ဒီစာမှာတော့ သီလအကြောင်း သိကောင်းစရာလေးတွေ ဝေမျှ ဓမ္မဒါန ပြုချင် ပါတယ်။ သီလအကြောင်း သိကောင်းစရာမှာ သီလဆိုတဲ့ စကားလုံးက စပြီး စဉ်းစားမယ်ဆိုရင် ပိုကောင်း ပို အခြေခံကျပါလိမ့်မယ်။ ( ဘုန်းကြီးတို.ရဲ. ကျေးဇူးရှင် မုံရွာ ပဇ္ဇောတာရုံ ဆရာတော် ဘုရားကြီးကတော့ မကြာမကြာ ရီစရာအနေနဲ. ပြောတတ်တာရှိတယ်။ တစ်ချို.က အတည်လိုလို နောက်တာလိုလိုနဲ. ဘုန်းကြီးကို ပြောကြတယ်တဲ့။ ပဇ္ဇောတာရုံ ဆရာတော်က ဘုန်းကြီးမှာပေါ့ သီလနဲ. ပြည့်စုံတာကိုး။ သီလမှ ရှေ.သီလရော နောက်သီလရော ပြည့်စုံတာလို. ပြောကြသတဲ့။ ရှေ.သီလက ဆရာတော်ကြီး ရဲ. ရဟန်းသီလ နောက်သီလက ဆရာတော်ကြီးရဲ. ညီမအရင်း ကျောင်းကိစ္စအဝဝကို တာဝန်ယူထားတဲ့ သီလရှင်ကြီးကို ပြောတာပါ။ ဆရာတော်ကြီးကို ဝိနည်း လေးစားလို. ဒကာ ဒကာမ တွေက ကြည်ညိုကြသလို သီလရှင်ကြီး ပေါင်းသင်း ဆက်ဆံရေး ကောင်းလို. အလှူခံ ကောင်းလို. ဘုန်းကြီးတာလို. နည်းနည်း ထေ့ငေါ့ချင်တာလည်း ပါတာပေါ့။ သီလဆိုတာ ဖွားသီလ မယ်သီလကို ပြောတာလို. ဆိုလောက် အောင် ညံ့တဲ့ ဗုဒ္ဓ ဘာသာဝင်တော့ ရှိမှာမဟုတ် ပါဘူး။) ဒါပေမယ့် သီလဆိုတာ ဘာလဲ ဆိုရင် သီလ ဆိုတာ သီလပေါ့ကွ။ ၅/၈/၁၀ပါး သာမဏေသီလ ရဟန်းသီလ စသည် သီလ အလီလီပေါ့ကွာ ဆိုတဲ့ အဖြေမျိုးထက် ဂဃနဏရှိတဲ့ အသိမျိုးသိဖို. အဖြေမျိုး ဖြေတတ်ဖို. ဆိုရင်တော့ အခြေခံ ကနေ စတာ ပိုပြီးရေရေရာရာ ရှိပါလိမ့် မယ်။
သီလဆိုတဲ့ ပါဠိစကားလုံးကို "အလေ့ရှိသည်" လို. မြန်မာပြန်နိုင်ပါတယ်။ အလေ့အထ ရှိတာကို ဆိုလိုတာပါ။ ထပ်ချဲ့လိုက်ရင် လုပ်လေ့ရှိတာ ပြောလေ့ရှိတာပေါ့။ စိတ်ပိုင်းကိုတော့ ချန်ထား လိုက်ဦး။ အဲဒါက သမာဓိပိုင်း ပညာပိုင်းနဲ. ပြောရမယ်။ ဆက်ရမယ်ဆိုရင် အဲဒီ လုပ်တာနဲ. ပြောတဲ့ အလေ့အထက ကောင်းမကောင်း။ ကောင်းရင် သီလကောင်းတယ်ပေါ့။ မကောင်းရင် သီလ မကောင်းဘူးပေါ့။ ဒါကို စကားလုံး ဖလှယ်ပြောရင် ကိုယ်ကျင့်တရား ကောင်းတယ် မကောင်းဘူး လို. ပြောနိုင်တာပေါ့။ ဒီ အခြေခံ သဘောကို နားလည်မယ်ဆိုရင် သီလပိုင်းနဲ. စပ်လာရင် တွေးတတ် စဉ်းစားတတ် နားလည်သိတတ်ဖို. တော်တော်ကို လွယ်သွားပါပြီ။
ဥပမာ ငါးပါးသီလမှာ သူ.အသက်သတ်မှုကို ရှောင်ဆိုရင် ကိုယ်နဲ. မကောင်းတာမလုပ်တဲ့ အလေ့အထကို ပြောတာပေါ့။ လိမ်ညာမှုကိုရှောင်ဆိုရင် နှုတ်နဲ. မကောင်းတာ မပြောတဲ့ အလေ့အထကို ဆိုလိုတယ်ပေါ့။ ဒါက ရှောင်ရတဲ့ (ဝါရိတ္တ သီလ)ကိုပြောတာပါ။ ဆောင်ရမယ့် (စာရိတ္တ သီလ)ဆိုတာ တစ်ပိုင်းရှိပါသေးတယ်။ မသတ်ရုံတင်မကဘူး မသေအောင် ကျန်းမာ အသက်ရှည်အောင် ဘာလုပ်ပေးလဲပေါ့။ (ဆေးကုပေးတာတို. ဆေးထွင်ပေးတာတို. ကျန်းမာရေး ပညာပေးတာတို. ရေကောင်းရေသန်. နဲ. အာဟာရပြည့်ဝတဲ့ အစားအသောက် ရအောင် ဆောင်ရွက်ပေးတာတို. သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းတာ စသည်စသည်ပေါ့) မလိမ်ရုံတင်မက သစ္စာစကားကိုပြောမယ် အလိမ် မခံရအောင် ကာကွယ်ပေးမယ် စသည်ပေါ့။ ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားမပြောဘဲ မေတ္တာရှေ.