...ဘုန်းကြီးအတွက်တော့ “ပြည်ပသာသနာပြု”ဆိုတာ ရည်မှန်းခဲ့တဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါ။ ၂၀၀၂ခုနှစ်မှာ အဓိက ကျန်းမာရေးအခြေအနေကြောင့် ဆေးကုရင်း နားရင်းဆိုတဲ့ ရည်ရွယ်ချက်နဲ. ပထမဆုံး အကြိမ် ကိုရီးယားကို ရောက်ခဲ့ရပါတယ်။
ပင့်နေတာကတော့ အကြိမ်ကြိမ်ပါပဲ။ ဒါပေမယ့် ကျေးဇူးရှင် ငယ်ဆရာ အရင်းဖြစ်တဲ့ မုံရွာ စန်းမြသီတာ ဆရာတော်ဘုရားကြီးရဲ. တာဝန်ပေးချက်အရ ၂၀၀၁ခုနှစ်ကမှ ရန်ကုန် စန်းမြသီတာ မဟာစည် သာသနာ့ ရိပ်သာမှာ နာယက ကမ္မဋ္ဌာနာစရိယအဖြစ် တာဝန်ယူပြီးစ အချိန်ဖြစ်နေလို. အကြိမ်ကြိမ် ငြင်းခဲ့ပါတယ်။ မှတ်မှတ်ရရ ပင့်စာကို ဆယ်ကြိမ်ကျော်ကျော် လက်ခံရခဲ့တာမှတ်မိပါတယ်။ ပင့်တဲ့ကိုရီးယား ဘုန်းတော်ကြီးက စိတ်မရှည်တော့လို. ထင်ပါတယ် ကိုရီးယားမှာရှိတဲ့ မြန်မာသံရုံးကို သွားပြီး “ဒီဘုန်းကြီးကို ပင့်ပေးပါ” လို. သွားအကူအညီတောင်းတော့ သံရုံးကနေ နိုင်ငံခြားရေးဝန်ကြီးဌာနကို စာပို.ပါတယ်။ အဲဒီကနေမှ သာသနာရေးဝန်ကြီးဌာနကို စာက အကြိမ်ကြိမ် ရောက်လာပါတယ်။ သာထွန်းပြန်.က ဦးကြည်မြင့်ကတောင် “အရှင်ဘုရားကို ပင့်တဲ့စာကလည်း ဘယ်နှစ်ကြိမ် ပို.နေလဲမသိဘူး” လို.ပြောပါတယ်။ စကားပြန် ဦးမြင့်ဟန် ကလည်း “အရှင်ဘုရား ကြွလိုက်ပါဘုရား သူများတွေ သွားချင်လွန်းလို. ကြိုးစားလိုက်ရတာ မလွယ်ဘူး ဘုရား” လို့ လျှောက်ပါတယ်။ ဘုန်းကြီးကတော့ “၂၀၀၅ခုနှစ်အထိတော့ ပြည်ပကို မကြွသေးဘူး” လို. စိတ်ကူးရှိနေ ပါတယ်။ တခြားအကြောင်းထူးတော့ မရှိပါဘူး။ တာဝန်ယူထားတဲ့ ရိပ်သာဖြစ်မြောက်ရေး အလုပ်ကို ပီပီပြင်ပြင်လုပ်ချင်လို.ပါ။
သို.သော် အသက်သုံးဆယ်အထိ ဒေါင်ဒေါင်မည်ဆိုလောက်တဲ့ ကျန်းမာရေးက ရုတ်တရက်ကြီး မကောင်းဖြစ်လာပါတယ်။ ဆေးရုံဆေးခန်းနဲ. ပြတ်တယ်မရှိဘဲ ငွေကုန်လူပန်း ဖြစ်နေပါတယ်။ ဆေးချက်လည်းကုန် ဆရာစုံပြီဆိုပါတော့။ ဆင်းရဲတာလည်း မပြောနဲ.တော့ ဘုန်းကြီးနေတဲ့ ဒဂုံမြို.