ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ “မဇ္ဈိမယာန”၏ မြစ်ဖျားခံရာ ~ pyidawoo

Pages

Wednesday, December 29, 2010

“မဇ္ဈိမယာန”၏ မြစ်ဖျားခံရာ

... ကိုရီးယားမှာ တရားဟောတရားပြရင်း တွေ.ကြုံခဲ့ရသည့် အတွေ.အကြုံ များစွာအနက် နေရာတိုင်းလိုလို ထိပ်တိုက်တွေ.ရသည့်ကိစ္စမှာ မဟာယာန (ဒဲဆွန်းင် 대승) နှင့် ဟီနယာန (ဆိုးဆွန်းင်소승)ဆိုသည့် အယူအဆပါ။တို.က ဟီနယာန (ဆိုးဆွန်းင်소승)မဟုတ်ဘူး။ မူလအရင်းခံ ထေရဝါဒပါလို. သမိုင်းနဲ. ချီပြီးရှင်းပြရတာက အကြိမ်ပေါင်းမနည်းပါ။ ရှင်းပြချိန်မရလို. မတူဘူးဆိုတာနဲ.တင် စကားဖြတ်ခဲ့ရတာလည်း ရှိပါတယ်။ အခု နောက်ပိုင်းတော့ ဘုန်းကြီးက တို.က မဟာယာန(ဒဲဆွန်းင် 대승)လည်း မဟုတ်ဘူး။ ဟီနယာန (ဆိုးဆွန်းင် 소승)လည်း မဟုတ်ဘူး။ ဓမ္မယာန(ဗော့ပ်ဆွန်းင် 법승)ပါလို. ပြောလိုက်တယ်။

...မဟာယာန (ဒဲဆွန်းင် 대승) နဲ. ဟီနယာန (ဆိုးဆွန်းင် 소승)ဆိုတဲ့ စကား တွေက ဘုရားဟော မဟုတ်ပါဘူး။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်ပေါင်း ၆၀၀ကျော်မှ နောက်လူတွေ ပြောတဲ့စကားပါ။ ဘုရားဟော ပိဋကသုံးပုံ ထဲမှာ မဟာယာန (ဒဲဆွန်းင် 대승) နဲ. ဟီနယာန (ဆိုးဆွန်းင်소승)ဆိုတဲ့ စကားလုံးကို မရှိဘူး။ ဓမ္မယာန (ဗော့ပ်ဆွန်းင်법승)ဆိုတာတော့ရှိတယ်။ သံယုတ္တနိကာယ် မဟာ ဝဂ္ဂသံယုတ် ဇာဏုသောဏိသုတ်မှာ မဂ္ဂင်ရှစ်ပါးကို ဓမ္မယာန (ဗော့ပ်ဆွန်းင်법승)လို. ဘုရားဟော ရှိတယ်။ ဒါကြောင့် တို.က ဘုရားမဟောတဲ့ (ဒဲဆွန်းင်대승)၊ ဟီနယာန (ဆိုးဆွန်းင်소승)ဆိုတဲ့ အယူအဆတွေကို အယုံအကြည် မရှိဘူး။ ဘုရားဟော မဂ္ဂင်ရှစ်ပါး ဓမ္မယာန(ဗော့ပ်ဆွန်းင်법승)ဆိုတဲ့ မူလအရင်းခံကိုသာ ယုံကြည် ပါတယ်။ အုပ်စုကွဲတွေထဲ ပါဝင်ရင် အုပ်စု ခွဲတည်ထောင်သူ (နာဂဇုနစသူတို.)ရဲ. သာသနာဝင် ရဟန်းဖြစ်မှာလား။ ဘုရားသာသနာဝင် ရဟန်းဖြစ်မှာလားဆိုတာ စဉ်းစားကြည့်ပါ။ သံသယဖြစ်စရာပဲ။ ဘုရားမဟုတ်တဲ့သူရဲ.စကားကို ဘုရား ဟောထက် ပိုပြီးယုံကြည်စရာ ပိုပြီးအခိုင်အမာအလေးအနက်ထားစရာ ဘာ အကြောင်းမှ မမြင်ပါဘူး။ ဒါကြောင့် ဘုန်းကြီးတို.ရဲ အဘိဓာန်မှာ မဟာယာန ဟီနယာန ဗုဒ္ဓဘာသာ ဆိုတာမရှိပါ။ဓမ္မယာနဗုဒ္ဓဘာသာပဲ ရှိပါတယ်လို. စကားကပ်ပြောတော့ သဘောကျကြတယ်။

