ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ pyidawoo

Pages

အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား

ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။

အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း

၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.

ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)

ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .

ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။

တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို

ကိုးရီးယားမှာ ပညာရှာ

ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။

Tuesday, April 24, 2012

ကိုးရီးယားမှာ ပညာရှာ

... ပညာသင်ဆုရ ကျောင်းသား ၄ယောက်

...ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။ ကိုရဲသီဟ၊ မခင်သူဇာ၊ မခိုင်စုကြွယ်နဲ. မလဲ့ရည်ထွန်းတို.ပါပဲ။
လဲ့ရည်ထွန်း ကလွဲရင် ကျန်သုံးယောက်လုံးက ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်ကနေ ကိုရီးယား ဘာသာနဲ. ဘွဲ.ရခဲ့ကြသူတွေပါ။ လဲ့ရည်ထွန်းကတော့ အင်္ဂလိပ်စာမေဂျာနဲ. ဒဂုံတက္ကသိုလ်ထွက်ပါ။ ငယ်မွေး ခြံပေါက်ဆိုလည်း မမှားပါဘူး။ ရန်ကုန် စန်းမြသီတာရိပ်သာယောဂီဖြစ်တဲ့အပြင် ကိုရီးယားဘာသာကို ပြည်တော်ဦး မြန်မာ-ကိုရီးယားလူငယ်ဖွံ.ဖြိုးရေးကျောင်း ကိုရီးယားဘာသာစကားသင်တန်းမှာ ဆရာဇော်မြင့် ဆီကနေ စတင်သင်ယူခဲ့ပြီး ဒီကိုမလာခင်အထိ ပြည်တော်ဦးမှာ ဆရာမအဖြစ် သင်ကြားရေးတာဝန် ယူခဲ့လို.ပါ။ KOICA က ကျင်းပပေးတဲ့ ကိုရီးယား စကားပြောပြိုင်ပွဲမှာလည်း ပထမဆု ရခဲ့သူပါ။ ဒါ့အပြင် ဒီမှာ စကောလာ ရဖို. TOPIK လယ်ဗယ်4 လိုတယ်ဆိုတော့လည်း ၆လအတွင်း ဖြေဆိုအောင်မြင်ခဲ့ပါတယ်။ ဂျပန်နဲ.တရုတ ဘာသာစကားလည်း အထိုက်အလျောက် ရပါသေးတယ်။ ဆိုတော့ တော်တော်ကြိုးစားတဲ့ ကလေးမလေးပါပဲ။ ဒီလို ကလေးမျိုးတွေကို ကူညီခွင့်ရခဲ့တဲ့ အတွက် အင်မတန် ကြည်နူးပီတိဖြစ်ရပါတယ်။
ရဲသီဟ ဆိုလည်း သူ.ကျောင်းနေဘက် (ပြည်တော်ဦးကိုရီးယားသင်တန်းဆရာ) ဇော်မြင့်နဲ.အောင်ကိုလတ် တို. ဘုန်းကြီးရဲ. ရန်ကုန် စန်းမြသီတာမဟာစည်ရိပ်သာမှာ ရဟန်းခံတရားအားထုတ်စဉ်ကတည်းက သိကျွမ်း ခဲ့ပြီး ပြည်တော်ဦး ကိုရီးယား သင်တန်းမှာလည်း သူရဲ. ဂျီးန်ဆော်င်း ကိုရီးယားဘာသာစကားစာအုပ် များကို လာရောက် ထောက်ပံ့လှူဒါန်းခဲ့သူပါ။ နောက် ကိုရီးယားမှာ အလုပ်လုပ်ဖို. ရောက်လာပြီး ဂွမ်းဂျူး လစဉ် တရားပွဲစတဲ့ ဘုန်းကြီးရဲ.သာသနာပြုလုပ်ငန်းတွေမှာ တတပ်တအား ပါဝင်ခဲ့သူပါ။ အလုပ်သမားအဖြစ်နဲ.နေတာထက် ပညာရေးလိုင်းကိုပဲ လိုက်သင့်ပါတယ်လို. သူ.ရဲ.စရိုက်နဲ. စာပေအရေးအသား သုတေသန လက်စလက်နကိုသိနေတဲ့ ဘုန်းကြီးကပဲ တိုက်တွန်းပြီး ကျောင်းတက်ခိုင်းခဲ့ပါတယ်။ အခုတော့ သူ.ကို လူမှန်နေရာမှန်မှာ တွေ.ရလို. စိတ်ချမ်းသာပါတယ်။

