ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ Temple Stay ~ pyidawoo

Pages

Sunday, April 4, 2010

Temple Stay

ကိုရီးယား ဗုဒ္ဓဘာသာလောကမှာ Temple Stay ဆိုတဲ့ လူသိများတဲ့ စကားတစ်ခုရှိပါတယ်။ ဒီက သာသနာပြုနည်းတစ်ခုပါပဲ။ သိလွယ်အောင် ပြောရရင်တော့ မြန်မာပြည်အနေနဲ.ဆိုရင်  တရားစခန်းဝင်တာမျိုးလိုပေါ့။ ဘုန်းကြီးကျောင်းမှာ သွားနေပြီး ဘုန်းတော်ကြီးတွေ/ယောဂီတွေရဲ. နေထိုင်မှုဘဝပုံစံကို လက်တွေ. အတုယူနေထိုင်ခြင်းဖြင့် လေ့လာသင်ယူတာပါပဲ။ တစ်ညအိပ် နှစ်ရက် ကနေစပြီး ရက်သတ္တပတ် တစ်ပတ်နှစ်ပတ်စသည်အထိ ကျောင်းအလိုက် ပရိုဂရမ် အမျိုးမျိုးရှိပါတယ်။ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်တဲ့ ယဉ်ကျေးမှု လေ့လာရေး ခရီးစဉ်တစ်ခု အနေနဲ.လည်း ဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်နေပါတယ်။

