ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော် ဒုတိယနေ့ ~ pyidawoo

Pages

Monday, March 22, 2010

ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော် ဒုတိယနေ့

မနေ.က ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော်၏ ဒုတိယနေ. တရားပွဲးကို အောင်မြင်စွာနဲ. ကျင်းပနိုင်ခဲ့ပါတယ်။

ဒီနေ.တော့မေးခွန်းမေးတဲ့ သူကလဲးများ၊ တရားကလည်းတဖြည်းဖြည်းနက် လာတော့ ဖြေပေးရတဲ့ဘုန်းဘုန်းခမျာ မနားတောင် မနားလိုက်ရပါဘူး။ တရားက ညရနာရီကျော်ကျော်လောက် မှာစဖြစ်ခဲ့ပြီး ၉နာရီ ခွဲးလောက်မှာ ပြီးခဲ့ပါတယ်။ တရားကတော့ တော်တော်ကောင်းပါတယ်။ ကိုရီးယားတွေ သိချင်ကြမဲ.(ကျနော့အထင်ပါ)ဘုရားအလောင်းတို.ရဲ.ဖြည်.ကျင့်ရမဲ့ ပါရမီနဲ. နှစ်ပေါင်းအရေအတွက်(ကမ္ဘာပေါင်း)ကို ရှင်းပြခဲ့ပါတယ်။ “ဗုဒ္ဓ “ရဲ.အဓိပ္ပါယ် ဖွင့်ဆိုချက် “ဗုဒ္ဓ အမျိုးအစား”များကို လည်းအသေးစိတ်ု ရှင်းပြခဲ့ပါတယ်။တရားအကြောင်း အကုန်ရေးရင် ပိုစ်က အရမ်းရှည်သွားမှာစိုလို.နောက်မှပဲး သီးသန်.ဖေါ်ပြပေးတော့ပါမယ်။သတိထားမိတာလေးတစ်ခုပြောရမယ်ဆိုရင်တောဘုန်းဘုန်းက ဘုရားဖြစ်မယ့်သူဟာ အဲးဒီဘ၀မှာ ယောက်ျားဖြစ်ရမယ်ပြောတော့ ယောဂီအမျိုးသမီးတစ်ယောက်က "ဟင်း" ကနဲး အာမေဋ္ဌိတ် အသံကြီး ရုတ်တရတ် ထွက်လိုက်ပါတယ်။ သူကဒီဘ၀မှာ မိန်းမဖြစ်လို. မရတော့ဘူးလို.ထင်လိုက်တာ ထင်ပါရဲ.။ ဘုန်းဘုန်းက မဟုတ်ဘူး ပါရမီတွေပြည့်နေတဲ.နောက်ဆုံး ဘုရားဖြစ်မယ့်ဘ၀မှာ ယောက်ျားဖြစ်ရမယ်လို.ပြောတာဆိုပြီး ထပ်ရှင်းပြလိုက် တော့မှ သဘောပေါက်သွားတယ် ထင်ပါရဲ.။ ရှက်ရှက်နဲ. သဘောကျပြီပြုံးလို.။ တရားနာသူအာလုံးနဲ. ကျနော်ကေားဘုန်းဘုန်းပါ လိုကပြီ်းပြုံးမိလိုက်ပါသေးတယ်။် ဘယ်လိုပဲးဖြစ်ဖြစ် တရားကိုစိတ်အားထက်သန်စွာနဲ.နာယူနေကြတဲ. သူတို.ကို မြင်ရတာ ရင်ထဲးမှာဝမ်းသာမိပါတယ်။ ကိုရီးယား တစ်နိုင်ငံလူဦးရေနဲ.စာရင် မဖြစ်စလောက်လေးဆိုပေမဲ. အဲ့ဒီ လူလေးတွေကနေ စတင်ရမယ်လို.ထင်မိလို.ပါ်။ ၁ယောက်ကနေ ၁၀ယောက် ၁၀ယောက်ကနေ ၁၀၀ ဖြစ်အောင် သံဃာတော်တွေကလဲး မနားမနေ တရားနဲ. ချီးမြောက်နေကြတာ မြင်တော. ပိုလို.ဝမ်းသာမိပါတယ်။ နောက်ဆုံးမှာ ဘုန်းဘုန်းက တရားပွဲ သိမ်းချိန်မှာ ရွတ်ဆိုခိုင်းလေ့ရှိတဲ. ဂါထာလေးနဲ. သိမ်းပါရစေ။ ဘုန်းဘုန်းကတော့ ပါဠိလို ရွတ်ဆိုခိုင်းတာ ဆိုပေမဲ့ ကျနော်ကတော. မြန်မာလိုပဲး(ကျနော်သိသလိုပဲး)ဖေါ်ပြလိုက်ပါရစေ။ ပုံတွေကိုလည်း အများပူဇော်ကြည်ရှုနိုင်ရန် တင်ပေးထာပါတယ်။

"ဗုဒ္ဓမြတ်စွာ သာသနာတော်သည် သာသနာရောင်ဝါနှစ် ၅၀၀၀ထိ များမြောင်ရှည်ကြာ အခါသမယပတ်လုံး ဟောသူ ပြောသူ ဆုံးမသူနှင် သင်သူ အံသူ ကျင့်ကြံသူတို. ၀မ်းဆူချိန့်သဲး ညံမစဲးသည် အမြဲးတည်တော်မူပါစေသတည်း"

~သာဓု သာဓု သာဓု                                                                                      ကယားလေး

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More