မဇ္ဈိမယာနအဖွဲ့ရုံးခန်း နှင့် ရွှေအလင်းတန်း စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနား ဖိတ်ကြားလွှာ
ဖူဆန် ပြည်တော်ဦး ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန် ၊ ရန်ကုန်မြို့ ပြည်တော်ဦး မြန်မာ-ကိုရီးယား လူငယ်ဖွံ့ဖြိုးရေးကျောင်း နှင့် စန်းမြသီတာ မဟာစည် သာသာနာ့ရိပ်သာတို့၏ ပဓာန နာယက ပြည်တော်ဦး ဆရာတော်(အရှင်ပဏ္ဍိစ္စ)၏ လမ်းညွှန်ဦးဆောင်မှူဖြင့် ကိုရီးယားရောက် ရွှေမြန်မာ ညီအစ်ကိုမောင်နှမများတို့သည် ၂၀၁၀ခုနှစ် ၁၂လ ၁၂ရက် နေ့တွင် မဇ္ဈိမယာနအဖွဲ့ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
စက်ရုံ အပြောင်းအရွှေ့ကာလတွင့် အခက်ခဲဖြစ်နေသော ရွှေညီအစ်ကိုများအတွက် နားခိုစရာနေရာအဖြစ် လည်းကောင်း၊ အလုပ်သမားအခွင့်အရေး နှင့် ဥပဒေဆိုင်ရာ ပညာပေးဆွေးနွေးပွဲများကျင်းပရန် နေရာအဖြစ်လည်းကောင်း ၊ ဘာသာစကားသင်တန်း၊ ကွန်ပျူတာသင်တန်း နှင့် သာရေး နာရေး လူမှုရေးကိစ္စများ ဆောင်ရွက်နိုင်ရန်နေရာအဖြစ်လည်းကောင်း၊ မဇ္ဈိမယာနရုံးခန်း နှင့် ရွှေအလင်းတန်း စာကြည့်တိုက်ကို ဖွင့်လှစ်မည်ဖြစ်ပါသည်။ ကိုရီးယားရောက် ရွှေညီအစ်ကိုမောင်နုမများအား အခမ်းအနားသို့လေးစားစွာဖိတ်ကြားအပ်ပါသည်။
နေ့ရက် ၂၀၁၁.၉.၁၃ ရက် အင်္ဂါနေ့
အခမ်းအနားအစီအစဉ် နံနက် ၁၁ နာရီတွင် ဆွမ်းကပ်ပါမည်။
နံနက် ၁၁ နာရီမှ နေ့လည် ၁ နာရီအထိ ဒံပေါက်ဖြင့် ဧည့်ခံကျွေးမွေးပါမည်။
နေ့လည် ၁း၃၀ မှ ၃း၀၀ နာရီအထိ ရုံးခန်းဖွင့်ပွဲအစီစဉ်ဖြစ်ပါသည်။
နေရာ - 김해시 서상동 83-2(ယခင် Golden Village စားသောက်ဆိုင်)
0 comments:
Post a Comment