ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ မစိုးရိမ်တိုက်သစ် သံဃာ(၂၅၀၀)ကုန် ဆွမ်းကပ်လှူပွဲ ~ pyidawoo

Pages

Friday, March 4, 2011

မစိုးရိမ်တိုက်သစ် သံဃာ(၂၅၀၀)ကုန် ဆွမ်းကပ်လှူပွဲ

... မစိုးရိမ်တိုက်သစ်သံဃာကုန်(၂၅၀၀)ဆွမ်းကပ်လှူပွဲ ဓါတ်ပုံကြည့်ရန်နှိပ်ပါ
အလှူရှင် ကိုရီးယားဒကာမကြီးသည် မြန်မာနိုင်ငံ၌` သံဃာအများဆုံး ကျောင်းတိုက်ဖြစ်သော မန္တလေးမြို. မစိုးရိမ်တိုက်သစ်တွင် ၂၀၀၄ခုနှစ်မှစ၍ ယခုနှစ်အထိ တစ်နှစ်လျှင် တစ်ကြိမ်ကျ အချို.နှစ်များတွင် နှစ်ကြိမ်ထိ သံဃာ(၃၀၀၀/၂၅၀၀)ကုန် ဆွမ်းကပ် လှူဒါန်းလျက်ရှိပါသည်။

...ထိုဒကာမကြီးသည် မစိုးရိမ်ကျောင်းတိုက်တွင်းရှိ ဓမ္မသမ္ပတ္တိ လေးထပ် ကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့သူ ဆောင်းဂျွန်းဆုက် ဖြစ်ပြီး ၂၀၀၄ခုနှစ် ကျောင်းရေစက်ချပြီးချိန်မှစ၍ နှစ်စဉ်မပျက် သံဃာကုန် ဆွမ်းကပ် ကုသိုလ်ပြုလျက် ရှိပါသည်။ တစ်ကြိမ်ကပ်လျှင် သိန်း ၂၀မှ သိန်း၅၀အထိ အကုန်အကျခံလျက် လှူဒါန်းနေုခြင်း ဖြစ်ပါသည်။
ရန်ကုန် ပြည်တော်ဦး မြန်မာ-ကိုရီးယား လူငယ်ဖွံ.ဖြိုးရေးကျောင်းလည်း ထို ဒကာမကြီး၏ စတင်မတည်လှူဒါန်းမှုဖြင့်ပင် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။
မစိုးရိမ်ဆရာတော်ကြီး ဥုးရာဇဓမ္မာဘိဝံသ၏ ဇာတိရပ်ရွာ သာစည်-အင်တိုင်း၌ ကျောင်းသူ/သား ၇၀၀ခန်. ပညာသင်ယူနေသော တွဲဘက် အထက်တန်းကျောင်း နှစ်ထပ်ဆောင်၊ မူလတန်းကျောင်း တစ်ထပ်ဆောင် နှင့် တံတားတစ်စင်း၊ နတ်မောက်နယ်၌ ကျောင်းသူ/သား ၅၀၀ခန်. ပညာ ဆည်းပူးနေသော မူလတန်းကျောင်း တစ်ထပ်ဆောင် နှစ်ဆောင်တို.ကိုလည်း လှူဒါန်းခဲ့ပါသည်။ ယခု ဆက်လက်၍လည်း မူလတန်းကျောင်းဆောင်သစ် တစ်ဆောင် လှူဒါန်းဖို.ရန် ပြင်ဆင်လျက်ရှိပါသည်။
ခေတ်သစ်ဝိသာခါဟု ဆိုရလောက်အောင် သာသနာကို ချစ်မြတ်နိုးသူ အလှူအတန်းရက်ရောသူ ဒကာမကြီးသည် အသက် (၈၄)နှစ် ရှိပြီဖြစ်သော်လည်း ကျန်းမာရေး အလွန် ကောင်းမွန်ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို.စွန်ရှိ သူမ၏ ထင်းရှုးခြံ၌ တစ်ဦးတည်း ခြိုးခြံချွေတာစွာ နေထိုင်လျက်ရှိပါသည်။
လွန်ခဲ့သည့်ဆယ်နှစ်ခန်.က သူမပြောခဲ့သော စကားတစ်ခွန်းကို အမှတ်ရ နေမိပါသည်။ “ဘုန်းကြီးဘုရား လှူတာက ပေါလို. များလို.မဟုတ်ပါဘုရား။ လှူချင်လို. ကိုယ့်တွက်သုံးမယ့်ဟာ မသုံးဘဲ အပင်ပန်းခံ ခြိုးခြံပြီး လှူတာပါဘုရား။” တဲ့။
စာရှုသူအပေါင်းတို. ယောနိသော မနသိကာရဖြင့် အားကျအတုခိုး နိုင်ကြ စေရန် တင်ပြ လိုက်ရပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More