ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ အသိမှန် အမြင်မှန် အယူမှန်(၂) ~ pyidawoo

Pages

Monday, July 5, 2010

အသိမှန် အမြင်မှန် အယူမှန်(၂)

အသိမှန်မှ ဗုဒ္ဓဘာသာ အစစ်။ သမ္မာဒိဋ္ဌိကို သိအောင်ဖြစ်အောင် ကျင့်ကြပါစို.လို. တိုက်တွန်းခဲ့ပါတယ်။ သိဖို.အရေးမှာ အထောက်အကူဖြစ်ဖို. အခြေခံ အယူအဆလေးတွေကို ဝေမျှပေးပါရစေ။ သုတမယအနေနဲ. ယူထားပြီး ဘဝစာမျက်နှာထဲမှာ နာနာဖတ် စိန္တာမယဉာဏ်ဖြစ်ကြပါစေ။ ခန္ဓာ စာမျက်နှာထဲမှာ အခါမလပ် တရားမှတ်၍ ဘာဝနမယ ဝိပဿနာဉာဏ် သမ္မာဒိဋ္ဌိ ဖြစ်ကြပါစေ။ ဉာဏ်စဉ် အဆင့်ဆင့် ရင့်သည်ထက်ရင့်၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် လောကုတ္တရာတိုင်အောင်သော သမ္မာဒိဋ္ဌိ အသိမှန် အမြင်မှန်များကို သိကြ မြင်ကြ ငြိမ်းအေးချမ်းသာကြပါစေ။

အသိမှန် အမြင်မှန် အယူမှန်ကို ၃မျိုးခွဲပြတာရှိသလို ၅မျိုးခွဲပြီး ရှင်းတာလည်း ရှိပါတယ်။ ဒီမှာတော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ဝိပဿနာ သမ္မာဒိဋ္ဌိ နဲ. လောကုတ္တရာ သမ္မဒိဋ္ဌိလို. ၃မျိုး ခွဲပြောချင်ပါတယ်။ မြန်မာစကားနဲ. လွယ်လွယ်ပြောမယ်ဆိုရင်

၁။ လောကနဲ. ဘဝကို ကြောင်းကျိုးဆက်စပ်မှု ကံအမြင်နဲ.သိတာရယ်၊

၂။ လောကနဲ. ဘဝကို ဖြစ်ပျက်မပြတ် ပြောင်းလဲနေတဲ့ ဓမ္မစစ် သဘာဝအမြင်နဲ. သိတာရယ်၊

၃။ လောကနဲ. ဘဝကနေ လွန်မြောက်မှု လွတ်မြောက်မှုကို သိတာရယ် ၃မျိုးပေါ့။

၁။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ

ကံကံရဲ.အကျိုးကို ယုံတယ်လို. ပြောတဲ့အခါ ကံနဲ. ကံရဲ.အကျိုး ၂ခုကိုပြောတာလို. ခွဲခြားပြီး သိရမယ်။ အကြောင်းကံနဲ. အဲဒီ ကံအကြောင်းခံပြီး ဖြစ်လာတဲ့ အကျိုးတရားတွေပေါ့။ ပါဠိလိုတော့ ကမ္မ၊ ကမ္မဖလလို. ပြောပါတယ်။ အဲဒီ ကံနဲ. ကံရဲ. အကျိုးကို ယုံတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိကို နားလည်ဖို. ကံကံရဲ. အကျိုးကို ပစ်ပယ်တဲ့ မယုံတဲ့ မိစ္ဆာဒိဋ္ဌိကနေ စပြောချင်ပါတယ်။

