ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ ၁၁ရက်နေ. ၁၁နာရီ ~ pyidawoo

Pages

Wednesday, April 7, 2010

၁၁ရက်နေ. ၁၁နာရီ

၁၁ရက်နေ. ၁၁နာရီမှာ ဂွမ်ဂျူးက ဆွေတော်မျိုးတော်တွေကို တရားဟောခွင့် ရပါတော့မယ်။ တစ်မြေတည်းနေ တစ်ရေတည်းသောက်ခဲ့ကြသူတွေ ရေခြားမြေခြားမှာ လာရောက် ဆုံကြ တွေ.ကြရတာကိုက ဝမ်းသာစရာကောင်းလှပါပြီ။ ဘုရားရှင်က အနမတဂ္ဂသုတ်မှာ သံသရာမှာ ဆွေမျိုးမတော်ဖူးတဲ့သူ မရှိဘူးလို. ဟောတော်မူပါတယ်။“သံသရာပြင်ကြီး ခရီးတာရှည်၊ ကျင်လည်ကြရ များလှဝေနေ။ ဘဝဟောင်းက ဆွေမျိုးဟောင်းတွေ မတော်စပ် လူနတ် ရခဲပေ။

ဂွမ်ဂျူးဆိုတာ ဟိုး ရှေးတုန်းက မင်းနေပြည်တော်ပါ။ မြန်မာသမိုင်းမှာ မွန်မင်း ရခိုင်မင်း ရှမ်းစော်ဘွားနဲ. မြန်မာမင်းများ တိုင်းနိုင်ငံကို အသီးသီးပိုင်းခြား အုပ်ချုပ်ခဲ့တဲ့ ခေတ်တွေရှိခဲ့ဖူးသလိုပဲ ကိုရီးယားသမိုင်းမှာလည်း ဂိုဂိုလယော၊ ဘက်က်ကျဲ နဲ. ရှီလာ ဆိုပြီး သုံးနိုင်ငံ ရှိခဲ့ပါတယ်။ ဂိုလယော (고려)ဆိုတဲ့ နာမည်ကနေ အခုခေတ် ကိုရီးယား ဆိုတဲ့ အသံဖြစ်လာတာပါ။ ဗမာ ကို ဘီရုမာ ခေါ်သလိုမျိုးပေါ.လေ။ အဲဒီသုံးနိုင်ငံ အပြိုင်ကြဲနေရာကနေ ရှီလာ က အားကြီးကြီးနဲ. အင်အားသုံးပြီး သုံးနိုင်ငံကို တစ်နိုင်ငံတည်းအဖြစ် ပေါင်းစည်းပစ်နိုင်ခဲ့ပါတယ်။ ပုဂံခေတ်မှာ မြန်မာမင်းက မွန်မြန်မာရခိုင် မကွဲပြား တစ်သားတည်းဖြစ်အောင် ပြည်ထောင်စုနိုင်ငံ ထူထောင်ခဲ့သလိုပါပဲ။ ခေတ်အားဖြင့်လည်း ရှီလာနဲ. ပုဂံခေတ်က မတိမ်းမယိမ်းပါပဲ။ ရှီလာသမိုင်းကတော့ ပိုစောပါတယ်။ ပုဂံခေတ်ဦးနဲ. အညီလို. ပြောရပါလိမ့်မယ်။ နောက်တစ်ချက် ရှီလာနဲ. ပုဂံ တူပြန်တာက ဗုဒ္ဓသာသနာ အထူးပွင့်လင်းတာပါ။ ဗုဒ္ဓဘာသာရွှေခေတ် လို. ပြောနိုင်တဲ့အထိဆိုပါတော့။ ဒါပေမယ့် ထူးခြားတာက  ရှီလာမှာက မဟာယာနရွှေခေတ်ဆန်းချိန် ပုဂံမှာက မဟာယာနကို ပြာချပြီး ထေရဝါဒမူလသာသနာစစ်ကို ရွှေတစ်ခေတ်ဖြစ်စေခဲ့တာပါ။ စကားဆက် ဝေးသွားတယ်။ စကားအစက ဂွမ်ဂျူးဆိုတာ ရှေးယခင်က မင်းနေပြည်တော်ဆိုတာပါ။ ကိုရီးယား ရာဇဝင်ထဲက သုံးနိုင်ငံမှာ ဘက်က်ကျဲနိုင်ငံရဲ. ရွှေမြို.တော် ပါ။