ခင်သူဇာ ကလည်း (ပြည်တော်ဦးကိုရီးယားသင်တန်းဆရာ) ဇော်မြင့်၊ ရဲသီဟ၊ အောင်ကိုလတ်တို.နဲ. ကျောင်းနေဖက်ဖြစ်တဲ့အပြင် မဟာစည်ရိပ်သာကြီးမှာ ဆရာဇော်မြင့် မလုပ်နိုင်တော့တဲ့နောက်ပိုင်း ဇော်မြင့်ရဲ. မိတ်ဆက်ပေးမှုနဲ.ပဲ ကမ္မဋ္ဌာနာစရိယ ဆရာတော်ဘုရားများ ကိုရီးယားရဟန်းရှင်လူ ယောဂီတွေကို တရားဟော/ပြရာမှာ ဘာသာပြန်အဖြစ် ဒီကို မလာခင်အထိ ဆောင်ရွက်ပေးခဲ့တဲ့ သူပါ။ အဲဒီအချက်တစ်ခုတည်းနဲ.ပဲ ကိုရိးယားမှာ လာရောက်ပညာသင်ခွင့်ရအောင် အကူအညီပေးသင့်တယ်လို. မြင်ပါတယ်။ မိမိတို.တတ်မြောက်တဲ့ပညာနဲ. သာသနာ အကျိုး သယ်ပိုးခဲ့တဲ့သူတွေကို ဂုဏ်ပြုခွင့်ရလို. အင်မတန် အားရကြေနပ်ပါတယ်။ခိုင်စုကြွယ် ဆိုတဲ့ ကလေးမလေးကလည်း သူ.ကံနဲ.သူပါပဲ။ ကျောင်းသား လေးယောက် ပညာသင်ဆု ရမှာကို အရင်လျာထားတဲ့သူတွေ အကြောင်းအမျိုးမျိုးနဲ. အဆင်မပြေဘဲ တစ်ယောက်လိုနေပါတယ်။ သူ.အတွက် သက်သက်ချန်ပေးထား သလိုပါပဲ။ သူက ကိုရီးယားဘာသာနဲ.ဘွဲ.ရ TOPIK လယ်ဗယ်၎အောင်ပြီး အဆင်သင့်ဖြစ်နေတဲ့အပြင် ကျောင်းလျှောက်တဲ့ စာရွက်စာတမ်းတွေကိုလည်း ကပ်သီးကပ်သပ် အချိန်တိုလေး အတွင်းမှာပဲ အချိန်မီ ပြီးအောင်လုပ်နိုင်ခဲ့ပါတယ်။
တကယ်တော့ ဒီပညာသင်ဆုကို ပြည်တော်ဦးက ကိုရီးယားဘာသာ သင်တန်းဆရာတွေအတွက် သီးသန်.စီစဉ်ပေးတာပါ။ ဆရာဇော်မြင့်က သူ.ကိုယ်ပိုင် သင်တန်းမှာ ကျောင်းသား တအားများနေတဲ့အတွက် ဒီကိုလာ ကျောင်းတက်ဖို. အစီအစဉ် ဖျက်လိုက်ရပါတယ်။ ဆရာကျော်ဇံဝင်းနဲ. ဇာရည်နွယ်က TOPIK လယ်ဗယ်၎ အဆင်သင့် မဖြစ်သေး။ ဖြူသွယ်ထွန်းညီမ မေသွယ်ထွန်းက ဖခင် ကျန်းမာရေးကြောင့်ပျက်ဆိုတော့ ကံနဲ.လူ မပူနဲ. ဆိုတာလို ခိုင်စုကြွယ်အတွက် သီးသန်. တယောက်စာ ချန်ထားပေးသလိုပါပဲ။ ဒီကလေးမလည်း ထက်ထက် မြက်မြက်နဲ. လုပ်ရည်ကိုင်ရည်ရှိသူပါ။ သူတို.လေးတွေ ပြည်ပမှာ ပညာသင်ပြီး ပြန်သွားရင် အမိမြန်မာပြည်အတွက် တအားတက်စရာ ကောင်းတဲ့သူတွေ မုချ ဖြစ်မယ်လို. ယုံကြည်ပါတယ်။
