂သောင်း ၅ထောင်

၉။ ကိုသန်းထိုက် = ၁သောင်း

၁၀။ ကိုအေးမင်းထွန်း = ၁သောင်း

၁၁။ ကို ၀င်းကျော်စွာ = ၅ထောင်

၁၂။ ကိုမျိုးသိန်းဦး = ၁ သောင်း

၁၃။ ကို စောသန်းဦး = ၁သောင်း

၁၄။ ကိုဝင်းမောင် = ၁ သောင်း

၁၅။ ကိုသိန်းစိုးထိုက် = ၁ သောင်း ၅ ထောင်

၁၆။ ကိုဟန်မျိုးကျော် = ၁သောင်း ၅ထောင်

၁၇။ ကိုအေးမင်းဦး = ၁သောင်း ၅ထောင်

၁၈။ ကိုကိုလွင် = ၂ သောင်း

၁၉။ မြန်မာသူကြီး(ဖူဆန်း) စားသောက်ဆိုင်နှင့် စတိုး = ၃ သိန်း

၂၀။ ကိုနေမျိုး = ၁ သိန်း

၂၁။ ကိုမင်းလတ် = ၂ သိန်း

၂၂။ ကိုရဲထွဋ်မိုင် = ၆ သောင်း

၂၃။ ကိုသက်နိုင်ဦး = ၅ သောင်း

၂၄။ ကိုအောင်နေသန့် = ၅ သောင်း

၂၅။ ကိုမြတ်ကိုကိုထူး = ၁ သိန်း

၂၆။ ကိုညွန့်ဝင်း = ၃ သောင်း

၂၇။ ကိုကျော်ထက်သူ = ၅ သောင်း

၂၈။ ကိုမင်းမြတ်သူ = ၁ သိန်း

၂၉။ ကိုအောင်စိုးလင်း = ၅ သောင်း

၃၀။ ကိုသူရဇော် = ၃ သောင်း

၃၁။ ကိုစိုးမိုးအောင် = ၂ သောင်း

၃၂။ ကိုရဲဝင်းဟန် = ၂ သောင်း

၃၃။ ကိုကျော်မင်းစိုး = ၁ သိန်း

၃၄။ ကိုဇော်ဝင်းထွန်း = ၁ သိန်း

၃၅။ ကိုလှထွန်း = ၅ သောင်း ( ကထိန်သင်္ကန်း ၁ စုံ)

