မနေ.က ဆိုးလ်ဗိုးရီးဆူး ဒေါ်ဝံသပါလီက ဖုန်းဆက်ရင်း “ကျောင်းတက်ရတဲ့ အတွေ.အကြုံလေးတွေ ဆက်ရေးပါဦးဘုရား”တဲ့။ အဲဒါလည်း ရေးချင်သေးတယ်။ နောက် အန်းန်ဂုဂ် ဆောန်ဝေါန်မှာ လုပ်တဲ့ ဗုဒ္ဓဘာသာ ပါမောက္ခများအသင်းရဲ. နိုင်ငံတကာ စင်မီနာကို သွားတက်ဖြစ်တယ်။ ဟားဗတ်တက္ကသိုလ်က ဒေါက်တာ ခရစ်စ်တိုဖာကွိးန် နဲ. ဂျပန် တိုင်ဝမ် ကိုရီးယားက ပညာရှင်တွေ စာတမ်းဖတ်သွားကြပါတယ်။ အဓိက အကြောင်းအရာက Engaged Buddhism. ဒါလည်း ရေးရရင်ကောင်းမှာ။ နောက် ဖူဆန်း စစ်ဆေးရုံ ဓမ္မာရုံမှာ ဗုဒ္ဓဟူး စနေ တပတ်နှစ်ကြိမ် တရားစခန်းပတ်လည်း စနိုင်ခဲ့ပြီ။ ဒါလည်း ရေးသင့်တဲ့ကိစ္စ။ စိတ်ထဲက အတွေးကို တစ်ခါတည်း စာစီပေးနို်င်တဲ့ ကွန်ပြူတာ ပေါ်လာရင် သိပ်ကောင်းမှာပဲလို.သာ တောင့်တမိပါတော့တယ်။
အဆုံးမတော့ လမကုန်ခင် အကုန်အစင် စုပေါင်းပြီး လမ်းဆုံက ဂျမ်းဘုံလိုပဲ အကြောင်းစုံကို ပေါင်းဆုံပေးလိုက်ရပါတော့တယ်။
ဒုတိယအပတ်တနင်္ဂနွေနေ.တိုင်း တရားပွဲဆိုပေမယ့် ၉ရက်နေ.မတိုင်ခင် ဂွမ်းဂျူးက ဖုန်းတွေ ဝင်ဝင်လာပါတယ်။ ဘုန်းဘုန်း ဒုတိယအပတ်က ၉ရက်နေ.လား။ ဘုန်းဘုန်း ကြွမှာလားတဲ့။ စောလွန်းလို. ဇဝေဇဝါ ဖြစ်သွားကြတာပါ။ အဲဒီရက်ပိုင်း ကျောင်းစာကများ အလုပ်များနဲ. ဒကာခင်လှိုင်တို.ကိုလည်း အကြောင်းမကြားမိဘူး။ ကိုးရီးယားကျောင်းသားလေးက ကပ္ပိယ ကင်မရာမင်း အဖြစ်နဲ. လိုက်ပို.ပါတယ်။ ကျောင်းရောက်တော့ တို. ရွှေမြန်မာတွေ သိပ်မတွေ.ဘူး။ တရားပွဲစတော့ လူ နှစ်ဆယ် အစိတ်လောက်တော့ ရောက်လာပါတယ်။ တရားကို အဟောတရား အနာတရားသက်သက်ထက်ပိုအောင် လက်တွေ. အားထုတ်ဖြစ်အောင် ဘဝတစ်ခြား တရားတစ်ခြား မဖြစ်ဘဲ ဘဝနဲ.တရား တစ်သားတည်းကျအောင် လုပ်တတ်ဖို. ဇောင်းပေးဟောခဲ့ပါတယ်။ ပြီးတော့ ဒကာတွေ ခီလ်ဆန်းဆာက ဧည့်ခံတဲ့ ကိုရီးယား ကျောင်းထမင်း ကျောင်းဟင်းစား သုံးဆောင်နေတုန်း ကျောင်းဘုန်ကြီးက လိုက်ပြချင်တယ်ဆိုတာနဲ. သူရဲ. ပရဟိတဂေဟာကို ခဏသွားကြည့်ဖြစ်ပါတယ်။ အားကျစရာပါပဲ။ လေးထပ် အဆောက်အဦးမှာ မူကြို၊ လူအိုရံ၊ု health clubအစ ဆံသဆိုင်အဆုံး အကုန် သိမ်းကျုံးလုပ်ထားတာပဲ။