အခု သင်္ကြန်ပိတ်ရက်မှာ ဇော်မြင့်တို. အောင်ကိုလတ်တို. ကိုရီးယားကို အလည် ရောက်လာခဲ့ကြပါတယ်။ ဇော်မြင့်ကိုတော့ ဘုန်းကြီးကပဲ လာဖို. စီစဉ်ပေးတာပါ။ အလုပ်သမားဝန်းကြီးဋ္ဌာနကနေ အလုပ်သမား အားလုံးကို ကိုရီးယားမထွက်ခင် အနီးကပ် ၇ရက်သင်တန်းပေးရာမှာ ဆရာဇော်မြင့်တို. သင်ပေးရပါတယ်။ ကိုရီးယားကို လာမယ့်သူအားလုံးကို လာခါနီးမှာ သင်ကြားခွင့်ရမယ့် အဲဒီလို ဆရာတစ်ယောက်အနေနဲ. ကိုရိးယားကို ရောက်ကိုရောက်ဖူးသင့်တယ်။ ဒီက အလုပ်ရှင် အလုပ်သမား စက်ရုံ အနေအထား ဥပဒေများ အပြင် ယဉ်ကျေးမှု လူနေမှု ဘဝစသည်များကို ကိုယ်တိုင်မြင်တွေ.ခံစားပြီး သင်ကြားပို.ချပေးနိုင်ရင် ဒီကို လာမယ့်သူတွေအတွက် အလွန်အထောက်အကူ ဖြစ်မယ်လို. ယုံကြည်လို.ပါ။ နောက် မဟာစည်ရိပ်သာကြီးနဲ. ပြည်တော်ဦး လူငယ်ဖွံ.ဖြိုးရေးကျောင်းတွေမှာ ဆောင်ရွက်ခဲ့တဲ့/ဆောင်ရွက်ဆဲ သူ.ရဲ. ပရဟိတ ပညာဒါန လုပ်ငန်းများကို ဂုဏ်ပြုချင်တာပါ။ ဒီစာရေးသားနေချိန်မှာ ဇော်မြင့်တစ်ယောက် ဂျဲဂျူးကျွန်း ရောက်နေလို. ကိုရီးယားရဲ. အလှဆုံးကျွန်းမှာ အလှဆုံးရာသီရဲ. အလှတရားများကို တဝကြီး ခံစား အနားယူနို်င်ပါစေလို. ဆန္ဒမွန်ပြုလိုက်ပါတယ်။
အခုလို ကိုရီးယားမှာ ဇော်မြင့် ရဲသီဟ အောင်ကိုလတ်နဲ. ခင်သူဇာတို.ကို တွေ.ရတော့ သူတို.တွေရဲ. ကျောင်းနေဘက် ဒီမှာ အလုပ်လုပ်နေကြတဲ့ ကျော်လှိုင်ထွန်းတို. ထွန်းဝင်းတို. မြန်မာသံရုံးက ခင်လေးတို.ကိုလည်း သွားသတိရ ပါတယ်။ ကိုရီးယားဘာသာစကားနဲ. အတူဘွဲ.ရခဲ့ကြတဲ့ သူငယ်ချင်းတစ်စု အခုလို အကြောင်းကိုယ်စီနဲ. ကိုးရိးယားကို ရောက်လာကြမယ်လို. လွန်ခဲ့တဲ့ လေးငါး ဆယ်နှစ်က သူတို. ဘယ်သူမှ တွေးမိမယ်မထင်ဘူး။ ဒီလိုပဲ နောက် လေးငါး ဆယ်နှစ်မှာရော သူတို.တွေ ဘယ်တွေရောက် ဘာတွေဖြစ်ပြီး ဘာတွေ လုပ်နေကြ မလဲဆိုတာ တွေးမိကြမယ် မထင်ဘူး။ အားလုံးပဲ လောကီလောကုတ္တရာအကျိုး အမျိုး ဘာသာသာသာနာအကျိုး သယ်ပိုးနိုင်တဲ့သူတွေ ဖြစ်ကြပါစေလို. ဆန္ဒပြုရင်း ဒီ ပညာသင်ဆု ပညာပါရမီ အမှု အတွက် မုဒိတာစကားကို နိဂုံးချုပ်လိုက်ပါတယ်။

