ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ ...ကိုရီးယား ပညာသင်ဆု ရသူများ ... ~ pyidawoo

Pages

Wednesday, May 8, 2013

...ကိုရီးယား ပညာသင်ဆု ရသူများ ...

 ...ကိုရီးယား ပညာသင်ဆု ရသူများ
...

ကိုရီးယား ပညာသင်ဆု ရသူများ၁။ မချယ်ရီလင်းလင်း
၂၁နှစ်
ဆယ်တန်း ၄ဘာသာဂုဏ်ထူးရှင်။ အမှတ် ၄၉၆။
Y.U.F.L (B.A. Korean)။
TOPIK LEVEL 4

၂။ မောင်သန်းကျော်ထွန်း
၂၀နှစ်
ဆယ်တန်း ၃ဘာသာဂုဏ်ထူးရှင်။ အမှတ် ၄၅၉။
... Y.U.F.L (3rd year Korean)။
TOPIK LEVEL 4


၃။ မောင်စိုးလွင်လွင်
၂၀နှစ်
ဆယ်တန်း ၄ဘာသာဂုဏ်ထူးရှင်။ အမှတ် ၄၆၀။
Y.U.F.L (3rd year Korean)။
TOPIK LEVEL 4

၎။ မအေးရတနာသန်.
၂၁နှစ်
ဆယ်တန်း ၄ဘာသာဂုဏ်ထူးရှင်။ အမှတ် ၄၆၀။
Y.U.F.L (B.A. Korean)။

TOPIK LEVEL 3
၅။ မောင်ကောင်းသက်ဆွေ
၂၀နှစ်
ဆယ်တန်း ၃ဘာသာဂုဏ်ထူးရှင်။ အမှတ် ၄၆၅။
Y.U.F.L (3rd year Korean)။
TOPIK LEVEL 3

အထက်ပါ ကျောင်းသူ/သား ၅ယောက်သည် PUKYONG NATIONAL UNIVERSITY မှ ချီးမြှင့်သော ၄နှစ်တာ ကျောင်းလခ၊ ကျောင်းဆောင် (နေ/စား) စားရိတ်နှင့် ကျန်းမာရေး အာမခံ ပါဝင်သောပညာသင် အထူးဆုကို ရရှိခဲ့ပါသည်။
ဓမ္မယာနㆍမဇ္ဈိမယာန အဖွဲ.မှ မြန်မာလူငယ်များဧ။် ပညာရေးကို တတ်စွမ်းသမျှ ကူညီပေးရန် လမ်းစဉ်ချထားသည့်အတိုင်း ယခုနှစ်တွင် ၄နှစ်တာ ကိုးရီးယား ပညာသင်ဆု ရရှိရန် တတပ်တအား ဆောင်ရွက်ပေးနိုင်ခဲ့ပါပြီ။ ယခင်က မဟာတန်းများအတွက်သာ ဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ပထမ ဦးဆုံး အကြိမ်အဖြစ် B.A. B.Sc. ဘွဲ. ၄နှစ်ပညာသင်ဆုကို အထူး အခွင့်အရေးရရှိ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ပြည်တော်ဦး မြန်မာ ကိုရီးယား လူငယ်ဖွံဖြိုးရေး ကျောင်းတွင် ၂၀၁၃ မေလ ၃~၅ရက် အထိ ရေးဖြေနှင့် လူတွေ. စာမေးပွဲစစ်ပြီး လက်ရွေးစင် ကျောင်းသူ/သား ၅ယောက်ကို ရွေးချယ်ခဲ့ ခြင်းဖြစ်ပါသည်။ အရွေးခံရသူ ကျောင်းသား/သူ ၅ဦးသည် ယခု ၂၀၁၃ ၉လပိုင်း ဆောင်းဦးရာသီတွင် စတင် ပညာသင်ယူခွင့်ရတော့မည်ဖြစ်ပါသည်။
အရွေးခံရသော ကျောင်းသူ/သားများသည် အခြားသက်တူ ရွယ်တူ အတန်းတူများထက် သာလွန်သော ဝီရိယဖြင့် ပြင်ဆင်သင့်သည်ကို ကြိုတင် ပြင်ဆင်ထားသည့် ရိုးသားကြိုးစားသော ကျောင်းသူ/သားများ ဖြစ်ပါသည်။ သို.ကြောင့်သာလျှင် မိမိရှေ.မှောက်ရောက်လာသည့် အခွင့်အရေးကို မိမိရရ ဆုတ်ကိုင်နိုင်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို.သောသူများသည် နောက်မျိုးဆက်သစ် ညီငယ်ညီမငယ်များအတွက်ပါ စံပြအဖြစ် ပိုအလုပ်လုပ်ခဲ့ကြသောသူများ ဖြစ်သော ကြောင့် ယခုကဲ့သို. အခွင့်အရေး ဖန်တီးပေးခွင့်ရခဲ့ခြင်းကို အဖွဲ.သူအဖွဲ့.သား အားလုံးက ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မုဒိတာပွားနေကြမည် ဖြစ်ပါသည်။
လာမည့်နှစ် နွေဦးစာသင်နှစ်ဝက်တွင်လဲ ၄နှစ်ပညာသင်ဆု ၅ဦး ထပ်မံ ရရှိဦးမည် ဖြစ်ရာ စွမ်းနိုင်သူများ အားလုံးကြိုတင်ပြင်ဆင်ထားပါက ထိုအခွင့်အရေးကို ရယူနိုင်မည် ဖြစ်ကြောင်း ကြိုတင် အသိပေးလိုက်ပါသည်။ ယခုနှစ် ၉လပိုင်းတွင် စတင်လျှောက်ထားနိုင်ပြီး ၁၂လပိုင်းတွင် အပြီးသတ်ရွေးချယ်မည် ဖြစ်ပါသည်။ စာဖတ်ရသူများလည်း ယခုကဲ့သို.သော ပညာပါရမီဖြစ် သတင်းကောင်းကို အခွင့်အရေးရှိသူများ အားလုံးသိခွင့်ရရန် အဆင့်ဆင့် ဆက်လက်မျှဝေပေးကြပါရန် မေတ္တာရပ်ခံပါသည်။
မိမိတို. ဓမ္မယာနㆍမဇ္ဈိမယာန အဖွဲ.အနေဖြင့်လည်း ကိုရိးယားပညာသင်ဆုသာ မက ပညာရည်မြင့်မားသည့် အခြားနိုင်ငံများမှ ပညာသင်ဆုကိုလည်း မြန်မာလူငယ်များ ရရှိစေရန် ဆောင်ရွက်ခွင့်ရလိုပါသည်။ ကမ္ဘာအရပ်ရပ်ရှိ ရွှေမြန်မာများ အနေဖြင့် ထိုကဲ့သို.သော အခွင့်အလမ်းများ ရှိပါက ဆယ်သွယ် အကြောင်းကြားပေးကြစေလိုပါသည်။ သတင်းရပါက ကိုးရီးယားရောက် ဓမ္မယာန ကျောင်းသူ/သားများက အကောင်အထည်ပေါ်အောင် အဖွဲ.နှင့်အတူ ဝိုင်းဝန်း ကြိုးစား ဆောင်ရွက်ကြမည် ဖြစ်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More