ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ မဇ္ဈိမယာနအဖွဲ. ပထမအကြိမ် စုံညီအစည်းအဝေး ~ pyidawoo

Pages

Friday, February 11, 2011

မဇ္ဈိမယာနအဖွဲ. ပထမအကြိမ် စုံညီအစည်းအဝေး

... ပထမအကြိမ် စုံညီအစည်းအဝေး ဖြစ်မြောက်ရေး

... 2011년 2월 12일 토요일
“မဇ္ဈိမယာနအဖွဲ့ စုံညီအစည်းအဝေး၌ ဆွေးနွေးကြမည့်အကြောင်းအရာများကို အဆိုပြုတင်ပြခြင်း”
၁။ အဖွဲ့၏ အခြေခံမူဝါဒ
၂။ အဖွဲ့၏ ဖွဲ့စည်းပုံ
၃။ အဖွဲ့၏ လုပ်ငန်းစဉ်
(က) မြန်မာနိုင်ငံ
မြန်မာပြည်အတွင်း ပညာရေး ၊ကျန်းမာရေး ၊ လူမှုရေး နှင့် အခြားအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်။
(ခ) ကိုရီးယားနိုင်ငံ
အဖွဲ.ဝင်များ၏ အလုပ်အကိုင်ရှာဖွေရေးနှင့် အခက်အခဲများ ဖြေရှင်းရေး ၊ ကျန်းမာရေး ၊ ပညာရေးထောက်ပံ့မှုများနှင့် အခြားအထွေထွေ ကိစ္စများ ဆောင်ရွက်ရန်

၁။ မဇ္ဈိမယာနအဖွဲ့၏အခြေခံမူဝါဒ
အဖွဲ့စတင်ဖွဲ့စည်းစဉ်က တင်ပြခဲ့သော အခြေခံမူကြမ်းကို ပြန်လည် ဆွေးနွေးရန်
(မူကြမ်းကို နောက်ဆုံးစာမျက်နှာ၌ ပူးတွဲ တင်ပြပါသည်။)

၂။ မဇ္ဈိမယာနအဖွဲ့၏ ဖွဲ့စည်းပုံ
အဖွဲ့ကြီးကို ကျစ်လစ်ခိုင်မာ အရှည်တည်တံ့စေမည့် မှန်ကန်ကောင်းမွန်ပြည့်စုံသော ဖွဲ့စည်းပုံ ဖြစ်ပေါ်လာရေး အတွက် အကြံပြုဆွေးနွေးပေးကြပါရန်။

အဆိုပြုချက်
(က) ၀န်ဆောင်များ ရွေးချယ်ခြင်း
နယ်မြေအလိုက် ၀န်ဆောင်မှူးများ ရွေးချယ်ခြင်း
ဥပမာ- ဖူဆန်ဝန်ဆောင်မှူး၊ ကင်မ်ဟဲဝန်ဆောင်မှူး၊ ဂွမ်ဂျူးဝန်ဆောင်မှူးစသည်၊ ထို့အပြင် စည်းရုံးရေးဝန်ဆောင်၊ ဘဏ္ဍာရေးဝန်ဆောင်၊ စာရင်းစစ်ဝန်ဆောင်၊ သတင်းနှင့် ဆက်သွယ်ရေး ဝန်ဆောင်၊ အလုပ်အကိုင်ရှာဖွေရေးနှင့် အလုပ်သမားရေးရာဝန်ဆောင်၊ (မြန်မာပြည် အသွား/ အပြန် လေယာဉ်လက်မှတ် ၀ယ်ယူရေးစသည်အပါအဝင်)။
ဝန်ဆောင်များတွင် လူငယ်များ နှစ်ဦး (သို့မဟုတ်) သုံးဦး တွဲ၍ လုပ်ဆောင်ရန်