         ပြီးခဲ့တဲ့လက ဂွမ်ဂျူး ခီလ်ဆန်းင်ဆာ ကျောင်းက ပင့်လို. တရားသွားဟောတဲ့အကြောင်း ရေးခဲ့ ပြီးပါပြီ။ အဲဒီိကိုရီးယား တရားပွဲကနေ ဆုံလာတဲ့ ရေစက် တို.ရွှေမြန်မာတွေအတွက် လစဉ်တရားပွဲ တစ်ရက် ကျင်းပဖို. အကျိုးဆက်ဖြစ်လာပါတယ်။ ကိုရီးယားဘုန်းတော်ကြီးက တောင်းဆို တို. ရွှေမြန်မာ တွေလည်း လိုလားလို. တရားပွဲဖြစ်ရတာပေမယ့် အကြောင်းရှာတော့ ဘဝါဘဝက ရေစက်ကြောင့် ဒီကိုရီးယား ဘုန်းကြီးက တို. ရွှေမြန်မာတွေကို ခင်မင်လိုလားတာလို. ကောက်ချက်ချမိပါတယ်။ သံသရာပြင်ကြီး ခရီးတာရှည် ကျင်လည်ကြရများလှဝေနေ မိဟောင်းဘဟောင်း ဆွေမျိုးဟောင်းတွေ မတော်စပ် လူနတ်ရခဲပေ။
         လူ.ဘဝမှာ မိတ္တဗလဆိုတာ အင်မတန်အရေးကြီးပါတယ်။ ဘုရားရှင်ကလည်းကလျာဏမိတ္တသမ္ပဒါ ဆိုတာဟောပါတယ်။ မနေ.ကကျောင်းမှာ International and Area Studies သင်တဲ့ဆရာက နိုင်ငံတကာ အဖွဲ.အစည်းများအကြောင်း ပြောရင်း  ဘာပြောလဲဆိုရင် လူတောမတိုး လူရာမဝင် ဆိုတာလို နိုင်ငံတကာ အဖွဲ.အစည်းတွေမှာ ဝင်ဆံ့မှု မရှိတဲ့ နိုင်ငံတွေ မျက်နှာငယ်သတဲ့။ ဒါကြောင့် ဘုန်းကြီးတို. ရွှေမြန်မာတွေလည်း ကိုယ့်ကို အရေးတယူ ပျူပျူငှာငှာ ဖိတ်ခေါ်လာတဲ့သူတွေကို ဆွေဟောင်းမျိုးဟောင်း တွေလို. သဘောထားပြီး ပဋိသန္ထာရမပျက် ဝင်ထွက်သွားလာသင့်ပါတယ်။
         ပေကမ်းရက်ရော အပြောချိုသာ
         သူ.ကျိုးဆောင်ရွက် မပျက်စေရာ
         တန်းတူ ကိုယ်နှင့် အသင့်ထားပါ
         စည်းလုံးမှု လေးခုသင်္ဂဟာ ဆိုတဲ့ သင်္ဂဟ တရားနဲ.အညီ ပေါင်းသင်းတတ်ရင် မိတ်ကောင်းတွေ ရနူိုင်ပါတယ်။ ခိုင်လည်းခိုင်မြဲပါတယ်။ အဲဒီ မိတ္တဗလ အားရှိတဲ့လူမျိုးအတွက် ဘောဂဗလ ဆိုတဲ့ စီးပွားက တိုးပွားလွယ်ပါတယ်။ ငွေကို ကိုယ်(ခွန်အား)နဲ.ပဲရင်းပြီး ရှာတတ်တယ်ဆိုရင်တော့ ဆင်းရဲ တာရှည် ပါလိမ့်မယ်။ ဒါကြောင့် သံသရာက ဆွေတော်မျိုးတော်တွေ ကိုရီးယားမြန်မာ ဆွေဟောင်း မျိုးဟောင်းများနဲ. ဆုံပြီး ကာလေန ဓမ္မဿဝနံ ကုသိုလ်ကောင်းမှုပြုကြ မိတ်သစ်ဆုံကြ လမ်းသစ်ဖွင့်နိုင်ကြပါစေ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More