ထား ယဉ်ကျေးသိမ်မွေ.တဲ့ စကားပြောတာ။ ကွဲပြားအောင် ကုန်းတိုက် စကားမပြောဘဲ စေ့စပ်အောင် အပြန်ပြန်အလှန်လှန် နားလည်မှုရှိအောင် ချစ်ကြည်ရေးစကား ပြောတာ။ အနှစ်မဲ့တဲ့စကားမပြော ပစ္စုပ္ပန်သံသရာ လောကီလောကုတ် အစီးအပွား ကြီပွား ကြောင်း အနှစ်အသားပါတဲ့ စကားပြောတာပေါ့။
နောက်ဆုံး အနှစ်ချုပ်လိုက်တော့ သီလဆိုတာ ကိုယ်နဲ.လုပ် နှုတ်နဲ.ပြောတဲ့ အလေ့အထ မှန်သမျှကို ဆိုလိုတာပါ။ လူတစ်ယောက် သီလရှိမရှိ ကိုယ်ကျင့်တရား ကောင်းမကောင်းဆိုတာ သူဘာလုပ်လဲ ဘယ်လိုလုပ်လဲ သူဘာပြောလဲ ဘယ်လိုပြောလဲ ဆိုတာနဲ. ကောက်ချက်ချတာပေါ့။ ဆိုတော့ မနက် အိပ်ရာထကနေ ညအိပ်ရာဝင်အထိ လုပ်သမျှပြောသမျှတွေက သီလ ကိုယ်ကျင့် တရားထဲ အကျုံးဝင်တာကို နားလည်လောက်ပါပြီ။ ဘယ်လိုအိပ်လဲ ဘယ်လို နိုးလာပြီး ဘယ်လို မျက်နှာသစ်လဲ ရေချိုးခန်း အိမ်သာခန်း ဘယ်လိုသုံးလဲ။ ကိုယ်လုပ်သမျှ ပြောသမျှ သူတစ်ပါးကို ထိခိုက်နစ်နာစေသလား ချမ်းသာ စေသလား။ ဥပမာ အိပ်ရာ ထတာကိုက သူတစ်ပါး အိပ်ရေး ပျက်အောင် ကြမ်းကြမ်းတမ်းတမ်း ဆူဆူညံညံ လုပ်လေ့ရှိလား။ အမြဲသူတစ်ပါးကို စာနာစိတ်နဲ. လုပ်လေ့၇ှိလား။ ဝင်လာတဲ့သူ နံလိုက်တာ ညစ်ပတ်လိုက်တာလို. စိတ်ဆင်းရဲမသွားအောင် ရွံမသွား အောင် အိမ်သာရေချိုးခန်းကို နောက်လူအတွက် အမြဲစဉ်းစား သန်.သန်.ရှင်းရှင်းသုံးလေ့ ရှိလား မရှိလား။ ကွမ်းတံတွေး ထွေးချင်ရာထွေးတဲ့ အလေ့ရှိလား။ စကားပြောတဲ့ အခါ သူ တစ်ပါးကို စိတ် ထိခိုက်သွားအောင် ပြောလား။ ကုန်ကုန်ပြောကြစို. လက်လှုပ်လှုပ် ခြေလှုပ်လှုပ် ကိုယ်နဲ.လုပ်သမျှ ဘာပြောပြော နှုတ်ကပြောသမျှ သီလနဲ. စပ်ဆိုင်နေတာလို.သိမှ ပြည့်စုံပါမယ်။ ဘာလုပ်လုပ် ဘာပြောပြော သူတစ်ပါး မထိခိုက် မနစ်နာ အောင် လုပ်မှ ပြောမှ သီလရှိ ကိုယ်ကျင့် ကောင်းသူ ဖြစ်လာပါမယ်။ အဲဒါ မေတ္တာတရားပါ။ သူတစ်ပါးကို ချမ်းသာစေချင်တဲ့ မေတ္တာရှိမှ ငါလုပ်တာ ပြောတာ သူတစ်ပါးကို ထိခိုက်နေလား ဆိုတဲ့ အတွေးမျိုး တွေးပါတယ်။ မေတ္တာတရား ခေါင်းပါး သူတွေ မတွေးတတ်ပါဘူး။ ဒါကြောင့် အဒေါသော သီလဟေတု မေတ္တာသည် သီလရဲ. အကြောင်းလို. အဋ္ဌသာလိနီမှာ ဆိုပါတယ်။
ဒီအထိ ရေးခဲ့သမျှကို ဆောင်ပုဒ်လေးနဲ. အနှစ်ချုပ်ပါမယ်။
ကိုယ်နဲ. နှုတ်က ပြုပြောကြ အလေ့ သီလပါ။
ရှောင်ရ ဆောင်ရ ထိုသီလ နှစ်ဝ ရှိသည်သာ။
မကောင်းတာရှောင် ကောင်းတာဆောင်
စောင့်ရှောက်သမျှ ကျင့်သုံးသမျှ
စောင့်သုံး ဆိုင်ရာ သီလ အောင်။