ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ န၀မကြိမ်မြောက် အလှူတော်မင်္ဂလာ ~ pyidawoo

Pages

Friday, December 10, 2010

န၀မကြိမ်မြောက် အလှူတော်မင်္ဂလာ

နိဗ္ဗာန်အကျိုးမျှော် တရားတော်နာ ဖိတ်ကြားလွှာ

ဖူဆန်မြို့ရှိ မြန်မာ-ကိုရီးယား ပြည်တော်ဦးကျောင်းတိုက်၊ ပြည်တော်ဦးဆရာတော်မှ လစဉ် ဓမ္မဒါန တရားပွဲကို ဦးစီးကျင်းပလျက်ရှိရာ ယခုဆိုလျင် န၀မကြိမ်မြောက် ရောက်ရှိခဲ့လာပါပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခုအပတ် (၁၂.၁၂.၂၀၁၀) တနင်္ဂနွေနေ့တွင် တရားပွဲကို ထပ်မံ ကျင်းပသွားမည် ဖြစ်ပါသဖြင့် တရားတော်နာကြွရောက်ကြပါရန် ရိုသေလေးစားစွာဖြင့် ဖိတ်မန္တကပြုအပ်ပါသည်။
ထို့ပြင် အလှူရှင်ဖြစ်သော ကိုလင်းလင်း+မ၀င်းအိဖြူ(တုံတုံ) တို့မှ အာဟာရဒါန ထမင်း၊ဟင်း ဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသဖြင့် ၁၂,၁၂,၂၀၁၀ (တနင်္ဂနွေနေ့)၌ ဧည့်ပရိသတ်များအား ကြွရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ထို့နေ့၌ ရွှေမြန်မာများ စုဝေး၍
အစည်းအဝေးပြုလုပ်မည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ ကြွရောက် နားဆင်နိုင်ပါသည်။

အလှူနေ့ရက်........................၁၂.၁၂.၂၀၁၀ (တနင်္ဂနွေနေ့)
ဧည့်ခံကျွေးမွေးချိန်...................မနက် ၉း၃၀ မှ ၁၂း၀၀ နာရီအထိ။
အစည်းအဝေးအချိန်..................နေ့လည် ၁၂း၃၀နာရီမှ ၁း၃၀နာရီ အထိ။
တရားနာ..............................နေ့လည် ၂နာရီ
နေရာ..................................부산불교신도회관 ၆ ထပ်
လမ်းညွှန်..............................시청역နံပါတ် ၇ ထွက်ပေါက်(မြေအောက်ရထားနံပါတ် ၁ လိုင်း)


ရေးသူ- နန္ဒာ (ဧကမ္ဘာ)



0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More