ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ မြန်မာပြည်မှာ တစ်လတာ ~ pyidawoo

Pages

Sunday, January 30, 2011

မြန်မာပြည်မှာ တစ်လတာ

... ပြန်ရောက်ပါပြီ။ ၁လပိုင်း ၃ရက်နေ.က မြန်မာပြည်ကို ပြန်ကြွသွားတာ ဒီနေ. ၁လပိုင်း အကုန် ၃၁ရက်နေ.မှာ ဖူဆန်းပြည်တော်ဦးကို ပြန်ရာက်ပါတယ်။ မြန်မာပြည်မှာ တစ်လတာ ဆောင်ရွက်ခွင့် ရခဲ့တာလေးတွေ အားလုံး ဝမ်းသာရအောင် ပြောပြချင်ပါတယ်။ နေခဲ့ရတဲ့အချိန်နည်းပေမယ့် လုပ်ခွင့်ရတာ လေးတွေ မနည်းလို. အားရဝမ်းသာဖြစ်မိပါတယ်။

...မြန်မာပြည်ကို ၃ရက်နေ. ပြန်ရောက်ပြီး ရောက်ရောက်ချင်းပဲဆိုပါစို.။ နောက်ရက်က ဇန္နဝါရီလ ၄ရက် လွတ်လပ်ရေးနေ.ဖြစ်လို. (၆၃) ကြိမ်မြောက် လွတ်လပ်ရေးနေ.ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မင်္ဂလာဗျူဟာ အသင်းမှာ မဇ္ဈိမယာန ပညာသင်ဆု ၁၀သိန်း နဲ. ဓမ္မယာန ပညာသင်ဆု ၁၀သိန်း ပေါင်းသိန်းနှစ်ဆယ် စတင် မတည်လှူဒါန်းခဲ့ပါတယ်။ လစဉ် ပညာသင်ဆု တစ်ဆုလျှင် တစ်သိန်းကျပ်စီဖြင့် တစ်ဆုလျှင် သိန်းတစ်ရာကျပ် ပေါင်း သိန်းနှစ်ရာပြည့်သည် အထိ ဆက်လက် လှူဒါန်းသွားမည်ဖြစ်ပါသည်။ အဖွဲ.သူ/သားများ မြန်မာပြည်ပြန်ရောက်နေသည့် အခိုက်နှင့် ကြုံကြိုက်လျှင်လည်း မည်သူမဆို ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်၌ ရုံးစိုက်ထားသော အဖွဲ.ရုံးနှင့် ဆက်သွယ်ပြီး လစဉ် အလှူလှူဒါန်းပွဲသို. တက်ရောက်ပါဝင် နိုင်ရန် စီစဉ်ထားပါသည်။ မဇ္ဈိမယာနနဲ. ဓမ္မယာန အဖွဲ. ဖွဲ.စည်းပြီး ပထမ အစ ပရဟိတ ခြေလှမ်းဖြစ်လို. အတိုင်းမသိ ကြည်နူးမိပါတယ်။ အဖွဲ.သူ အဖွဲ.သားအားလုံးလည်း ဒီ ပညာပါရမီ ကုသိုလ်ထူးကြီး ဆည်းပူး နိုင်ခဲ့ကြတာကို ထပ်တူညီမျှ ကြည်နူးကြပါစေကြောင်း အသိပေးတင်ပြလိုက်ရပါတယ်။

မြန်မာပြည်ပြန်ရောက်ပြီး တစ်ပတ်အတွင်းမှာပဲ ကျောင်းဒကာဒကာမများ၊ စန်းမြသီတာ မဟာစည် သာသနာ့ ရိပ်သာ ယောဂီတပည့်များ၊ ပြည်တော်ဦးမြန်မာ-ကိုရီးယား လူငယ်ဖွံ.ဖြိုးရေးကျောင်းမှ သင်တန်းသားများဖြင့် ဓမ္မယာနအဖွဲ./မဇ္ဈိမယာန အဖွဲ.ကို ဖွဲ.စည်းနိုင်ခဲ့ပါသည်။