၃၆။ ကိုညွန့်လှိုင် = ၅ သောင်း

၃၇။ ကိုတင်အောင်မိုး = ၅ သောင်း

၃၈။ ကိုဝင်းတင် = ၅ သောင်း

၃၉။ ကိုကျော်ကျော်မြင့် = ၃ သောင်း

၄၀။ ကိုထွန်းထွန်းအေး = ၁ သောင်း

၄၁။ ကိုမင်းမင်း = ၅ သောင်း

၄၂။ ကိုမြင့်သူ = ၅ သောင်း

၄၃။ ကိုနေလင်းစိုး = ၁ သောင်း

၄၄။ ကိုကောင်းမြတ် = ၁ သောင်း

၄၅။ ကိုစိုးဝင်းထက် = ၁ သောင်း

၄၆။ ကိုအေးကိုကိုလင်း = ၁ သောင်း

၄၇။ ကိုအောင်ကိုကိုမျိုး = ၂ သောင်း

၄၈။ ကိုသိန်းထိုက်အောင် = ၂ သောင်း

၄၉။ ဒယ်ဂူး သူငယ်ချင်းများ = ၁ သိန်း

၅၀။ ကိုသက်ထူးလွင် = ၂ သောင်း

၅၁။ ဦးစောလွင် = ၁ သောင်း

၅၂။ မမိုးမိုးဦး = ၅ သောင်း

၅၃။ ကိုစိုးသူရ = ၂ သောင်း

၅၄။ ကိုတိုးသူရ = ၅ သောင်း

၅၅။ ကိုညီညီဝင်း = ၃ သောင်း

၅၆။ ကိုကျော်ကျော်လွင် = ၃ သောင်း

၅၇။ ကိုတင်ထွန်းလွင် = ၁ သောင်း

၅၈။ ကိုဇော်လင်းထွေး = ၁ သောင်း

၅၉။ ကိုကျော်လင်းစိုး = ၂ သောင်း

၆၀။ ကိုမောင်မောင်လွင် = ၃ သောင်း

၆၁။ ကိုဟန်ဝင်းအောင် = ၃ သောင်း

၆၂။ ကိုထူးလင်းအောင် = ၃ သောင်း

၆၃။ ကိုသန့်ဇင်ထွန်း = ၁ သိန်း

၆၄။ ကိုစိုးသီဟ= ၁ သောင်း

၆၅။ ကိုသက်လွင်ထူး = ၂ သောင်း

၆၆။ ကိုမိုးလှိုင်ဦး = ၂ သောင်း

၆၇။ ကိုညွန့်လှိုင် = ၂ သောင်း

၆၈။ ကိုထွန်းထွန်းအေး = ၃ သောင်း

၆၉။ ကိုအောင်နိုင် = ၃ သောင်း

၇၀။ ကိုနေလင်းအောင် = ၂ သောင်း

၇၁။ မအိမွန် = ၁ သောင်း

၇၂။ ကိုပိုင်စိုး = ၁ သောင်း

၇၃။ ကိုမင်းညီ = ၃ သောင်း

၇၄။ ကိုပြည့်ဖြိုးကျော် = ၁ သောင်း

၇၅။ ကိုလှမင်းထွန်း = ၃ သောင်း

၇၆။ ဦးညီ = ၅ သောင်း

၇၇။ ကိုပေါပေါ = ၃ သောင်း

၇၈။ ကိုညီညီ= ၃ သောင်း

၇၉။ ကိုဇော်ဇော် = ၁ သောင်း

၈၀။ ဦးရှမ်းကြီး = ၃ သောင်း

၈၁။ ကိုမော်ကြီး (ဒယ်ဂူးအဖွဲ့) = ၉ သောင်း

၈၂။ ကိုမြင့်စိုး = ၁ သောင်း

၈၃။ ကိုဝင်းမင်းထွန်း = ၁ သောင်း

၈၄။ ကိုအောင်သန့်ထွန်း = ၁ သောင်း

၈၅။ ကိုအေးမြတ်ကို = ၃ သောင်း

၈၆။ ကိုသော်ဇင်ကို = ၃ သောင်း

၈၇။ ကိုစိန်ဝင်း = ၁ သောင်း

၈၈။ မြန်မာဗုဒ္ဓသာသနာ့ပြုကျောင်း အကျိုးတော်ဆောင်အဖွဲ့ = ၁ သိန်း

၈၉။ ကိုညီညီဝင်း = ၃ သောင်း

စုစုပေါင်း ၃၃ သိန်း ၂ သောင်း

Sunday, October 31, 2010

အလှူတော်မှတ်တမ်း

လစဉ်အလှူရှင် စာရင်း(အောက်တိုဘာလ)

ကိုမြင့်ခိုင်(ဖူဆန်း)သောက်ရေသန့်ရေပူ/ရေအေး ၅၀,၀၀၀ ဝမ်
ကိုရဲသီဟ(ဂွမ်ဂျူး)စတုပစ္စယဒါန ၁၀,၀၀၀ ဝမ်
ကိုလှထွန်း(ဖူဆန်း)လျှပ်စစ်မီးသီး ၃၀,၀၀၀ ဝမ်
ကိုဇော်သူရ(ကင်မ်ဟဲ)အင်တာနက်ဖုံး ၃၀,၀၀၀ ဝမ်
ကိုလင်းလင်း+မဝင်းအိဖြူ (ကင်မ်ဟဲ)ဒိုးရှီးဂက်စ် ၁၅,၀၀၀ ဝမ်
ကိုကျော်လှိုင်ထွန်း (ဘူဖျောင်း)၂၀,၀၀၀ ဝမ်

အလှူတော်မှတ်တမ်း

လစဉ်အလှူရှင် စာရင်း(စက်တင်ဘာလ)

