ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။ ~ pyidawoo

Pages

Friday, August 9, 2013

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။


တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို ၂၀၁၀ခု ၂လပိုင်း ၃ရက်နေ.မှာ စတင် တည်ထောင်ခဲ့ပါတယ်။
ကိုရီးယား လူမျိုးများအတွက်သာမက ဖူဆန်း ကင်မ်ဟဲ ယန်ဆန်း အူလ်ဆန်း ချန်ဝမ်းတစ်ဝိုက်က ရွှေမြန်မာတွေနဲ. ပညာတော်သင် ကျောင်းသားတွေအတွက် ဘာသာရေး လူမှုရေး ပညာရေး အစစ အရာရာ မှီိခိုအားထားရာ နေရာတစ်ခုအဖြစ် ပေးဆပ်ခွင့်ရနေတဲ့အတွက် အထူးကြည်နူး အားရမိပါတယ်။

၂၀၁၂-၆-၁၇ရက်နေ.မှာ ကိုရီးယားယောဂီ တစ်ယောက်ရဲ. ကောင်းမှုအဖြစ် ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန် အမှတ်(၂)ကို တည်ထောင်ဖွင့်လှစ်ပြီး ကိုးရီးယားမြန်မာ ဒကာဒကာမများရဲ. လောကီ လောကုတ္တရာ နှစ်ဖြာစီးပွား အကျိုးများမည့် အရေးအရာမှန်သမျှ ဆထက် ထမ်းပိုးတိုး၍ ချမ်းချမ်းသာသာ ဆောင်ရွက်ခွင့် ရလာတဲ့အတွက် ဝမ်းမြောက် ကြည်နူး အထူးပဲ ရွှင်လန်းအားတက်ခဲ့ပါတယ်။

ဒါတင်မကပဲ ၂၀၁၃-၁-၂၃ ရက်မှာတော့ ကင်မ်ဟဲမြို.မှာ လေးထပ်တိုက်တစ်လုံးရဲ. ၃ထပ်နဲ.၄ထပ် နှစ်ထပ်စလုံးကို ငွေသိန်းတစ်ရာလေးဆယ် စပေါ်တင်ပြီး ဒီနယ်တဝိုက်ကို ရောက်လာတဲ့ ရွှေမြန်မာ အားလုံးအတွက် မိဘအိမ်သဖွယ် လွတ်လပ်စွာ နားခိုနေထိုင်ဖို.ရာ ကင်မ်ဟဲ ဓမ္မယာနပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို တည်ထောင်ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။