သစ်ကနေ သံဃာ့ဆေးရုံသွားဖို့ တက္ကစီခကို မရှိတာ။ အလှူမခံချင်တာလည်း ပါတာပေါ့လေ။ ပြောရင်တော့ လှူကြမယ့်လူတွေ အများကြီးရှိပါတယ်။ သူတို.ကလည်း ဘုန်းကြီးကို “ဘုန်းကြီးတယ် ပေါတယ်” ထင်နေကြမှာပဲ။ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဖြစ်နေတာ သိမှာမဟုတ်ပါဘူး။ မျှော်လင့်မထားတဲ့ အဲဒီအချိန်မှာ ကိုရီးယားဘုန်းတော်ကြီးက ပေါက်ချလာပါတယ်။ အဲဒီတုန်းက ဒဂုံမြို.သစ်ဆိုတာ အခုလောက်ကို နေချင်စရာ မကောင်းသေးပါ။ နေကပူ လေကတိုက် သစ်ပင်ကမရှိ ရေမကောင်းမြေမကောင်းနဲ.ဆိုတော့ ဘုန်းကြီးလည်း တစ်ကိုယ်လုံး မည်းနက် ပိန်ချုံး နေတော့တာပေါ့။ အရင်တုန်းက သူ တွေ.ဖူးတဲ့ ဖြူဖြူဖွေးဖွေး နုနုနယ်နယ် ၇၇ကီလို ဘုန်းကြီးက အခု ၅၅ကီလိုလောက်ကို မည်းသည်းချုံးကျနေတာတွေ.တော့ “ဒီအတိုင်းနေရင် သေပါတော့မယ်။ “ကိုရီးယားကို ကြွကိုကြွမှဖြစ်မယ်”။ ဟိုမှာ သူ“ဆေးကုပေးပါရစေ” တဲ့။ ဒါနဲ. ငြင်းအားလည်း မရှိတော့ပါဘူး။ သွားမယ်ဟေ့ ဆို ၂၀၀၂ခုနှစ် ၄လပိုင်း နှစ်ဆန်းတစ်ရက်နေ. နွေရာသီ တရားစခန်းပွဲသိမ်းပြီး တစ်ရက်ပဲခြားပါတယ်။ ၁၉ရက်နေ. လေယာဉ်နဲ.ထွက် နောက်နေ.မှာ ကိုရီးယားကို ပထမဆုံးအကြိမ်ရောက်ခဲ့ပါတယ်။ သာသနာပြုမယ်ဆိုတဲ့ စိတ်ကူးလည်းမရှိ ရည်လည်းမရည်ရွယ်ပါဘူး။ ကိုယ်တောင် မတော် ကိုယ်မြေမှာ ကိုယ့်ခေါင်းချရပါ့မလား မသေချာတဲ့ အနေအထားမျိုးပါ။
အဲဒီတုန်းကစပြီး ဘုရားရှင်ရဲ. “အာရောဂျ ပရမာလာဘာ” ဆိုတဲ့ အဆုံးအမတော်ကို အတော် သဘောပေါက် သွားပါတယ်။ ကျန်းမာမှုမရှိရင် ကျန်တာ ဘာရှိရှိ မရှိတာနဲ.အတူတူပါပဲ။ဘာကိုမှ အရသာမခံချင်တော့ဘူး။ ခံလို.လည်းမရတော့ဘူး။ ဂုဏ်လည်းမလိုချင်တော့ဘူး။ နာမည်လည်း မကြီးချင်တော့ ဘူး။ အာဏာလည်း မလိုချင်တော့ ဘူး။ ငွေလည်းမလိုချင်တော့ဘူး။ ကုန်ကုန်ပြောရရင် အသက်တောင် ဆက်ပြီး ရှင်သန်ချင်တဲ့ စိတ်မရှိတော့တာပါ။ ကိုရီးယားရောက်ပြီး တစ်ခါက ကိုရီးယားဘုန်းတော်ကြီးက မေးပါတယ် “ဘာဖြစ်ချင်သလဲဘာလုပ်ချင်သလဲ”သူ“တတ်နိုင်တာဆိုရင် အကုန်လုပ်ပေးမယ်” တဲ့။ ဘုန်းကြီးက ပြောလိုက်တယ်။ “ငါ သေချင်တယ်” လို.