အဘိဓမ္မာသင်တန်း အမှတ်စဉ် (၁) ဒယ်ဂူးမြို. ကိုရီးယား
ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို. ဗိုဟျောန်းဆာကျောင်းတွင် ၁၆-၀၈-၂၀၁၂မှ စတင်၍ အပတ်စဉ် ကြာသပတေးနေ.တိုင်း ည ရ~၉နာရီ အဘိဓမ္မာသင်တန်းကို ပို.ချပေးနေပါသည်။
အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁) ဖူဆန်း
၃-၉-၂၀၁၂ တနင်္လာနေ.က ဖူဆန်းမြို. ဗုဒ္ဓဘာသာ အသင်းတိုက်တွင် အဘိဓမ္မာသင်တန်း အမှတ်စဉ်(၁)ကို စတင်၊ တောင်ကိုးရီးယားနိုင်ငံသား အချို.သော ဗုဒ္ဓဘာသာဝင်များသည် မိရိုးဖလာ မဟာယာန အယူအဆများထက် ထေရဝါဒကို စိတ်ဝင်စားစ ပြုလာကြပါသည်။ ဝိပဿနာတရားကို လေ့လာရာမှ အစပြု၍ နိကာယ်ကြီးများကို ဘာသာပြန်သည် အထိ ခရီးရောက်နေကြပါပြီ။.
ဓမ္မယာန ပြည်တော်ဦး အမှတ် (၂)
ကိုရီးယား ဖူဆန်းမြို. ဆာ့ဆန်မှာ ဓမ္မယာန ပြည်တော်ဦး အမှတ် (၂) လက်ခံဖွင့်လှစ် ကိုရီးယား ယောဂီဒကာတစ်ဦးက ပြည်တော်ဦးဆရာတော်ဧ။် သာသနာပြုလုပ်ငန်းများတွင် အလိုရှိသလို အသုံးပြုရန် ဖူဆန်းမြို. ဆာ့ဆန်ဂူ ဂျူလဲရပ်ကွက်ရှိ အဆောက်အဦးတစ်ခုမှ အပေါ်ထပ်ကို ပြင်ဆင် လှူဒါန်းခဲ့ပါသည်။ .
ဂွမ်းဂျူးမှာလည်း ရွှေမြန်မာတို. အားထားရာ “မြန်မာကျောင်း”တစ်နေရာ တည်ထောင်ပါဦးမည်။
တောင်ကိုရီးယားနိုင်ငံ ဖူဆန်းမြို.မှာ ဓမ္မယာန ပြည်တော်ဦး ကိုးရီးယားမြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်ကို
ကိုးရီးယားမှာ ပညာရှာ
ဒီနှစ် ကိုးရီးယားမှာ ကျောင်းသားလေးယောက် စကောလာရအောင် စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ PUKYONG NATIONAL UNIVERSITY ကိုရီးယားဘာသာ မဟာဝိဇ္ဇာတန်းမှာပါ။ ၂၀၁၂ နွေဦး ပညာသင်နှစ်ကနေစပြီး ကျောင်းတက် နေကြပါပြီ။
Sunday, September 25, 2011
Thursday, September 15, 2011
အလှူတော်မှတ်တမ်း
ကိုအေးမြတ်ကို ၃သောင်း ကိုစိုးသိန်း ၁သောင်း၅ထောင်
ကိုအောင်မိုး ၁သောင်း ကိုနေမျိုး ၁သောင်း ကိုစိန်ဝင်း ၁သောင်း
ကိုဇော်ဇော် ၁သောင်း ကိုစောသက်ခိုင် ၁သောင်း
စုစုပေါင်း အလှူတော်ငွေ ၉သောင်း၅ထောင် ပါဝင်လှူဒါန်းသွားကြပါကြောင်း သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပါစေသော်~~~
Tuesday, September 13, 2011
ဖိတ်ကြားလွှာ
(တနင်္ဂနွေနေ့)တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကိုရီးယားရောက် ညီအစ်ကိုမောင်နှမများအား လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
...
အလှူတော် မင်္ဂလာ ဖိတ်ကြားလွှာ
မိဘနှစ်ပါးနှင့် ကျေးဇူးရှင်များအား အမှူးထား၍ ကျွန်တော် ၏ အလှူတော် မင်္ဂလာကို ၁၈.၀၉.၂၀၁၁
(တနင်္ဂနွေနေ့)တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကိုရီးယားရောက် ညီအစ်ကိုမောင်နှမများအား လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
အလှူနေ့ရက် ………. ၂၀၁၁.၀၉.၁၈ (တနင်္ဂနွေနေ့)
အချိန် ……….. ၁၁ နာရီဆွမ်းကပ် ဧည့်ခံ၊ နေ့လည် ၁နာရီတရားနာ
နေရာ ……….. မိဘမေတ္တာ ကိုလင်းလင်း 김해시 부원동 829-3번지 4층
လမ်းညွှန် ……….. ၂၀၀၄/၁၃၀/၁၂၃/၁၄ စီး 김해신한은행 (부원동 우체국) မှတ်တိုင်တွင်ဆင်းပါ
မှတ်ချက် ။ ။ ကြွရောက်မည့် သူငယ်ချင်းများအား ထောပတ်ထမင်း ၊ ဆိတ်သားဟင်း ဖြင့် ဧည့်ခံကျွေးမွေးပါမည်။
လေးစားစွာဖြင့်
ကိုမျိုးဇော်ထွန်း
...