အဲဒီက အပြန် ဒကာတွေနဲ. အတူ တရားထိုင်ကြရအောင်ပြောထားလို. ဓမ္မရုံမှာ ပြန်ဆုံကြပါတယ်။ တရားမထိုင်ဖြစ်ပဲ တရင်းတနှီး လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေး စကားပြောဖြစ်ကြပါတယ်။ ကိုရီးယား ဒကာဒကာမတွေလည်း ဘုန်းကြီးတို.တတွေရဲ. နွေးထွေးတဲ့ ဆရာဒကာ ဆက်ဆံရေးကို အားကျနှစ်ခြိုက် ကြည်ညိုနေကြပါတယ်။ ဓါတ်ပုံတဖျတ်ဖျတ်ရိုက်ပြီး မှတ်တမ်းတင်နေပါတယ်။ ဘုန်းကြီးရဲ. စိတ်ထဲမှာလည်း ကိုယ့်လူမျိုးတွေကို တကယ့်ကို စိတ်ချမ်းသာစေချင် ကြီးပွားတိုးတက်စေချင်တဲ့ မေတ္တာစိတ်အပြည့်ပါ။ ဒကာတွေကို ကြည့်လိုက်တော့လည်း အတူတူပဲ။ ဘုန်းကြီးရဲ. ကောင်းကျိုးကို အင်မတန်လိုလားတယ်ဆိုတာ မျက်လုံးကိုကြည့်လိုက်တာနဲ. သိသာနေပါတယ်။ တရားဟောတဲ့အခါ ဖြစ်တဲ့ အားရကြည်နူးမှုက တစ်မျိုး အခုလို တရင်းတနှီး ဝိုင်ဖွဲ. စကားပြောရင်း ခံစားရတဲ့ ပီတိကတစ်မျိုးပဲ။ ယုံကြည်မှု လုံခြုံစိတ်ချရမှု အပြန်အလှန် လေးစားမှုနဲ. နွေးထွေးတဲ့ မေတ္တာတရားတွေ လွှမ်ခြုံထားတဲ့ မိသားစုစကားဝိုင်းလေးလိုပဲ။ ဘဝမှာ မေ့မရတဲ့ အမှတ်တရနေ.တွေထဲက တစ်နေ. ဖြစ်သွားပါတယ်။ ဘုန်းကြီးတို. မျက်လုံးချင်း အကြည့်ချင်း ဆုံခဲ့ကြပါတယ်။ ချစ်သောမျက်စေ့ဖြင့်~~~~~~
၂၃ရက်နေ. ဖူဆန်း ဒုတိယအကြိမ်တရားပွဲ။ အဲဒီနေ.က ရွာလိုက်တဲ့မိုးကလည်း သည်းသည်းမည်းမည်း။ တရားပွဲပျက်ရောအောက်မေ့နေတာ ရွှေဒကာ ၅၀လောက်တော့ စုမိကြသေးတာပါပဲ။ ဘုန်းကြီးတို. မြန်မာများရဲ. သဒ္ဓါတရားဆိုတာ ဘိုးစဉ်ဘောင်ဆက် မျိုးလိုက်ရိုးလိုက် သွေးထဲက စီးဆင်းလာတာမျိုး မဟုတ်လား။ DAOU စက်ရုံက ဒကာ ၁၁ယောက် စုပေါင်းပြီး ဘုန်းကြီးကိုဆွမ်းကပ် ဧည့်တွေကို မုန်.ဟင်ခါး အာဟာရဒါနပြုကြပါတယ်။ လူ၁၀၀စာ လုပ်ထားတာဆိုတော့ စားလို.သောက်လို.