အဲဒီစကားကို အကြောင်းပြု ပြီး ဖူဆန်းက ဘုန်းကြီးရဲ. တိုက်ခန်းကျောင်းကို မြန်မာဒကာဒကာမတွေက ပြည်တော်ဦးလို. ခေါ်ကြပေမယ့် ကိုရီးယား ဒကာ ဒကာမတွေက ဓမ္မယာနလို.ပဲ ခေါ်ကြပါတော့တယ်။ ကိုရီးယားလို ဒဲဆွန်းင် (대승မဟာယာန) ဆိုးဆွန်းင် (소승 ဟီနယာန)ဆိုတဲ့ စကားလုံးတွေနဲ. ယှဉ်ပြီး ဗော့ပ်ဆွန်းင် (법승 ဓမ္မယာန) ဆိုတာလေးက မှတ်သားလို.လည်း လွယ်ကူပြီး ထိရောက်တဲ့ အဆိုပြုချက်ပါနေလို. သဘောကျကြတာလို.ပြောကြပါတယ်။

ဒါနဲ.ပဲ ကိုးရီးယား ယောဂီ ဒကာဒကာမတွေ အဖွဲ.ဖွဲ.ကြတဲ့အခါ အဖွဲ.နဲ ကျောင်းနာမည်ကိုဓမ္မယာနရိပ်သာ၊ ကိုရီးယားလို (법승 센터) ဗော့ပ်ဆွန်းင် လို.ပဲ အမည်ခံဖြစ်သွားပါတယ်။ အဲဒီ နာမည်နဲ.ပဲ ဆူးယောင်းခရိုင် အခွန်ရုံးက စီးပွားရေးနှင့် မစပ်ဆိုင်သော အဖွဲ.အစည်း မှတ်ပုံတင် အမှတ် ၆၁၇-၈၀-၁၇၃၆၈ ဖြင့် တရားဝင် အဖွဲ.အစည်းအဖြစ် (-၁၂-၁၀) ရက်စွဲနဲ. အသိအမှတ်ပြု မှတ်ပုံတင် ပေးခဲ့ပါတယ်။ဒါက နာမည်နဲ. ပါတ်သက်လို. ဆက်စပ်ရာရာ အကြောင်းတွေ ပြောပြတာပါ။

ဒီနှစ် ၂၀၁၀ ၂လပိုင်း ဖူဆန်းမှာ တိုက်ခန်းကျောင်းလေး တည်လိုက်တဲ့ အချိန်က စလို. ကိုရီးယား ဒကာဒကာမများအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရား ဆယ်ရက်သင်တန်း နှစ်ကြိမ်။ အပတ်စဉ် တစ်ပတ်နှစ်ရက် တစ်ရက်လျှင် (၂)နာရီ စစ်တပ်ဓမ္မာရုံမှာ တရားထိုင်ခြင်း လစဉ် ပထမဆုံး စနေနေတိုင်း နေ. (၂)နာရီမှ ည (၉)နာရီခွဲအထိ တရားရျှုမှတ်ခြင်းများကို ကြီးကြပ်ဟောပြောပြသ ပေးခဲ့ပါတယ်။