ကိုမြင့်ခိုင်(ဖူဆန်း)သောက်ရေသန့်ရေပူ/ရေအေး ၅၀,၀၀၀ ဝမ်
ကိုရဲသီဟ(ဂွမ်ဂျူး)စတုပစ္စယဒါန ၁၀,၀၀၀ ဝမ်
ကိုလှထွန်း(ဖူဆန်း)လျှပ်စစ်မီးသီး ၃၀,၀၀၀ ဝမ်
ကိုဇော်သူရ(ကင်မ်ဟဲ)အင်တာနက်ဖုံး ၃၀,၀၀၀ ဝမ်
ကိုလင်းလင်း+မဝင်းအိဖြူ (ကင်မ်ဟဲ)ဒိုးရှီးဂက်စ် ၁၅,၀၀၀ ဝမ်

အလှူတော်မှတ်တမ်း

လစဉ်အလှူရှင် စာရင်း(သြဂုတ်လ)
ကိုမြင့်ခိုင်(ဖူဆန်း)သောက်ရေသန့်ရေပူ/ရေအေး ၅၀,၀၀၀ ဝမ်
ကိုရဲသီဟ(ဂွမ်ဂျူး)စတုပစ္စယဒါန ၁၀,၀၀၀ ဝမ်
ကိုလှထွန်း(ဖူဆန်း)လျှပ်စစ်မီးသီး ၃၀,၀၀၀ ဝမ်
ကိုဇော်သူရ(ကင်မ်ဟဲ)အင်တာနက်ဖုံး ၃၀,၀၀၀ ဝမ
်ကိုလင်းလင်း+မဝင်းအိဖြူ (ကင်မ်ဟဲ)ဒိုးရှီးဂက်စ် ၁၅,၀၀၀ ဝမ်

ပြည်တော်ဦး ကထိန်အောင်ပွဲ အခမ်းအနား ဖိတ်ကြားလွှာ

. ကထိန်အောင်ပွဲ မင်္ဂလာ။

ဖူဆန်းနှင့် ကင်မ်ဟဲနေ ဒကာဒကာမတို.၏ ပစ္စယဒါနနှင့် ဘူဖျောင်းမှ မြန်မာသံဃာတော် အရှင်မြတ်တို.၏ ကံဆောင်ချီးမြှောက်မှုဖြင့် ၂၄-၁၀-၁၀ ရက်နေ.တွင် ဝိနည်းကံဆောင်၍ ဖူဆန်း ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်၌ ကထိန်ခင်းပြီးဖြစ်ပါသည်။

ယခုအခါ ဒကာဒကာမအပေါင်းတို.က သဒ္ဓါကြည်လင် ဉာဏ်နှင့်ယှဉ်၍ ကုသိုလ်အထူး ဆည်းပူးလိုပါသဖြင့် ကံဆောင်သံဃာအရှင်မြတ်တို.ကို ပင့်ဆောင်၍ ကထိန်အောင်ပွဲ မင်္ဂလာ အခမ်းအနားကို ကျင်းပမည်ဖြစ်ရာ

၁။ (ဘူဖျောင်း) ဓမ္မဒူတ ဆရာတော် ဒေါက်တာနန္ဒက

၂။ (ဆိုးလ်) ဘိုးရီဆူး ရိပ်သာဆရာတော် ဥုးဗုဒ္ဓရက္ခိတ နှင့် ဥုးဓိရဝံသ(ကိုရီးယားဘုန်းတော်ကြီးများ)

၃။ (ဒဲဂူး) စိတ္တသုခကျောင်းဆရာတော် ဥုးဝိစိတ္တ

၎။ (ဘူဖျောင်း) ဗုဒ္ဓသာသနာပြုကျောင်းဆရာတော် ဥုးဥတ္တရ

၅။ (ဖူဆန်း) ဂျောန်ဒူင်းဆာ ဆရာတော် (ကိုရီးယားဘုန်းတော်ကြီး) တို. ကြွရောက်ချီးမြှင့်ကြမည်ဖြစ်ပါသည်။

ကင်မ်ဟဲမှ ဒကာဒကာမများက သံဃာတော်အရှင်မြတ်တို.ကို ဆွမ်းဆက်ကပ်လှူဒါန်း၍ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်တို.အား မြန်မာထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေး အာဟာရဒါန ပြုကြမည်ဖြစ်ပါသည်။

ကြားသိသမျှ ဒကာဒကာမတို. မိမိတို. ပြုကြသည့် ကုသိုလ်အစုကို တရားတော်နာယူ၍ အနုမောဒနာပြုနိုင်ရန် ဖိတ်ကြားအပ်ပါသည်။

နေ.ရက် (၇-၁၁-၁၀) တနင်္ဂနွေနေ.

