ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ မြန်မာပြည်သို. ပေးစာများ (၇) ~ pyidawoo

Pages

Sunday, June 19, 2011

မြန်မာပြည်သို. ပေးစာများ (၇)

(ဓမ္မယာန) မဇ္ဈိမယာန အဖွဲ.သူ/သားများသို. Friday, March 25, 2011

မင်္ဂလာပါ။
ဒီနေ.တော့ တို. အဖွဲ.ရဲ. အောင်မြင်မှု ဆိုတာကို လေ့လာ ဆန်းစစ်စေချင်ပါတယ်။ အဖွဲ.တစ်ခု ကြီးပွား အောင်မြင်ဖို. အဖွဲ.ဝင်တွေရဲ. ရည်မှန်းချက်ပန်းတိုင် တူညီရမယ် လို. ဆိုပါတယ်။ ဒါက သဘောတရားပါ။ ဒါနဲ.တင် တို.တစ်တွေ အဖွဲ. အောင်မြင်အောင် ရည်မှန်းချက်တူကြစို.ဟေ့ ဆိုရုံနဲ. တူသွားရောလား။ မတူပါဘူး။ ရည်မှန်းချက် ဆိုတာ စက်ရုံထုတ်ပစ္စည်းမှ မဟုတ်တာဘဲ။ အဲဒီမှာ တူအောင် ဘယ်လိုလုပ် မလဲဆိုတာက ပိုအရေးကြီးတယ်ဆိုတာ ပေါ်လွင်လာပါတယ်။ အဲဒါကို အဖြေရှာကြစို.ဆိုရင် ~~~မတူတာ ဘာကြောင့်လဲ။ တူတဲ့ သူတွေကကော ဘာကြောင့် တူတာလဲ၊ ဆိုတာကို သိဖို. လိုပါလိမ့်မယ်။ ပြီးမှ တို.တစ်တွေ တူအောင် ဘယ်လို လုပ်မလဲ ဆိုတာ အဖြေထုတ်ရမှာ လက်တွေ. အကောင်အထည် ဖေါ်ရမှာပေါ့။ ဒီအပေါ်မှာလည်း မတူကွဲပြားတဲ့ အမြင်တွေ ရှိနိုင် ပါတယ်။





အကောင်အထည် ဖေါ်ရမှာပေါ့။ ဒီအပေါ်မှာလည်း မတူကွဲပြားတဲ့ အမြင်တွေ ရှိနိုင် ပါတယ်။
“We can't solve problems by using the same kind of thinking we used when we created them.”

“Learn from yesterday, live for today, hope for tomorrow. The important thing is not to stop questioning.”
Albert Einstein