(က) ပုဗ္ဗေကတ ဟေတုဒိဋ္ဌိ

ပုဗ္ဗေကတ-ရှေးက ပြုခဲ့တဲ့ကံ၊ ဟေတု-အကြောင်း၊ ဒိဋ္ဌိ-သိမြင်ယူဆမှု။

ဒီအယူက ကံကံရဲ. အကျိုးကို ယုံသော်လည်းပဲ မိစ္ဆာဒိဋ္ဌိဖြစ်ပါတယ်။ အတိတ်ကံကိုပဲ သိမြင်ယုံကြည်ပြီး ပစ္စုပ္ပန်ကံကို မသိမမြင်မယူပဲ ပစ်ပယ်လို. တစ်ခြမ်းပဲ့ဖြစ်နေလို.ပါ။ ဗုဒ္ဓဘာသာဝင် အမည်ခံ မိရိုးဘလာ တော်တော်များများလည်း ဒီ မိစ္ဆာဒိဋ္ဌိကနေ မလွတ်တာတွေ.ရပါတယ်။ လောကနဲ. ဘဝမှာ ကြုံရသမျှ ဖြစ်သမျှ အကောင်း အဆိုးမှန်သမျှကို ကံပေါ်ချည်း ပုံချတဲ့ အယူ။ "ကံကောင်းလိုက်တာ" "ကံဆိုးလိုက်တာ" "ကံ~ ကို မကောင်းဘူး" ဆိုတဲ့ စကားမျိုးတွေမှာ (ပစ္စုပ္ပန်မှာ ဉာဏ်ရှိရှိနဲ. ကြိုးစားမှု / ဉာဏ်တုံးတုံးနဲ. အပျင်းကြီးမှု ပယောဂ သမ္ပတ္တိ/ဝိပ္ပတ္တိ ဆိုတာတွေကို ထည့်မတွက်ပဲ ပြောတာဆိုရင်) အခုပြောနေတဲ့ ပုဗ္ဗေကတဟေတု မိစ္ဆာဒိဋ္ဌိသံ နည်းနည်း ပါနေတတ်ပါတယ်။
ဘာသာရေး နိုင်ငံရေး စီးပွားရေး ကြီးပွားရေး လူမှုရေး ပုဂ္ဂိုလ်ရေး ဘာပဲဖြစ်ဖြစ် ဟောဒီလောကကြီှးမှာ ဖြစ်နေတာတွေ အားလုံးကို အတိတ်ကံပေါ်ချည်း ပုံချပြီး ပစ္စုပ္ပန်မှာ အကြံဉာဏ်ထုတ်ပြီး ကြိုးစားလုပ်ရမယ့် မိမိရဲ. ပစ္စုပ္ပန်ကံ အလုပ် ချွတ်ယွင်းချက်ရှိနေတာကို မသိ မမြင် မယူရင် သမ္မာဒိဋ္ဌိမဖြစ်ပါ။

ဝဉ္စနာ-လှည့်စားတတ်သော တရားများ ဆိုတာရှိပါတယ်။ ရာဂက မေတ္တာ ယောင်ဆောင်တတ်သည် ဆိုတာမျိုးပေါ့။ ဘုန်းကြီးတို.လူမျိုးတွေမှာ အဲဒီ လှည့်စားမှု ပြဿနာကလည်း သမ္မာဒိဋ္ဌိဖြစ်ဖို. ခက်အောင် ကန့်လန့်ခံထားသလိုဖြစ်နေတယ်လို. မြင်မိပါတယ်။

(သူရဲဘောကြောင်တာ) ကြောက်တာနဲ. သည်းခံတာကို ရောပြီး ရီးတီးယောင်တောင်ဖြစ်လာတယ်။ မှားတာရော မှန်တာရော ကောင်းတာရော မကောင်းတာရော တရားတာရော မတရားတာရော အကုန် ခေါင်းငုံ.ခံတဲ့ အကျင့်ပါလာတယ်။ နောက်ဆုံးတော့ လူကိုလူလို ဆက်ဆံမခံရတဲ့ ဘဝ လူစာရင်း အသွင်းမခံရတဲ့ ဘဝရောက်အောင် ကိုယ့်ကိုယ်ကို တွန်းပို.လိုက်သလို ဖြစ်ခဲ့ရပါတယ်။ တစ်နိုင်ငံလုံး ဖြစ်ပျက်နေတာ ကြည့်ပါဦး။ ပြည်သူ.ဝန်ထမ်းဆိုသူတွေက ပြည်သူတွေကို လူစာရင်းမသွင်းဘူး။ လူတစ်ယောက်အနေနဲ. လေးစားမှုမပေးဘူး။ လူကိုလူလို မဆက်ဆံတော့ လူ.ဂုဏ်အဆင့် အတန်း ပျက်တာပေါ့။ လူ.အသရေဖျက်တဲ့ သူတို.ကိုယ်တိုင်လည်း ဘယ်လောက် အောက်တန်းကျတဲ့သူ ဖြစ်သွားလဲ။ မသိကြလို.ပါ။ သိရင် လုပ်ချင်စိတ် ရှိမှာ မဟုတ်ဘူး။ သူတို.ရဲ. အထက်ကလူတွေကလည်း သူတို.အပေါ် အဲဒီလိုပဲ သဘောထားတာပဲ။ နောက်ဆုံးတော့ ကြီးနိုင်ငယ်ညှင်းနဲ. တိရိစ္ဆန်လောကကြီးနဲ. တူတူလာပါ တော့တယ်။ ဒါတင်မကသေးဘူး။ ပြည်တွင်းကနေ ပြည်ပထွက်တော့ မြန်မာ နိုင်ငံကူး လက်မှတ်မြင်လိုက်တာနဲ. မျက်နှာပေးပြောင်းပြီး ဘေးချ ခံရ လူကိုလူလို ဆက်ဆံ မခံရတဲ့ အထိ ဖြစ်လာရပါတယ်။ ဘယ်သူ. ဘယ်သူကိုမှ အပြစ်ပြောချင်တာ အပြစ်တင်တာ မဟုတ်ပါဘူး။ ဒီအမှား ဝင်္ကပါထဲမှာ ကိုယ်လည်း ဝင်ပါ ~ချာချာလည်နေရတာပါ။ ဖြစ်နေတဲ့သဘောအမှန်ကို အကြောင်းအကျိုး ဆက်စပ် ကံအမြင်နဲ. ဟပ်ကြည့်ချင် တာပါ။