ကို မကုန်ပါဘူး။ လာသမျှ ကိုရီးယား ဒကာဒကာမတွေကိုလည်း မြန်မာရိုးရာ စားစရာအဖြစ် မိတ်ဆက် ကျွေးမွေးခဲ့ပါတယ်။ မိုးထဲလေထဲကိုပဲ ဇွဲကြီးကြီးနဲ. အူလ်ဆန်က ဒကာ ၄ယောက်နဲ. ယာင်ဆန်က ဒကာတွေ ရောက်လာပါသေးတယ်။ ဆွမ်းစားရင်း စကားကောင်းနေလို. အချိုပွဲတောင် စားချိန်မရလိုက်ဘူး။ ပြည်ပရောက် ရွှေတွေ သမဏာနဉ္စဒဿနံ ဆိုတာ ကောင်းကောင်းခံစားကြမိပုံပေါ်ပါတယ်။ ဂွမ်ဂျူးမှာ ခံစားမိတဲ့ ပီတိမျိုး တစ်ခါပြန်ပေါ်လာပါတယ်။
တရားဟောတော့ လုပ်ရင်းကိုင်ရင်း စားသောက်သွားလာရင်း အလုပ်မပျက် အကိုင်မပျက် တရားဖက်တတ်အောင် မေတ္တာပို. အလေ့အထလုပ်ဖို. အဓိက သင်ပေးခဲ့ပါတယ်။ အဲဒီနေ. မနက်က MBC အသံလွှင့်ဌာနက စာအုပ်မိတ်ဆက်မှာ ပါတဲ့ အကြောင်းအရာလေးကိုလည်း ထည့်ပြောပြဖြစ်ခဲ့သေးတယ်။ မျိုးရိုးလိုက်တယ်ဆိုတဲ့ အကြောင်းပါ။ စာရေးသူက သိပ္ပံ ပညာရှင်တစ်ယောက်။ ဇီဝဗေဒနဲ. ဆိုးလ်တက္ကသိုလ်ထွက် ဟားဗတ်က ဒေါက်တာဘွဲ.ရ လူတော်ပါ။ တက္ကသိုလ်လောကမှာ ဆိုးလ်က ကိုရီးယားရဲ. top 1 ဟားဗတ်က ကမ္ဘာ့ နံပါတ်ဝမ်းလေ။ ပြောချင်တာက စိတ်ကုးယဉ်ပြီးလျှောက်ရေးတဲ့ စာမျိုးထက် လက်တွေ. သုတေသနရလဒ်ကို ကောက်ချက်ချရေးတဲ့ စာဖြစ်ကြောင်းပါ။ စာအုပ်နာမည်က 오래된 연장통 (old toolbox) တဲ့။ ဦးဏှောက်နဲ. ဂျီးန် (geneမျိုးရိုးဗီဇ) ကို ရည်ညွှန်းတယ်လို. ယူဆပါတယ်။ လူသားတွေ ဘာကြောင့် လုံခြုံတဲ့ နေရာကို ကြိုက်ကြသလဲ။ ကျောက်ခေတ်လူသား အရိုင်းအစိုင်းဘဝက တိရိစ္ဆန်တွေလိုပဲ ကြီးနိုင်ငယ်ညှင်း လက်ဦးသူ သတ်စားကြတော့ တစ်ယောက်ကို တစ်ယောက် ချောင်းမြောင်း သတ်ဖြတ်ကြရာမှာ တစ်ဘက်လူက ကိုယ့်ကို မမြင်ဘဲ ကိုယ်က လုံခြုံတဲ့ နေရာကနေ တဘက်သားကို မြင်နေရတာ အင်မတန် လုံခြုံတဲ့ ခံစားမှုရသတဲ့။ အဲဒီ ဂျီးန်က အခု မြို.ပြလူ.အဖွဲ.အစည်းကာလအထိ ပါလာတာတဲ့။ အကြောင်းအရာတွေ အများကြီးထဲက ယုန်အကြောင်းကလည်း ပြုံးမိစရာပဲ။ အရဲစွန်.