ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ ထေရုပ္ပတ္တိ ~ pyidawoo

Pages

Thursday, March 18, 2010

ထေရုပ္ပတ္တိ



ပြည်တော်ဦး အရှင်ပဏ္ဍိစ္စကို ညောင်ရွှေမြို.သား မြို.ပိုင်ကြီး ဦးတင်အေးညှာနှင့် မုံရွာသူ ဒေါ်မြမြတို.မှ ရှမ်းပြည်တောင်ပိုင်း ကလောမြို.၌ ၁၃၃၂-ခု နှောင်းတန်ခူးလဆုတ် -၅ ရက် (၁၅/၀၄/၁၉၇၁) မဟာသင်္ကြန်အကြတ် ကြာသပတေးနေ.တွင် ဖွားမြင်သည်။သမီး၆ယောက်နောက် သား၃ယောက် ဖွားရာတွင် ၇ယောက်မြောက် မွေးဖွားသော သားဦးဖြစ်သည်။
တောင်ပုလုတောရ ကမ္ဘာအေးဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ၁၁-နှစ်သား အရွယ်တွင် ဝမ်းတွင်းမြို.နယ် တောင်ပုလုတောရ၌ ပထမအကြိမ် ရှင်ပြုခဲ့သည်။ တောင်ပုလုဆရာတော်ဘုရားကြီးက ရှင်ပဏ္ဍိစ္စဟု ဘွဲ.ပေးတော်မူခဲ့သည်။(ဒီဘဝ “သာသနာစိတ် သာသနာသွေးအစ တောင်ပုလုက” လို. ဆိုချင်ပါသည်။)ဆယ်တန်းအောင်ပြီး မုံရွာမြို. ရုပ်စုံကျောင်းဆရာတော် ဥုးဝေပုလ္လကို ဥပဇ္ဈာယ်ပြု၍ ဒုတိယအကြိမ် ရှင်သာမဏေပြုခဲ့သည်။



