ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ နှစ်ဆန်းတစ်ရက်နေ. ~ pyidawoo

Pages

Friday, April 16, 2010

နှစ်ဆန်းတစ်ရက်နေ.

ဒီနေ. မြန်မာ နှစ်သစ်ကူးသည့် နှစ်ဆန်းတစ်ရက်နေ.မြန်မာနှစ် ၁၃၇၂။ နှစ်သစ်ကူး နှစ်ဦးကို ချမ်းမြေ့ဆရာတော်ဘုရားကြီးရဲ. ဆောင်ပုဒ်လေးနဲ. ဆန္ဒမွန်ပြုချင်ပါတယ်။ စာရှုသူအားလုံးတို.နဲ. အတူပေါ့။
            နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက် ထွန်းတောက်မင်္ဂလာ ရှိပါစေ။
            နှစ်သစ်မင်္ဂလာ ဤချိန်ခါ စိတ်မှာ ညစ်မဲကင်းပါစေ။
              တစ်နှစ်ပတ်လုံး စိတ်ဖြူဖုံး ရွှင်ပြုံးကြည်သာရှိပါစေ။

မင်္ဂလာပါ ၁၃၇၂- မြန်မာ။ မင်္ဂလာဆိုတာ မကောင်းမှုကိုပယ်ဖျောက် ကောင်းမှုကို ဖြစ်စေ ရောက်စေတာပါ။ “မင်္ဂလာပါ” ဆိုတဲ့ မြန်မာတို.ရဲ. နှုတ်ခွန်းဆက်စကားက “မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား” ~~~ဘုရားအဆုံးအမတော်နဲ. အညီ မကောင်းမှုရှောင်ရှား ကောင်းမှုကိုဖြစ်ပွားစေဖို. အစဉ် သတိပြုစရာ လေးနက်တဲ့ စကားအလင်္ကာပါ။ မင်္ဂလာပါ ဆိုရုံနဲ. မပြီး မင်္ဂလာဖြစ်မယ့် ကာယကံ ဝစီကံ မနောကံ အလုပ်တွေ လက်တွေ.ပါမှ မင်္ဂလာရှိမှာပါ။ ဒါကြောင့် ဆရာတော်ဘုရားကြီးရဲ. ဆောင်ပုဒ်ကို ရွတ်ဆိုဆုတောင်းရမှာမဟုတ်ပါ။ ရွတ်ဆို အဓိဋ္ဌာန်ထားကြတာ လို. ပြောချင်ပါတယ်။ အဓိဋ္ဌာန်ချက်နဲ. အညီ နှစ်ဦးမှာ မင်္ဂလာရှိတဲ့အလုပ်ကိုလုပ်ကြမယ်။ စိတ်ဆိုး စိတ်ညစ် စိတ်ပုပ် စိတ်ယုတ်တွေကို ဖယ်ခွာပြီး အခု ဒီနှစ်ဦးအစကနေ တစ်နှစ်ကုန်ဆုံးသည့်တိုင် တစ်နှစ်ပတ်လုံး ဖြူစင်တဲ့စိတ်တွေ ဖုံးသွားအောင် ကြိုးစားကြပါစို.။ လို. အကျိုးမျှော်၍ နိုးဆော်လိုက်ပါသည် ချစ်စွာသော ရွှေမြန်မာအပေါင်း သူတော်ကောင်းတို.။
                  တကယ်တော့ နှစ်ဦးအစ နှစ်ကုန်အဆုံး တစ်နှစ်လုံးတင်မကပါဘူး။ တစ်ဘဝလုံး တစ်သံသရာလုံး သံသရာဆုံးအောင် ကျင့်ရမှာပါ။ ဒီနေ.မပြီးရင် မနက်ဖြန် ဆက်လုပ်ရသလို ဒီဘဝနဲ. မပြီးရင် နောက်ဘဝ ဆက်လုပ်ရမယ့် ပါရမီခရီးပါ။ မျက်တောင်မွှေး တစ်ထောက်စာကြည့်တဲ့ အကျင့်ကို ဖျောက်ပြီး မျက်စေ့တစ်ဆုံး ကြည့်တတ်လာရင် သူသူကိုယ်ကိုယ် မြင်နိုင်ပါတယ်။ သို.သော်လည်း အစ ကောင်းမှ အနှောင်းသေချာ ဆိုတဲ့ ရှေးလူကြီးတွေဆိုရိုး စကားမျိုးလည်း ရှိတော့ နှစ်အစမှာ အလုပ်ကောင်း
