ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ ထသွား ပြန်ကြည့် ကျန်ရှိပစ္စည်း ~ pyidawoo

Pages

Sunday, May 16, 2010

ထသွား ပြန်ကြည့် ကျန်ရှိပစ္စည်း

မြန်မာပြည် သယ်ယူပို.ဆောင်ရေး ယာဉ်တွေမှာ တွေ.ရတတ်တဲ့ သတိပေးစကား။ “ထသွား ပြန်ကြည့် ကျန်ရှိပစ္စည်း တာဝန်မယူ”။ ကြီးပွား ချမ်းသာလာတဲ့ နိုင်ငံတွေမှာတော့ ဆားဗစ်စ်ရဲ. သဘာဝနဲ. အထာကျလာတော့ “ပျောက်ဆုံးပစ္စည်း /ကောက်ယူတွေ.ရှိ” ဋ္ဌာန (Lost & Found) ဆိုတာတွေ ဖြစ်လာတာ ရှိပါတယ်။ ဒီလို နိုင်ငံမှာတော့ တာဝန်မယူဆိုတဲ့စကားက တာဝန်မဲ့ရာရောက်လို. ရှက်စရာကောင်း သလိုလည်း ခံယူစရာရှိပေမယ့် ဘုန်းကြီးတို. ဆီမှာတော့ သတိပေးဖေါ်ရတာကိုပဲ ကျေးဇူးတင်လှပါပြီလို. သဘောထားရ မှာပါ။ တကယ်တော့ ယာဉ်ဝန်ထမ်းတင်မက တစ်လှေထဲစီး တစ်ခရီးထဲသွားကြတဲ့ အားလုံး ကိုယ်ကျင့်တရား ကောင်းကြရင် အားလုံးမှာ တာဝန်ရှိပါတယ်။ စောင့်ရှောက်ရမှာပါ။ အကြီးဆုံးတာဝန်ရှိသူက ကာယကံရှင် ဆိုတာ အထူးပြောစရာမလိုပါဘူး။ ဒါပေမယ့် လူဆိုတာ သူသူကိုယ်ကိုယ် မေ့တတ် မှားတတ်ကြပါတယ်။ (အမေ့သားနဲ. အမေ့သမီးတွေမဟုတ်လား)။

ဒီလို စလိုက်တော့ “ဘုန်းကြီး ကတုံးပေါ်ထိပ်ကွက် ခံလိုက်ရပြီထင်တယ်လို တွေးနေကြမလား။ ဘယ်သွားရင်း ဘာတွေမေ့လာပြီး ပြန်မရလို. (စောင်းတရား ထောင်းတရား) တရားတရားနဲ. မတရား ဟောတော့ မှာလား” လို. တွေးနေကြမလား မသိဘူး။ မှန်တာပြောသစ္စာ ပျောက်တာကတော့ အမှန်ပါ။ ဒါပေမယ့် ဒီစာရဲ. ရည်ရွယ်ချက်က တစ်ခြားပါ။ ထသွားပြန်ကြည့်ဆိုတဲ့ ခရီးသွား သတိကို ဘဝခရီး သံသရာ ခရီးမှာလည်း သတိထား အသုံးချနိုင်ရင် အကျိုးများမယ် လို. ပြောချင်တာပါ။ ခရီးသွားရင်း ယာဉ်စီးရာမှာ ထိုင်ရာက အထ ပြန်မကြည့်မိလို. ကျန်ရှိတဲ့ ပစ္စည်းအတွက် မချိတရိဖြစ်ဖူးလား။ ပါးပါးလေးပါ။ သံသရာခရီး ဘဝခရီးမှာ ကာယကံ ဝစီကံ မနောကံ ဆိုတဲ့ ယာဉ်သုံးမျိုး အမြဲစီးနေကြတာပါ။ ပြန်မကြည့်မိရင် ခပ်ပါးပါး ပြဿနာ မဟုတ်ဘူးဆိုတာ “ပစ္စေက ထေရ်အရှင်ကို ခါးကုန်းတာ အတုလိုက် ဟန်လုပ် ပြောင်လို. ဉဏ်အထက်ဆုံး ဧတဒဂ်ရသော်လည်း ခုဉ္ဖုတ္တရာ ခါးကုန်းရတာမျိုး”။ ရဟန္တာကို ပြည့်တန်ဆာလို. နှုတ်သီးဆိုးခဲ့မိလို. အလှအိုး သီရိမာ ပြည့်တန်ဆာ ဖြစ်ရတာမျိုး”။ “ရဟန္တာကို စိတ်နဲ. ပြစ်မှားလိုက်တာ ကျီးယောင်ဆောင်သော ဒေါင်း လို. လူသိများတဲ့ ဘုန်းကညာတစ်ပါး လုံးရာက ပြားရတာမျိုး” တွေ ကြည့်ရင် ခပ်ပါးပါး ပြဿနာမဟုတ်ဘူးဆိုတာ သတိပြုမိမှာပါ။

အတိတ်ဆိုတာ လွန်သွားပြီ ပြီးသွားပြီဆိုတာ မရှိတော့ဘူးဆိုတာ မှန်ပေမယ့် ဘာမှယူစရာ မရှိတော့တာ မဟုတ်ဘူး။ အတိတ်ကနေ မသင်ယူတတ်ရင် ပညာရေးဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒီနေ.ခေတ် လူ. အဖွဲ. အစည်း ပုံစံမျိုး ဖြစ်နိုင်ပါ့မလား။ တစ်နေ. တစ်နေ. ကိုယ် ဘယ်လိုကြံ ဘယ်လိုပြော ဘာတွေလုပ်မိလဲ ကိုယ့်ကိုယ်ကို ပြန်ဖတ် ကိုယ့်ဘဝစာမျက်နှာ ပြန်လှန်ကြည့်ရအောင် အမှားတွေ.ရင် နောင်ကိုရှောင် အမှန်လေးတွေ ဆောင်ထားကြရအောင် “ထသွား ပြန်ကြည့် ကျန်ရှိပစ္စည်း ကုသိုလ်လေလား/အကုသိုလ်လား ကိုယ့်တာဝန်ကိုယ်ယူ သဗ်ဗေ(အောက်က ဗ ရိုက်မရလို. သည်းခံကြပါ သတ်ပုံပညာရှင်တို.) သတ္တ္တာ ကမ္မ္စဿကာ” (မင်းသိင်္ခလည်း သွားရှာပြီ)။ ကျန်ရှိပစ္စည်း~~~။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More