အချိန် ၁၁နာရီ ဆွမ်းကပ် ။ ဧည့်ခံ။

နေ. ၂နာရီ တရားနာ

နေရာ ---------부산 불교 신도 회관 ၆ထပ်

လမ်းညွှန်--------시청역7번출구

city hall ဘူတာ နံပါတ် ၇ ဂိတ်မှထွက်၍ ဂိတ်ပေါက် ဝမှ ပလက်ဖောင်းအတိုင်း ၃ မိနစ်ခန်. အကွာရှိ ၇ထပ်တိုက်(부산 불교 신도 회관 ရွှေစာလုံးထိုးစာတန်းရှိ)။ ဓါတ်လှေကားဖြင့် ၅ထပ်ထိတက်ပြီး ဘိနပ်ချွတ်ထားခဲ့၍ ၆ထပ် ဓမ္မာရုံသို. ကြွရောက်ကြပါရန်။

Monday, October 11, 2010

သတ္တမအကြိမ်မြောက် ဂွမ်ဂျူးတရားပွဲ (၁၀/၁၀/၁၀)

ဓမ္မပူဇာ အလှူရှင်စာရင်း
သတ္တမအကြိမ်မြောက် ဂွမ်ဂျူးတရားပွဲကို လှိုင်မြန်မာ စတိုး၌ ကျင်းပခဲ့ပြီး ကိုရီးယားလူမျိုးများအတွက် တရားပွဲကို ခီလ်ဆန်းင်ဆာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

..လှိုင်မြန်မာစတိုး ၂၅၀,၀၀၀`

ကိုမျိုးမြင့်အောင် ကိုစိုးမင်းအောင် ၄၀,၀၀၀`

စုပေါင်းအလှုရှင်များ ၁၆၀,၀၀၀`

ကိုရဲသီဟဆွေ (လစဉ်အလှူ) ၁၀,၀၀၀ `

ခီလ်ဆန်းင်ဆာ ၂၀၀,၀၀၀

Friday, October 8, 2010

အလှူတော်မှတ်တမ်း

နန္ဒာ (ဧကမ္ဘာ)
နိဗ္ဗာန်အကျိုးမျှော် ကုသိုလ်ပါဝင်နိုင်ဖို့တွက် ပေါ်ပေါက်လာခဲ့တဲ့ သတင်းကလေးကတော့...

ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်၌ မွန်မြတ်လှသော ဘုရားစင်အလှူ စုပေါင်း လှူဒါန်းခြင်းဖြစ်ပါတယ်။

ကိုရီးယားရောက် ရွှေမြန်မာများနှင့်တကွ ကျောင်းသား၊ကျောင်းသူများ အများစုပေါင်း ကုသိုလ်ပြုနိုင်ရန် ရည်ရွယ်ပါသဖြင့် နိဗ္ဗာန်ဆော်ကြီးက ထပ်မံနှိုးဆော်လိုက်ပါတယ်ရှင်~~

အလှူရှင် (၁၅၀)ဦး၏ စုပေါင်းကုသိုလ် အဖြစ်စီစဉ်ထားပါသည်။ အလှူရှင် စာရင်းများကိုလည်း အစဉ်အတိုင်း ဆက်လက်ဖော်ပြသွားမည်ဖြစ်ပါသည်။

