ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ မြန်မာပြည်သို. ပေးစာများ ~ pyidawoo

Pages

Monday, February 28, 2011

မြန်မာပြည်သို. ပေးစာများ

... မဇ္ဈိမယာန/ဓမ္မယာနအဖွဲ.သို. ပေးစာ (၁)
မဇ္ဈိမယာနနှင့်ဓမ္မယာနအဖွဲ.(မြန်မာ)သည် ရန်ကုန် ပြည်တော်ဦး ဗုဒ္ဓသာသနာ့ ရိပ်မွန်၌
အပတ်စဉ် စနေနေ.တိုင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး၊ တနင်္ဂနွေနေ.တိုင်း လူငယ်ဖွံ.ဖြိုးရေး လုပ်ငန်းများကို အစည်းအဝေးဆုံဖြတ်ချက်နှင့်အညီ အကောင်အထည်ဖေါ်လျက်ရှိပါသည်။ မြန်မာပြည်သို. ပေးစာများကဏ္ဍမှာ ထိုအစည်းအဝေးအတွက် အပတ်စဉ်ပို.ပေးနေသော စာများကို ပြန်လည် တင်ပြခြင်း ဖြစ်ပါသည်။

...ဓမ္မယာန/မဇ္ဈိမယာန အဖွဲ.သူ/သားများသို.
2011년 2월 4일 오후 9시 21분

မောက်မာ ခက်ထန် တင်စီး ကြမ်းတမ်းသော မာနနှင့် ဒေါသတရားကိုပယ်ရှား၍ နှိမ့်ချနူးညံ့ မြင့်မြတ်သော မေတ္တာစိတ်ထားဖြင့် အများအကျိုးသယ်ပိုးသူများ ဖြစ်ကြပါစေ။

သိမ်ငယ် အောက်ကျသော စိတ်ထားပယ်ရှား၍ ပညာဦးစီးသည့် မြင့်မားသော အတွေးအခေါ်နှင့် ဖြောင်မတ်မှန်ကန် ဖြုစင်သည့် ခံယူချက်ကြောင့် ခိုင်မာတည်ကြည် ခံ့ငြားသောစိတ်ထားဖြင့် လောက အကျိုး သယ်ပိုးနိုင်သူများ ဖြစ်ကြပါစေ။

ကရုဏာနှင့်ပညာဖြင့် ဆင်းရဲဒုက္ခရောက်နေသူ အားငယ်သူတို.၏ အားကိုးရာ၊ ရိုးသားရဲရင့် ဖြောင့်မတ်မှုဖြင့် အားရှိသူတို.၏ လေးစားယုံကြည်စိတ်ချရာ ဖြစ်ကြပါစေ။

အလုပ်ကို အခွင့်အရေးဟု မြင်နိုင်ပြီး အလုပ်လုပ်ခြင်းဖြင့် မိမိ၏ အတွေးအခေါ် ခံယူချက် ယုံကြည်ချက် ကို အပြောမဟုတ် လက်တွေ.အကောင်အထည်ဖေါ်နိုင်သည့် လုပ်ရည်ကိုင်ရည်ကောင်းသူ ဖြစ်ကြပါစေ။

အလုပ်ဖြင့် မိမိ၏အရည်အချင်းကို မြှင့်တင်နိုင်၍ လူခပ်သိမ်း၏ အသိအမှတ်ပြုမှုကို ခံယူရပြီး ဘာသာရေး လူမှုရေး စီးပွားရေး နိုင်ငံရေး မိမိ သက်ဆိုင်ပါဝင်ခွင့်ရရာ အရေးအရာတိုင်း၌ နောက်လိုက်ငယ်သားတို.၏ အကျိုးစီးပွားကို ရွက်ဆောင်နိုင်သော တာဝန်ယူရဲသော တာဝန်ကျေသော ခေါင်းဆောင်ကောင်းများ ဖြစ်နိုင်ကြပါစေ။

ကိုယ်ရေးကိုယ်တာ အခွင့်အရေးယူစရာ ကြုံသည့်အခါတိုင်း ငြိမ်သက်ငြိမ်းအေးသော (နေက္ခမ္မ) လိုချင်မှုမှ ထွက်မြောက်သည့် စိတ်ထားကိုအားပြုပြီး ကျင့်ဝတ်သိက္ခာနှင့် အရှက်တရားကို ရှေ.ထား၍ လိုအပ်လျှင် အများအတွက် ကိုယ်ကျိုးစွန်. အနစ်နာ ခံနိုင်သူများ ဖြစ်နိုင်ကြပါစေ။

အောင်မြင်မှုများအတွက် မာန်မတက်ဘဲ ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်တတ်သူ၊ ဆုံးရှုံးမှုများအတွက် သူတစ်ပါးကို အပြစ်မတင်တတ်ဘဲ လဲရာကနေ အရင်လူးလဲထ မထနိုင်သူများကို လည်း ဖေးကူထူမ၍ လမ်းစရှာပြီး ရှေ.ဆက်လျှောက်သူများ ဖြစ်ကြပါစေ။

အခက်အခဲများနှင့် ရင်ဆိုင်ရတိုင်း မိမိ၏အရည်အချင်းကို ယုံကြည်အားကိုးသူ၊ ညှိနှိုင်းပေါင်းစပ် အဖြေရှာတတ်သူ၊ အဆင်ပြေချောမွေ.မှုများနှင့် ကြုံတိုင်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှု အကြောင်းစုံ ပေါင်းဆုံမှု၏ ရလဘ် တန်ဖိုးအဖြစ် မြင်တတ်သူ/ဖေါ်ပြတတ်သူများ ဖြစ်ကြပါစေ။

မလွဲမရှောင်သာသော ဆန်.ကျင်ဘက်နှင့် တိုက်ခိုက်မှုများအတွက် စိတ်မပျက်စေရန် မေတ္တာနှင့် ဥပေက္ခာ ရှေ.သွား ဝိပဿနာတည်းဟူသော နားခိုရာ တရားရင်ခွင် ရှိသူများဖြစ်ကြပါစေ။

ကိုယ်စိတ်ချမ်းမြေ့ တရားမွေ. တွေ. သိ နိုင်ပါစေ။
သင်သိ ကျင့်သိ ထိုးထွင်းသိ အသိ စုံပါစေ။
သာသနာအကျိုး မြတ်မြတ်နိုး သယ်ပိုးနိုင်ပါစေ။


မေတ္တာဖြင့်
ပြည်တော်ဦး အရှင်ပဏ္ဍိစ္စ
ပြည်တော်ဦး ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်၊
ဖူဆန်းမြို.၊ တောင်ကိုရီးယားနိုင်ငံ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More