ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ ပဉ္စမအကြိမ်မြောက် ဂွမ်ဂျူးတရားပွဲ ~ pyidawoo

Pages

Monday, August 2, 2010

ပဉ္စမအကြိမ်မြောက် ဂွမ်ဂျူးတရားပွဲ

တရားတော်နာ ဖိတ်ကြားလွှာ

ဂွမ်ဂျူးမြို. ခီလ်ဆန်းင်ဆာ ဘုန်းတော်ကြီး၏ တိုက်တွန်းလျှောက်ထား ကူညီအားပေးမှုကြောင့် လစဉ် ဒုတိယအပတ် တနင်္ဂနွေနေ.တိုင်း ဂွမ်ဂျူးမြို. ခီလ်ဆန်းင်ဆာကျောင်း၌ တရားပွဲကျင်းပ ဓမ္မဒါနပြုခဲ့ရာ ကိုရီးယားလူမျိုးများအတွက် တစ်ကြိမ် မြန်မာလူမျိုးများအတွက် လေးကြိမ် ပေါင်း ငါးကြိမ်တိုင်တိုင် ပြီးစီး အောင်မြင်ခဲ့ပါပြီ။

ယခုလ ဒုတိယအပတ် တနင်္ဂနွေဖြစ်သည့် ၈-၈-၁၀ ရက်နေ.တွင်လည်း ပဉ္စမ အကြိမ်မြောက် မြန်မာတရားပွဲကို ကျင်းပမြဲတိုင်း ကျင်းပ ဓမ္မဒါနပြုမည်ဖြစ်ရာ ကာလေန ဓမ္မဿဝန သမဏာနဥ္မ ဒဿန နှင့် ကာလေန ဓမ္မ သာကစ္ဆာ မင်္ဂလာများ ဖြစ်ပွားစေကြောင်း ကုသိုလ်တရားကောင်းများ ဆည်းပူးနိုင်ရန် အသိပေး ဖိတ်ကြား အပ်ပါသည်။ တရားချစ်ခင် သူတော်စင်တို.~

မှတ်ချက်~~~ တရားပွဲ အပြီး ဆောင်ဂွမ်းင်းဆာ ပရဟိတ ဂေဟာ၌ အလုပ်သမား ဥပဒေနှင့် ရပိုင်ခွင့် ဆိုင်ရာ အလုပ်သမား အခွင့် အရေးများကို တရားသူကြီးများနှင့် ရှေ.နေများမှ လာရောက် ဟောပြော ဆွေးနွေးပေးမည်ဖြစ်ပါသည်။ တရားပွဲ ကျင်းပရာ ခီလ်ဆန်းင်ဆာမှ ပရဟိတဂေဟာသို. ကားဖြင့်ကြိုပို.ပေးမည်ဖြစ်ကြောင်း အသိပေးပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More