(၁) မလေးလေးမွန်=၁၀၀၀၀ (၂) မမြတ်သီတာဦး=၁၀၀၀၀ (၃) မယဉ်ယဉ်အေး=၁၀၀၀၀ (၄) မဖြူဖြူအောင်=၁၀၀၀၀ (၅)မောင်ကျော်ကျော်+မခင်စန်းဝင်း=၃၀၀၀၀ (၆) မထက်ထက်စိုး=၁၀၀၀၀ (၇) မလွင်လွင်ချို=၅၀၀၀။ (၈) မောင်ဇော်မင်းသိန်း+မဖြူသွယ်ထွန်း=၁၀၀၀၀။ (၉) မဆုမွန်မွန်ဇော်=၂၀၀၀၀။ (၁၀)မောင်ကျော်ဇံထွန်း=၃၀၀၀၀။ (၁၁) မောင်သံလွင်+မငယ်ငယ်=၃၀၀၀။ (၁၂) ကိုရဲသီဟဆွေ=၁၀၀၀၀ (၁၃)ကိုနေဝင်းအောင်=၁၅၀၀၀။ (၁၄)ကိုမိုးကျော်အောင်=၁၅၀၀၀။ (၁၅) ကိုအေးမြတ်ကို=၁၅၀၀၀။ (၁၆)ကိုမင်းဇော်ထွန်း=၁၅၀၀၀။ (၁၇) ကိုကျော်စိုးဝင်း=၂၀၀၀၀။ (၁၈) ကိုကျော်လှိုင်ထွန်း=၂၀၀၀၀ ။ (၁၉)ကိုသက်ခိုင်ထူး= ၅၀၀၀၀။(၂၀) ကိုဝင်းစိန် = ၅၀၀၀၀။ (၂၁) ဦးသီဟ=၂၀၀၀၀။ (၂၂) ကိုသက်လွင်ထူး=၂၀၀၀၀။ (၂၃) ကိုမျိုးလွင်ဦး=၂၀၀၀၀။ (၂၄)ကိုကျော်လွင်=၂၀၀၀၀။(၂၅) ကိုကံထူး=၂၀၀၀၀။(၂၆)ကိုသန်းကျော်လင်း=၂၅၀၀၀။(၂၇)ကိုသန်းထိုက်=၁၀၀၀၀။(၂၈)ကိုအေးမင်းထွန်း=၁၀၀၀၀။ (၂၉)ကိုဝင်းကျော်စွာ=၅၀၀၀။(၃၀)ကိုမျိုးသိန်းဦး=၁၀၀၀၀။(၃၁)ကိုစောသန်းဦး=၁၅၀၀၀။ (၃၂)ကိုမန်းဝင်းမောင်=၁၀၀၀၀။(၃၃)ဦးသိန်းစိုးထိုက်=၂၅၀၀၀။(၃၄)ကိုဟန်မျိုးကျော်=၂၅၀၀၀။(၃၅) ကိုအေးမင်းဦး=၁၅၀၀၀။ (၃၆)ဦးစိန်ဝင်း= ၁၀၀၀၀။ (၃၇)ကိုဇော်ဦး=၁၀၀၀၀။ (၃၈) ကိုမျိုးဇော်ထွန်း(ဂျင်ဂျောင်း)=၅၀၀၀၀

အလှူတော်မှတ်တမ်း

ကိုရီးယား ပြည်တော်ဦး ဗုဒ္ဓသာသနာရိပ်မွန်၌ လစဉ်တရားပွဲများကျင်းပလျက်ရှိရာ ၂၃.၀၉.၂၀၁၀ တွင် ဆဋ္ဌမကြိမ်မြောက် တရားပွဲကိုကျင်းပခဲ့ပြီးဖြစ်ပါသည်။သို့ဖြစ်ပါ၍ အလှူရှင်စာရင်းများကို အောက်ပါတိုင်း ဖော်ပြလိုက်ပါသည်။

ဆဋ္ဌမကြိမ်မြောက် တရားပွဲ အလှူရှင်စာရင်းများ

၁။ ညီညီအောင်(ဂေါဂျယ်ဒိုး) ၁၀၀၀၀၀
၂။ ကိုလှထွန်း ၅၀၀၀၀
၃။ ကိုခိုင် ၅၀၀၀၀
၎။ ကိုပေါက်ကျိုင်း ၅၀၀၀၀
၅။ ကိုဝင်းစိန် ၅၀၀၀၀
၆။ မြန်မာသူကြီး ဖူဆန် ၅၀၀၀၀
၇။ ကိုအောင်ကျော်လွင်မိုး ၅၀၀၀၀
+ကိုအေးမင်းဦး
၈။ ကိုကျော်စိုးသူ ၅၀၀၀၀
၉။ ကိုမင်းမင်း ၃၀၀၀၀
၁၀။ ကိုဝင်းစိန် ၃၀၀၀၀
၁၁။ ကိုမြင့်သိန်းဦး+သီတာမြင့် ၃၀၀၀၀
၁၂။ ကိုညွန့်လှိုင် ၃၀၀၀၀
၁၃။ ကိုကျော်စိုးဝင်း ၂၀၀၀၀
၁၄။ ကိုပေါပေါ ၂၀၀၀၀
၁၅။ ကိုတိုးသူရ ၂၀၀၀၀
၁၆။ ကိုမြင့်ခိုင် ၂၀၀၀၀
၁၇။ ကိုလင်းလင်း+မ၀င်းအိဖြူ ၂၀၀၀၀
၁၈။ ကိုစိုးသီဟ ၁၀၀၀၀
၁၉။ ကိုသက်လွင်ထူး ၁၀၀၀၀
၂၀။ ကိုမိုးလှိုင်ဦး ၁၀၀၀၀
၂၁။ ကိုသန့်ဇင် ၁၀၀၀၀
၂၂။ ကိုလင်းလင်း ၁၀၀၀၀

