ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ ဆဋ္ဌမအကြိမ် ဖူဆန်းတရားပွဲ(ချုးဆော့က်) ~ pyidawoo

Pages

Sunday, September 12, 2010

ဆဋ္ဌမအကြိမ် ဖူဆန်းတရားပွဲ(ချုးဆော့က်)

... ဖူဆန်းတရားပွဲ နေ.ရက်၊ နေရာ အပြောင်းအလဲနှင့် လမ်းညွှန်

တရားပွဲကို ကျင်းပမြဲ တတိယ တနင်္ဂနွေနေ. အစား ဓမ္မမာမက ရွှေမြန်မာအားလုံး လာရောက်နိုင်ရန် ချူးဆော့ပိတ်ရက် ၂၃-၉-၁၀ ကာသပတေးနေ. နေ.(၂)နာရီ အချိန်တွင် ဆောဒဲရှင်းဒုံင် ဂျောန်ဒုံးင်ဆာ ကျောင်း၌ ကျင်းပပြုလုပ် ပါမည်။
ယခင် တရားပွဲကျင်းပရာ ဗုဒ္ဓဘာသာ အသင်းတိုက်မှာ ချုးဆော့က် ပိတ်ရက် အတွင်း သက်ဆိုင်သူအားလုံး မိဘရပ်ဋ္ဌာန် ပြန်ရောက်နေကြ၍ အသုံးပြုဖို.ရန် အခက်အခဲ ရှိနေသောကြောင့် ဖြစ်ပါသည်။
ယခုကျောင်းသည်လည်း ပြည်တော်ဦးဆရာတော်ကို ပထမဆုံးအကြိမ် ကိုရီးယားသို. ပင့်ဆောင်၍ မိဘသဖွယ်စောင့်ရှောက်ခဲ့သော မြန်မာအပေါ် အင်မတန် သံယောဇဉ်ကြီးသည့် ဟန်ဘိုကွမ်းဘုန်းတော်ကြီး၏ ကျောင်းဖြစ်ပါသဖြင့် လွတ်လပ်ငြိမ်းချမ်းစွာ ကုသိုလ်ဆည်းပူးနိုင်သော နေရာကောင်း တစ်ခုဖြစ်ပါသည်။

မြေအောက်ရထား နံပါတ် (၁)လိုင်း 서대신동 역 ဂိတ်နံပါတ် (၃)မှ ထွက်ရန်
ထွက်ပေါက်ဘယ်ဘက်ကပ်လျက် ပလက်ဖောင်းအတိုင်း အထက်သို. မိနစ်ဝက်ခန်.လျှောက်ပြီး ပထမဆုံး ညာချိုးသည့်လမ်းသွယ်အတိုင်း လျှောက်လျှင် ၅မိနစ် အတွင်းရောက်ပါသည်။

လိပ်စာ
578# 전등사 (보타원)
부산시 서구 서대신동 3가
051-243-0048~9

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More