အဖွဲ.ဖွဲ.ပြီးနောက် တဆက်တည်း အဖွဲ.သူအဖွဲ.သားများ၏ တက်ကြွသော မဂ္ဂင်ရှစ်ပါးကို ဘဝထဲမှာ လက်တွေ.အသုံးချလှုပ်ရှားမှုအားဖြင့် တပတ်လျှင် တစ်ကြိမ် (၉ရက် / ၁၆ရက် / ၂၃ရက်/ ၂၉ရက် စနေ မှအပ) တနင်္ဂနွေနေ.တိုင်း မြောက်ဒဂုံ အမှတ်(၁၂)ရပ်ကွက်မှာ ကလေးသူငယ် ၅၀၀ကျော်ခန့်ကို ကြက်သားဆန်ပြုတ်/သာကူကြို အာဟာရဒါနပြုပြီး ကလေး သူငယ်များ အတွက် ဗလငါးတန် ဖွ.ံဖြိုးစေရန် လူငယ်ဖွ.ံဖြိုးရေး သင်တန်းများကို ၄ကြိမ်တိုင်တိုင် ပြုလုပ်ပေးနိုင်ခဲ့ပါသည်။ မြန်မာပြည်တွင် ဘုန်းကြီး မရှိသော် လည်း အပတ်စဉ် တနင်္ဂနွေနေ.တိုင်း အာဟာရဒါနပြ၍ လူငယ်ဖွံ.ဖြိုးရေးသင်တန်းများ စဉ်ဆက်မပြတ် ဆက်လက် ပြုလုပ်သွားရန် အဖွဲ.သူအဖွဲ.သားများက စီစဉ်ထားကြပါသည်။ ကိုရီးယားရှိ အဖွဲ.သူ/သားများလည်း အမိမြေသို. ပြန်ရောက်သည့် အခိုက် သွားရောက်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် မိမိတို.၏ ကုသိုလ်များကို မျက်ဝါးထင်ထင် တွေ.မြင်ခံစားခွင့်ရစေချင်ပါသည်။

၂၆-၁-၁၁ ဗုဒ္ဓဟုးနေ.မှာတော့ အင်းလျားစောင်းရှိ IBC ခန်းမ၌ ကိုရီးယားနိုင်ငံတွင် တက္ကသိုလ်တက်ရောက် လိုသော ကျောင်းသူ/သားများနှင့် စိတ်ဝင်စားသူ မိဘများအတွက် ပြည်တော်ဦး မြန်မာ-ကိုရီုးယား လူငယ် ဖွ.ံဖြိုးရေးကျောင်းမှ ဦးစီး၍ ဖူဆန်း Pukyong National University ၏ ကိုရီးယားတက္ကသိုလ် ပညာရေးနှင့် ပညာသင်ဆု အခွင့်အလမ်းများအကြောင်း ဟောပြောပွဲကို ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ Pukyong National Univesity မှ Office of International Relation ၏ ဒါရိုက်တာ Dr. Yeongho Chung နှင့် Coordinator Mr. Wonzoo Park တို.က လာရောက် ဆွေးနွေးဟောပြောပေးခဲ့ကြပါသည်။

ကိုရီးယားတက္ကသိုလ် ပညာရေးဟောပြောပွဲကို ၂၆ရက် ညနေ ၄နာရီတွင် ပြီးစီးစေ၍ ညနေ ၅နာရီ ကားဖြင့် မန္တလေးမြိုသို. ထွက်ခွါခဲ့ရာ ၂၇ရက် နံက် ၅နာရီ ၅၀မိနစ်တွင် ဆိုက်ရောက်ခဲ့ပါသည်။ ပြည်တော်ဦး မြန်မာ- ကိုရီးယားကျောင်း မတည် အလှူရှင် ဆိုးလ်မြို.နေ 송정숙 할머니၏ အလှူငွေ 7,000$ ဖြင့် ဆရာတော် ဥုးရာဇဓမ္မ အမှူးရှိသော မစိုးရိမ် တိုက်သစ် သံဃာ ၂၅၀၀ကျော်တို.အား နေ.ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ယင်းနေ. ညနေ လေယာဉ်ဖြင့် ရန်ကုန်မြို.သို. ပြန်လည်ရောက်ရှိခဲ့ပါသည်။

၂၉ရက် စနေနေ.မှာ ကလေးသူငယ်များအတွက် အဟာရဒါနနှင့် လူငယ်ဖွံ.ဖြိုးရေးသင်တန်းကို အဖွဲ.သူအဖွဲ.သား ၃၀ကျော်နှင့်အတူ လက်တွဲဆောင်ရွက်ခဲ့ပြီး ၃၀ရက် တနင်္ဂနွေနေ. ညနေ လေယာဉ်ဖြင့် တောင်ကိုးရီးယားနိုင်ငံဖူဆန်းမြို.သို. ပြန်လည် ထွက်ခွါခဲ့ရာ ၃၁ရက် နံက် ၇နာရီတွင် ရောက်ရှိခဲ့ပါသည်။

ကိုယ်စိတ်ချမ်းမြေ. တရားမွေ. တွေ. သိ နိုင်ပါစေ။

သင်သိ ကျင့်သိ ထိုးထွင်းသိ အသိ စုံပါစေ။

သာသနာ အကျိုး မြတ်မြတ်နိုး သယ်ပိုးနိုင်ပါစေးး။

ပြည်တော်ဦး ဆရာတော်

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More