Friday, September 9, 2011
အလှူတော်မှတ်တမ်း
ဖူဆန် ပြည်တော်ဦး ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန် ၊ ရန်ကုန်မြို့ ပြည်တော်ဦး မြန်မာ-ကိုရီးယား လူငယ်ဖွံ့ဖြိုးရေးကျောင်း နှင့် စန်းမြသီတာ မဟာစည် သာသာနာ့ရိပ်သာတို့၏ ပဓာန နာယက ပြည်တော်ဦး ဆရာတော်(အရှင်ပဏ္ဍိစ္စ)၏ လမ်းညွှန်ဦးဆောင်မှူဖြင့် ကိုရီးယားရောက် ရွှေမြန်မာ ညီအစ်ကိုမောင်နှမများတို့သည် ၂၀၁၀ခုနှစ် ၁၂လ ၁၂ရက် နေ့တွင် မဇ္ဈိမယာနအဖွဲ့ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
စက်ရုံ အပြောင်းအရွှေ့ကာလတွင့် အခက်ခဲဖြစ်နေသော ရွှေညီအစ်ကိုများအတွက် နားခိုစရာနေရာအဖြစ် လည်းကောင်း၊ အလုပ်သမားအခွင့်အရေး နှင့် ဥပဒေဆိုင်ရာ ပညာပေးဆွေးနွေးပွဲများကျင်းပရန် နေရာအဖြစ်လည်းကောင်း ၊ ဘာသာစကားသင်တန်း၊ ကွန်ပျူတာသင်တန်း နှင့် သာရေး နာရေး လူမှုရေးကိစ္စများ ဆောင်ရွက်နိုင်ရန်နေရာအဖြစ်လည်းကောင်း၊ မဇ္ဈိမယာနရုံးခန်း နှင့် ရွှေအလင်းတန်း စာကြည့်တိုက်ကို ဖွင့်လှစ်မည်ဖြစ်ပါသည်။ ကိုရီးယားရောက် ရွှေညီအစ်ကိုမောင်နုမများအား အခမ်းအနားသို့လေးစားစွာဖိတ်ကြားအပ်ပါသည်။
နေ့ရက် ၂၀၁၁.၉.၁၃ ရက် အင်္ဂါနေ့
အခမ်းအနားအစီအစဉ် နံနက် ၁၁ နာရီတွင် ဆွမ်းကပ်ပါမည်။
နံနက် ၁၁ နာရီမှ နေ့လည် ၁ နာရီအထိ ဒံပေါက်ဖြင့် ဧည့်ခံကျွေးမွေးပါမည်။
နေ့လည် ၁း၃၀ မှ ၃း၀၀ နာရီအထိ ရုံးခန်းဖွင့်ပွဲအစီစဉ်ဖြစ်ပါသည်။
နေရာ - 김해시 서상동 83-2(ယခင် Golden Village စားသောက်ဆိုင်)
Monday, September 5, 2011
ကိုဟန်မင်းထွန်း၏အကို ကိုကျော်ကျော်ဝင်းကို ရည်စူး၍ (အန်န်ဆောင်းင်)4-9-11
...အန်န်ဆောင်းင် ဆဲဂျူုံးဂုံးဂျို စက်ရုံမှ ကိုဟန်မင်းထွန်းနှင့် သူငယ်ချင်းတစ်စုက ဘူဆန်း ပြည်တော်ဦးဆရာတော်ကို ပင့်ဖိတ်၍ လွန်ခဲ့သော ၇-ရက်က ကွယ်လွန်သည့် ကိုဟန်မင်းထွန်း၏ အကို ကိုကျော်ကျော်ဝင်းအား ရည်စူးသည့် ကုသိုလ်ကောင်းမှုကို ပြုလုပ်ခဲ့ကြပါသည်။
Friday, September 2, 2011
ကိုထွေး၏ဖခင် ဦးဘိုကို ရည်စူး၍ ရက်လည်ဆွမ်းကပ်(ဂွမ်ဂျူး)၂၈-၈-၁၁
ကိုထွေးနှင့်သူငယ်ချင်းများအလှူငွေ (၉၀၀၀၀) ၀မ်..နှင့်..ဂွမ်ဂျူးမြို့ လစဉ်တရားပွဲနှင့်ဆွမ်းကပ်ရန်အလှူငွေထည့်ဝင်သူများစာရင်း....ကိုအောင်ကိုကို.=.၀မ် ၁ သောင်း..ကိုနိုင်စိုး.=.၁ သောင်း..ကိုကျော်နိုင် = ၂ သောင်း..ကိုအောင်ဇော်ဦး = ၁ သောင်း..ကိုသန့် ဇင်ထွန်း = ၁ သောင်း...ကိုသန်းထွေး = ၁ သောင်း...ကိုနေ၀င်းမြင့် = ၁ သောင်း...ကိုသိန်းထွန်းဦး = ၃ သောင်း..ကိုမြတ်မင်းထွန်း = ၁ သောင်း...ကိုထင်ကျော်သူ = ၁ သောင်း...ကိုမြတ်ထူး = ၁ သောင်း..ကိုထွန်းနိုင် = ၁ သောင်း...ကိုမောင်မာ = ၁ သောင်း..ကိုထွန်းထွန်းဦး = ၁ သောင်း..ကိုဝင်းစိုး = ၂ သောင်း..စုစုပေါင်း = ၀မ် 190000
ထည့်ဝင်လှူဒါန်းကြပါတယ်ဘုရား