ရေးသူ-နန္ဒာ(ဧကမ္ဘာ)

Monday, September 20, 2010

တရားတော်နာ ဖိတ်ကြားလွှာ

...လစဉ်ကျင်းပမြဲဖြစ်သော ဖူဆန်းတရားပွဲကို ဆဋ္ဌမအကြိမ်အဖြစ်ကျင်းပ ဓမ္မဒါနပြုရာဝယ် သံဃာတော်အရှင်မြတ်တို.ကို ဆွမ်းခဲဘွယ်တိုဖြင့် ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြသော ဓမ္မမိတ်ဆွေ သူငယ်ချင်းအပေါင်းတို.အားလည်း အာလူးပူရီဖြင့် ဧည့်ခံကျွေးမွေး၍ အာဟာရဒါန ကုသိုလ် ပြုလိုပါသဖြင့် ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

...ချူးဆော့က်တရားပွဲ ဆွမ်းအာဟာရဒါန ကုသိုလ်ရှင်များ
ကိုလှထွန်း (ဖူဆန်း)
ကိုခိုင် (ကင်မ်ဟဲ)
ကိုဝင်းစိန် (ကင်မ်ဟဲ)

ကိုပေါက်ကျိုင်း (ကင်မ်ဟဲ)

နေရာ။ ။ 전등사 보타원 ( ဂျောန်ဒူးင်ဆာ ဘိုထာဝေါန် )
578# 서구 서 대신동 3가(ဆောဒဲရှင်းဒုံးင် ဂိတ်၃)

အချိန်။ ။ ၂၃ရက် (၉)လ ၂၀၁၀။ ကြာသပတေးနေ.။
ဆွမ်းကပ် နံက် (၁၁)နာရီ
ဧည့်ခံကျွေးမွေး နေ. ( ၁ )နာရီ ထိ
တရားနာ နေ. (၂ ) နာရီ

2010년 9월 20일 오후 5시 39분

Sunday, September 12, 2010

ဆဋ္ဌမအကြိမ် ဖူဆန်းတရားပွဲ(ချုးဆော့က်)

... ဖူဆန်းတရားပွဲ နေ.ရက်၊ နေရာ အပြောင်းအလဲနှင့် လမ်းညွှန်

တရားပွဲကို ကျင်းပမြဲ တတိယ တနင်္ဂနွေနေ. အစား ဓမ္မမာမက ရွှေမြန်မာအားလုံး လာရောက်နိုင်ရန် ချူးဆော့ပိတ်ရက် ၂၃-၉-၁၀ ကာသပတေးနေ. နေ.(၂)နာရီ အချိန်တွင် ဆောဒဲရှင်းဒုံင် ဂျောန်ဒုံးင်ဆာ ကျောင်း၌ ကျင်းပပြုလုပ် ပါမည်။
ယခင် တရားပွဲကျင်းပရာ ဗုဒ္ဓဘာသာ အသင်းတိုက်မှာ ချုးဆော့က် ပိတ်ရက် အတွင်း သက်ဆိုင်သူအားလုံး မိဘရပ်ဋ္ဌာန် ပြန်ရောက်နေကြ၍ အသုံးပြုဖို.ရန် အခက်အခဲ ရှိနေသောကြောင့် ဖြစ်ပါသည်။
ယခုကျောင်းသည်လည်း ပြည်တော်ဦးဆရာတော်ကို ပထမဆုံးအကြိမ် ကိုရီးယားသို. ပင့်ဆောင်၍ မိဘသဖွယ်စောင့်ရှောက်ခဲ့သော မြန်မာအပေါ် အင်မတန် သံယောဇဉ်ကြီးသည့် ဟန်ဘိုကွမ်းဘုန်းတော်ကြီး၏ ကျောင်းဖြစ်ပါသဖြင့် လွတ်လပ်ငြိမ်းချမ်းစွာ ကုသိုလ်ဆည်းပူးနိုင်သော နေရာကောင်း တစ်ခုဖြစ်ပါသည်။

