ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ ဖူဆန်း ပြည်တော်ဦး ဝါဆိုသင်္ကန်းကပ်လှူပွဲ ~ pyidawoo

Pages

Sunday, July 3, 2011

ဖူဆန်း ပြည်တော်ဦး ဝါဆိုသင်္ကန်းကပ်လှူပွဲ

၁၃၇၃-ခု ဝါဆို သင်္ကန်းကပ်လှူပွဲ



(၃-၇-၁၁) ဖူဆန်း ပြည်တော်ဦး ဗုဒ္ဓသာသနာရိပ်မွန်၏ ဝါဆိုသင်္ကန်းကပ်လှူပွဲကို မြန်မာနှစ် ၁၃၇၃ခု ဝါဆိုလဆန်း ၃ရက် တနင်္ဂနွေနေ.က ဖူဆန်း ဗုဒ္ဓဘာသာ အသင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။



အလှူတော်မင်္ဂလာ အခမ်းအနားသို. ကိုရီးယား ထေရဝါဒသာသနာပိုင် ထဲဂျုံးဆာ ဆရာတော် 도성 큰 스님, ဘူဖျောင်း ဓမ္မဒူတကျောင်း ဆရာတော် ဒေါက်တာနန္ဒက၊ ဗောဓိရိပ်သာဆရာတော် ဥုးဗုဒ္ဓရက္ခိတ၊ ဒယ်ဂူး စိတ္တသုခကျောင်းဆရာတော် ဥုးဝိစိတ္တ၊ ကင်မ်ဟဲ ယောယောဂျောန်ဆာ 불교대학 주지 도명 스님, ကျောင်းနေ ကိုရီးယား ရဟန်းတော်တစ်ပါး ပေါင်း ပင့်သံဃာ (၆)ပါးနှင့် ပြည်တော်ဦး ဆရာတော် အပါအဝင် သံဃာ(၇)ပါး ကြွရောက်ချီးမြှင့်ခဲ့ကြပါသည်။



ကိုရိးယား ကျောင်းဒကာဒကာမများ၊ ယောဂီများနှင့် ဖူဆန်း၊ကင်မ်ဟဲ၊ ဂျင်န်ယိုးင်၊ ချန်ဝန်း၊ မာဆန်း၊ ယာင်ဆန်း၊ အူလ်ဆန်း၊ ဂရောင်ဂျူး၊ ဒယ်ဂူး၊ ဂွမ်ဂျူးမှ အလှူရှင် ဒကာဒကာမ ၂၅၀နီးပါးခန်. လာရောက်ခဲ့ကြပြီး ဝါဆိုသင်္ကန်း ကပ်လှူပွဲကို အမိမြန်မာပြည်၌ ကဲ့သို.ပင် ကြီးကျယ် ခမ်းနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပါသည်။



ဘော့ဘို သတင်းစာမှ သတင်းထောက်က လာရောက် သတင်းရယူခဲ့ပြီး ကိုရီးယား လူမျိုးများ၏ ရင်တွင်းသို.ပင် ပီတိလှိုင်း တဖြတ်ဖြတ် ရိုက်ခတ်လောက်အောင် ပြင်းထန်အားကြီးလှသော မြန်မာတို.၏သဒ္ဓါတရားကို လေးစားအားကျကြောင်း ပြောဆိုခဲ့ပါသည်။








0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More