နောက်ပိုင်း ဘုန်းကြီးရဲ. ကိုရီးယား တရားပွဲတွေ သင်တန်းတွေမှာ ငွေကြေးခွဲတမ်းချ သတ်မှတ် ကောက်ခံနေတာ တွေ.လာ သိလာရပါတယ်။ ဘုန်းကြီးအနေနဲ. ကိုယ့်ကို ကျူရှင်ဆရာငှားသလို ငွေပေးပြီး သင်ခိုင်းသလိုမျိုး ခံစားရလို. ရှက်လည်းရှက် စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ဘုန်းကြီးက ဓမ္မပူဇာအနေနဲ. ပူဇော်ချင်လို. မိမိသဒ္ဓါတရားအလျောက် လှူဒါန်းတာကို လက်ခံတာကလွဲလို. ဘုန်းကြီးရဲ. တရားနာရင် ငွေ ဘယ်လောက် အလှူ ထည့်ဝင်ရမယ် ဆိုတာမျိုး မသတ်မှတ်ဖို.” ပြောတော့ တော်တော် အံ့သြ ကြတယ်။ ဘုန်းကြီးရဲ. တရားလည်းမဟုတ်ဘူး။ ဒါ ဘုရားတရားတော်တွေပါ။ တရား ရောင်းစားတဲ့သူပဲ ဖြစ်မယ် သာသနာပြုဖြစ်မှာ မဟုတ်ဘူးလို. ပြောတော့ လည်း တော်တော့်ကို ရှော့ဖြစ်ကြတယ်လို. ပြောပါတယ်။ သူတို.ဆီမှာက ရိုးရာလို ဖြစ်နေတာကိုး။ အခမဲ့ဆိုတာကို သိပ် အယုံအကြည် မရှိသလို နားမလည်ဘူး လို.လည်း ပြောကြပါတယ်။ အစမှာ အခမဲ့ဆိုပြီး နောက်ကျရင် မဟားဒယား အလှူခံမှာကြောက်လို. သတ်သတ်မှတ်မှတ် ပြောထားမှ စိတ်ရှင်းတယ်။ သူတို.တတ်နိုင်တဲ့ ကြည်ဖြူတဲ့ ပမာဏဆိုရင် လှူမယ် လာမယ် မဟုတ်ရင် မလာဘူး ဆိုတဲ့သူလည်းရှိကြတယ်။ သူတို.ကိုတော့ အပြစ်မတင်ပါဘူး။ သူတို.လည်း အတွေ.အကြုံရှိလို.နေမှာပေါ့။ သူတို.ယဉ်ကျေးမှုပေါ့လေ။ ဒီ ကိစ္စတွေ ပြောရတာ ရှက်စရာပါပဲ။ လာချင်လာ မလာချင်နေ ရှိတဲ့လူကိုပဲ သင်မယ်လို. ဘုန်းကြီးက လုံးဝမလျှော.ဘဲ အပြတ်ပြောလိုက်မှ အဆုံးမတော့ ဘဏ်စာရင် ဖွင့်ပြီး မိမိ သဒ္ဓါတရားအလျောက် အလှူငွေ ထည့်ကြမယ်လို. အားလုံးသဘောတူ စီစဉ်ကြပါတယ်။ ဘုန်းကြီးက တို.အတွက်တော့မလှူနဲ. မြန်မာပြည် ပညာရေး အစရှိတဲ့ လူမှုကူညီရေး ပရဟိတအလှူအဖြစ် လှူပါလို. ပြောထားပါတယ်။

ဒီတစ်နှစ် သူတို.စုထားတာ သိန်းတစ်ရာ နီးပါးလောက် ရှိနေပါတယ်။ ဒါနဲ. ဒီငွေ ဘယ်လို ကဏ္ဍတွေမှာ ဘယ်လိုသုံးမလဲ စဉ်းစားကြပါတယ်။ ဘုန်းကြီးက သူတို.ကို မြန်မာပြည်ရဲ. အခြေအနေကို ပြောပြပါတယ်။ မြန်မာပြည်မှာ သိပ်ချမ်းသာတဲ့ မိဘတွေက သားသမီးကို နိုင်ငံရပ်ခြားကို ပို.လွှတ် ပညာသင်ပေးတာရှိတယ်။ တစ်ချို.က ပြည်တွင်းမှာဆိုပေမယ့် သားသမီးတွေကို အင်တာနေရှင်နယ်ကျောင်း၊ အိုင်အယ်လ်ဘီစီ စသည်မှာ ထားတယ်။ တစ်ချို.က ဘော်ဒါ တစ်ချို.က ဝိုင်း တစ်ချို. ကျူရှင်ကောင်းကောင်း စသည်ပေါ့လေ။ အဲဒီလို တတ်နိုင်တဲ့လူတွေအတွက်ကတော့ မလိုတော့ဘူး။