ပြီး ဂူအပြင် ထွက်လာတဲ့ ယုန်တွေ အဖမ်းခံရ အသတ်စားခံရတာများတော့ အကြောက်ကြီးတဲ့ ဂူတွင်းပုန်းယုန်တွေပဲ ကျန်ခဲ့ပြီး အဲဒီယုန် အချင်းချင်း မျိုးဆက်ပွားကြရာက ယုန်ကြောက်လေးတွေ မွေးမွေးလာလိုက်တာ နောက်ဆုံးမတော့ ဂျီးန်(မျိုးရိုးဗီဇ) ကိုက အမြဲတမ်း ကြောက်ကြောက်လန့်လန်. တုန်တုန်ရီရီ ဖြစ်နေတဲ့ ယုန်မျိုး တွေချည်း ဖြစ်သွားသတဲ့။ ဘုန်းကြီးတော့ အဲဒီစာ ဖတ်ပြီး တို.နိုင်ငံ တို.လူမျိုးတွေ ယုန် (လိုလူမျိုး)ဖြစ်သွားရင် ဒုက္ခပဲလို. တွေးပူမိသေးတယ်။ အဲဒါနဲ.စပ်ပြီး ဘုန်းကြီး ကောက်ချက်ချတာကတော့ အင်္ဂလိပ်ကျွန် နှစ်တရာကျော်တာတောင် ရတနာသုံးပါးမပျောက်အောင် ဆောင်နိုင်တဲ့ တို.ဘိုးဘွားတွေရဲ. ဘာသာသွေးက တို.တစ်တွေဆီ မျိုးရိုးလိုက်လာတာဖြစ်ကြောင်းပါ။ ဒါကြောင့် ရေခြားမြေခြား တိုင်းတစ်ပါးရောက်နေပေမယ့် အလုပ်ပင်ပန်း ဘဝကြမ်းပေမယ့် ရွှေမြန်မာတွေ ဘာသာသွေး မအေးကြကြောင်း။ ဒီအကြောင်းကို တဆင့်ကြားရမယ့် ဒီခေတ် ဒကာဒကာမတွေ နောက်မျိုးဆက်တွေဆီလည်း ဒီဘာသာသွေးက ဆက်လက် စီးဆင်းနေမယ်ဆိုတဲ့ အကြောင်းပါ။ ဒီနေ.လည်း ဆရာဒကာ အကြည့်ချင်း ဆုံဖြစ်ခဲ့ကြပါတယ်။ ချစ်သောမျက်စေ့ဖြင့်~~~~~~
တရားပွဲကျင်းပရာ အသင်းတိုက်ဓမ္မာရုံ ဥက္ကဋ္ဌက ၂၅ရက်နေ.မှာ သူကိုးကွယ်တဲ့ 소림사 ဆိုးလင်းမ်ဆာကျောင်းကို တရားပွဲပင့်ပါတယ်။ အဲဒီနေ.က ကျောင်းက ညနေ ၆နာရီမှပြီးလို. ၇နာရီ တရားပွဲ အမှီ သုတ်သီးသုတ်ပြာ သွားခဲ့ရပါတယ်။ သီလ၊သမာဓိ၊ပညာ သိက္ခာသုံးပါးနဲ. ဝီတိက္ကမ၊ပရိယုဋ္ဌာန၊အနုသယ ကိလေသာသုံးပါးအကြောင်း ဟောခဲ့ပါတယ်။ သိတဲ့အတိုင်းပဲ ကိုရီးယားတွေက ဗမာထက်သည်းတယ်လေ။ တရားပွဲပြီးတော့ ဝိုင်းပြီး အလွမ်းသယ်ကြတယ်။ ကျောင်းဒကာကြီးက ကျောင်းပြန်လိုက်ပို.တဲ့အခါ ကျောင်းစောင့်ကျန်ခဲ့တဲ့ ဒကာမကြီးက တရားပွဲအခြေအနေမေးတော့ ဒကာကြီးက “အမလေး တရားပွဲပြီးတော့ ဒကာဒကာမတွေဝိုင်းထားလိုက်တာ မလွတ်တော့ဘူး။ လက်ဆွဲတဲ့လူ ကိုင်ကြည့်ဆုပ်ကြည့်တဲ့သူနဲ. ကြာရင် မျက်နှာပါ ပွတ်ကြည့်မယ့် သဘောရှိတယ်”တဲ့။ အဲဒီနေ.ကတော့ မျက်လုံးတင်မကဘူး လက်တွေပါ ဆုံသွားတော့ အာပတ်တွေ ကျိကျိတက်ကုန်မှာစိုးလို. အတော့်ကို သတိထားနေရပါတယ်။
