ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ ဝါ နှစ်ဆယ်ရောက် လျှောက်ခဲ့တဲ့လမ်း (၃) ~ pyidawoo

Pages

Sunday, February 28, 2010

ဝါ နှစ်ဆယ်ရောက် လျှောက်ခဲ့တဲ့လမ်း (၃)

လူငယ်ဆိုတာ စူးစမ်းရှာဖွေမှုနဲ. ရဲရင့်ခြင်းရဲ. ပြယုဂ်ပဲ”  
   “လွတ်လပ်ရေးအတွက် လူငယ်တွေ တောထွက်ကြပြီ။”

ို့
ကြံစည်ထားတာတွေလည်း ပျက်တတ်တယ်။ ကြံစည်မထားတာတွေလည်း ဖြစ်လာတတ်တယ်။ ဂဂ အရေးအခင်းကာလ အပြီးမှာ ပညာရေးလောကကြီး တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားတာ အားလုံးမှတ်မိကြမှာပါ။ ရည်ရွယ်၍သော်လည်းကောင်း မရည်ရွယ်ဘဲနဲ.သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် သာသနာ့ဘောင် ရောက်လာကြတဲ့ ကျောင်းသား လူငယ်တွေ အများကြီး ရှိခဲ့ပါတယ်။ လွတ်လပ်ရေးကို ငတ်မွတ်သူတို. ၏ တောထွက်ခန်းဆိုပါစို.။ အစိုးရဆန်.ကျင်ရေး လုပ်ဖို. တောထွက်ရင်ထွက် မဟုတ်ရင် ကာမဂုဏ်တောကနေ သီလသမာဓိပညာဆိုတဲ့ သာသနာတောထွက်ကြတဲ့ တောထွက်ခန်းပါ။ လူငယ်ဆိုတာ စူးစမ်းရှာဖွေမှုနဲ. ရဲရင့်ခြင်းရဲ. ပြယုဂ် မဟုတ်လား။ ၁၉၉၀ခုနှစ်လောက်က မော်လမြိုင် တောင်ဝိုင်းကလေး မဟာစည်ရိပ်သာ ကျောင်းရစက်ချပွဲသွားရင်းနဲ. မုဒုံ ဖားအောက်ကို ရောက်တော့ ကိုယ်လိုလူတွေ အများကြီးပဲ။ ဆယ်တန်းအောင်ကျောင်းသား၊ ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသား စုံနေတာပဲ။ အဲဒီအချိန်တုန်းက ဖားအောက်ဆရာတော်ဘုရားကြီးက အခုလို ကျော်ကြားသေးပါဘူး။ ရိပ်သာလည်း အဆောက်အဦ ပြည့်ပြည့်စုံစုံ မဖြစ်သေးဘူး။ ဒါပေမယ့် တကယ့်အားအစစ်ဖြစ်တဲ့ လူသားရင်းမြစ်ကတော့ လုံးဝပြည့်စုံနေပြီ။ အရောင်တလက်လက်ထွက်နေတဲ့ တောက်ပတဲ့ မျက်လုံးအစုံတွေပိုင်ဆိုင်ထားတဲ့ ခေတ်ပညာတတ် အမျိုးကောင်းသား ရဟန်းတော်တွေ အများကြီးပဲ။ ဒါကြောင့် မကြာမီနှစ် အနည်းငယ်အတွင်းမှာပဲ ပြည်တွင်းသာမက ပြည်ပအနှံ. ဆရာတော်ကြီးနဲ. ဖားအောက်ရိပ်သာ အကြီးအကျယ် ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ နိုင်ငံအနှ.ံ ထောင်နဲ.သောင်းနဲ. ချီတဲ့ ကျောင်းတိုက်တွေမှာလည်း အနည်းနဲ.အများသာ ကွာမယ် သာသနာ့အရိပ်အောက် ကျောင်းသားလူငယ်တွေ ရောက်သွားခဲ့ကြပါတယ်။ 
             သမီးမိန်းခလေး ခြောက်ယောက်မွေးပြီှး ခုနစ်ယောက်မြောက်အဖြစ် မွေးလာတဲ့ စောင့်လိုက်ရတဲ့ သားဦး အဖေရော အမေ အမတွေပါ အရူးအမူးပေါ့။ ငယ်ငယ်လေးကတည်းက စိတ်မြန်လို. ထက်လို. စိတ်မချဘူး။ ၆နှစ်သားအရွယ်က အဖေဆုံးသွားတဲ့ ဖတဆိုးသားလေး။ တောခိုသွားရင် အမေရူးရချည်ရဲ.။ တွက်လိုက်သမျှ ဗေဒင်ဆရာတွေကလည်း “ရာဟုဝင် ဂြိုဟ်မွေသည့်တွက် ခင်ဗျားသား အသေထွက်ရင်ထွက်၊ မဟုတ်ရင် အရှင်ထွက်လိမ့်မယ်။ သေရင်သေ မသေရင် ထောင်သော်လည်းကျ အနိမ့်ဆုံးတော့  တစ်ခုလပ်နဲ.ငြား ဒုက္ခတော့များဦးမှာပဲ” ဆိုတော့ ဒီသားအတွက် စိတ်ပူတဲ့အမေက “ကျောင်းမှမဖွင့်သေးပဲ (၇) ရက်လေးပဲရရ  ကိုရင်ဝတ်ပါသားရယ်” တဲ့။ နားမထောင်ရင် နားထောင်ချင်အောင် “အမေ စိတ်ချမ်းသာအောင် (၇)ရက်ဆိုတာ ဘာမှမကြာပါဘူး သားရယ်။ အမေ့ ဆန္ဒလေးဖြည့်ပေးပါ” ဆိုတော့ မငြင်းသာလို. မရည်ရွယ်ဘဲနဲ. သာသနာ့ဘောင်ကို ခဏလောက်-ဆို~ ~ ~ အခု ဝါ နှစ်ဆယ်ရောက်ခဲ့ ပါပေါ့လား။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More