(ခ) အဖွဲ့ဝင်အဖြစ် လက်ခံခြင်းနှင့်ရပ်စဲခြင်း
အဖွဲ့ဝင်ပုံစံ ဖြည့်စွက်တင်သွင်လျှင် ဆရာတော်ဘုရားနှင့် (စုံညီအစည်းအဝေးမှ ရွေးကောက် တင်မြှောက်ထားသော)သက်ဆိုင်ရာ နယ်မြေဝန်ဆောင်မှူးက လက်မှတ်ရေးထိုး အတည်ပြုပေးခြင်းဖြင့် အဖွဲ့ဝင်ဖြစ် လက်ခံသွားကြမည်။
(လူကိုယ်တိုင်သော်လည်းကောင်း၊ စာ/မေးလ်ဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော် လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း) ဝန်ဆောင် တစ်ဦးဦးထံသို့သီးခြား အကြောင်းကြား ထားခြင်း မရှိဘဲ သုံးလဆက်တိုက် အဖွဲ့ဝင် လစဉ်အလှူငွေ ထည့်ဝင်ရန် ပျက်ကွက်ပါက အဖွဲ့ အပေါ် စိတ်ပါဝင်စားမှု မရှိတော့ဟု ယူဆသဖြင့် အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်သည်ဟု ယူဆပါမည်။
အဖွဲ့၏ဂုဏ်သိက္ခာကို ပျက်ပြားစေသော လုပ်ရပ်နှင့် ရာဇဝတ်မှုကျုးလွန်သူ၊ အဖွဲ့၏ မူဝါဒနှင့် ဖွဲ့စည်းပုံကို ဖောက်ဖျက်ကျော်လွန်၍ အလွဲသုံးစားလုပ်သူများကို အဖွဲ့ဝင်အဖြစ်မှ အလို အလျောက် ရပ်စဲပြီးဟု ယူဆပါမည်။

(ဂ) အကျိုးခံစားခွင့်
အဖွဲ.ဝင်သက်တမ်း တစ်နှစ်ပြည့်ပြီးသူများ အကျိုးခံစားခွင့်ရှိစေရန်နှင့် ကိုရီးယားနိုင်ငံတွင် အဖွဲ့ဝင်သူများသည် အဖွဲ့၏လုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်သူ၊ အဖွဲ့ဝင် သက်တမ်း (၂/၃)နှစ် ပြည့်ပြီးသူဖြစ်ပါက ကိုရီးယားတွင်သာမက အမိမြေ၌လည်း အဖွဲ့၏ အကျိုးခံစားခွင့်များကို ခံစားခွင့်ရှိစေနိုင်ရန်။

(ဃ) အခြားလိုအပ်သည်များ အကြံပေးရန်

၃။ မဇ္ဈိမယာနအဖွဲ.၏ လုပ်ငန်းစဉ်

(က ) မြန်မာပြည်၌ အကောင်အထည်ဖော်ရန်
မြန်မာပြည်အတွင်း ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး ကိစ္စများ
- လက်ရှိတွင် ကလေးအဟာရ နှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
- မင်္ဂလာဗျူဟာတွင် ပညာရေး ပဒေသာပင် အလှူငွေ စိုက်ထူလျက်ရှိပါသည်။
- မြန်မာပြည်သို့ ခေတ္တအလည်ပြန်သူများ ၊ အပြီးပြန်သူများ သည် အဖွဲ.နှင့်  ဆက်သွယ်၍ မိမိ ပတ်ဝန်းကျင်ရှိ ရပ်ကွက်ကျေးရွာများတွင် ကလေးအာဟာရနှင့် ပညာပေး လူငယ်ဖွံ.ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ပေးခြင်း
- မင်္ဂလာဗျူဟာတွင် ပညာရေး ပဒေသာပင်ငွေ လှူဒါန်းပေးခြင်း
- အခြားအကြံဥာဏ်များ တင်ပြဆွေးနွေးဆုံးဖြတ်ခြင်း
- ရံပုံငွေ အင်အားတောင့်တင်းလာလျှင်
~ စာကြည့်တိုက်များ ဖွင့်လှစ်ပေးရန်
~ အတိုးနှုန်း သက်သာစွာဖြင့် (အာမခံရှိသူများကို) ငွေအရင်းအနှီးပေးရန်
အခြားလိုအပ်သည်များ အကြံပြုရန်

