ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ ဝါ နှစ်ဆယ်ရောက် လျှောက်ခဲ့တဲ့လမ်း (၁) ~ pyidawoo

Pages

Friday, February 26, 2010

ဝါ နှစ်ဆယ်ရောက် လျှောက်ခဲ့တဲ့လမ်း (၁)

 ...သာသနာ ၂၅၅၃-ခု၊ မြန်မာ ၁၃၇၁-ခုနှစ် ရဟန်းသိက္ခာ ဝါ နှစ်ဆယ်ရောက်မယ့် နှစ်ပါလား။ လာမယ့် တန်ခူး နှစ်သစ်ကူးရင် အသက်လည်း ၃၉-နှစ် တင်းတင်းပြည့်၊ ၄၀-တွင်း ချဉ်းနင်း ဝင်ရောက်တော့မယ်။ ဇရာ တံခါးပေါက်ဝမှာ တံခါး စခေါက်လိုက်တဲ့ “ခဏ” ဆိုပါစို.။

ို့...ဝါ နှစ်ဆယ်ရောက် လျှောက်ခဲ့တဲ့လမ်း၊ အမြဲတမ်း ရှေ.ကိုပဲ ကြည့်လျှောက်ခဲ့လို. နောက်ကြောင်းပုံရိပ်ကို မမြင်ဖူးဘူး။ အမြဲပဲ အဝေးကိုကြည့် အရှည်ကိုမျှော် လျှောက်ခဲ့လို. အနီးမှာ ဘယ်သူရှိတယ် သတိမမူခဲ့မိဘူး။ အနားမှာ ဘာတွေဖြစ်နေတယ် ရေရေလည်လည် မသိခဲ့ဘူး။ အခု ဇရာရဲ.အစ ဒီ “ခဏ” ကျမှ ဘဝပေး အခြေအနေအရ (နားတယ်လည်းမဆိုသာပါဘူး) ခရီးတစ်ထောက် မဆိုစလောက်လေးနားရင်း
ဝါ နှစ်ဆယ်ရောက် လျှောက်ခဲ့တဲ့လမ်း ပထမဆုံးအနေနဲ. ဇာတ်ကြောင်း ပြန်ကြည့်ချင်တယ်။ ငါ ဘယ်သူလဲ? ဘာလဲ? ဘယ်လဲ?
                     ၈၈-အရေးအခင်းကြောင့် တက္ကသိုလ်ပျောက်သွားလို. “ဆယ်တန်းအောင်ပြီးပြီ” ဆိုရင် “သြော်~ ~ ~ ဒါဆို ကျောင်း ပြီးပြီပေါ”့ ဆိုတဲ့ အဲဒီခေတ် ဟာသအတိုင်းပဲ ကျောင်းပြီးသွားတဲ့ ကျောင်းသား တစ်ယောက်။ လမ်းပျောက်သွားလို. လမ်းပေါ်ရောက်သွားရတဲ့အဖြစ်ပါ။ ပျောက်သွားတဲ့လမ်းက တက္ကသိုလ် ပညာရေးလမ်း၊ ရောက်သွားတာက ရှင်တော်ဘုရားရဲ. မဂ္ဂင်လမ်းပေါ.။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More