2011년 4월 2일 토요일 နည်းပညာမှာ ကမ္ဘာ့ရှေ.ပြေး၊ စီးပွားရေးနဲ. ပညာရေးမှာ ထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာတဲ့ ဒီနိုင်ငံမှာ သာသနာ ပြုခွင့်ရ ပညာရှာခွင့်ရ ကိုယ့်အတွက်တော့ ဘာမှ မပူမပင် မတောင့်မတ ချမ်းချမ်းသာသာနေရပေမယ့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ. လက်ရှိအခြေအနေကို သတိရတိုင်း ဒီမှာ ဒီလိုနေနေရတာ ကိုယ့်ကိုယ်ကို လိပ်ပြာမလုံပါဘူး။ တို.နိုင်ငံရဲ. လှပတဲ့ မနက်ဖြန် ဘယ်တော့မှများ ငါတို. ဖန်တီးနိုင်ပါ့မလဲ။ ဒီအတွေးနဲ. ကြိတ်ဆွေးခဲ့ရပေါင်းလည်း မနည်းတော့ပါ။
(ဓမ္မယာန) မဇ္ဈိမယာန အဖွဲ.သူ အဖွဲ.သားများသို.
အားလုံး မင်္ဂလာပါ။
ကိုရီးယားမှာတော့ သာယာလှပတဲ့ နွေဦးရာသီစပါပြီ။ ဘုန်းကြီးနေတဲ့ နေရာက ချယ်ရီပင်တွေ အစီအရီ တန်းပြီး ပွင့်နေကြပြီဖြစ်လို. အင်မတန် လှပါတယ်။ တစ်ဘက်က ပင်လယ်ကမ်းခြေနဲ. နာမည်ကျော် ပင်လယ်ကူး နှစ်ထပ်တံတားကြီးက သဘာဝရဲ. အလှတရားနဲ. လူသားရဲ. စွမ်းပကားကို ယှဉ်ပြထားသလိုပါပဲ။ ဘူဆန်းမှာတော့ ဘုန်းကြီးနေတဲ့နေရာဟာ ပင်လယ်ကမ်းခြေ၊ တံတားနဲ. ချယ်ရီပင်တန်းကြောင့် အနယ်နယ်အရပ်ရပ်မက ကမ္ဘာလှည့် ခရီးသည်တွေကပါ တကူးတက လာကြည့်ကြတဲ့ နာမည်ကျော် နေရာလေးတစ်ခုပါ။ ဘုန်းကြီးရဲ. တက္ကသိုလ်နဲ.လည်း လမ်းလျှောက်သွားရင် ၁၅မိနစ် မိနစ်၂၀ အတွင်းမှာ ရောက်နိုင်တဲ့ အကွာအဝေးမှာရှိတော့ အစစ အဆင်ပြေပါတယ်။
လုပ်ချင်တာတွေက အများကြီးပဲ။ လုပ်သင့်တာတွေကလည်း တစ်ပုံတစ်ခေါင်းကြီးပါ။ ဒါပေမယ့် ငါ တကယ် လုပ်နိုင်တာ ဘာရှိလဲလို. အသေအချာ ခွဲခြမ်းစိတ်ဖြာ စဉ်းစားကြည့်တော့ အမှန်တရားကို သိလာရတာလည်း စိတ် မသက်သာစရာပါပဲ။
ဒါပေမယ့် စပါတာကပ်စ်လို လူမျိုးတွေ မရှိခဲ့ရင် ရောမခေတ်က ကျွန်တွေ အခုအချိန်အထိ ကျွန်အဖြစ်က လွတ်ချင်မှ လွတ်ဦးမယ်။ ဗိုလ်ချုပ်လို လူမျိုးတွေ မရှိခဲ့ရင် မြန်မာပြည် အခုချိန်အထိ ကျွန်အဖြစ်က လွတ်ချင်မှ လွတ်မယ်လို. တွေးပြီး အားမွေး ဒီအတိုင်းတော့ လက်မလျှော့ပါဘူး။ လုပ်နိုင်တာလေးတွေကိုတော့ အမြဲ လုပ်နေခဲ့ ပါတယ်။ “နှမ်းတစ်လုံးနဲ.ဆီမဖြစ်ပါဘူး”ဆိုတဲ့ စကားရှိသလို. “နှမ်းတစ်လုံးမှ မပါပဲနဲ. နှမ်းဆီမဖြစ်နိုင်ဘူး”လို.လည်း ပြောလို. ရတာပဲ မဟုတ်လား။ နှမ်းဆီ ဖြစ်မြောက်ရေးမှာ နှမ်းလေးတစ်လုံး အဖြစ်နဲ.ပဲ ပါဝင်ခွင့်ရရ ဖြစ်သင့်တာတွေ ဖြစ်လာဖို. မာနထားစရာ ဘာမှမရှိတဲ့ အထူးနှိမ်ချစရာမလိုတဲ့ နှမ်းတစ်လုံးဘဝနဲ.ပဲ ကြေကြေနပ်နပ်ကြီး ပါဝင်ခွင့် ရချင်ခဲ့တာပါ။