(ခ)(ကိုရီးယား၌ အကောင်အထည်ဖော်ရန်)
အဖွဲ့သားများ၏ အလုပ်အကိုင်နှင့် အခက်အခဲများ ဖြေရှင်းရေး၊ ကျန်းမာရေး၊ လူမှူရေး၊ ပညာရေး၊ ထောက်ပံ့မှူများ
၁) အလုပ်အကိုင်ရှာဖွေရေးနှင် အခက်အခဲများ ဖြေရှင်းရေး
- အသင်းမှ (노동부)ရုံးနှင့် ဆက်သွယ်၍ စက်ရုံများကို စုံစမ်းထားရှိခြင်း၊ အချင်းချင်း ဆက်သွယ်၍ အလုပ်အကိုင်ရှာဖွေပေးခြင်း။
- အလုပ်ရှာနေချိန်အတွင်း နားနေရန်အခန်း၊ စားစရိတ်ကို အဖွဲ.မှချမှတ်ထားသော စည်းကမ်း နှင့်အညီ ထောက်ပံ့ကူညီပေးရန်၊ (ပြည်တော်ဦးဆရာတော်ဘုရားမှ ထိုကဏ္ဍ အတွက် လစဉ် အလှူငွေ(၁)သိန်း ပါဝင်မတည်)။
ဥပမာ - ကင်မ်ဟဲတွင် အသင့်အသုံးပြုနိုင်သော (GV)ရှိနေပြီး ဖြစ်သည်။ ဂွမ်ဂျူးတွင် အခန်းလိုမလို စဉ်းစားရန်၊
- မြို့ကြီးများတွင် မဇ္ဈိမယာန အဖွဲ.၏ ရုံးခန်းများထားရှိနိုင်ပါက အခက်အခဲများကို ပို၍
ကူညီဖြေရှင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

၂) ကျန်းမာရေး
- အဖွဲ.ဝင်သည် မကျန်းမာ၍သော်၎င်း၊ အလုပ်တွင် ထိခိုက်ဒဏ်ရာရ၍သော်၎င်း ဆေးရုံတက်ရလျှင်- လူုနာစောင့် လိုအပ်ခဲ့လျှင် ထောက်ပံ့ငွေ သတ်မှတ်ပေးသင့်/မသင့်
- ဆေးကုသစရိတ် ငွေ(၅)သိန်း သတ်မှတ်ခဲ့လျှင် အနည်းအများ ဆုံးဖြတ်ပေးရန်
-ကျန်းမာရေးနှင့် ပတ်သတ်သည့် အခြားလိုအပ်ချက်များ အကြံဥာဏ်ပေးရန်

၃) ပညာရေး
-အဖွဲ.ဝင်များ၏ ပညာရေးအတွက် ကွန်ပျူတာသင်တန်းများ ၊ စကားပြောသင်တန်းများ (English/Korean)၊ ဥပဒေသင်တန်း နှင့် အလုပ်သမား အခွင့်အရေး သင်တန်းစသည်များကို အဖွဲ.ဝင်များ လိုလားပါက သင်တန်း ဖြစ်မြောက်ရေးအတွက် တာဝန်ယူ၍ ဆောင်ရွက်ပေးရန်
-အဖွဲ.မှ သင်တန်းစည်းကမ်းများ ထားရှိ၍ သင်တန်းများကိုကြပ်မတ်ကွပ်ကဲရန်

*အဖွဲ.ဝင်များ၏ ထူးချွန်သော သား/သမီးရင်းများ ၊ ညီအကို၊မောင်နှမအရင်းများကို ပညာရေး ထောက်ပံ့မှု အစီအစဉ်
ဥပမာ - (၁၀)တန်းကို ဂုဏ်ထူးများဖြင့် အောင်ခဲ့လျှင် ဆုချပေးရန် ၊ ကိုရီးယားနိုင်ငံတွင် တက္ကသိုလ် တက်လိုလျှင် ကူုညီပေးရန်/ -ကျောင်းတက်လျှင် ပညာသင်စရိတ် ထောက်ပံ့ပေးရန်များ

၎) လူမှုရေး
-အဖွဲ.ဝင်များ၏ ပျော်ပွဲရွှင်ပွဲများ ၊ အားကစားပွဲများ ၊ ခရီးထွက်ခြင်းများကို အဖွဲ.မှ ဦးဆောင်စီစဉ် ကူညီထောက်ပံ့ပေးရန်
-အဖွဲ.သား/သူများနှင့် ကိုရီးယားနိုင်ငံသူ/သား လက်ထပ်ခဲ့လျှင် မင်္ဂလာပွဲ ဖြစ်မြောက်ရေး နှင့် လက်ဖွဲ့ ကူညီထောက်ပံ့ရေး
-အဖွဲ.ဝင်များ နာရေးဖြစ်ပေါ်ခဲ့လျှင် ကူညီထောက်ပံ့ငွေများ ပေးရန်


