ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ ရာဇဝင်ထဲက ကင်မ်ဟဲ (၂) ~ pyidawoo

Pages

Thursday, April 1, 2010

ရာဇဝင်ထဲက ကင်မ်ဟဲ (၂)

ပြီးခဲ့တဲ့ အပတ်က ကင်မ်ဟဲမြို.မှာ ဗုဒ္ဓဘာသာနဲ. ပတ်သက်တဲ့ ထူးခြားတဲ့ ရာဇဝင်နောက်ခံရှိတယ်ဆိုတာ ပြောခဲ့ပြီးပါပြီ။ ဒီအပတ်မှာတော့ ကင်မ်ဟဲမြို.ကို တရားဟောသွားရင်း တွေ.ရကြုံရတာလေး စဉ်းစားမိတာလေးတွေ ဖေါက်သည်ချချင်ပါသေးတယ်။ လူမှာအမျိုး ကြက်မှာအရိုး ဆိုတဲ့ ရှေးဆိုရိုးစကား ရေခံမြေခံဆိုတဲ့စကားတွေဟာ ငယ်စဉ်က အကြိမ်ကြိမ်ကြားလည်း အလေးအနက် မထားတတ်ခဲ့ပါဘူး။ အသက်အရွယ်ရလာ အတွေ.အကြုံရှိလာတဲ့အခါ ဘာတစ်ခု အသေအချာသိလာ သလဲဆိုတော့ကာ ရှေးလူကြီးတွေကို ဘယ်တော့မှ လျှော့မတွက်ဖို. အထင်မသေးဖို.ပါ။