သက်တော် ၁၉နှစ် ၅လ အရတွင် မုံရွာမြို. သစ်ဆိမ့်ပင်ကျောင်းခဏ္ဍသိမ်၌ သာဇံဆရာတော် ဥုးတေဇဝန္တကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်သည်။ ရဟန်းဖြစ်သည့်နေ.မှစတင်၍ ရဟန်း၂-ဝါရသည်ထိ ငယ်ဆရာရင်းဖြစ်သော မုံရွာစန်းမြသီတာ မဟာစည်ဆရာတော်ဘုရား၏ သွန်သင်ညွှန်ပြမှုကို ခံယူကျင့်သုံး၍ အနီးနေ တပည့်အဖြစ် ဆရာတော်ဘုရား၏ သာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ကူညီ ထမ်းဆောင်ခဲ့ပါသည်။
၃-ဝါမြောက် ဝါဆိုမှ စတင်၍ ၆-ဝါရသည်အထိ ၄-နှစ်တိုင် မုံရွာမြို. ပဇ္ဇောတာရုံစာသင်တိုက်၌ (မူ/ငယ်/လတ်/ကြီး) ပရိယတ္တိစာပေသင်ယူခဲ့သည်။ ၇-ဝါအရတွင် မန္တလေးမြို. မြဝတီမင်းကြီး ပရိယတ္တိစာသင်တိုက်သို. ပြောင်းရွှေ.သီတင်းသုံးခဲ့ပြီး ဓမ္မာစရိယတန်းစာပေ လေ့လာရင်း ၉-ဝါရသည့် ၁၉၉၉-ခုအထိ အခြေပြုတန်း စာသင်သားများအား ၃-နှစ်ကြာ စာချပေးခဲ့သည်။
၁၀-ဝါမြောက် ဝါကို မေမြို. မိဂဒါဝုန်တောရကျောင်း၌ ဝါကပ်ခဲ့သည်။
သက်တော် ၃၁-နှစ် သိက္ခာ၁၁-ဝါရ ၂၀၀၁ခုနှစ်မှစ၍ ယခုချိန်ထိ မုံရွာစန်းမြသီတာဆရာတော်ဘုရား၏ တာဝန်းပေးအပ်နှင်းချက်အရ မုံရွာစန်းမြသီတာ သာသနာ့ရိပ်သာ တိုက်ခွဲ(ရန်ကုန်)၌ နာယက ကမ္မဋ္ဌာနာစရိယအဖြစ် တာဝန်ယူ တရားဟော တရားပြလျက်ရှိပါသည်။
၂၀၀၂-ခု ၁၂-ဝါမြောက် ဝါကို တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို. ဘိုထာငေါန် ကျောင်းတွင် ဝါကပ်ခဲ့သည်။ ထိုအချိန်မှစတင်၍ ယခုအချိန်အထိ တောင်ကိုရီးယားနိုင်ငံသို. နှစ်စဉ် ကြွရောက်၍ ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ဝိပဿနာတရားတော်များကို ကိုရီးယားဘာသာစကားဖြင့် ဟောပြောပြသသင်ကြားပေးနေပါသည်။
၂၀၀၃-ခုမှ ၂၀၀၄-ခုနှစ်ထိ မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး၌ ဝါကပ်၍ ပြည်ပသာသနာပြု ရဟန်းတော်များ အထူးသင်တန်းကို တက်ရောက်ခဲ့ပါသည်။
၂၀၀၅-ခု တွင် ကိုရီးယားနှင့်မြန်မာ ဒကာဒကာမများ၏ အလှူဖြင့် ရန်ကုန် သင်္ဃန်းကျွန်းမြို.နယ် ကျိုက္ကစံအနောက်ရပ် ကျောက်စာတော်ဘုရားလမ်းရှိ မူလသံယုတ်ကျောင်းမြေနေရာ၌ ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန် မြန်မာ-ကိုရီးယား လူငယ် ဖွ.ံဖြိုးရေးကျောင်းကို တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓ္ဓရင်ခွင်မူကြို၊ ဘာသာစကားသင်တန်းများနှင့် နွေရာသီ ယဉ်ကျေးမှုနှင့်အသုံးချ ဗုဒ္ဓဘာသာ သင်တန်းများပို.ချလျက်ရှိပါသည်။
သက်တော် ၄၀၊ သိက္ခာ ဝါ -၂၀ အရ ၂၀၁၀-ခု တွင် ကိုရီးယားယောဂီများနှင့် ကိုရီးယားရောက် မြန်မာဒကာဒကာမများ၏အလှူဖြင့် တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.၌ ပြည်တော်ဦး ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို တည်ထောင်ဖွင့်လှစ်ပြီး သာသနာပြုနေပါသည်။
ဆုံးမပဲ့ပြင် ကျေးဇူးရှင် ဆရာတော်ကြီးများ
---တောင်ပုလုတောရ ကမ္ဘာအေး ဆရာတော်ဘုရားကြီး
---မုံရွာ စန်းမြသီတာ မဟာစည်ဆရာတော်ဘုရားကြီး
---ကျောက်ဆင်တောရဆရာတော်ဘုရားကြီး
---ဖားအောက်တောရဆရာတော်ဘုရားကြီး
---သဒ္ဓမ္မ ပဇ္ဇောတာရုံ ဆရာတော်ဘုရားကြီး
--- ကွမ်းတော ဆရာတော်ဘုရားကြီး
--- ရွှေဥမင်ဆရာတော်ဘုရားကြီး (ဘဒန္တ ကောသလ္လ)
ပရိယတ် ပဋိပတ်စာပေ ကျေးဇူးတော်ရှင်ကြီးများ
---တောင်မြို.အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး
---မဟာစည်ဆရာတော်ဘုရားကြီး
2010 March spring semester မှစတင်၍ တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြိုရှိ PUKYONG NATIONAL UNIVERSITY တွင် စကောလားရှစ်ကျောင်းသားအဖြစ် Masters in International & Area Studies နှင့် Early Child Education ဘာသာရပ်များကိုလေ့လာနေပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More