အပြောကောင်း အတွေးကောင်းနဲ. စဖို.ကြိုးစားတာ မမှားပါ။ ကောင်းတဲ့အစဉ်အလာဖြစ်လို. အတု ယူစရာပါ။
                  အသိမှန်မှ အတွေးအကြံ အပြောအလုပ် မှန်နိုင်ပါတယ်။ အသိမှားရင် တွေးပုံ ကြံပုံ ပြောဆို လုပ်ကိုင်ပုံတွေ မှားမှားယွင်းယွင်း ဖြစ်လာပါတယ်။ တွေးလိုက်ကြံလိုက်သမျှ ပြောဆိုလုပ်ကိုင်လိုက်သမျှ ကတော့ မှန်ရင် ကုသိုလ် မှားရင် အကုသိုလ် ဖြစ်နေမှာပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်ကလွဲရင် ကုသိုလ်ဖြစ်ရင်ဖြစ် မဟုတ်ရင် ဧကန်မုချ အကုသိုလ်ဖြစ်နေတာပါ။ မှတစ်ပါး အခြားမရှိပါ။ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ မဖြစ်သေး သရွေ.ပေါ့။ ဒါကြောင့် ရှင်တော်ဘုရား အမြဲမှာတဲ့စကား သတိထား မမေ့နဲ.အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” တဲ့။ ကုသိုလ်ကောင်းမှု မမေ့နဲ.။ မေ့သွားရင် အပါယ် လားမယ်။ ကိုယ်လုပ်ခဲ့တဲ့အလုပ် ကိုယ်တိုင်ပဲ တာဝန်ခံရ တာဝန်ယူရမှာပါ။ ရှင်တော်ဘုရား မဟာကရုဏာတော် ကြီးမားလည်း ကြားထဲက ဝင်ခံပေးနိုင်သည်မဟုတ်ပါ။ ခံပေးမည် လှည့်ဖျားသည့် ကြားပွဲစားကို ယုံမှား၍ တကယ်ခံရမည့်အရေးမှာမှ အလိမ်ခံရတာသိလည်း နောက်ကျနေပြီ ငရဲမှာသွား လူလိမ်ကို တရားစွဲလို.လည်းရမည်မဟုတ်။ ကိုယ့်ကံကိုယ်ထမ်း ကိုယ့်လမ်းကိုယ်လျှောက်ရမည်သာ။
                   မဖန်ဆင်းရ ကိုယ်လုပ်ခ ကိုယ်ရနေပေသည်။
                   ကိုယ်ထူကိုယ်ထ နည်းလမ်းပြ ဗုဒ္ဓဟောခဲ့သည်။
                  ဒါကြောင့် ရှင်ချစ်မြတ်စွာ သာသနာမှာ သာသနာဝင် ဘာသာဝင်တို. ဆောင်ရမည့်ဝန် ဆောင်ရန်ပြင်သင့် လေးမဖင့်နှင့်။ အားနွဲ.သူ အဖြစ်မျိုးနှင့် ဟိုကိုးဒီကိုး ဟုတ်လိမ့်နိုးနိုး ကယ်တင်ရှင်လည်း မမျှော်သင့်။ ကြီးစွာသတိ ပညာရှိသည့် မိမိ ကိုယ်သာ ကိုးကွယ်ရာသည် ရှင်တော့် တပည့်ပီပီတည်း။ ဟု သတိပေးတိုက်တွန်းရင်း ~~~
                   သင်ရ ကျင့်ရ ဝန်နှစ်ဝ ဆောင်မှ ပြီးမြောက်မည်။
                   မဆောင်လိုက သင့်ဘဝ ဒုက္ခများလိမ့်မည်။
ဆိုသည့်အတိုင်း သိအောင် သင်ကြပါစို. ရအောင်မှတ် တတ်အောင်လုပ် မြတ်အောင်ကျင့်ကြပါစို.

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More