ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ ...အများနဲ.မတူ တစ်မူထူးခြား ကိုးရီးယား ~ pyidawoo

Pages

Thursday, May 16, 2013

...အများနဲ.မတူ တစ်မူထူးခြား ကိုးရီးယား

...အများနဲ.မတူ တစ်မူထူးခြား ကိုးရီးယား

... ဗုဒ္ဓနေ./ဗုဒ္ဓမွေးနေ.? ဘုရားအလောင်း သိဒ္ဓ္ဒတ္ထမင်းသား မွေးနေ.?

၁၇-၀၅-၂၀၁၃ မနက်ဖြန်ဆိုရင် ဆော့ကာထန်းန်ရှင်းန်နားလ် 석가탄신날 သကျမွေးနေ. (သာကီမင်းသားဘုရားလောင်းမွေးနေ.)/ ဘူချောနင်းမ် အိုရှင်းန်နားလ် 부처님오신날 ဘုရားကြွလာတော်မူသောနေ. အထိမ်းအမှတ် ဗုဒ္ဓဘာသာပွဲတော်ကို ကိုရီးယားနိုင်ငံတဝှမ်းလုံးမှာ နှစ်စဉ်ကျင်းပမြဲအတိုင်း စည်စည်ကားကား ကျင်းပတော့မှာ ဖြစ်ပါတယ်။ အစိုးရ ရုံးပိတ်ရက်လည်း ဖြစ်ပါတယ်။ မီးပုံးထွန်းပူဇော်မှုက အထင်ကရ ရိုးရားတစ်ခုဖြစ်လို. နေရာတိုင်းမှာ လိုလို အင်မတန်လှပတဲ့ မီးပုံးတွေ စီတန်းချိတ်ဆွဲထားတာကို တွေ.ရပါတယ်။ ဘုန်းကြီးကျောင်းတွေမှာတော့ ကျောင်းလုံးပြည့်ဆိုပါတော့။ ကိုရီးယား ဘုန်းကြီးလောကမှာ ရီစရာအဖြစ်ပြောကြတာ ဒီတစ်ရက် အလှူက ကျောင်းတိုက်ကြီးရဲ. တစ်နှစ်စာ လည်ပတ်စားရိတ်အတွက် လုံလောက်သတဲ့။

ဒီစာမှာ ပြောပြချင်တာက အဲဒီအကြောင်းမဟုတ်ပါ။ အများနဲ. မတူ တစ်မူ ထူးခြားနေတဲ့ ကိုးရီးယား ဗုဒ္ဓနေ. အကြောင်းကို ပြောချင်တာပါ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ. ဗုဒ္ဓနေ.ဆိုပြီးကျင်းပကြတာက VESAK DAY ဝိသာခါနက္ခတ် ယှဉ်တဲ့ လပြည့်နေ. မြန်မာလို ဆိုရင်တော့ ကဆုန်လပြည့် ဗုဒ္ဓနေ.ပါ။ ဒီနှစ် ဆိုရင် ၂၄/၂၅ရက် ၅လ ၂၀၁၃ခု နောက် လာမယ့်အပတ်မှာ ဖြစ်ပါတယ်။ အင်တာနက်စာမျက်နှာတွေမှာ VESAKလို. ရိုက်လိုက်လို.ရှိရင် တကမ္ဘာလုံးမှာ ဗုဒ္ဓနေ.ကျင်းပဖို. ပြင်ဆင်နေတာ ဖိတ်ကြားနေတာတွေ.ရပါလိမ့်မယ်။ ဘုရားအလောင်းတော် ဖွားမြင်ရာ နီပေါနိုင်ငံမှာလည်း ဝိသာခါနက္ခတ်ယှဉ်တဲ့ မေလထဲက လပြည့်နေ.ကိုပဲ ဗုဒ္ဓနေ.အဖြစ် လက်ခံတာပါပဲ။

ကိုရီးယား ဗုဒ္ဓနေ.ကတော့ အများနဲ.မတူ တမူထူးခြား တပတ်စောတဲ့ လဆန်း(၈)ရက် ဖြစ်ပါတယ်။ ဘုရားအလောင်းမွေးနေ.လို. ပြောရအောင်ကလည်း စာပေကျမ်းဂန်အရ အများသဘောတူ လက်ခံကြတာက ဘုရားအလောင်းတော် မွေးနေ. တရားရဘုရားဖြစ်တဲ့နေ. ပရိနိဗ္ဗာန်စံတဲ့နေ. ၃ရက်လုံးဟာ ကဆုန်လပြည့် နေ.ပါ။ ကိုရီးယားဗုဒ္ဓဘာသာက တရုတ်ပြည်ကတဆင့် လာတာဆိုတော့ တရုတ်ပြည်လိုပဲ ဗုဒ္ဓနေ.ကို ကဆုန်လဆန်း (၈)ရက် လို. လက်ခံယူခဲ့တာပါ။ အိန္ဒိယကနေ တရုတ်ပြည်ကို သာသနာအသွားမှာ ဘုရားမွေးနေ. ဘယ်လိုလုပ်ပြီး တပတ်စောသွားတာလည်းဆိုတာတော့ သုတေသန ပညာရှင်တွေ သုတေသန ပြုရမှာပါ။

ဘုန်းကြီးကတော့ ဘာပဲဖြစ်ဖြစ် ဘယ်နေ.ပဲဖြစ်ဖြစ် အရေးမကြီးပါ။ ဘုရားကို ချစ်တဲ့စိတ် မြတ်နို်းလေးစား တန်ဖိုးထားတဲ့စိတ်နဲ. ဘုရားကျေးဇူး ဂုဏ်အထူးကို အောက်မေ့တသ သတိတရ ဖော်ပြတဲ့နေ. အထူးအဖြစ် ကြည်ကြည်နူးနူး ပါဝင် ဓမ္မယာန ယောဂီရှင်တို.နှင့်အတူယှဉ်တွဲ ဓမ္မာနုဓမ္မပတ္တိပူဇော်ပွဲအဖြစ် မနက်ဖြန် ဓမ္မယာန ပြည်တော်ဦး ဗုဒ္ဓရိပ်မွန်မှာ ဗုဒ္ဓနေ.ဆင်နွဲကြပါမယ်။



0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More