သို.သော် မိဘက ဆင်းရဲလွန်းလို. ကျောင်းကို မနေရတဲ့ ကလေးတွေ လုံးဝ ပညာသင်ခွင့်မရရှာတဲ့ ကလေးတွေ ရန်ကုန်လို. မြို.ကြီှးမှာတောင် အရေအတွက် မနည်းပါဘူး။ အဲဒီလို ကလေးမျိုးတွေကို ဦးတည်ပြီး ကူညီဖို.။ ဆယ်တန်းအောင်မှ ဘွဲ.ရမှ မဟုတ်ပါ။ ဘွဲ.လက်မှတ်သာရပြီး ဘာမှ သေသေချာချာ မသိမတတ်သူတွေ လူစွမ်းလူစ လုပ်ရည်ကိုင်ရည် ညံ့ဖျင်းပြီး အဖြစ်မရှိသူများ အများအပြားရှိကြောင်း။ ဒါကြောင့်

(၁) အခြေခံ

စိတ်ထားကောင်းအောင် အသိအလိမ္မာ ရှိအောင်။ အသက်မွေးမှု အတတ် ပညာတစ်ခုခု ဂဃနဏ တတ်မြောက်အောင် ကိုယ့်ကိုယ်ကို ယုံကြည် အားကိုးမှုရှိစေတဲ့ ပညာရေး ဘယ်လိုပေးမလဲ ဆိုတာကို နည်းလမ်းရှာ ကူညီရန်

(၂) ပါရမီရှင်

အဲဒီကလေးတွေထဲက တစ်ရာမှာတစ်ယောက်ဆိုတာလို အင်မတန် ထူးချွန် ထက်မြက်သူများ တွေ.ပါက ကျောင်းထားပေးပြီး အထူးတလည် စောင့်ရှောက် မြေတောင်မြှောက်ပေးရန်။ (အနုပညာ၊ အားကစား စသည်လည်း နည်းတူ)

(၃) ပညာတော်သင်

အထက်တန်းစာမေးပွဲ ထူးချွန်စွာ အောင်မြင်ပါလျက် တက္ကသိုလ်တက်ရန် ငွေ အခက်အခဲရှိသော ကျောင်းသားများအတွက် ပညာတော်သင်ဆု ငွေပဒေသာပင် စိုက်ထူထားရန်။

(၄) နိုင်ငံခြား ပညာသင်

ကိုရီးယားနိုင်ငံတွင် မိမိစားရိတ်ဖြင့် ကျောင်းတက်လိုသူများရှိပါက ပွဲစားခ ငွေကုန်ကြေးကျ မရှိစေဖို. အခမဲ့တာဝန်ယူ ဆောင်ရွက်ပေးရန်။

(၅) စားရမဲ့ သောက်ရမဲ့ အားကိုးရာမဲ့ ကလေးနှင့် လူအိုများကို အစားအသောက်နှင့် အဝတ်အထည်စသည် ကျွေးမွေးထောက်ပံ့ရန် လိုလားကြောင်း အဆိုပြုပေးခဲ့ပါတယ်။

ဓမ္မယာန ကိုရီးယားယောဂီအဖွဲ.တော့ ဖြစ်မြောက်သွားပြီ။ တစ်ဆက်တည်း ဘုန်းကြီးတို. မြန်မာ ဒကာဒကာမများလည်း အဖွဲ.အစည်းတည်ထောင်ပြီး ပရဟိတ တတ်စွမ်းသမျှ လုပ်ကြဖို. တိုက်တွန်းခဲ့ပါတယ်။ ဘုန်းကြီး ကိုရီးယား မရောက်ခင်က အဖွဲ. ဖွဲ.စည်းဖူးသော်လည်း ဖွဲ.လိုက်ပျက်လိုက်နဲ. နှစ်ကြိမ်သုံးကြိမ်ရှိပြီလို. ဒကာတွေ ပြောတာ ပြန်ကြားသိရပါတယ်။ အတွေးအခေါ်ရှိရှိ ခံယူချက်မှန်မှန် ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ. စိတ်တူ ဆန္ဒတူ အသိတူ ညီမျှတဲ့ စွန်းကြဲမှုနဲ. ကြိုးစားကြရင် ဖြစ်မှာ ပါ။ ဘုန်းကြီးလည်း ဝိုင်းပါ့မယ်လို. တိုက်တိုက်တွန်းတွန်း နဲ. (၁၂-၁၂-၁၀) တနင်္ဂနွေနေ.မှာ အသင်းကို စတင် ဖွဲ.စည်းဖြစ်ခဲ့ပါတော့တယ်။

အဖွဲ.နာမည်ရွေးကြတဲ့အခါ မဇ္ဈိမယာန ကို အကြိုက်များလို. “မဇ္ဈိမယာနအဖွဲ.”