၂၉ရက် မနေ. စနေနေ.က 국근 부산 병원 법단 ဖူဆန်း စစ်ဆေးရုံ ဓမ္မာရုံမှာ တပတ်နှစ်ကြိမ် တရားစခန်းပတ် ပထမအကြိမ် အဖြစ် စတင်နိုင်ခဲ့ပါတယ်။ ပြည်တော်ဦးမှာ ဗုဒ္ဓဘာသာဧ။် အနှစ်သာရနှင့် ဝိပဿနာတရားတော် ၁၀ ရက် တရားနာပြီးသူတွေအတွက် တပတ်နှစ်ရက် တစ်ရက် နှစ်နာရီခွဲကြာ လက်တွေ. ကျင့်ကြံမှု သင်တန်းပေးတာပါ။ တရားမနာရသေးတဲ့ ယောဂီ အသစ်တွေပါ တိုးလာလို. အစရက်မှာ အတော်မောသွားပါတယ်။ အားလုံး စိတ်ပါလက်ပါ အားတက်သရော ရှိကြလို. တရားဟောရပြရတာ ကြည်နူးအားတက်စရာပါ။
ဒီလထဲမှာ ကျောင်းစာတွေကလည်းများလိုက်တာ။ ကျောင်းပိတ်ခါနီး ပါမောက္ခတွေ အသားကုန် ခိုင်းတော့တာပဲ။ ဒီက ကလေးတွေကို ကိုယ်ကလည်း မယှဉ်နိုင်ဘူး ဖြစ်နေတယ်။ သတင်းအချက်အလက် ရှာဖွေစုဆောင်းတာကို သူတို.က အင်မတန်ကျွမ်းကျင်ကြတယ်။ အိုင်တီခေတ်ထဲကြီးပြင်းလာတဲ့အပြင် အိုင်တီ အထွန်းကားဆုံး နိုင်ငံမှာ မွေးလာတဲ့ သူတွေမဟုတ်လား။ ကိုရီးယားလို ဖတ်ကြရေးကြစို.ဆိုတော့ ကိုယ်က ဆယ်ဆလောက် နောက်ကောက်ကျနေပြန်ရော။ ပြဋ္ဌာန်းစာကိုသင်တာမဟုတ်ဘဲ သက်ဆိုင်ရာ အကြောင်း အရာနဲ. ဆက်စပ်တဲ့ သုတေသနစာတမ်းတွေ၊ ဘာသာရပ်ဆိုင်ရာ လက်တွေ.ကျင့်ထုံးနဲ. ဖြစ်ရပ်တွေ အားနည်းချက် အားသာချက်တွေ၊ မျက်မှောက်ခေတ်အခြေအနေတွေကို အကုန်ရှာဖွေလေ့လာ သုံးသပ်ပြီး ရီပို. ရေးတင်ရတာမျိုး ပရီစင်တေးရှင်းလုပ်ရတာမျိုး ဆိုတော့ တော်တော်ကောင်းတဲ့ သင်ကြားနည်းပါ။ စွမ်းရင် စွမ်းသလောက် အစွမ်းပြနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ဆရာက အခြေခံ သဘောတရားလေး ပြောပြပြီး ကျန်တာ တပည့်က ကိုယ့်ဟာကိုယ် လုပ်ရတာ။
