ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ ဝါဆိုသင်္ကန်းကပ်နှင့် တရားတော်နာ ဖိတ်ကြားလွှာ ~ pyidawoo

Pages

Tuesday, July 13, 2010

ဝါဆိုသင်္ကန်းကပ်နှင့် တရားတော်နာ ဖိတ်ကြားလွှာ

ဇာဇာ (မြန်မာသူကြီး-ဖူဆန်း)

ဝါဆိုသင်္ကန်းကပ်အလှူတော် နှင့် စတုတ္ထအကြိမ်မြောက် တရားပွဲ ဖိတ်ကြားခြင်း

ကိုရီးယားရောက် ရွှေမြန်မာများအတွက် လစဉ်တတိယပတ်(တနင်္ဂနွေနေ့)တွင် ပြည်တော်ဦးဆရာတော်မှ ဦးစီး၍ တရားပွဲများကျင်းပပေးလျှက်ရှိရာ ယခုလ တတိယပတ် ဒုတိယ၀ါဆိုလဆန်း-၇ရက် (၁၈.၇.၂၀၁၀) တနင်္ဂနွေနေ့တွင် စတုတ္ထအကြိမ်သို့ပင် ရောက်ရှိလာခဲ့ပါပြီ။ သို့ဖြစ်ပါ၍ တရားချစ်ခင်၊ နှစ်သက်မြတ်နိုးကြကုန်သော တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့အား တရားတော်နာ ကြွရောက်ကြပါရန် စေတနာရှေ့ထား၍ ရိုသေစွာဖိတ်မန္တက ပြုအပ်ပါသည်။


တရားပွဲကျင်းပမည့် နေ့ရက်၊အချိန်နှင့်နေရာမှာ

တရားပွဲကျင်းပမည့် နေ့ရက်…..(၁၈.၇.၂၀၁၀)၁၃၇၂ခု၊ဒုတိယ၀ါဆိုလဆန်း၇-ရက်။
တရားပွဲကျင်းပမည့်အချိန် ……နေ့လည်-၂နာရီ။
တရားပွဲကျင်းပမည့်နေရာ ……ဖူဆန်းဗုဒ္ဓသာသနာ့အသင်းတိုက်။

တရားပွဲတွင် အဟာရကုသိုလ်ရှင်များဖြစ်ကြသော (ရှင်ဖျောင်း)မှ ကိုတင်ထွန်းလွင်နှင့် သူငယ်ချင်းတစ်စုတို့ကလည်း တရားတော်နာ ကြွရောက်ကြသော သူတော်ကောင်းတို့အား (အုန်နို့ခေါက်ဆွဲ၊ လဖ္ဘက်ရည်၊ ကျောက်ကျောတို့ဖြင့်) သဒ္ဒါတရားထက်သန်စွာ ကျွေးမွေးလှူဒါန်းလိုပါ၍ တရားချစ်ခင် သူတော်စင်များ ကြွရောက်ချီးမြှင့်ပေးကြပါရန်... မေတ္တာရှေ့ထား၍ ဖိတ်ကြားအပ်ပါသည်။

ကျွေးမွေးဧည့်ခံမည့်အချိန်….

နေ့လည်…၁၁နာရီမှ…နေ့လည်…၁နာရီထိ။

ကျွေးမွေးဧည့်ခံမည့်နေရာ….

ဖူဆန်းဗုဒ္ဓသာသနာ့အသင်းတိုက်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More