ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ အသိမှန် အမြင်မှန် အယူမှန်(၁) ~ pyidawoo

Pages

Friday, June 18, 2010

အသိမှန် အမြင်မှန် အယူမှန်(၁)

ဗုဒ္ဓဘာသာ။ ဗုဒ္ဓ-ဘုရား၊ ဘာသာ-စကား။ ဘုရားရှင်ရဲ.စကား ~တရားတော်။ ဗုဒ္ဓဘာသာဝင်ဆိုတာ ဘုရားရှင်ရဲ.စကား ~တရားတော်ကို သိအောင်သင်ယူပြီး ယုံကြည်၍ တရားသိ/ရှိအောင် လိုက်နာကျင့်သုံးသူပါ။ "ဗုဒ္ဓဘာသာ" ဆိုတဲ့ ဘာသာ အယူဝါဒတစ်ခုလုံးကို ကိုယ်စားပြုနိုင်တဲ့ ဘုရားဟော ပိဋကတော်လာ စကားလုံးတစ်လုံးကို ပြပါဆိုရင် "သမ္မာဒိဋ္ဌိ" မှန်သော အသိ/အမြင်/အယူကို ပြရမှာပါပဲ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်လို.ဆိုရာမှာလည်း သမ္မာဒိဋ္ဌိ အသိမှန် အမြင်မှန် အယူမှန်ရှိသူသာလျှင ဗုဒ္ဓဘာသာဝင် အစစ်လို. ဆိုနိုင်ပါတယ်။

မိဘက ဗုဒ္ဓဘာသာကိုးကွယ်လို. မိခင်ရဲ.ရိုးရာ ဘခင်ဘက်ကလည်း အစဉ်အလာ ရှိတာမိုလို. မိရိုးဘလာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်လာရုံနဲ. တကယ့် ဗုဒ္ဓဘာသာဝင် ဖြစ်ပါပြီလို. ကြေနပ်နေလား။ အဲဒီလိုပဲ လက်ခံထားလား။ ကြေနပ်နေရင် လက်ခံထားရင် တစ်ဆင့်တက်ပြီး ဆင်ခြင်စူးစမ်းစရာ မလိုတော့ဘူးပေါ့။ ဒါကြောင့်လည်း "မစူးမစမ်း ဉာဏ်မြင်ကန်း" ဆိုတာလို ဗုဒ္ဓဘာသာဝင် အမည်ခံပြီး သမ္မဒိဋ္ဌိ ဉာဏ်မြင်ကန်းတဲ့သူတွေ ဖြစ်နေကြရပါတယ်။

"သူဌေးသားက လွယ်လွယ်ရလို. ငွေတန်ဖိုး နားမလည်" ဆိုသလိုပဲ မိရိုးဘလာ ဗုဒ္ဓဘာသာဝင် တွေလည်း အလွယ်ရလို. ဗုဒ္ဓဘာသာတန်ဖိုး နားမလည် ဖြစ်နေကြပါတယ်။ ငွေအရလွယ်တဲ့ သူဌေးသား ငွေဖြုန်းသလို အလွယ်ရတဲ့ လွယ်လွယ်နဲ. လက်ခံယုံကြည်ထားတဲ့ ဗုဒ္ဓဘာသာကို လွယ်လွယ် စွန်.နိုင်တဲ့သူတွေလည်း ဖြစ်နေကြပါတယ်။ မစွန့်ဘူးဆိုရင်လည်း သိလို. တန်ဖိုးထားလို.ဆိုတာထက် မျက်ကန်းယုံကြည်မှုနဲ. "ငါ့နိုင်ငံ ငါ့လူမျိုး ငါ့မိဘနဲ. ငါ ကိုးကွယ်တဲ့ဘာသာ ငါ့ဘာသာ" ဆိုတဲ့ ဒိဋ္ဌိ အစွဲနဲ. မြဲနေကြတာ များပါတယ်။ မှားသည်မှန်သည်မသိ ခွဲခြားဝေဘန်နိုင်စွမ်းလည်း မရှိပဲ "ငါကိုးကွယ်သည့် ဘာသာ ငါ့ဘာသာ ငါ့မိဘ ငါ့လူမျိုး ငါ့နိုင်ငံက ကိုးကွယ်သည့် ဘာသာ ငါ့ဘာသာ"ဟု ငါစွဲပေါ်တည်သည့် မျက်ကန်းယုံကြည်မှုနှင့် ကိုးကွယ်သူများကြောင့် ဗုဒ္ဓဘာသာ ဂုဏ်တက်စရာ မရှိသလို တိုးတက်လာမည်လည်း မဟုတ်ပါ။ မတိုးတက်သည့် အပြင် "ငါ့ဘာသာ မထိနဲ. မီးပွင့်သွားမယ်" ဆိုသည့် အတ္တစွဲကြီးသော သဘောထား များကြောင့် ဆုတ်ယုတ် ပျက်စီးစရာတောင် ဖြစ်နိုင်ပါတယ်။ စင်ကြယ်သော ဘာသာတရားကို အကြောင်းပြ၍ အသေခံ ဗုံးခွဲခြင်းစသော မစင်ကြယ်မှုများလည်း ပြုလုပ်လာနိုင်ပါသည်။

သိလို. ယုံတဲ့လူ နည်းပြီး မသိဘဲ နာမည်ခံသူတွေသာများလို. တကယ်လိုက်နာကျင့်သုံးသူရှားပြီး အင်မတန်ကောင်းမွန်စင်ကြယ်တဲ့ ဘုရားရှင်ရဲ. အဆုံးအမ ဗုဒ္ဓဘာသာကို နာမည်ဖျက်သလို ဖြစ်နေကြသူများနေပါတယ်။ ဥပမာဆိုပါစို. လိမ်ညာကြမ်းကြုတ် မဟုတ်တယုတ် လူမဆန်တဲ့ အလုပ်မှန်သမျှကို ရပ်သိရွာသိ ကမ္ဘာသိလုပ်နေတဲ့သူ တစ်ယောက်က ဘုရားတည်ကျောင်းဆောက်နေတာ သံဃာတော်တွေကို လက်အုပ်ချီပြီး တရားနာနေတာကို တွေ.ရင် ဘာသာခြားတွေ ဘယ်လိုတွေးမယ်ထင်ပါသလဲ။ ဒါကြောင့် အဲဒီလို လူမျိုးတွေကိုတော့ ဗုဒ္ဓဘာသာကို တကယ်ချစ်ရင် စွန်.ပေးပါ မိစ္ဆာဒိဋ္ဌိဘာသာပြောင်းပေးပါလို. ပြောရမှာပါပဲ။ မဟုတ်ရင်တော့ သာသနာဖျက် ဖြစ်နေမှာပါပဲ။ စာသင်သားဘဝက ဆိုခဲ့တဲ့ စာလေးတစ်ခု သတိရမိတယ်။ "မိမိ မှီခို သာသနာကို ဘယ်လိုချစ်ရမည်။ မိမိအတွက် ဂုဏ်မပျက် ဂုဏ်တက်စေရမည်။"

ဗုဒ္ဓဘာသာဝင် သူတော်ကောင်းမှန်ရင် ဘုရားရှင်ရဲ. စကား တရားတော်ကို အသိ/အမြင်/အယူမှန် သမ္မာဒိဋ္ဌိကို မသိသိအောင် ကြိုးကုတ် မဖြစ်ဖြစ်အောင် အားထုတ်ရမှာပါ။ သိအောင်သင် ရအောင်မှတ် တတ်အောင်လုပ်၍ မြတ်အောင် ကျင့်ကြပါစို.။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More