ဖူဆန် ပြည်တော်ဦး မှာ အပတ်စဉ် စနေနေ.တိုင်း ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ ဆိုတဲ့ ခေါင်းစဉ်နဲ. သင်တန်းပို.ချနေတာ ၃ ပတ်ပြီးခဲ့ပါပြီ။ သင်တန်းသားတွေထဲမှာ ဖူဆန်း အမျိုးသားတက္ကသိုလ်က ပါမောက္ခ ၅ယောက်ပါပါတယ်။ အဲဒီဆရာတွေနဲ. သူတို.ရဲ. တပည့် ကျောင်းသားတွေ ထုံးင်ဒိုးဆာကျောင်း ပညာအာမ်ရိပ်သာမှာ Temple Stay တစ်ညအိပ်နှစ်ရက် သွားကြပါတယ်။ တစ်ယောက်ကို စားရိတ် ၃သောင်းစီ ထည့်ဝင်ရတယ်လို. သိရပါတယ်။ သွားလာရေးကတော့ ကိုယ့်အစီအစဉ်နဲ.ကိုယ်ပါ။ အဲဒီဆရာတွေရဲ. ပင့်ဖိတ်ချက်အရ Temple Stay လာကြတဲ့ ကျောင်းသားတွေကို  (၃/၄/၁၀) မနေ.ညနေက တရားဟောခွင့်ရခဲ့ပါတယ်။
         မြန်မာပြည်မှာ ကျောင်းသားလူငယ်တွေအတွက် နွေရာသီ သင်္ကြန်တရားစခန်းပွဲ လုပ်ပေးနေကြဆိုတော့ လူငယ်တွေကို ဘာသာသာသနာသွေး မျှဝေခွင့် အမြဲရခဲ့ပါတယ်။ ကိုရီးယားမှာတော့ ကျောင်းသားလူငယ်တွေနဲ. ပထမဆုံးအကြိမ် ကြုံတွေ.ရတာဖြစ်လို. ကြည်နူးဝမ်းသာရသလို စီစဉ်တဲ့လူတွေကိုလည်း အထူးကျေးဇူးတင်မိပါတယ်။
        ပျော်ရွှင်ချမ်းမြေ့မှုနဲ. အသိဉာဏ်ပညာဆိုတာ ဒင်္ဂါးပြားတစ်ခုရဲ. ခေါင်းနဲ.ပန်းလိုမျိုးမိုလို. ပျော်ရွှင်ချင်တဲ့လူသားမှန်ရင် အသိဉာဏ်ပညာဆိုတာ မရှိမဖြစ်တဲ့အရာဆိုတာလေးကို အခြေခံပြီး တရားတစ်ပုဒ် ဓမ္မဒါနလုပ်ခဲ့ပါတယ်။
         တိုးတက်ကြီးပွားချမ်းသာတဲ့ နိုင်ငံတွေက လူငယ်တော်တော်များများက မာနကြီးတစ်ခွဲသားနဲ. သူတို.ကိုယ်သူတို. ဘာသာမဲ့လို. လက်မထောင်ကြွားလေ့ရှိတာ တွေ.ရပါတယ်။ ဘာသာတရားတွေကို လေ့လာပြီးမှ ယုံမရလို. ဘာသာမဲ့ဖြစ်လာတာလား။ ဒါဆိုရင်တော့ တစ်မျိုးတစ်ဖုံအားဖြင့်တော့ ခေသူ မဟုတ်လို. ဆိုရမှာပေါ.။ ဒါမှမဟုတ် ဘယ်ဘာသာအကြောင်းကိုမှ သေသေချာချာ မသိဘဲနဲ. သူများယောင်လို. ယောင်ရတယ် အမောင် တောင်မှန်းမြောက်မှန်း မသိတဲ့ ဘာသာမဲ့လား ဆိုတာစဉ်းစားဖို.ကောင်းတဲ့ အကြောင်းလည်း သတိပေးခဲ့ ပါတယ်။
         တရားပွဲအပြီး အမေးအဖြေကဏ္ဍမှာ တစ်ယောက်က “အရှင်ဘုရားကော ချမ်းသာပျော်ရွှင်ပါရဲ.လား”တဲ.။ သာမည ဖလသုတ်မှာ လာတဲ့ သမဏသုခ အကြောင်းရှင်းပြပြီး ပုထုဇဉ်တောထဲမှာတော့ ရဟန်းတစ်ပါးဟာ ရဟန်းဖြစ်ရုံနဲ.တင် သူများနဲ. မနှိုင်းယှဉ်သာအောင် ချမ်းသာပျော်ရွှင်ကြောင်း ပြောပြတော့ အရှင်ဘုရားတို. နိုင်ငံနဲ. လူမျိုး ဒီလောက်ဆင်းရဲ ဒုက္ခရောက်နေတာ အရှင်ဘုရားက ပျော်ရွှင်ချမ်းသာနိုင် ပါသလား” တဲ့။ အင်မတန်အေးတဲ့ ကိုရီးယား ရာသီဥတုမှာ မီးမကူ နေပူမှာမကင်ရဘဲ ချမ်းတာအေးတာ ဘာမှမကျန် ချွေးတောင်ပြန်သွားပါတယ်။ အမှန်တရားကို မကွယ်ဝှက်ချင်ပေမယ့် တရားနာသူတွေကို အေးစေလိုလို. တရားနာ ပူဇာစ အကျိုးဆိုတာမျိုး အပူမပေးချင်လို. တရားအမှန်ကိုပဲ အခြေခံ ရှင်းပြခဲ့ပါတယ်။ ကရုဏာကနေ ဒေါသော မဖြစ်သင့်သလို မေတ္တာ ယောင်ဆောင်တတ်တဲ့ တဏှာ အကြောင်းသိကောင်းစရာနဲ. နွယ်ပြီး ကိုယ့်တိုင်းသူပြည်သားတွေကို မေတ္တာ ကရုဏာ အစစ်နဲ. ဘုရားအလိုတော်ကျ ချစ်ဖို. ကြိုးစားနေကြောင်း
ကိုယ်က မပျော်နိုင်ရွှင်နိုင် စိတ်မချမ်းသာနိုင်ဖြစ်နေရုံနဲ. ကိုယ့်နိုင်ငံကိုယ့်လူမျိုးတွေရဲ. ဘဝကို ပြောင်းပေးနိုင်မယ် မဟုတ်ကြောင်းနဲ.
မလုပ်နိုင်တာတွေအတွက် စိတ်မပျက်ဘဲ လုပ်နိုင်တာလေးတွေကို တစ်ခုချင်း တက်တက်ကြွကြွလုပ်ရင်း
ပျော်ရွှင်ချမ်းမြေ.နေမယ့် အကြောင်း
မမြဲတဲ့တရားကို အစွဲထား အချစ်အမုန်းမပွားလိုတော့ကြောင်းကို ခပ်လျော့လျော့အောက်လေလေးနဲ. အဖြေပေးခဲ့ရပါတယ်။ ရင်ထဲမှာတော့ လေးနေတုန်း။
         ထုံးင်ဒိုးဆာ ဆိုတာ ကိုရီးယားနိုင်ငံရဲ. အထင်ကရ ကျောင်းတော်ကြီး ၂၅ကျောင်းစာရင်းမှာ ထိပ်ဆုံးက ပါတဲ့ ရတနာသုံးပါးကိုယ်စားပြု သုံးကျောင်းထဲက ဘုရားဓါတ်တော်ကိန်းဝပ်ရာ ဘုရား ကိုယ်စားပြု ကျောင်းတော်ပါ။ ကျိုက်ထီးရိုးလိုပဲ တောကြီးတောင်ကြီး နယ်ကြီးပါယ်ကြီးဖြစ်ရုံမက  အရံကျောင်းပေါင်း များစွာနဲ. အင်မတန် သာယာလှပတဲ့ ကျောင်းတော်ကြီးပါ။ သဘာဝတရားရဲ. အလှအပနဲ. ရှေးဟောင်းယဉ်ကျေးမှုရဲ. ဂုဏ်ဒြပ် အရပ်ရပ်စုံညီတဲ့ ဒီကျောင်း ဘယ် အချိန်ပဲရောက်ရောက် ရောက်တဲ့အခါတိုင်း ရင်ကိုအေးမြစေကြောင်း ဆုတောင်းစရာမလို သဘာဝကိုက  ငြိမ်းချမ်း အေးမြနေတာ။ ဒီနေ.တော့ ကျောင်းသားတွေရဲ. အမေး အတွေးအဖြစ်နဲ. သယ်လာတဲ့ အပြန်ခရီး သာယာတဲ့ သဘာဝပတ်ဝန်းကျင်ကြီးကလည်း ဘာမှမတတ်နိုင်တော့ဘူး။ ရင်ထဲမှာ မအေး အတွေး အပူငွေ.တွေ စီးနေတုန်း။
        

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More