။ အဲဒီဘုန်းကြီး တစ်ခါတည်း မျက်စေ့မျက်နှာပျက်ပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတယ်။ တောင်းပန်ပါတယ်။ ဘယ်လောက်ပဲ စိတ်ဆိုးဆိုး ဘယ်လောက်ပဲ စိတ်ဓါတ်ကျကျ “အဲဒီစကားမျိုး ဘယ်တော့မှ မပြောပါနဲ.” တဲ.။ အမှန်တော့ စိတ်ဆိုးလို. ပြောတာ မဟုတ်ပါဘူး။ တကယ်ကိုပဲ သေချင်စိတ်ပေါက်နေတာပါ။ မကောင်းတဲ့စိတ်နဲ.တော့မဟုတ်ပါဘူး။ “အလုပ်မလုပ်နိုင်တဲ့အပြင် သူတစ်ပါးကို မှီခိုနေရ ဒုက္ခပေးသလို ဖြစ်နေရတာနဲ.စာရင် လုပ်ခဲ့သမျှ ကုသိုလ်အားကိုးနဲ. သေပြီး နောက်ဘဝ အသစ်မှာ ကျန်းကျန်းမာမာနဲ. မွေးဖွားလာပြီး လုပ်နိုင်ကိုင်နိုင်မယ်ဆိုရင် သေတာကောင်းသေးတယ်” ဆိုတဲ့ စိတ်နဲ.ပါ။ ဝိနည်းမှာလည်း နေမကောင်းတဲ့ ရဟန်းတစ်ပါးက “ရောဂါကလည်း ပျောက်မှာမဟုတ် သူတစ်ပါးကို ဝန်ပိနေတာပဲ” ဆိုပြီး အစာနဲ. ဆေးကျွေးတာ မစားတော့ပဲ အစာဖြတ်ပြီး မိမိကိုယ်ကို အသေခံ(သတ်သေ)သွားတာကို (အနာပတ္တိ) အာပတ်မသင့် လို. ဆုံးဖြတ်တာ တွေ.ဖူးပါတယ်။
နေကလည်းမကောင်း။ သူတို.ကလည်း ဂရုစိုက်လွန်။ ယဉ်ကျေးမှုက မတူ။ စကားကလည်းမပေါက်ဆိုတော့ ပိုပြီး စိတ်ဖိစီးမှု ဖြစ်ရတာ တွေလည်း ရှိပါတယ်။ အသက် (၃၁)နှစ် ရဟန်း (၁၁) ဝါရ ဆိုတော့ ဘယ်ငယ်တော့မလဲ။ နောက် တရားဟော တရားပြ ရိပ်သာဘုန်းကြီး ကျောင်းထိုင်ဘုန်းကြီးလေ။ ဗမာပြည်မှာဆိုရင်တော့ “ဟိတ်” ဆို ဘယ်သူမှ အတွန်.တက်မယ့်လူ မရှိတော့ဘူး။ မြန်မာလူမျိုးတွေက ဘုန်းကြီးရဟန်းဆို သိပ်ရိုသေတယ် မဟုတ်လား။ ဘုန်းကြီးရဲ. မယ်တော်ကြီးဆို အိမ်ကို ဆွမ်းခံကြွလာတဲ့ ဗရုတ်သုတ်ခ ကိုရင် စုတ်ချီးလေးတွေကအစ တောထွက်ကိုယ်တော်ကြီးတွေအဆုံး သင်္ကန်းနဲ. ခေါင်းတုံးထားရင် ဘယ်သူမဆို တစ်ရိုတစ်သေနဲ.လက်အုပ်ချီ ခရီးဦးကြိုဆို ဆွမ်းလောင်းလှူပြီး မြေပြင်ပေါ်မှာပဲ ဖြစ်ဖြစ် ထိခြင်းငါးပါးနဲ. ဦးချလေ့ရှိပါတယ်။