တကယ်တော့ သည်းခံရမယ်ဆိုတာ "မှားတာ မတရားတာကို" "မှားတယ် မတရားဘူး"လို. မပြောဘဲ ခေါင်းငုံ.ခံရမှာ မဟုတ်ပါဘူး။ မှားကြောင်း မတရားကြောင်းကို သတ္တိရှိရှိ မေတ္တာနဲ. ပြောရမှာပါ။ မတိုက်ခိုက်ဖို. မမုန်းဖို. အာဃာတ မပွားဖို. အရေးကြီတာပါ။ မတရားတာကို ဆန်.ကျင်တာ တရားကို ကာကွယ် စောင့်ရှောက်ရာ ရောက်ပါတယ်။ တရားကို ကာကွယ်ဖို. လူသားအားလုံးမှာ တာဝန်ရှိပါတယ်။ အဲဒီအတွက် ကိုယ်ကျိုး ပျက်စရာရှိလည်း အနစ်နာခံရဲရမှာပဲ။ တရားအတွက် အနစ်နာခံရဲတာ အာဇာနည်တွေရဲ. အလုပ် မဟုတ်လား။ ဘုရားအလောင်း သူတော်ကောင်းကြီးတွေရဲ. လမ်းစဉ် မဟုတ်လား။ မမှန်ကန် မမျှတမှုကို ဆန့်ကျင်ဖို. တရားကို ကာကွယ်ဖို. တာဝန်သိတဲ့သူ တာဝန်ယူတဲ့လူ နည်းလို. အခုလို လက်ရှိ အခြေအနေမျိုး ရောက်သွားရတာပါ။ မတရားတာကို ငုံ.ခံတဲ.လူများလို. မတရား လုပ်လို.ရတာပါ။ မခံတဲ့လူများရင် လုပ်လို.မရပါဘူး။ အဲဒီလိုဆိုရင် မတရားလုပ်လို. မရတဲ့ လူကိုလူလို တန်ဖိုးထားတဲ့ လူ.အဖွဲ.အစည်း ဖြစ်လာမှာ သေချာပါတယ်။ ဂုဏ်အသရေရှိတဲ့ လူ.အသိုင်းအဝို်င်း စနစ် လူ.အဖွဲ.အစည်းဆိုတာ အိပ်မက် မဟုတ်ပါဘူး။ ဒီကမ္ဘာမြေပေါ်မှာ တကယ်ထွန်းကားနေပါပြီ။ တကယ်ရှိနေ ပါတယ်။ အဲဒီလို လူ.ပီသတဲ့ လူတွေနေတဲ့ လူ.အဖွဲ.အစည်း ဖြစ်ပေါ်လာဖို. အနစ်နာခံခဲ့ရတဲ့ အာဇာနည်တွေ ရှိတယ်ဆိုတာကတော့ အသေအချာပေါ့။ အလကားတော့ ရမှာမဟုတ်ဘူး။ တန်ရာတန်ကြေး ပေးရပါလိမ့်မယ်။ ပစ္စုပ္ပန်မှာ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို. ချွတ်ယွင်းနေတာကို မသိ မမြင် မယူဘဲ လက်ရှိဖြစ်ပျက်နေသမျှ အတွက် "တို.နိုင်ငံနဲ. တို.လူမျိုး ကံကိုဆိုးပါတယ်"ဆိုရင် မိစ္ဆာဒိဋ္ဌိ ဖြစ်နိုင်ပါတယ်။

ကံတခြမ်းပဲ့ မိစ္ဆာဒိဋ္ဌိဘဝက ထွက် ပစ္စုပ္ပန်ကံအလုပ် လုပ်သင့်ရာလုပ်မှ သမ္မာဒိဋ္ဌိ မှန်တဲ့ အသိဖြစ်လိမ့်မယ်။ သမိုင်းပေးတာဝန်ကြေရာရောက်တယ်။ ကြောက်တာနဲ. သည်းခံတာ ရောမချကြပဲ ကွဲကွဲပြားပြား လုပ်ကြပါစို.။ ကြောက်တော့ ကြောက်တာပေါ့။ အကြောက်တရားကို ကြိုးစားပယ်ရှားပြီး သတ္တိကလေးမွေး မတရားမှုကို ဆန့်ကျင် တရားကို ကာကွယ်ရင် တို.အနာဂါတ် ဂုဏ်အသရေရှိတဲ့ လူ.အဖွဲ.အစည်းခေတ်ကောင်း မနက် အရုဏ်တက်ပြီ။ မတရားမှု အမှောင်ဆိုး သန်းခေါင်ထက် တိုး မှောင်နိုင်ရိုးလား။

ပျင်းတာနဲ. ရောင့်ရဲတာ ရောပုံ။ အစွမ်းအစနည်းတာနဲ. သံဝေဂရတာ ရောပုံကို ရေ့ဆက်ရေးမယ့် အပိုင်း(၃)မှာ ဆက်လက်တင်ပြပါရစေ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More