“မဇ္ဈိမယာန အဖွဲ.(မူကြမ်း)”

အဖွဲ.၏ရည်ရွယ်ချက်။ ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ညွှန်ပြသည့် ဒုက္ခကင်းရာ
နိဗ္ဗာန်ကို ပန်းတိုင်ထား၍ မဂ္ဂင်ရှစ်ပါးကို လမ်းစဉ် အဖြစ် ခံယူလျက် ပါရမီ ဖြစ်ကြောင်း အကျင့်ကောင်း
များကို စွမ်းစွမ်းတမံ ကျင့်သုံးရွက်ဆောင်ရန် ရည်ရွယ်ပြီး တည်ထောင်ဖွဲ့စည်း ပါသည်။

အဖွဲ.၏ အမည်။ ။ မဇ္ဈိမယာန (မဂ္ဂင်ရှစ်ပါး မဇ္ဈိမလမ်းစဉ် ယာဉ်တော်ကြီး)
ORGANIZATION FOR PRACTICAL MIDDLE WAY (OPMW)

အဖွဲ.၏လုပ်ငန်းစဉ်။ ။ အမျိုးဘာသာ သာသနာနှင့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး မည်သည့်
အရေးမဆို ပေါက်မြောက် အောင်မြင်ဖို့ရာ ပညာသည်သာ အခရာဖြစ်သည်။ “ပညာသမာ အာဘာ
နတ္ထိ” ဘုရားဟောလည်းရှိသည်။ “ဆင်းရဲခြင်းမှ ထွက်ရပ်လမ်းသည် ပညာရေးသာဖြစ်သည်”ဟူသော
ပညာရှင်များ၏ သုတေသန ရလဒ်မှန်များ သည်လည်း အထင်အရှား ရှိသည်။ မြန်မာနိုင်ငံ၏
အနာဂါတ်သည် တိုင်းသူပြည်သားတို့၏ ပညာရည်ပေါ်၌ မူတည်နေသည်။ ပညာပါရမီမြောက်
ပညာရေး လုပ်ငန်းများကို ပဓာနပြု၍ ဆက်စပ်ရာရာ ကျန်းမာရေး လူမှုရေး ပရဟိတ လုပ်ငန်းများကို
တိုင်းပြုပြည်ပြု လုပ်ငန်းတွင် အုတ်တစ်ချပ် သဲတစ်ပွင့် အနေအားဖြင့် အားကြိုး မာန်တက်
ဆောင်ရွက်သွားကြမည်။
အဖွဲ.ဝင် အရည်အချင်း။ ။ စိတ်ထားကောင်း၊ အပြောကောင်း၊ ကိုယ်ကျင့်ကောင်း၊ အတွေး
အခေါ်ကောင်း၊ လုပ်ရည်ကိုင်ရည်ကောင်းနှင့် ပြည့်စုံသူ/ဖြည့်ဆည်းသူများ ဖြစ်စေချင်ပါသည်။

အကြံပြုလွှာရေးရန်………………………………………………………………………………….
…………………………………………………………………………………………………… .
…………………………………………………………………………………………………….
…………………………………………………………………………………………………….
…………………………………………………………………………………………………….
…………………………………………………………………………………………………….

မှတ်ချက်။ ။ အထက်ဖော်ပြပါ မည်သည့်အချက်ကိုမဆို အသင်းစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပြုပြင် ပြောင်းလဲ နှုတ်ပယ် ဖြည့်စွက်နိုင်သည်။
အသင်းဖွဲ.စည်းပုံ၊ အသင်းစည်းကမ်း၊ အသင်းရံပုံငွေ၊ အသင်းတိုက်ဖြစ်မြောက်ရေး စသည်ကိုလည်း အညီအညွတ် စည်းဝေးတိုင်ပင်၍ ဆရာတော်၏ သြဝါဒကိုခံယူပြီး အများဆန္ဒနှင့်အညီ သတ်မှတ် ဆောင်ရွက်ကြပါမည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More