ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော် တတိယနေ့အောင်ပွဲ ~ pyidawoo

Pages

Saturday, March 27, 2010

ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော် တတိယနေ့အောင်ပွဲ

ယနေ့ဟာ တရားပွဲကျင်းပရာ တတိယမြောက်နေ.ဖြစ်ပါတယ်။ ဒီနေ့ကစပြီး တရားပွဲဟာ တဖြည်းဖြည်းနဲ. ရုပ်လုံးပေါ်လာပါပြီ။
ဘာဖြစ်လို.ဒီစကားကို ပြောရတာလဲဆိုတော့တရားခေါင်းစဉ်က ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ ဆိုတာနဲ.အညီ တရာပွဲမစမှီ နာရီဝက် တရားထိုင်ရမယ့် အစီအစဉ်လေး တစ်ခု တိုးလာလို.ပါပဲ။ အဲဒီတော့တရားပွဲ မစမီ ယောဂီတွေ တရားထိုင် ကြပါတယ်။ ပထမဆုံးနေ.လဲဖြစ်နေ မထိုင်တတ်တဲ.လူတွေလဲ ပါနေတော့ ဘုန်းဘုန်းက ရှေ့ကနေ ထိုင်နည်းကို အနည်းငယ် သင်ပေးရပါသေးတယ်။
ပြီးတော. တရားပွဲးကို စပါတယ်။ ဒီနေ.တော့ ယုံကြည်မှုရဲ. အကြောင်း ရှင်းပြပေးခဲ့ ပါတယ်။ လူတွေဟာ မိမိတို့ သိတဲ.အရာ တွေ.ဖူးတဲ့ အရာတွေကိုတော့ ယုံကြည်ကြ ပေမဲ့ မတွေ့ဘူး မကြားဖူးတာတွေကိုတော့ မယုံကြည်ကြတာဟာ သဘာဝပါ။ မြတ်စွာဘုရားရဲ." ကာလာမသုတ်" ပါ တရားတွေကို ရှင်းပြပေးခဲ့ပါတယ်။ ဘုန်းဘုန်းရဲ. တရားတွေကို အကျဉ်းချုပ်ရရင်တော့ ဒိဋ္ဌိရဲ့အကြောင်း၊ နိဗ္ဗါန်ရဲ.အကြောင်း နဲ.၊ ကံ ရဲ့ အကြောင်းတွေ ပါပါတယ်။ အသေးစိတ် ရေးပြနိုင်လောက်တဲ့ ပညာဓါတ်ခံကလည်း နည်း ရှင်းရှင်းလင်းလင်းလည်း မရေးနိုင်သေးတော့ သိသလောက်လေးကို ဝေငှပေး ပါရစေ။ ကျနော် မှတ်မိတဲ့တရား တနည်းအားဖြင့် ရှင်းရှင်းလင်းလင်း သိလိုက်တာတွေ ကတော့ မြတ်စွာ ဘုရားနဲ့ ရဟန်းန္တာ အရှင်သူမြတ်တွေဟာ အရတ္တမဂ်ကိုရပြီး ကတည်းက ကုသိုလ် အကုသိုလ်စိတ်တွေ မဖြစ်တော့ဘူးဆိုတာပါပဲ။ အရှင်ဇနကာဘိဝံသ ဆရာတော်ဘုရားကြီး ဟောထားသလို “နေ.ခင်းကြောင်တောင်မှာ အကွယ်အကာမရှိပဲနှင့် အဝေးကို မမြင်ရခြင်းသည် မိမိ၏ အားနည်းချက်သာ ဖြစ်သည်"ဆိုသလို မသိခြင်းသည် ကျွန်ုပ်၏အားနည်းချက်ပါ။ ဘုန်းဘုန်းကို ကျေးဇူတင်ပါတယ်။ တကယ်တော့ မြတ်စွာဘုရားရဲ့ တရားတွေဟာ အသေး အမွှားလေးတွေ ဆိုပြီး လစ်လျှူရှုစရာတစ်ခုမှမရှိပါဘူး။ ကိလေသာကုန်ခမ်းပြီးသော မြတ်စွာဘုရားရဲ.တရားတွေဟာ ထာဝရမှန်ကန်နေမယ်ဆိုတာကို ယုံကြည်ရင်းနဲ.ပဲ အများကြီးလေ့လာဖိုရှိသေးတယ်ဆိုတာ တွေးမိလိုက်ပါတော့တယ်။ ဒီနေ. ပုံတွေကိုလည်း အများသူငါ ကြည့်ရှုပူဇော်နိုင်ရန် တင်ပေးထာပါတယ်။

        
                                                                                                        ကယားလေး


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More