မြေအောက်ရထား နံပါတ် (၁)လိုင်း 서대신동 역 ဂိတ်နံပါတ် (၃)မှ ထွက်ရန်
ထွက်ပေါက်ဘယ်ဘက်ကပ်လျက် ပလက်ဖောင်းအတိုင်း အထက်သို. မိနစ်ဝက်ခန်.လျှောက်ပြီး ပထမဆုံး ညာချိုးသည့်လမ်းသွယ်အတိုင်း လျှောက်လျှင် ၅မိနစ် အတွင်းရောက်ပါသည်။

လိပ်စာ
578# 전등사 (보타원)
부산시 서구 서대신동 3가
051-243-0048~9

Saturday, September 11, 2010

ကိုရီးယားက ဘုန်းကြီးစာသင်သား (၃)

...10년 9월 11일 23시 17분 52초
၉လပိုင်း ၁ရက်နေ.ကစလို. ကျောင်းပြန်ဖွင့်တယ် ဆိုကတည်းက စာပိသွားတာ စာရေးဖို. ဘလော့ဂ်ဘက်ကို မလှည့်နိုင်တော့ဘူး။ မဟာဝိဇ္ဖာ ပထမနှစ်ရဲ.ဒီ ဒုတိယပိုင်း စာသင်နှစ်ကနေစပြီး Early Childhood Education ကို မေဂျာအနေနဲ. ပြောင်း ယူဖြစ်သွားပါတယ်။ ကျောင်းစတက်တုန်းက International & Area Studies မေဂျာနဲ. ကျောင်းဝင်ခွင့် ရခဲ့တာပါ။ အဲဒီတုန်းကတော့ တရုတ်ကို အဓိက လေ့လာမယ် စိတ်ကူးပြီး ယူခဲ့ပေမယ့် ပထမနှစ်ဝက် တစ်လျှောက်လုံး E.C.E ကို မိုင်နာအနေနဲ. လုပ်ရင်းက စိတ်ဝင်စားလို. မေဂျာကို လုံးဝ ပြောင်းလိုက်ပါတော့တယ်။