လက်တွေ.ကျကျပြောရရင်တော့ ဒီနေ. တို. အဖွဲ.ဝင်တွေ ဒီအဖွဲ.နဲ. ပတ်သက်ပြီး တစ်ယောက်နဲ. တစ်ယောက် ရည်မှန်းချက် တူမတူ။ တူရင်ဘာကြောင့် မတူရင် ဘာကြောင့်ဆိုတာ ရိုးရိုးသားသား ဖွင့်ပြော ဆန်းစစ် ကြည့်စေချင်တာပါ။ တို.တွေက စဉ်းစားတာနဲ. အသားမကျတဲ့လူမျိုးပါ။ ဘာလို.လဲဆိုတော့ မစဉ်းစားခဲ့ကြလို.ပါ။ ခေါ်ရင်လာ ခိုင်းရင်လုပ် ကျွေးတာစား ခံမပြောနဲ.ဆိုရင် မကြိုက်ဘူးလို. တစ်ရာမှာ ကိုးဆယ့်ကိုးယောက် ပြောကြ ပေမယ့်။ ဒါပေမယ့် မစဉ်းစားကြရင် သူလည်းအတူတူ ကိုယ်လည်းအတူတူ ဒီပုတ်ထဲက ဒီပဲ ဒီလိုပဲ သံသရာ လည်နေမှာပါ။ ဒါကြောင့် ရသလောက် ခြစ်ကုတ်စဉ်းစားပြီး ဆွေးနွေးတာ အကျင့် လုပ်ကြည့်ကြရအောင်။ မဟုတ်ရင် မျိုးရိုးလိုက်ပြီး တို.တွေရဲ. နောက်မျိုးဆက်တွေ အထိ မစဉ်းစားတဲ့ သူတွေချည်း ဖြစ်ကုန်လိမ့်မယ်။
သုတေသန ပညာရှင်တစ်ယောက် ရေးတာ ဖတ်ဖူးတယ်။ ယုန်တွေ ဘာလို. ကြောက်တတ်လဲဆိုတာနဲ. ပတ်သက်လို.လေ။ အစကတည်းကတော့ ယုန်မှန်သမျှ ငကြောက်ကလေးတွေတော့ မဟုတ်လောက်ဘူးတဲ့။ သတ္တိရှိတဲ့ ယုန်တွေ ဂူမအောင်းဘဲ အပြင် ထွက်ထွက်လာသတဲ့။ များသောအားဖြင့် အဖမ်းခံရ အသတ်ခံရတဲ့ ယုန်တွေက အပြင်ထွက်လာတဲ့ ကောင်လေးတွေဆိုတော့ ကြာလာတဲ့အခါ ယုန်မျိုးရိုး တစ်ခုလုံးကို ခြုံကြည့်လိုက်ရင် ငကြောက်တွေပဲ အများစု ကျန်တော့သတဲ့။ အဲဒီ ငကြောက်လေးတွေ အချင်းချင်းဖူးစာဆုံပြီး မွေးလာသမျှ ယုန် မျိုးဆက်သစ်တွေဟာ မိဘမျိုးရိုးဗီဇ သဘောအရ တုန်ုတုန်ရီရီနဲ. မည်းမည်းမြင် အကုန်ကြောက်ကြရှာတဲ့ ယုန် ကြောက်လေးတွေပဲ ဒီခေတ်မှာ ကျန်ခဲ့တော့တာ နေမှာတဲ့။ တို.တစ်တွေလည်း မစဉ်းစားကြရင် ကြာလေ တို. လူမျိုး ဟာ ဘာမှမစဉ်းစားတဲ့ မျိုးဆက်သစ်ဆီကို ဦးတည်သွားသလို ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် စဉ်းစားကြပါ။ ပြီးတော့ ဒီနေ. ဆွေးနွေး အဖြေရှာချက် ကလေးတွေ အနှစ်ချုပ်ပြီးပို.ပေးရင် တို.အမြင်ကိုလည်း ပါဝင်ဆွေးနွေး ချင်ပါတယ်။
ဒီလို နည်းမှန်လမ်းမှန်နဲ. စဉ်းစားရင်း ဆွေးနွေးရင်း အဖြေရှာရင်းနဲ. တို. သိလာတာတွေ ရှိလာမှာ အသေ အချာပါပဲ။ သိလာတာတွေ သုံးတတ်လာရင် တို. ထူးခြားလာမှာ မလွဲမသွေပါ။ တို.အလုပ်က ကလေးတွေကို ပညာ ပေးမယ်ဆိုရင် ကလေးတွေက ယူမယ့်လူ ရမယ့်လူလို. ထင်ရပေမယ့် မသေချာပါဘူး။ တကယ် ယူတတ်ရင် ရမှာ သေချာကြတာက တို.တစ်တွေပါ။ တစ်ဆင့်တက်ပြောရရင် တို.တစ်တွေ က ပေးစရာတကယ်ရှိလာမှ ကလေးတွေ ရဖို. တစ်ဝက်သေချာတာပါ။ ပေးလည်းပေးတတ်ပြီ ဆိုရင်တော့ အတော့်ကို သေချာသွားပြီလို. ဆိုနိုင်ပါလိမ့်မယ်။ “အများအကျိုး ရွက်သယ်ပိုးက ကိုယ်ကျိုးကိုယ့်တာ အမြဲပါ၏။“ လို. ရွှေဟင်္သာဆရာတော်ကြီး ဆုံးမတော်မူခဲ့ပါတယ်။ မိမိအကျိုး အဆွေအမျိုးတို.ရဲ.အကျိုး လောကအကျိုး သယ်ပိုးနိုင်ကြပါစေ။
( ပြည်တော်ဦး)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More