အခုလည်း ချောလာဒို ဂွမ်းဂျူးမှာ ရွှေမြန်မာများအတွက် အားထားရာ မြန်မာကျောင်း တစ်နေရာ ထပ်မံ ဖြစ်ပေါ်လာပါတော့မည်။ အစပျိုးလာတာကတော့ ဒီလိုပါ၊။
၂၀၁၀ခုနှစ် ကတည်းက ဂွမ်ဂျုးကို လတစ်လရဲ. ဒုတိယ တနင်္ဂနွေနေ.တိုင်း ခီလ်ဆန်းင်ဆာဆိုတဲ့ ကိုရီးယားကျောင်းက တရားပွဲပင့်လို. သွားရင်း မြန်မာလူမျိုးတွေနဲ. တွေ.ခဲ့ပါတယ်။ အဲဒ်ီကတည်းက မြန်မာတွေအတွက် မြန်မာတရား ကိုးရီးယားတွေအတွက် ကိုးရီးယားတရား တစ်နေရာ တစ်ထိုင်တည်းမှာ တရားနှစ်ပွဲ ဟောပေးရင်း မြေစမ်းခရမ်းပျိုး သာသနာပြု စခန်း တောတိုးရင်း ရမ်းသန်းသွားနေခဲ့တာပါ။ ဒီလိုနဲ. မကြာပါဘူး ရွှေမြန်မာတွေရဲ. သဒ္ဓါတရားက တရားနာရရုံနဲ. ပြီးမသွားဘူး ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပြီး ဘုန်းဘုန်းကို ဆွမ်းကပ် အလှူပေး တရားနာချင်ပါတယ်။ ကိုးရီးကျောင်းမှာ မလွတ်လပ်လို. တပည့်တော်တို. စက်ရုံမှာ ကပ်မယ် ကြွပေးပါဘုရားဆိုတာနဲ. အောင်ကိုကိုတို. စက်ရုံမှာ လစဉ်ဆွမ်းကပ်တရားနာ အလှူအနုမောဒနာ ပြုပေးလာတာ အခုဆို နှစ်နဲ.ချီပြီပေါ့။ အခု အထက်ပြောင်းသွားကြတဲ့ ရဲသီဟ ကျော်လှိုင်ထွန်း ကျော်စွာ ခင်လှိုင် စတဲ့ ဒကာတွေ ဒယ်ဂူးရောက်သွားတဲ့ လွိုင်ကော်မောင်စိုင်းတို.တစ်တွေ အားလုံးအတူ စခဲ့ကြတဲ့ ကုသိုလ်ရေစက်ပေါ့။
ဂွမ်းဂျုးက လူအင်အားနည်းပေမယ့် သဒ္ဓါအား မမွဲကြဘူး။ ဖူဆန်း ဝါဆိုကထိန်သင်္ကန်း အလှူပွဲဆို ဘတ်စ်ကားစီးလုံးငှားပြီး လာရောက် ပူးပေါင်း ဆောင်ရွက်ကြတယ်။ ဓမ္မယာန မဇ္ဈိမယာနအဖွဲ.ကိုလည်း စဖွဲ.တဲ့ ၂၀၁၀ခု ကနေစလို. အခုချိန်အထိ မပျက်မကွက်ထောက်ပံ့ပြီး မြန်မာကလေးငယ်တွေရဲ. အနာဂါတ်အတွက် ပေးဆပ်ခဲ့ကြပါတယ်။
ဒီလိုနဲ. လူနှစ်ဆယ် အစိတ်နဲ. စခဲ့တဲ့ ဂွမ်းဂျူးလစဉ်မြန်မာတရားပွဲဟာ အခုဆို လူ ငါးဆယ်လောက်ဖြစ်လာနေပါပြီ။ စိတ်ထားကောင်းကောင်းနဲ. စု ရည်ရွယ်ချက် ကောင်းကောင်းနဲ. စုပြီး အလုပ်ကောင်းတွေ လုပ်ကြမယ်ဆို အစုရှိရင် အမှုရှိတယ် ဆိုလည်း ဝမ်းနည်းစရာ အထူးမရှိတော့ပါဘူး။
လူများလာပြန်တော့ စက်ရုံပိုင်ရှင်က မကြည်ပြန်ဘူး။ သူ.ကိုလည်း အဆိုးမဆိုသာ။ သူ.စက်ရုံကလူချည်းပဲဆို သူလည်း ဘာမျှပြောမည်မဟုတ်ပါ။ အခုတော့ ရုံပေါင်းစုံက ရွှေမြန်မာ သူ.စက်ရုံမှာ လာစုကြတာဆိုတော့ ပြောတော့တာပေါ့။ ဒါနဲ. ဘယ်သူမျက်နှာမှ ကြည့်စရာမလို မိဘအိမ်လို နေရာမျိုးဆိုတာလေးက ဂွမ်ဂျုးက တို. ရွှေမြန်မာတွေအတွက်လည်း အငြင်းပွားစရာမလိုအပ်တဲ့ လိုအပ်ချက်တစ်ခု ဖြစ်လို.လာပြန်ပါတယ်။
တစ်ခါ အကြောင်းတိုက်ဆိုင်စွာပဲ ဘုန်းကြီး ဗုဒ္ဓဂယာ ဘုရားဖူးကြွစဉ်က လမ်းညွှန် အဖေါ်ပြုပေးခဲ့တဲ့ ရခိုင်လူမျိုး ဦးဝဏ္ဏကလည်း Phd. ဘွဲ.အရ ဘုန်းကြီးအကူအညီသာရမယ်ဆိုရင် ကိုရီးယားမှာ သာသနာပြုခွင့်ရချင်တယ် ဆိုထားတော့ သူ.ကို ဂွမ်ဂျူးဆရာတော်အဖြစ် ပင့်ထားဖို. ဒကာတွေနဲ. တိုင်ပင်ထားပါတယ်။
မြန်မာ အနောက်တံခါးကို ကာကွယ်ထားတဲ့ ရခိုင် လူမျိုးတွေရဲ. ကျေးဇူးတရားကို လေးစားပူဇော်ခြင်းလည်း အကြောင်းတရား တစ်ပါးအပါအဝင်ပေါ့။ အောင်မြင် ပေါက်မြောက်အောင် ပြန့်ပွားထွန်းကားအောင် လုပ်နိုင်မယ်လို. ရခိုင်လူမျိုးရဲ. ဇွဲလုံ့လကို ယုံကြည်တာလည်း အကြောင်းတစ်ခုကြောင့် အရင်းအချာ သီတင်းသုံးဖေါ်နဲ. တပည့်တွေကို ဖယ်ထားပြီး မကြာခင်ကမှ သိကျွမ်းခဲ့ရတဲ့ ဦးဝဏ္ဏကို ဒီအခွင့်အလမ်း ပေးဖြစ်ခဲ့ပါတယ်။ ဂွမ်းဂျုးက ကိုးရီးယား တပည့်ဒကာဒကာမများကလည်း တတ်စွမ်းသမျှကူညီမယ် အာမခံထား ကြတာကြောင့် မကြာခင် အထမြောက်သွားမှာပါ။ နောင် ဂွမ်းဂျုးရောက်ရင် မပူနဲ. တို.မြန်မာတွေအတွက် အဆောက်အဦမကောင်းသော်လည်း ကိုယ်ထင်ရင် ခုတင် ခြေခြောက်ချောင်း တို.မြန်မာ ရွှေကျောင်းရှိတယ်။ လာသာလာခဲ့ကြပါ။

1 comments:

ဘလော့ဂါကလည်းသူသည်ကိုရီးယားရှိအမျိုးသမီးအများအပြားအားလိင်ပိုင်းဆိုင်ရာစော်ကားသည်ဟုဝန်ခံခဲ့သည်။ 2020.05.08

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More