တစ်နေ.က Early Childhood Education က စာတမ်းဖတ်တာ သိပ်စိတ်ဝင်စားစရာကောင်းတာပဲ။ အစ္စရေး(ဂျူး)လူမျိုးတွေ ကမ္ဘာ့လူဦးရေနဲ.ကြည့်ရင် အင်မတန် အေ၇အတွက် နည်းပေမယ့် နိုဘယ်လ် ဆုရသူတွေမှာ ၂၀% ၊ ကမ္ဘာ့ထိပ်တန်း ပညာရှင် စာရင်းမှာ ၃၀%က ဂျူးတွေ ဖြစ်ကြောင်းနဲ. ဂျူးတွေ ကလေး ဘဝကတည်းက ပညာရေးကို ဘယ်လိုလေ့ကျင့် သင်ကြားပေးကြကြောင်းကို သုတေသနပြု တင်ပြသွားတာပါ။ ဘာသာရေးမှာ အဓိက အခြေခံထားပြီး မျိုးရိုး သမိုင်းအစဉ်အလာ ယဉ်ကျေးမှုကို အရိုးစွဲ တန်ဖိုးထားအောင် သင်တယ်။ ငယ်ကတည်းက အတွေးအခေါ် ကောင်းအောင် ၊စဉ်းစား ဆင်ခြင်ဉာဏ် ကောင်းအောင် ဦးတည် သင်ကြားပြီး မိဘနဲ. သားသမီး ဆရာတပည့် ညီအကို မောင်နှမ သူငယ်ချင်း တွေ စကားရည်လု တဲ့ အလေ့ အထလေးတွေ ပျိုးထောင်ပေးတာတွေ.ရတယ်။ ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ သမိုင်းဝင် အဖြစ် အပျက် တွေကို ကလေးတွေကို သေသေချာချာ သိအောင် ပြောပြပြီး “အဖြစ်မှန်ကို ဘယ်တော့မှ မမေ့နဲ. ဒါပေမယ့် ခွင့်လွတ်လိုက်ပါ” လို. သင်သတဲ့။ အင်မတန် အတုယူစရာကောင်းပါတယ်။ ဗမာပြည်က ဘုန်းကြီးပညာရေးနဲ. ခပ်ဆင်ဆင်တူတဲ့ အပိုင်းလေးတွေ ရှိတာလည်း တွေ.ရတယ်။ တော်လည်း တော်ကြ ပါပေရဲ.။ တော်လည်း တော်ထိုက် ပါပေရဲ.လို. ပဲ ပြောချင်ပါတယ်။
ကိုရီးယား ကျောင်းသူကျောင်းသားတွေရဲ. ပညာရည်လည်း အင်မတန်မြင့်ပါတယ်။ မာစတာတန်းတင် မကဘူး။ ပထမနှစ် သင်းခန်းစာတွေလိုက်တက်ကြည့်တော့လည်း သိပ်တော်ကြပါတယ်။ မလုပ်နိုင်တာ သိပ်မရှိဘူး။ အထက်တန်းကျောင်းသား ဘဝကတည်းက ကွန်ပျူတာတွေ ပရိုဂျက်တာတွေနဲ. ပရီစင်တေးရှင်းလုပ်နေတာ အထာကျနေတဲ့ ပုံရှိပါတယ်။ အခုခေတ် ကျောင်းဆိုတာ စာသင်ရုံသက်သက်မဟုတ်တော့ဘဲ အလုပ်ခွင်အတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးတဲ့အထိ လက်တွေဆန်လာတာတွေ.ရပါတယ်။သူတို.လေးတွေ လုပ်တာကိုင်တာကြည့်ပြီး တို.ဆီက ကလေးတွေလည်း ဒီလို အခွင့်အရေးမျိုးရရင် သိပ်ကောင်းမှာလို. တောင့်တမျှော်လင့်မိပါတော့တယ်။
0 comments:
Post a Comment