Sunday, April 22, 2012

နှစ်ဦးတရားပွဲ အလှူရှင်စာရင်း

မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် နှစ်ဦးတရားပွဲတွင် နဝကမ အလှူရှင် စာရင်းများမှာ

ကိုပေါက်ကျိုင်း ၁သောင်း ဦးလှထွန်း ၅သောင်း ကိုကရင်ကြီး ၂သောင်း ကိုလွင် ၁သောင်း ကိုဇော်ဦး ၂သောင်း ကိုအောင်လှ ၂သောင်း ကိုဇော်ဝင်းထွန်း ၂သောင်း ကိုလင်းမောင် ၁သောင်း ကိုမင်းညီ ၁သိန်း မြန်မာသူကြီး ၁သောင်း ကိုအောင်ကိုကိုမျိုး ၃သောင်း မခင်သူဇာ ၁သောင်း ကိုညီညီမင်းထွဋ် ၁သောင်း ကိုအောင်နေသန့် ၂သောင်း ကိုကောင်းလတ် ၂သောင်း ကိုစိုင်းလျှန်း ၂သောင်း ကိုတင်ကိုသန့် ၅ထောင် ကိုသက်ခိုင်ထူး ၂သောင်း အောင်ဆန်းဦး(ဂွမ်ဂျူး) + ကိုဝင်းညွှန့်(အန်ဆန်း) ၁သိန်း Super Sunday Friends (Busan Naut San) ၅သိန်း စုစုပေါင်း ၉သိန်း ၈သောင်း ၃ထောင် တိတိကို ပါဝင်လှူဒါန်းသွားကြပါကြောင်း သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေရန်~~~

Wednesday, April 11, 2012

ဂွမ်ဂျူး အလှုတော်မှတ်တမ်း

...전밀정단 စက်ရုံ ဂွမ်ဂျူး (၈-၄-၁၂)

...

ကိုမျိုးနေဇာ = 30,000

Dr. ရွှေဇင်သန့်  = 30,000

ကေမ ၻာဒီးယားလူမ်ိဳး = 30,000

ကိုမောင်မောင်လွင် = 20,000

ကိုသီဟလှိုင် = 20,000

ကိုတင်ဝင်းမောင် = 20,000

Sunday, March 25, 2012

တက္ကသိုလ် ဓမ္မသဘင်(ကိုရီးယား)

... Pukyong National Universety တက္ကသိုလ် ဓမ္မသဘင်(ကိုရီးယား)
.

