ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ မြန်မာပြည်သို. ပေးစာများ ၃ ~ pyidawoo

Pages

Friday, March 11, 2011

မြန်မာပြည်သို. ပေးစာများ ၃

(ဓမ္မယာန) မဇ္ဈိမယာန အဖွဲ.သို. ပေးစာ ၃

ဓမ္မယာနအဖွဲ.သူ/သားများသို. 2/26/2011 1:13:55 PM
You all are “Future Leaders”.
ဓမ္မယာန/မဇ္ဈိမယာန အဖွဲ.ကြီး အကောင်းဆုံး အဖွဲ.အစည်းတစ်ခုဖြစ်လာဖို. ဘာ အရေးကြီး ပါသလဲ။
အညီညွတ်ဆုံးအဖွဲ.ဟာ အကောင်းဆုံး အဖွဲ.ပါ။
ညီညွတ်ဖို. အရေးကြီးပါတယ်။

ညီ ~~~တူညီရမယ့်တရား ငါးပါး။
၁။ စိတ်ထား
၂။ ယုံကြည်ချက်
၃။ ကိုယ်ကျင့်တရား
၎။ အသိ (အတွေးအခေါ် အယူအဆ)
၅။ အပေးအကမ်း

ညွတ်~~~အချင်းချင်း အပြန်ပြန်အလှန်လှန် ကိုင်းညွတ်ရမယ့်တရား ငါးပါး။
၁။ လေးစားမှု
၂။ မေတ္တာ
၃။ ကရုဏာ
၎။ ဖြောင့်မတ်မှု (ဥဇု)
၅။ မှန်ကန်မှု (သစ္စာ)

တို.တတွေ အားလုံး လက်တွေ. လုပ်နေကြပြီ။ အလုပ်ထဲက အတွေ.အကြုံတွေ ရနေကြပါပြီ။ အရင်
တွေ.နေကျ ပေမယ့် မမြင်ခဲ့တာတွေ မြင်အောင်ကြည့်တတ်လာပြီ။ မြင်နေကျပါပြီ။ အရင် ကြားနေကျပေမယ့် နားမဝင်ခဲ့တဲ့စကားတွေ အခု နားကနေတဆင့် ရင်ထဲအထိ ရောက်နေပါပြီ။ ဒါကြောင့်လည်း မမောနိုင် မပန်းနိုင် လုပ်ချင်ကိုင်ချင်စိတ်တွေ ဖြစ်နေတာ။ ကိုယ်ပေးနိုင်သမျှကို ပေးချင်နေကြတာပေါ့။ အခု ဦးဆောင်ဦးရွက် လုပ်နေကြတဲ့သူတွေလည်း ဒီ ကိုယ်တွေ.လေးတွေကနေ ဒီအလုပ်မှာ ရသကိုသိပြီး ရတိဖြစ်လာ ပျော်မွေ.လာကြတာပါ။ တို.အားလုံးလည်း အလုပ်ကတဆင့် လုပ်ရည်ကိုင်ရည်ကောင်းလာမယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းရလာမယ်။ နောင်တစ်ချိန်မှာ အားလုံး ခေါင်းဆောင်ဖြစ်လာကြမှာ မုချပါ။

Best Connections & Best Insights Lead to the Best Organization.
Again I say, You all are Future Leaders!
May all you be healthy, happy and wealthy enough to serve yourselves and others.
With best wishes
Pyidawoo

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More