ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ မဇ္ဈိမယာန/ဓမ္မယာန အဖွဲ့ ~ pyidawoo

Pages

Saturday, February 12, 2011

မဇ္ဈိမယာန/ဓမ္မယာန အဖွဲ့


မဂ်မြင်းပျံ ရှစ်စင်းကတဲ့
ထူးမြတ်လှ သာသနာ့ယာဉ်တော်
မဇ္ဈိမယာန/ဓမ္မယာန ရယ်လို့
သုံးလူရှင်မြတ်ဘုရား
ဟောကြားမှည့်ခေါ်။

တို့ ~ ဘုရားသား သ္မီးတော်
တူပျော်ပျော် ယာဉ်တော်စီးပါလို့
ပြည်နိဗ္ဗာန် ပန်းတိုင်ရောက်အောင်
သွားကြမယ် ပါရမီ ခရီး။

အချိန်ကျပြီကွယ် ~ ပမာဒတွေနဲ့
တွေဝေကာ မနေကြပါနဲ့
နောက်ကျကျန် ချန်မထားချင်ဘူး
ညီညာညာ ယာဉ်တော်ကြီးပေါ်
တက်လှမ်းကာ
ပျော်ပျော်စီးကြပါစို့

သာသနာ့ ဆွေအပေါင်းရယ်
တောင်းဆုစုံ ကြုံသည့်ခိုက်
သိုက်မြိုက်စွာ စု၍ပေါင်း
လိုက်ခဲ့စေကြောင်း။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More