Saturday, March 10, 2012

ကိုရီယားစကားပြောသင်တန်း အပတ်စဉ် ၁၊




















ကင်မ်ဟဲ ကိုရီယားစာသင်တန်း ပထမ ခြေလှမ်း အောင်ပွဲ



ကင်မ်ဟဲ မဇ္ဈိမယာန ရုံးခန်းနှင့် ရွှေအလင်းတန်း စာကြည့်တိုက်တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အခမဲ့ သင်ကြားပေးနေသော ကိုရီယားစကားပြောသင်တန်း အပတ်စဉ် ၁၊ (၃လ) သင်တန်းကို အောင်မြင်စွာ သင်ကြားပြီးစီး၍ သင်တန်းပြီးမြောက်ကြောင်း လက်မှတ် ပေးအပ်ပွဲကို (၄-၃-၁၂) တနင်္ဂနွေနေ.မှာ ကျင်းပနိုင်ခဲ့ပါတယ်။ သင်တန်းဆရာ အဖြစ် ဘူဆန်းမြို့၊ ဘူဂယောင်းတက္ကသိုလ်တွင် ကိုရီးယာစာ၊ ဘာသာဗေဒ အထူးပြုဖြင့် မဟာဝိဇ္ဇာတန်း တက်ရောက်နေသော ကိုလှမင်းထွန်းက တာဝန်ယူခဲ့ပြီး၊ ဘူဆန်း နိုင်ငံခြားသားကူညီမှုအဖွဲ့(이주민과함께)မှ အကြီးအကဲဖြစ်သော 정귀순 ဆရာမနှင့် အတူ သင်တန်းစတင်ခဲ့ပါတယ်။ သင်တန်း တ၀က်လောက်တွင် ဘူဂယောင် တက္ကသိုလ်၊ ကိုရီယားစာပေ အထူးပြုဖြင့် Ph.Dတန်းတက်ရောက်နေသော 박산향 ဆရာမမှ အားဖြည့်၍ လာရောက် သင်ကြားပေးသဖြင့် သင်တန်းဆရာ ၃ဦးဖြင့် အင်ပြည့်အားပြည့် ပို.ချခဲ့ပါတယ်။
၂၀၁၁ခုနှစ် ၁၁လပိုင်း ၂၇ ရက်နေ့မှ စတင်၍ ကိုရီယားစကားပြောသင်တန်း အခြေခံ အဆင့် ၁ နှင့် ၂ အား သင်တန်းသား ၂၁ဦးဖြင့် ဖွင့်လှစ်ခဲ့တာပါ။ အဆင့် ၁ တွင် ၁၁ဦး၊ အဆင့် ၂ တွင် ၁၀ဦးဖြင့် တက်ရောက်ခဲ့တာပါ။ စုစုပေါင်း သင်တန်းကြာချိန်မှာ ၁၅ ပတ်ဖြစ် သော်လည်း ၁လပိုင်း ၁ရက်နေ့နှင့် ကိုရီယားနှစ်သစ်ကူးနေ့များတွင် ပိတ်သဖြင့် စာသင်ချိန်မှာ ၁၃ပတ်သာ ရရှိခဲ့ပါတယ်။ တစ်ပတ်လျှင် စာသင်ချိန် ၂နာရီ့ ဖြစ်သဖြင့် အားလုံး ၂၆ နာရီသာ သင်ကြားနိုင်ခဲ့တာပါ။
သင်တန်းမှာ အစဖြစ်၍ လှစ်ဟာမှုများ မပြည့်စုံမှုများ ရှိနေသေးသော်လည်း သင်ယူသော ကျောင်းသားများ၏ ကြိုးစားမှု၊ ဆရာ/မ များ၏ စေတနာ၊ ဘူဆန်း ပြည်တော်ဦးဆရာတော်၏ ပံပိုးအားပေးမှုများကြောင့် ယခုလို သင်တန်းဟာ အထမြောက် အောင်မြင်နိုင်ခဲ့ခြင်းပါ။ အဓိက ဘေးက ကူညီနေကြတဲ့ စာကြည့်တိုက် အဖွဲသားများရဲ့ ပံပိုးမှုကြောင့်လည်း ပါပါတယ်။ ဆောင်းတွင်း ချမ်းချမ်းအေးအေးမှာ သင်တန်းသားများနှင့် ဆရာ/မများ နွေးထွေးစေရန် အပတ်စဉ်လာရောက်၍ ဟီတာကို ကြိုတင်ဖွင့်ပေးတတ်သော ကိုဇော်ဝင်ထွန်း၊ ၊ သန့်ရှင်းရေးကအစ လိုက်လုပ်တတ်သော အသင်းဥက္ကဌ ဦးလှထွန်း၊ ကိုခိုင်နှင့် ကိုမင်းလတ်စသည့် အဘက်ဘက်မှ ၀ိုင်းဝန်းကူညီကြသော သူများ ရှိနေခြင်းကြောင့်ပါ။ တကယ်တော့ သင်တန်းသင်တန်းဆင်းပွဲမှာ ဆရာတော် မိန့်ကြားခဲ့သလို “စာတတ်တာ မတတ်တာထက်၊ ငါ လုပ်လို့ရတယ်၊ လုပ်နိုင်ခဲ့တယ်” ဆိုတဲ့ စိတ်ဓါတ်လေး မျိုးစေ့ကျသွားဖို့ပါပဲ။ ဒါမှ နောင်ဆိုရင်လည်း အလွယ်တကူ ဒီလိုသင်တန်းမျိုးကို တက်ဖို့ ၀န်မလေးတော့သလို၊ ပရဟိတ လုပ်ငန်းတစ်ခုကို ကူညီလုပ်ကိုင်ဖို့လည်း နှောင့်နေးတာတွေ နည်းသွားမှာပါ။
တကယ်တော့ သင်တန်းချိန်ဟာနည်းသလို ကျောင်းသာ တွေထဲမှာလည်း အပတ်စဉ်ပြည့်အောင် တက်နိုင်တဲ့ ကျောင်းသားဦးရေ နည်းခဲ့ပါတယ်။ ညဆိုင်းဆင်းလို့၊ အိုဗာတိုင်ရှိလို့စသည့် ကိစ္စအမျိုးမျိုးကြောင့် တပတ်မဟုတ် တပတ်တော့ ပျက်တတ်ကြလို့ပါ။ ဒါပေမယ့် ကြိုးကြိုးစားစားနဲ့အားလုံး သင်တန်းဆင်းတဲ့အထိ တက်နိုင်ခဲ့ကြတာကတော့ တကယ့်ကို အားရစရာပါပဲ။ သင်တန်းသင်နေစဉ် ကာလမှာလည်း တစ်လလျှင်တစ်ကြိမ် အလုပ်သမား ဥပဒေနဲ့ ပတ်သက်တာတွေကိုလည်း ရှင်းပြပေးတာတွေရှိပါတယ်။ ဒါကြောင့် ဒီိအပတ်စဉ်ကို မမီတဲ့သူတွေ နောက်အပတ်စဉ် တက်ဖြစ်အောင်တက်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
မတ်လ ၁၈ ရက်နေ့မှာ နောက် အပတ်စဉ် ၂ အား စတင်မှာဖြစ်ပြီး အတန်းကို ၃ တန်းခွဲ၍ သင်ကြားရန် စီစဉ်နေပါတယ်။ လုံးဝအခြေခံအဆင့်၊ အခြေခံအဆင့် ၁၊ အဆင့် ၂ တို့ဖြစ်ပြီး သင်တန်းချိန်အားလည်း ၂နာရီမှ ၃နာရီ အထိ တိုးမြင့်ဖို့ ရည်ရွယ်ထားပါတယ်။ သင်တန်းသား ဦးရေနှင့် ကျွမ်းကျင်မှုအဆင့်ပေါ်မူတည်၍ သင်တန်းအမျိုးအစား ကွဲလွဲနိုင်ပါတယ်။ ဒီအပတ် ၁၁ရက်နေ့မှာတော့ သင်တန်းသားများနှင့် ဆရာ/မများ စုပေါင်းပြီး ခရီးတို တစ်ခုထွက်မှာဖြစ်တဲ့ အတွက် နောက် အပတ်ကြမှ စတင်နိုင်ခြင်းဖြစ်ပါကြောင်း။

ကယားလေး

Tuesday, January 31, 2012

အစည်းအဝေးဖိတ်ကြားလွှာ

၂၀၁၂.၄.၁၃ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ် တန်ခူးလတွင် ကျရောက်မည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲအား ကျင်းပရန်အတွက် အစီအစဉ်များအား တိုင်ပင်ဆွေးနွေးရန် ၂၀၁၂.၂.၅(တနင်္ဂနွေနေ့)တွင် ဂင်မ်ဟဲရှိ မဇ္ဈိမယာနရုံးခန်း သို့ကြွရောက်ပေးကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

အစည်းအဝေး အားညနေ ၃နာရီတွင် စတင်မည်ဖြစ်သည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More