THE ORGANIZATION FOR PRATICAL MIDDLE WAY (OPMW) လို. အမည်ပေးခဲ့ကြပါတယ်။ (၂၆-၁၂-၁၀)မှာတော့ ဂွမ်ဂျူးကဒကာတွေ စုပေါင်း အသင်းဝင်အခမ်းအနား ဂွမ်ဂျူးမြို. ခီလ်ဆန်းင်ဆာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဘူဖျောင်းမှာတော့ ဒကာခင်လှိုင်ဆီမှာ ဖောင်ပို.ထားပြီး ဘုန်းကြီးနှင့် စပ်ရာ ဒကာဒကာမများကို အကြောင်းကြားထားလိုက်ပါတယ်။ အီဝါ မိန်းခလေး တက္ကသိုလ်မှာ ပီအိတ်ခ်ျဒီ လုပ်နေတဲ့ ဆရာမ ရွှေမာသန်းနဲ. ဆိုးလ် ဗိုးရီးဆူးရိပ်သာမှာတွေ.လို. စကားပြောရင်း သူကလည်း အားရဝမ်းသာ “တပည့်တော်နဲ. ရည်ရွယ်ချက် တူတယ်ဘုရား။ တပည့်တော်လည်း အဖွဲ. ဝင်မယ်”ဆိုပြီး အသင်းဝင်ပုံစံ ကိုရှေ.တွင်ဖြည့်ပြီး အဖွဲ.ဝင်ခဲ့လို. ဝမ်းမြောက် ကြည်နူးမိပါတယ်။ မြန်မာပြည်ပြန်ရောက်ရင်လည်း အကြောင်းညီညွတ်ရင် ပရဟိတ လုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်ကြဖို. ပြောဆိုဖြစ်ကြပါသေးတယ်။

အဖွဲ.အစည်းဖွဲ.ဖို. ဒကာတွေကို ဆော်သြနေတာတော့ ကြာပါပြီ။ ဒကာတွေလည်း တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်တောင် ပုံမှန် နားကြရတာ မဟုတ်တော့ စိတ်သွားတိုင်း ကိုယ်ပါ မဖြစ်နိုင်ကြရှာပါဘူး။ ဒီအချိန်မှာ မမျှော်လင့်ပဲ ကိုရီးယား “ဓမ္မယာန” အဖွဲ.က တရားဝင်မှတ်ပုံတင်နဲ. ဖြစ်လာတော့ ဘုန်းကြီးလည်း မြန်မာအဖွဲ. ဖြစ်အောင်ဖွဲ.ဖို. တိုက်တိုက်တွန်းတွန်း လုပ်ဖြစ် သွားတာမို.လို “မဇ္ဈိမယာန”အဖွဲ. ရဲ. မြစ်ဖျားခံရာသည် “ဓမ္မယာန” အဖွဲ.လို. ပြောရင်လည်း မမှားပါဘူး။ မြစ်ဖျားခံရာက စတော့စလိုက်ပြီ။ အဖြစ်ရှိအောင် လုပ်ဖို. ရည်ရှည်တည်တံ့အောင်လုပ်ဖို. အစွမ်းကုန်ကြိုးစားရပါဦးမည်။

အာရမ္ဘ၊ နိက္ကမနှင့် ပရက္ကမတဲ့ ဝီရိယသုံးဖြာ

များသတ္တာ သိဒ္ဓိပြီးအောင် ပွားကြစေရာ။

တို. အမျိုးသား ရွှေမြန်မာ

ကိုးကွယ်တာ ရတနာ “သုံး” ပေမို.

လောင်းမြတ်စွာ ပါရမီခရီးကို

စံပြုကာ နည်ယူမှီးကြပါစို.ကွယ်။

ပွားစေရာ ဝီရိယသုံးကို

စိတ်ကြီးဝင် အားကုန်ရုန်းလိုက်မယ်။

ကျုံးလိုက် ရွှေဘုန်း။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More