ဒီကိုရီးယားကိုရောက်ပြီး တွေ.လာသိလာရတာက သူတို.ယဉ်ကျေးမှု နဲ. ခေတ်ကာလ အရ ဘုန်းကြီးဆိုတာကို ဗမာပြည်မှာလို သိပ်ပြီး တစ်သီးတစ်သန်. သဘော ထားတာမျိုး မရှိဘူး။ ပင့်တဲ့ ဘုန်းကြီးက အသက် ၆၀ ကျော်ဆိုတော့ သူ.ကျောင်း ဝင်ထွက်နေတဲ့ ဒကာဒကာမတွေကလည်း ၅၀ အထက်နဲ.၆၀ ၇၀ တွေချည်းပဲများပါတယ်။ ပင့်တဲ့ ဘုန်းကြီးတစ်ပါးပဲ ဗမာပြည်ကို ရောက်ဖူးတာ။ ဒီတော့ သူတို.က ဘုန်းကြီးနဲ. ဘယ်လိုဆက်ဆံရမယ်ဆိုတာ နားလည်ကြဘူး။ သူတို.က ဘုန်းကြီးကို ရဟန်းတစ်ပါးအနေနဲ. ကြည်ညိုတာမျိုး မဟုတ်ဘဲ သားသမီးတစ်ယောက်ကို ချစ်တဲ့ သံယောဇဉ်မျိုးနဲ. အတင်းဂရုစိုက်ကြတော့ တကယ့်ကို အခက်အခဲ ကြုံရပါတယ်။
ဆွမ်းစားတဲ့အခါ ဘုန်းကြီးက ပြည့်စုံပါပြီ ဆိုတာကို သူတို.က အတင်း ဟိုဟာလေး နည်းနည်း စားလိုက်ပါဦး ဒါလေးနည်းနည်း သောက်လိုက်ပါဦးနဲ.။ မစားဘူးဆို အတင်းလာ ခွံ.ကျွေးလိုကျွေးနဲ.။ ဗမာပြည်မှာတော့ ဘုန်းကြီးက မျက်နှာပျက်လာပြီဆိုရင် ဒကာဒကာမတွေ ခေါင်းတောင် မထောင်တော့ဘူး။ ဒီမှာ ယဉ်ကျေးမှုက မတူ စကားကမပေါက်နဲ. စိတ်ဖိစီးလိုက်တာ မပြောပါနဲ.တော့။ ကြာတော့ ဘုန်းကြီးက မျက်နှာကြီး နီပြီး စိတ်ဆိုးမာန်ဆိုးနဲ. မြန်မာလို ရော တစ်လုံးတတ် နှစ်လုံးတတ် ကိုရီးယားလိုရော အော်ငေါက်ပစ်တော့ သူတို.က စိတ်မကောင်းဖြစ်ကြပြန်တယ်။ ဘာလို. စိတ်ဆိုးမှန်းလည်း မသိကြဘူး။ ခက်ပုံ။ အမှန်တော့ သူတို.ခမျာလည်း ဘုန်းကြီးကို တအားမည်းသည်း ပိန်ချုံး နေမကောင်းဖြစ်နေလို. အားရှိအောင် စားစေချင်တာပါ။ သူတို. သားသမီး မြေးလေးတွေကို လုပ်ပေးသလို လုပ်ပေးတာပါ။ သူတို.ပြောတာကိုကကြည့် ကျောင်းရောက်တာနဲ. ဘုန်းကြီးကို ပြောတဲ့စကားက “ဘာစားချင်လဲ ဝယ်ကျွေးမယ်။” “ဘယ်သွားချင်လဲ လိုက်ပို.ပေးမယ်။” တဲ့ ဗျား ကောင်းရော။
0 comments:
Post a Comment