မြန်မာအစ တကောင်းက ဆိုတဲ့ ရှေးလူကြီးတွေရဲ. စကားကို ဒဏ္ဍာရီ ယုံတမ်း စကားတွေပါလို. ပြက်ရယ်ပြုကြ ခေတ်ကာလအတိုင်းအတာ တစ်ခုအထိ အထင်သေးခံရတဲ့ အဖြစ်ရှိခဲ့ဖူးပါတယ်။ အခုတော့ မြေပေါ်မြေအောက် ရှေးဟောင်းသုတေသန အထောက်အထားတွေက ရှေးလူကြီးတွေ မမှားကြောင်း သက်သေပြနိုင်တဲ့ ခေတ်ရောက်ခဲ့ပြီ မဟုတ်လား။ ကိုယ်တိုင်လည်း အရပ် ဒေသ အမျိုးမျိုးရောက် လူအမျိုးမျိုးနဲ.တွေ.ဖန်များလာတော့ လူမှာအမျိုး ကြက်မှာအရိုးဆိုတဲ့ ရှေးလူကြီးတွေရဲ. ဆိုရိုးစကား ရေခံမြေခံဆိုတဲ့ အယူအဆများလည်း အလွယ်တကူ မပြစ်ပယ်သင့်ပါလား ဆိုတဲ့ အတွေးဝင်လာပါတယ်။
         ကိုရီးယားမှာလည်း တရားဟော တရားပြလာတာ နှစ်အတော်ရလာခဲ့ပါပြီ။ အတိအကျပြောရရင် ၇-နှစ်ကျော် ဂ-နှစ်အတွင်းမှာဆိုပါတော့။ တခြားနယ်ပယ်မှာ သိပ်မသိပေမယ့် ကိုရီးယားဗုဒ္ဓဘာသာ လောက အကြောင်းတော့ တော်တော်ရိပ်မိနေပါပြီ။ အကုန်သိတယ်လို.တော့ မဆိုလိုပါဘူး။  စုံတော့စုံနေပါပြီ။  အများဆုံး တရားဟောခွင့်ရခဲ့တဲ့ နယ်တွေက ဆိုးလ်၊ ဖူဆန်၊ ဂွမ်ဂျူး၊  ယာင်ဂျူး၊  နဲ. ဂျယ်ဂျူးဒိုပါ။ နိုင်ငံရဲ. လူဦးရေတစ်ဝက်နီးပါးက ဆိုးလ်းမှာနေတာလေ။ ကျန်တဲ့လူဦးရေ တော်တော်များများက ကျန်တဲ့ ဖူဆန် ဒဲဂူး အင်န်ချုံးန် အစရှိတဲ့ မြို.ကြီးတွေမှာနေပြီး မြို.ငယ်လေးတွေနဲ. တောမှာက တောင်သူလယ်သမားနဲ. စိုက်ပျိုးရေးသမား လူနည်းစုလေးတွေပဲနေတာ။ ခေတ်လူငယ်တွေ အားလုံးက မြို.ပြယဉ်ကျေးမှုအောက်မှာ ကြီးပြင်းလာကြတော့ တောမှာ ဘယ်နေချင်ကြမလဲ။ ဒါကြောင့် တောက ဒကာတွေ အိမ်ထောင်ဖက် ရှာမရလို. တရုတ် ဗိယက်နာမ် ဖိလစ်ပိုင်အစရှိတဲ့ နိုင်ငံတွေကနေ အင်မ်ပို.လုပ်နေရတယ်ဆိုတဲ့ စကား ရှိပါတယ်။ မြန်မာမလေးတွေတောင် ကြားညှပ်ပြီး ပါပါလာတာ သိပ်မနည်းတော့ဘူး။ အဂ္ဂမဟေသီဆိုရင် တော်ပါသေးရဲ.။ မယောင်မလည်နဲ. အမြှောင်အငယ်ဘဝ ရောက်ကြသူလည်း မနည်းဘူးလို. သိရပါတယ်။
         ပညာတတ် လူတန်းစားတွေက မြို.မှာ အနေများတယ်။ အထူးသဖြင့် ဝိပဿနာတရားကို ဗုဒ္ဓဘာသာအနေနဲ. မဟုတ်ဘဲ စိတ်ဖြေရာ စိတ်ဖိစီးမှုလျှော့ချစရာ နည်းလမ်း တစ်ခု အနေနဲ. စိတ်ဝင်စား ကြတဲ့ ပညာတတ် လူတန်းစား အသိုင်းအဝိုင်းက ဆိုးလ်းမှာများပါတယ်။ ဆိုးလ်မှာ တရားဟောရရင် အဲဒီလို ပရိတ်သတ်ကများ ပါတယ်။ နောက် လူငယ်လူလတ်ပိုင်းတွေ တော်တော်များများတွေ.ရမယ်။ လောကဓံ လှိုင်းကြောင့် ဇာတ်ပျက်နေတဲ့ အရှုံးသမားတွေလည်း ပါပါတယ်။ ဖူဆန်းနဲ. ဒဲဂူးဘက်က ဗုဒ္ဓဘာသာ အားကောင်းတယ်။ ဒါပေမယ့် မိရိုးဖလာ မဟာယာနပေါ.။ နောက် တရားပွဲဆိုရင် သက်ကြီရွယ်အိုတွေပဲ လာကြတာများတယ်။ ဂွမ်ဂျူးက ခရစ်ယာန်များတယ်။ ဆိုးလ်မှာကိုပဲ ခရစ်ယာန်များပြီး အစွန်းရောက်တွေ အားကောင်းတယ်လို. ပြောနိုင်တယ်။ ဒီက ခရစ်ယာန်ဆိုတာ မြန်မာပြည်က မွတ်ဆလင်ထက် ပြင်းပါတယ်။  ဂျယ်ဂျူးဒိုက ရိုးရာနတ်တစ်ပိုင်း ဘုရားတစ်ပိုင်း။
         ပညာတတ် လူငယ် လူတန်းစားကလွဲရင် ယေဘုယျအားဖြင့်တော့ ကိုးရီးယား ဗုဒ္ဓဘာသာဝင်တွေက ဘုရားကို တန်ခိုးရှင်ကြီး ဖန်ဆင်းရှင် ကြီးလို ဆုတောင်းရင် ပေးနိုင်တဲ့ စေတစ်လုံးပိုင်ရှင်ကြီးလို ကိုးကွယ် ကြတာ များပါတယ်။ ဘုရားအထက်ကို ကွမ်ရင်မယ်တော်က နည်းနည်း ပိုပြီးရောက်နေတာလည်း အားလုံး လိုလိုပါပဲ။ အလိုတော်အတိုင်းဆိုတဲ့ တစ်ခြားတစ်ခြားဝါဒ တွေနဲ. သိပ်မကွာလှတော့ပါဘူး။ အပြင်က အသွင်ရော အတွင်းက အတွေးအမြင်အရပါ ဗုဒ္ဓဘာသာ ဆိုတာက အမည်ခံလောက် ကျန်တော့တာပါ။
          ယေဘုယျအနေအထားပြီးတော့ ဝိသေသဖြစ်တဲ့ ကင်မ်ဟဲအကြောင်း ပြောချင်ပါတယ်။ ကင်မ်ဟဲ တရားပွဲရောက်တိုင်း တွေ.ရတာက လူငယ်လူလတ်ပိုင်းက အမြဲ သုံးပုံ နှစ်ပုံ ကျော်နေတာကိုပါ။ ပြီးခဲ့တဲ့ အပတ် သောကြာနေ. အတန်းမှာလည်း လူ ၇၀ နီးပါးမှာ ၃၀ပတ်ချာလည် လူငယ်တွေများတာကို သတိ ထားမိပါတယ်။ နောက် စိတ်ဝင်စားမှု အတိုင်းအတာနဲ. မေးကြတဲ. မေးခွန်းတွေကို ထောက်ဆခြင်းအားဖြင့်
ကင်မ်ဟဲက ဒကာဒကာမတွေက အနာဂါတ်ကိုရီးယား သာသနာအတွက် တကယ်ကို တစ်တပ်တအား ဖြစ်နိုင်တယ်ဆိုတဲ့ အတွေး ဝင်လာပါတယ်။ နောက် မြန်မာပြည်မှာ ရဟန်းခံပြီး ကင်မ်ဟဲမှာ သာသနာ ပြုနေတဲ့ ဘုန်းကြီးတစ်ပါး တစ်နိုင်ငံလုံး အထက်အောက် အနှ.ံကျော်ကြားလွှမ့်းခြုံ သွားတာလည်း ရှိပါတယ်။
ဒါကြောင့် လူမှာအမျိုး ကြက်မှာအရိုး ဆိုတဲ့ ရှေးလူကြီးတွေရဲ. ဆိုရိုးစကား။ ရေခံမြေခံဆိုတဲ့ အယူအဆများအကြောင်း ပြန်ပြောင်း သုံးသပ်နေမိကြောင်း

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More