... (ဓမ္မယာန)မဇ္ဈိမယာန အဖွဲ.သူ/သားများသို. 11년 3월 12일 10시 17분 10초 ...မင်္ဂလာပါ။ဒီနေ.တော့ မဟတ္တမဂန္ဓီရဲ. စကားလေး တစ်ခွန်းကို လက်ဆောင် ပေးချင်ပါတယ်။ “Earth provides enough to satisfy every man's need, but not every man's greed” (Mahatma Gandhi ) (ကမ္ဘာမြေကြီးက လူသားတိုင်းရဲ. လိုအပ်ချက်ကို အားရကြေနပ်အောင် လုံလုံလောက်လောက် ထောက်ပံ့ပေမယ့် လူတိုင်းရဲ. လောဘကို ပြည့်အောင် အလုံအလောက် မထောက်ပံ့နိုင်ပါ။) ကမ္ဘာမြေက လူသားရဲ. လိုအပ်ချက်ကို ဖြည့်ပေးနိုင်ပေမယ့် လူတိုင်းရဲ. လောဘကိုတော့ ဖြည့်မပေးနိုင်ပါ။ လောဘကြီးကြလို. (ဒုက္ဘိခန္တရကပ်) အငတ်ဘေးဆိုက်၊ ဒေါသကြီးကြလို. (သတ္တန္တရကပ်) (စစ်)လက်နက် ဘေးဆိုက်၊ မောဟကြီးကြလို. (ရောဂန္တရကပ်) ရောဂါဘေးဆိုက်။ ဆိုတဲ့ သင်ကြားချက်ရှိပါတယ်။ လူသားရဲ. အဆုံး မရှိတဲ့ လောဘ၊ ဒေါသ၊ မာနနဲ. မသိမိုက်မဲမှုအတွက် နောက်ဆုံး ရောဂါကျွမ်းသွားခဲ့တာက ကမ္ဘာကြီးပါ။ မနေ.က ဂျပန်က ငလျင်နဲ.ဆူနာမီ၊ ဟိုနေ.က သြစတေလျမှာ၊ တလောတုန်းက ~~~ဟိုမှာ ဒီမှာ ကမ္ဘာအနှံ. မနှစ်ကလည်း~~~ဖြစ်တာပဲ။ တမြန်မနှစ်ကဆို တရုတ်ငလျင်နဲ. မြန်မာနာဂစ် ကမ္ဘာကြီး ဘာတွေ ဖြစ်ကုန်ပြီလဲ။ မကြုံစဖူး မကြားစဖူးဆိုတာ အကုန်ကြုံရ ကြားရ။ အရင်တုန်းကတော့ “သတိထား တံခါးဝ ရောက်နေပြီ ” ဆိုခဲ့ပေမယ့် အခု တံခါး မရှိတော့ဘူး။ တစ်ဆက်တည်း တစ်သားတည်း ဖြစ်သွားပြီ။ ဘုရားဟောတွေမှာ သည်းခံမှုနဲ. ပါတ်သက်ရင် ကမ္ဘာမြေကြီးကို တင်စားပြောလေ့ရှိပါတယ်။ မြေကြီးလို သည်းခံပါ။ တံတွေးပဲထွေးထွေး အညစ်အကြေးပဲစွန်.ချစွန်.ချ မြေကြီးက မတုန်လှုပ်သလိုပေါ့။ ဒါပေမယ့် သည်းခံတဲ့ အရာမှာ စာတင်ရတဲ့ ဒီကမ္ဘာကြီးက စကားပြောနေခဲ့တာ ကြာပါပြီ။ “သူနေမကောင်းဘူး”လို.။ လူတွေ မကြားခဲ့ကြ တာပါ။ အခု မခံမရပ်နိုင်လွန်းလို. အော်နေပြီ။ နားငြီးတယ်လို. ပိတ်ထားလို.လည်း မရတော့ဘူး။ ဒါကြောင့် ဒီနေ. ပေးချင်တဲ့ မက်ဆေ့ခ်ျက “တို.တတွေလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိ ရှိကြရပါလိမ့်မယ်” ဆိုတာပါပဲ။ မသိသိအောင် မရှိရှိအောင် မေးမြန်း ရှာဖွေ လေ့လာ ဖတ်ရှု စဉ်းစား ဆင်ခြင် လိုက်နာ ကျင့်သုံးမှုတွေ စကိုစမှ ဖြစ်မယ်။ အဖွဲ.