...E.C.E အပါအဝင် ပညာရေးတက္ကသိုလ်ရဲ. မေဂျာတိုင်းဟာ ဒဿနိကဗေဒ၊ စိတ်ပညာနဲ. လူမှုရေးပညာ တွေကို အခြေခံတာမိုလို. ဘုန်းကြီးတွေ အင်မတန် လေ့လာသင့်ပါတယ်။ ဒုတိယ စာသင်နှစ်ဝက်မှာ parent consouling နဲ. parent education ဆိုတဲ့ ဘာသာမျိုးတွေပါ ပါလာတော့ တော့တော့ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ အဲဒီဘာသာကို သင်တဲ့ ပါမောက္ခကိုပဲ ဘုန်းကြီးရဲ. ကျမ်းစာကို ကြီးကြပ်သူ စူပါဗွိုက်စာအဖြစ် ရွေးထားပါတယ်။ သူက ဘုန်းကြီးရဲ. ယောဂီလည်း ဖြစ်လို. တစ်ယောက်တလှည့် ဆရာလုပ်ကြရတာလို. ဆိုရမှာပေါ့လေ။
ဒီစာသင်နှစ်ဝက်မှာ ပြီးခဲ့တဲ့ စင်မ်စတာထက် ပိုပြီး ပင်ပန်းစရာဖြစ်လာပါတယ်။ နိုင်ငံခြားသား ကျောင်းသား တွေ TOPIK advance အဆင့် အောင်လက်မှတ် သော်လည်းကောင်း TOEFL သော် လည်း ကောင်း ရှိရမယ်။ မရှိရင် မဖြစ်မနေ ကိုရီးယားဘာသာ ၂ဘာသာယူရမယ်။ အနည်းဆုံး ဂရိတ်Bရမှ ကျမ်းရေးခွင့် ရှိတယ် ဆိုတဲ့ စည်းကမ်းချက်အရ ကိုရီးယား ၂ဘာသာ ပိုယူလိုက်ရလို. တပတ်ကို ၅ရက် လုံးလုံး ကျောင်းတက်နေရပါတယ်။ တနင်္လာနဲ. သောကြာက ကိုရီယားစာ၊ ကျန်တဲ့ သုံးရက်ကတော့ မေဂျာဘာသာတွေပေါ့လေ။
အပတ်စဉ် ဗုဒ္ဓဟူးနဲ. စနေနေ. ည ၇နာရီကနေ ၉နာရီအထိ ကိုရီးယားယောဂီ တွေကို တရားဟောတရားပြ ကလည်း ရှိနေတယ်။ လစဉ် ဒုတိယ တနင်္ဂနွေ ဂွမ်ဂျူးနဲ. တတိယ တနင်္ဂနွေ ဖူဆန်း တရားပွဲ လုပ်တယ်။ ကြားထဲမှာ ဟိုကဒီက ပင့်တဲ့တရားပွဲ လေးတွေ လိုက်ဟောလိုက်သေးတယ် ဆိုတော့ တော့တော့ကို မြိုင်နေတာပေါ့။ မကြာခင် ၁၀လပိုင်းမှာ ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော် ဒုတိယအကြိမ် သင်တန်း စရတော့မယ်။ သင်တန်းသား စာရင်းတောင် ရောက်နေ ပါပြီ။ အလုပ်ချစ်သူအတွက် မောတော့မောတာပေါ့။ ဒါပေမယ့် မမောဘူး ဆိုပါစို.။ ခက်တာက ကျောင်းစာက မမောဘူးဆိုရုံနဲ. ပြီးတာမဟုတ်တော့ ဟန်သာ လုပ်နေ ရတယ် သိပ်တော့ မခံနိုင်လှဘူဗျား။
စိတ်မောစရာလေးတွေ အသာထား စာသင်နှစ်ဝက်အစမှာ ပထမဆုံး heart ထိတဲ့ အကြောင်းအရာလေးကို ဝေမျှ ချင်ပါတယ်။ ၂၁ရာစုအဝင်မှာ ကမ္ဘာ့ ပညာရေး ထိပ်တန်း နိုင်ငံတွေက “ပညာရေးနဲ. လူသားရင်းမြစ်ကို ဖွံ.ဖြိုးစေခြင်းသည်သာလျှင် နိုင်ငံရဲ. စီးပွားရေးတိုးတက်စေခြင်းရဲ. အဓိကအကြောင်းအရင်း ဖြစ်သည်” ဆိုတဲ့ အမြင်အပေါ် အာရုံစိုက်နေကြတယ်လို. ဆိုပါတယ်။ Highscope Perry Preschool သုတေသနရဲ. တွေ.ရှိချက်က အဆင့် အတန်းမြင့်တဲ့ မူကြိုကျောင်းမှာနေခဲ့ရ ပညာသင်ခဲ့ရတဲ့ သူတွေဟာ ၁ဒေါ်လာရင်းရင် ၇.၁၆ဒေါ်လာ ရှာနိုင်တယ် ဆိုတဲ့ ရလဒ်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုသုတေသနရလဒ်တွေကို အခြေခံပြီး ကမ္ဘာ့ စီးပွားရေး ရှေ.ပြေး ဦးဆောင် ထိပ်တန်းနို်င်ငံတွေဟာ နိုင်ငံရဲ. စီးပွားရေးကို တိုးမြှင့်နိုင်ဖို. မူကြိုပညာရေးမှာ အထူးပိုပြီး ရင်းနှီးမြှုပ်နှံဖို. ပညာရေး စီမံကိန်းသစ် တွေ အပြိုင်အဆိုင်ဆွဲနေကြပါသတဲ့။
ဘုန်းကြီးတို. ရွှေမြန်မာတွေလည်း နေသာသလိုမနေကြဘဲ သေချာတဲ့ အနာဂါတ် အတွက် ကလေး ပညာရေးမှာ နောက်မကျန်အောင် ရင်းနှီးမြှုပ်နှံသင့်လှပါကြောင်း။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More