စိတ်တူသဘောတူ ဘယ်သူဖြစ်ဖြစ် ပေါင်းမိရင် အင်အားပါ။ အခုလို ဓမ္မယာန မဇ္ဈိမယာန အဖွဲ.သူအဖွဲ.သားတွေနဲ. တစ်ပေါင်းတစ်စည်းထဲ ဖြစ်လာပြီး လုပ်သင့်တာတွေ အကောင်အထည် ဖေါ်ခွင့်ရလာတာကိုတော့ အတိုင်းမသိ ပီတိ ဖြစ်ရ ကြည်နူးဝမ်းမြောက်နေရပါတယ်။ အဖွဲ.သူ အဖွဲ.သားအားလုံးလည်း ထပ်တူထပ်မျှ ပီတိဖြစ်ကြမယ်ဆိုတာ ယုံကြည်ပါတယ်။
ဒီနေ.တော့ လာမယ့် ကျောင်းဖွင့်ချိန်ရာသီမှာ ကျောင်းနေရွယ် ကျောင်းမနေနိုင်တဲ့ ကလေးတွေအတွက် အဖွဲ.အနေနဲ. ဘယ်လို အကူအညီပေးနိုင်မလဲဆိုတာကို ကြိုတင်စဥ်းစားသုံးသပ်ထားဖို. အကြံပြုချင်ပါတယ်။ ကျောင်းနေတဲ့ ကလေးတွေလည်း လျှပ်စစ်မီးမရှိလို. မီးစက်၊ ဖယောင်းတိုင်စသည်မရှိလို. ည စာမလုပ်နိုင်တာမျိုး။ ထိန်းကျောင်း လမ်းညွှန်မယ့်သူ မရှိလို. မလုပ်ဖြစ်တာမျိုးရှိရင် စာကြည့်စရာ စာဖတ်ခန်းလုပ်ပေးတာတို. ဂိုက် ခေါ်ပေးတာတို. လုပ်ရင် ကောင်းမလား။ ဆွေးနွေးစေချင်ပါတယ်။ ဂိုက်လုပ်မယ့် လူငယ်တွေကိုလည်း အလုပ်အကိုင် ဖန်တီးပေးရာရောက်မလားပေါ့။ လုပ်သင့် မသင့် အကျိုးအပြစ်နဲ. အဖွဲ.အင်အားအရ လုပ်နိုင် မလုပ်နိုင် ချိန်ထိုးရမှာပါ။
ကွင်းထဲမှာ ကလေးတွေအတွက် အပန်းဖြေစရာလည်းဖြစ် ကျန်းမာရေးနဲ. ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အထောက်အကူလည်းဖြစ်မယ့် ကစားစရာ ဘယ်လိုဟာမျိုးတွေ လုပ်မလဲ ဘယ်လိုလုပ်မလဲ ဘယ်နေရာ ဘာထားမလဲ ဆိုတာလေးတွေကိုလည်း စိတ်ကူးကောင်းကောင်းနဲ. သုတေသနပြုပြီး ပုံစံလေးတွေရှာထား ထုတ်ထားရင် (၇)လပိုင်း ဘုန်းကြီး ခဏပြန်လာတဲ့အခါ တစ်ခါတည်း အကောင်အထည် ဖေါ်ပေးခဲ့ချင်ပါတယ်။
လက်ရှိအနေအထားမှာ အခက်အခဲရှိရင်ဖြစ်ဖြစ် ဘုန်းကြီးကလုပ်ရမယ့် လုပ်သင့်တဲ့ အလုပ်ရှိရင်ပဲဖြစ်ဖြစ် စာနဲ. သော်လည်းကောင်း ဥုးဇင်းများကနေ တဆင့်သော်လည်းကောင်း အသိပေးကြစေချင်ပါတယ်။ မပြောပဲနဲ.တော့ မသိ နိုင်ပါ။ တစ်သွေးတစ်သား တစ်စိတ်တစ်ဝမ်းတည်းထားပြီး ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောပြပေးဖို. ဖိတ်ခေါ်ရင်း ဒီစာကို အဆုံးသတ်ပါရစေ။ (ပြည်တော်ဦးဘုန်းကြီး)
0 comments:
Post a Comment