ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ ပြည်တော်ဦး ကထိန်အောင်ပွဲ အခမ်းအနား ဖိတ်ကြားလွှာ ~ pyidawoo

Pages

Sunday, October 31, 2010

ပြည်တော်ဦး ကထိန်အောင်ပွဲ အခမ်းအနား ဖိတ်ကြားလွှာ

. ကထိန်အောင်ပွဲ မင်္ဂလာ။

ဖူဆန်းနှင့် ကင်မ်ဟဲနေ ဒကာဒကာမတို.၏ ပစ္စယဒါနနှင့် ဘူဖျောင်းမှ မြန်မာသံဃာတော် အရှင်မြတ်တို.၏ ကံဆောင်ချီးမြှောက်မှုဖြင့် ၂၄-၁၀-၁၀ ရက်နေ.တွင် ဝိနည်းကံဆောင်၍ ဖူဆန်း ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်၌ ကထိန်ခင်းပြီးဖြစ်ပါသည်။

ယခုအခါ ဒကာဒကာမအပေါင်းတို.က သဒ္ဓါကြည်လင် ဉာဏ်နှင့်ယှဉ်၍ ကုသိုလ်အထူး ဆည်းပူးလိုပါသဖြင့် ကံဆောင်သံဃာအရှင်မြတ်တို.ကို ပင့်ဆောင်၍ ကထိန်အောင်ပွဲ မင်္ဂလာ အခမ်းအနားကို ကျင်းပမည်ဖြစ်ရာ

၁။ (ဘူဖျောင်း) ဓမ္မဒူတ ဆရာတော် ဒေါက်တာနန္ဒက

၂။ (ဆိုးလ်) ဘိုးရီဆူး ရိပ်သာဆရာတော် ဥုးဗုဒ္ဓရက္ခိတ နှင့် ဥုးဓိရဝံသ(ကိုရီးယားဘုန်းတော်ကြီးများ)

၃။ (ဒဲဂူး) စိတ္တသုခကျောင်းဆရာတော် ဥုးဝိစိတ္တ

၎။ (ဘူဖျောင်း) ဗုဒ္ဓသာသနာပြုကျောင်းဆရာတော် ဥုးဥတ္တရ

၅။ (ဖူဆန်း) ဂျောန်ဒူင်းဆာ ဆရာတော် (ကိုရီးယားဘုန်းတော်ကြီး) တို. ကြွရောက်ချီးမြှင့်ကြမည်ဖြစ်ပါသည်။

ကင်မ်ဟဲမှ ဒကာဒကာမများက သံဃာတော်အရှင်မြတ်တို.ကို ဆွမ်းဆက်ကပ်လှူဒါန်း၍ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်တို.အား မြန်မာထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေး အာဟာရဒါန ပြုကြမည်ဖြစ်ပါသည်။

ကြားသိသမျှ ဒကာဒကာမတို. မိမိတို. ပြုကြသည့် ကုသိုလ်အစုကို တရားတော်နာယူ၍ အနုမောဒနာပြုနိုင်ရန် ဖိတ်ကြားအပ်ပါသည်။

နေ.ရက် (၇-၁၁-၁၀) တနင်္ဂနွေနေ.

အချိန် ၁၁နာရီ ဆွမ်းကပ် ။ ဧည့်ခံ။

နေ. ၂နာရီ တရားနာ

နေရာ ---------부산 불교 신도 회관 ၆ထပ်

လမ်းညွှန်--------시청역7번출구

city hall ဘူတာ နံပါတ် ၇ ဂိတ်မှထွက်၍ ဂိတ်ပေါက် ဝမှ ပလက်ဖောင်းအတိုင်း ၃ မိနစ်ခန်. အကွာရှိ ၇ထပ်တိုက်(부산 불교 신도 회관 ရွှေစာလုံးထိုးစာတန်းရှိ)။ ဓါတ်လှေကားဖြင့် ၅ထပ်ထိတက်ပြီး ဘိနပ်ချွတ်ထားခဲ့၍ ၆ထပ် ဓမ္မာရုံသို. ကြွရောက်ကြပါရန်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More