ရဲ. အခြေခံမူမှာ “ပညာပါရမီမြောက် ပညာရေးလုပ်ငန်းများကို ပဓာနပြု၍ ဆက်စပ်ရာရာ ကျန်းမာရေး လူမှုရေး ပရဟိတလုပ်ငန်းများကို တိုင်းပြုပြည်ပြုလုပ်ငန်းတွင် အုတ်တစ်ချပ် သဲတစ်ပွင့် အနေအားဖြင့် အာကြိုးမာန်တက် ဆောင်ရွက်သွားကြမည်။” လို. ပါပါတယ်။ ဒီပညာရေးဟာ မျိုးဆက်သစ်အတွက် မရှိမဖြစ်ပါ။ ဒါကြောင့် ကလေးတွေကိုလည်း မျှပေးရပါမယ်။ ကလေးတွေကို မျှပေးရတော့မယ် ဆိုရင် ဘာကိုပဲမျှမျှ သင်ကြားရေးမှာ ၁) Why? ဘာကြောင့်သင်မှာလဲဆိုတဲ့ ပန်းတိုင် =Goal ၂) What? ဘာကို သင်မှာလဲဆိုတဲ့ အကြောင်းအရာ =Content (Text, Program) ၃) How? ဘယ်လို သင်မှာလဲ ဆိုတဲ့ နည်းလမ်း =Teaching Method ဒီသုံးချက်နဲ. ချိန်ပြီး စဉ်းစားရ ပါတယ်။ ဒါတွေကိုလည်း လက်တွေ. အကောင်အထည်ဖေါ်နေကြတဲ့ အဖွဲ.ဝင်တွေရဲ. အစည်းအဝေးမှာ မပြတ် ဆွေးနွေးတိုင်ပင် ကြဖို. အဆိုပြုပါရစေ။ ငါတစ်ယောက်လုပ်ရုံနဲ. ဘာထူးမှာလဲလို.တော့ မတွေးပါနဲ.။ မသိမိုက်မဲမှု အမှောင်သံသရာက ထွက်ဖို. ပိုးစုန်းကြူလောက် အရောင်လေးပဲ လက်လက် အမှောင်ဖြိုခွင်း အလင်းပေးနိုင်ဖို.ကသာ အရေးကြီးပါတယ်။ လောကကြီးမှာ ကိုယ်မသိဆုံးက ကိုယ့်အကြောင်းအမှန်ပါ။ ပေးနိုင်သမျှ အချိန်လေးတွေကို အများအတွက် ပေးဆပ်ရင်းနဲ. ကိုယ့်ကိုယ်ကို ရှာဖွေတွေ.ရှိလာပါလိမ့်မယ်။ ကိုယ့်ကိုကိုယ်သိရင် သူတစ်ပါးကိုလည်း သိလာပါတယ်။ သိတဲ့လူက မသိတဲ့လူထက် အစစအရာရာသာပါတယ်။ ထူးပါတယ်။ အဲဒီလို လူတွေကြောင့်ပဲ လောကကြီးက ထူးခြား ပြောင်းလဲလာတာပါ။ ဒီနေ. ဒီစာကို ဂန္ဓီကြီးရဲ. စကားတစ်ခွန်းနဲ.ပဲ နိဂုံးချုပ်ပါရစေ။ “Nearly everything you do is of no importance, but it is important that you do it” သင်လုပ်သမျှအရာရာတိုင်း နီးပါးက အရေးမကြီးတဲ့ ဟာ(လို)ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် သင် “လုပ်တယ် ” ဆိုတဲ့ဟာ က အရေးကြီးပါတယ်။ ကိုယ်စိတ်ချမ်းမြေ. တရားမွေ.တွေ.သိနိုင်ပါစေ။ သင်သိကျင့်သိထိုးထွင်းသိ အသိစုံပါစေ။ သာသနာအကျိုး မြတ်မြတ်နိုး သယ်ပိုးနိုင်ပါစေ။ မေတ္တာဖြင့်
0 comments:
Post a Comment